စာနယ်ဇင်း, သတင်း, အနုပညာ, နိုင်ငံရေး

ဘားမားဗွီဂျေရုပ်ရှင်အပေါ် မြန်မာအနုပညာလောကနှင့် သတင်းသမားများ၏ အမြင်


ဘားမားဗွီဂျေရုပ်ရှင်အပေါ် မြန်မာအနုပညာလောကနှင့်

သတင်းသမားများ၏ အမြင်

အံ့ဘုန်းမြတ် ၇ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9864

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာနိုင်ငံထဲက ဒီမိုကရက်တစ်မြန်မာ့အသံ ဗွီဒီယိုသတင်းထောက်တွေ သတင်းယူ ရိုက်ကူးပေးပို့ခဲ့တာတွေအပေါ် အခြေခံရိုက်ကူးထားတဲ့ ဘားမားဗွီဂျေ မှတ်တမ်းရုပ်ရှင်ဟာ ဟောလိဝုဒ်က ချီးမြှင့်မယ့် အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် ဆန်ကာတင်စာရင်းထဲ ၀င်သွားပါပြီ။

လာမယ့် မတ်လ ၇ ရက်နေ့မှာ ရွေးချယ်ဆုံးဖြတ်မယ့် အော်လီးဝုဒ် အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အဖြေသိရမှာပါ။ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ မှတ်ချက်မှာတော့ ဖိနှိပ်ချုပ်ချယ်မှုကြီးမားတဲ့ မြန်မာစစ်အစိုးရ လက်အောက်မှာ မြန်မာဗွီဒီယိုသတင်းထောက်တွေဟာ မှတ်တမ်းဗွီဒီယိုတွေကို ရဲရဲဝံ့ဝံ့၊ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့ပြီး နိုင်ငံတကာသတင်းဌာနတွေဆီ လျှို့ဝှက်စွာ ပေးပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇာတ်ကားဟာ ကမ္ဘာ့ထိပ်တန်း မှတ်တမ်းရုပ်ရှင် ၁၅ ကားထဲမှာ စာရင်းဝင်နေပြီး ကမ္ဘာတလွှားမှာ ပြသနေပါတယ်။ မြန်မာပြည်တွင်းမှာတော့ ဒီဇာတ်ကားကို ၀ယ်ယူရောင်းဖို့ မလွယ်သလို လက်ဝယ်တွေ့ရှိရင် တောင် အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ပုဒ်မတွေနဲ့ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ကျခံရနိုင်တာကြောင့် မရောင်းချရဲကြတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ မြန်မာပြည်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က အော်စကာဆန်ကာတင် ၅ ကား စာရင်းထဲ ရောက်ရှိသွားတဲ့အပေါ် မြန်မာအနုပညာ သားတွေရဲ့အမြင်တွေကို စုစည်းတင်ပြအပ်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြည်တွင်းက အနုပညာအယ်ဒီတာတဦးက

“တော်တော်လေး အဆင်ပြေတဲ့ ကားတကားပါပဲ။ လိုအပ်နေတဲ့ အချိန်မှာ လာပြီးတော့ ဖြည့်ဆည်းလိုက် တာကတော့ တန်ဖိုးရှိပါ တယ်။” လို့ သုံးသပ်ပါတယ်။ သတင်းဂျာနယ် အယ်ဒီတာတဦးက တော့ ဘားမားဗွီဂျေဇာတ်ကားနဲ့ပတ်သက်လို့

“ဟိုတခါ လွှင့်တုန်းကတော့ ကြည့်ကြတာများတယ်။ အပြင်မှာ တော့ သိပ်မကြည့်ကြဘူး။ မကြည့်ရဲတာလည်း ပါမှာပေါ့ ” လို့ ဆိုပါတယ်။

“တချို့က ဘယ်လိုပြောမလဲဆိုတော့ ဒီကိစ္စ (၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး) က ဒီ ဗွီဒီယိုသမားတွေလုပ်လို့ပဲ ဖြစ်တဲပုံစံမျိုးကြီး ဖြစ်တယ်ဆိုပြီး ဝေဖန်တာတော့များတယ်။”

ပြည်တွင်းဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ အော်စကာဆုပေးပွဲတွေ ကြောင်း ဆန်ကာတင်စာရင်း ဖော်ပြတဲ့အခါ ဘားမားဗွီဂျေဇာတ်ကားနာမည်ကို စာပေစိစစ်ရေးက လုံးဝခွင့်မပြုဘူးလို့လည်း ဂျာနယ်အယ်ဒီတာတချို့က ပြောပါတယ်။ ၀ါရင့်အနုပညာရှင်တဦးကတော့ အော်စကာ ဆန်ကာတင် စာရင်းထဲ မြန်မာရုပ်ရှင်တကား ပါဝင်လာတာကို

“ကြိုဆိုရမှာပေါ့ဗျာ။ ဒါကတော့ သူတို့ ရသင့်ရထိုက်တဲ့ အနေအထား ရှိရင်တော့ သူတို့ရလာမှာပဲ။ ကျနော်လည်း အဲဒီကိုရောက်ဖူးတယ်၊ သူတို့ဆီက တော်တော်ကို စိစစ်တာပဲလေ” လို့ ပြောပါတယ်။

“အနုပညာသက်သက်တင် မဟုတ်ဘဲနဲ့ နိုင်ငံရေးဘာညာပါရင်တော့ ကျနော် မပြောတတ်ဘူး။ ဒီ့ပြင် အနုပညာပိုင်းမှာလည်း ဒီ့ပြင်ယှဉ်ပြိုင်တဲ့ ကားတွေလည်း ကြည့်မှမကြည့်ရတော့ ရနိုင်တယ်၊ မရနိုင်ဘူးတော့ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် အခုလိုမျိုး ကမ္ဘာကျော်အဖွဲ့ကနေပြီးတော့ အော်စကာပေးတယ်ဆိုတော့ ဒီဘက်ကတော့ လူတွေက အကြီးအကဲတွေက ဘယ်ကြိုက်မလဲဗျာ။ ကျနော်တို့ ပြည်သူလူထုကတော့ ဒါပေးရင် ကြိုဆိုပါတယ်။”

ဒီရက်ပိုင်းမှာပဲ မြန်မာစစ်အစိုးရရဲ့ အာဘော်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်မှာ မြန်မာရုပ်ရှင်တွေ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ကြိုးစားသင့်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါဟာ ဘားမားဗွီဂျေဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာ့အလင်းအယ်ဒီတာတွေက အယ်ဒီတာ့အာဘော်ကနေ ဂုဏ်ပြုတာဖြစ်နိုင်တယ်လို့ ပြည်တွင်းစာနယ်ဇင်းသမားတွေက ပြောဆိုနေ ကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: