သတင်း, အနုပညာ

၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် “အများနှင့်မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်ကားမှ ဆုအများဆုံးရရှိ


၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် “အများနှင့်မသက်ဆိုင်သောသူ”

ရုပ်ရှင်ဇာတ်ကားမှ ဆုအများဆုံးရရှိ

အံ့ဘုန်းမြတ် ၇။ ဖေဖော်ဝါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

ဓာတ်ပုံများကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် (အလင်းတန်းဂျာနယ်) မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

မနေ့ညက နေပြည်တော်၊ လေဟာပြင်ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ခန့်စည်သူက (အများနဲ့ မသက်ဆိုင်သော) ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားသရုပ် ဆောင်ဆုကို ရရှိခဲ့ပါတယ်၊

အများနဲ့မသက်ဆိုင်သော ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူဟာ ဥာဏ်ရည် မမှီတဲ့ ချစ်ဦးအဖြစ်သရုပ် ဆောင်ထားပြီး သူနဲ့အတူ ရန်အောင်၊ ရဲအောင်၊ ထွန်းအိန္ဒြာဗိုလ်တို့က သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ညီညီထွန်းလွင် က ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ကိုတော့ မို့မို့မြင့်အောင်က (မြင့်မိုရ်ထက်ကသရဖူ) ရုပ်ရှင် ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ဒီဇာတ်ကားမှာ မို့မို့မြင့်အောင်က အဆိုက၀ါသနာ ကြီးတဲသဘင်သည် မမေခင်အဖြစ် သရုပ်ဆောင်ထားပါတယ်၊

ဒီဇာတ်ကားမှာ မို့မို့မြင့်အောင်နဲ့အတူ နေတိုး၊ ထွန်းထွန်းနဲ့ အိန္ဒြာကျော်ဇင် တို့က ပါဝင်သရုပ်ထားကြကာ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) က ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ အမျိုးသားဇာတ်ပို့ဆုကိုတော့ သရုပ် ဆောင်ရဲအောင်က (အကယ်ဒမီရှော့ခ်) ရုပ်ရှင်ဇာတ်ကားနဲ့ ဆွတ်ခူးရရှိ ခဲ့ပြီး ဒီဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင်ကပဲ ဟာသဖန်ဆီ ဇာတ်ကား တစ်ကားအနေနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ရဲအောင်နဲ့အတူ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်နဲ့ သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အမျိုးသမီး ဇာတ်ပို့ ရုပ်ရှင်ထူးချွန်ဆုကိုတော့ သရုပ်ဆောင် ခင်မို့မို့အေးက (အများနဲ့မသက်ဆိုင်သောသူ) ရုပ်ရှင်ဇာတ်ကားနဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ဒါအပြင် ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာညီညီထွန်းလွင်ရရှိခဲ့ပါတယ်။ ဒီအများနဲ့မသက်ဆိုင်သောသူ ရုပ်ရှင် ဇာတ်ကားဟာ စာရေးဆရာ ဆရာမင်းလူရဲ့ ၀တ္ထုကို ဇာတ်ညွှန်း ဇော်မြင့်ဦးက ဇာတ်ညွှန်းခွဲပေးခဲ့တာဖြစ်ပြီး လူမှုဘ၀သရုပ်ဖော် ၅၂၈ မေတ္တာဘွဲ့ရုပ်ရှင်ဇာတ်လမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒီနှစ်ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ ဒီဇာတ်ကားကနေ အမျိုးသားသရုပ်ဆောင်စု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဆုနဲ့ ဒါရိုက်တာဆုစတဲ့ ရုပ်ရှင် ထူးချွန်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ ရုပ်ရှင်ထူးချွန်ဆုတွေ များစွာရရှိလိမ့်မယ်လို့ မှန်းဆထားကြတဲ့ ဒါရိုက်တာမီးပွား ရိုက်ကူးတဲ့ (ကြိုးတန်း) ရုပ်ရှင်ဇာတ်ကားကတော့ မှန်းသလောက် ထူးချွန်ဆုတွေ မရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမ ခင်ခင်ထူးရဲ့ ဘ၀သရုပ်ဖော်ဝတ္ထုကို ပြန်လည် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဧရာဝတီမြစ်အတွင်းက သဲသောင်တွေပေါ်မှာနေထိုင်ရင် တံငါအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေ အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေ အဖြစ် ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်ထားကြပါတယ်၊  ဒီဇာတ်ကား နဲ့ အကောင်းဆုံးဓာတ်ပုံပညာရှင်ဆုကို ဓာတ်ပုံသန်းညွှန့် (ပန်းသာ) က ဆွတ်ခူးရရှိခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: