လတ်တလော အနုပညာသတင်းများ
အံ့ဘုန်းမြတ် ၆။ ဖေဖော်ဝါရီ ၂၀၁၀
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
-
အများနှင့်မသက်ဆိုင်သောသူ) ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတစ်ခုတွင် မြင်တွေ့ရတဲ့ ခန့်စည်သူ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီကနေ့ညနေပိုင်း နေပြည်တော်မှာရှိတဲ့ လေဟာပြင်ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသနေသလို နေပြည်တော်အက်ဖ်အန်၊ ရန်ကုန် စီးတီးဖက်ဖ်အန်တို့ကနေလည်း တိုက်ရိုက် အသံလွှင့်နေကြပါတယ်။ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်း တက် ရောက် အမှာစကားပြောကြားခဲ့ပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရုပ်ရှင်လောကသားတွေ ထောက်ခံကြဖို့ အဓိကထား ပြောကြားခဲ့ပါတယ်။
- ဒီနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆုတွေမှာတော့ အမျိုးသားသရုပ် ဆောင်ဆုကို သရုပ်ဆောင် ခန့်စည်သူ က (အများနှင့်မသက်ဆိုင် သောသူ) ရုပ်ရှင်ဇာတ်ကား၊ အမျိုးသမီးသရုပ်ဆောင်ဆုကို သရုပ် ဆောင်မို့မို့မြင်အောင် က (မြင့်မိုရ်ထက်ကသရဖူ) ဇာတ်ကား၊ အမျိုးသားဇာတ်ပို့ဆုကို ရဲအောင် က (အကယ်ဒမီရှော့ခ်) ဇာတ်ကား၊ အမျိုးသမီးဇာတ်ပို့ဆုကို (ခင်မို့မို့အေး) က (အများနဲ့မသက်ဆိုင်သောသူ) ဇာတ်ကားနဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်။
- ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ၂၀၀၇ ခုနှစ်ကနေ စတင်ပြောင်းရွှေ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်နဲ့ဆို နေပြည်တော်မှာ လုပ်တာ (၄) ကြိမ်မြောက်ရှိ သွားပြီဖြစ် ပါတယ်။ အကယ်ဒမီဆုပေးပွဲကို ရန်ကုန်က အနုပညာလောကသားတွေနဲ့ စာနယ်ဇင်းဆရာ တွေကတော့ (၅) ရက်နေ့ကတည်းက စတင်ထွက်ခွာကြတဲ့သူတွေရှိသလို ဒီနေ့ (၆) ရက်နေ့ နံနက်ကျမှ သွားတဲ့လူတွေလဲရှိကြပါတယ်။ အနုပညာရှင်တွေ အတော်များများကတော့ နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေကနေ ဆုပေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။
- အရင်နှစ်တွေက အကယ်ဒမီဆုပေးပွဲကို စာနယ်ဇင်းတွေနဲ့ တီဗွီကြော်ငြာတွေမှာ စူပါကော်ဖီမစ်၊ လေဆာသွားတိုက်ဆေးနဲ့ မြန်မာဘီယာတို့က အဓိကကြောငြာပေးကြပေမယ့် ဒီနှစ်မှာတော့ အရက်ကြော်ငြာတွေ လက်မခံတော့တာကြောင့် အခြားကုန်ပစ္စည်း တွေရဲ့ ကြောငြာတွေနဲ့ပဲ ထုတ်ရမှာဖြစ်တယ်လို့ စာနယ်ဇင်းဆရာ တစ်ဦးကပြောပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ကြော်ငြာတွေများလွန်းပြီး အနုပညာသည်တွေကို မြင်တွေ့ရတာ နည်းတာကြောင့် ရန်ကုန်အပါအ၀င် မြို့အသီးသီးက ပရိသတ်တွေကတော့ မေတ္တာပွားနေကြပါတယ်။
ဦးဂျော်လီဆွေ အသက် (၈၀) နှစ် ၀ါရင့်သရုပ်ဆောင် ဂျော်လီဆွေ အသက် (၈၀) နှစ် ကွယ်လွန်
- အခြားသတင်းတွေဘက်မှာတော့ ၀ါရင့်သရုပ်ဆောင် ဂျော်လီဆွေ အသက် (၈၀) နှစ်ဟာ ဖေဖော်ဝါရီလ (၅) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဒီနေ့ ညဖေဖော်ဝါရီလ (၆) ရက်နေ့ အကယ်ဒမီဆုပေးပွဲ ကျင်းပပြုလုပ်နေတဲ့နေမှာပဲ သူ့ရဲ့ ဆန္ဒအရ ရေဝေးသုသာန်မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဂျော်လီ ဆွေကို ၁၉၃၀ မှာ မွေးဖွားပြီး အသက်နှစ်ဆယ်အရွယ် ၁၉၅၀ က စတင်ပြီး အနုပညာ လောကထဲမှာ ဂျော်လီဆွေအမည်နဲ့ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျင်လည်ခဲ့သူခဲ့သူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ် ကားပေါင်းများစွာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ဟာသသရုပ်ဆောင်၊ ဇာတ်ပို့ဇာတ်ရံတွေအဖြစ်သရုပ် ဆောင်ခဲ့ပြီး လူရွှင်တော်တစ်ဦးအနေနဲ့လည်း ဘ၀တစ်ခုလုံးကို ဖြတ်သန်းခဲ့သူ တစ်ယောက်ဖြစ် သလို အနုပညာမျိုးဆက်တွေအဖြစ် သရုပ်ဆောင် ထူသာနဲ့ ညီဂျော်တို့ကို အနုပညာအမွေ လက်ဆင့်ကမ်းနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
- အခြားသတင်းတွေမှာတော့ (ကော်ကြွက်ကွက်ကျော်) ဆိုတဲ့ ဒီဗွီဒီဇာတ်ကားသစ် ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာညီညီထွန်းလွင်က ရိုက်ကူးထားပြီး လွင်မိုး၊ ဟိန်းဝေယံနဲ့ သက်မွန်မြင့်တို့က သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် လိန်လည်လှည့်ဖျားကြတဲ့ လူလိန်တွေအကြောင်းကို ဟသနှောပြီး တင်ဆက်ထား တာဖြစ်ပါတယ်။
Leave a Reply