မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) အမြင်
အံ့ဘုန်းမြတ် ၃ ဖေဖော်ဝါရီ ၂၀၁၀
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)
နအဖအစိုးရ အာဘော် သတင်းစာတစ်စောင်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ မနေ့က အယ်ဒီတာ့အာဘော်ကနေ မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် ရုပ်ရှင်လောကသားတွေ ကြိုးပမ်းဆောင်ရွက်ကြဖို့ ရေးသားလာတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိမြန်မာရုပ်ရှင်လောကသားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာရုပ်ရှင် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

- မနေ့ကထုတ်တဲ့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်မှာ မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို ထိုးဖောက် နိုင်ဖို့အတွက် ရုပ်ရှင်လောကသားတွေ ကြိးပမ်းဆောင်ရွက်ကြဖို့ ရေးသားလာတာ တွေ့ရပါတယ်။ အဲ့ဒီတော့ ဦးမျိုးမင်းတို့ ရုပ်ရှင်လောကသားတွေ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို သိချင်ပါတယ်။
- ကျနော်တို့ ၀န်ကြီးပြောတာ အကယ်ဒမီပေးပွဲတိုင်းမှာ သမားရိုးကျ မဲပြာပုဆိုးထဲက ခွဲထွက်ပြီးတော့ တက်နိုင်သလောက် စိတ်ကူးသစ် အတွေးသစ်တွေနဲ့ စဉ်းစားကြပါ။ ဇာတ်လမ်းတွေကို တည်ဆောက်ကြပါ ဆိုလို့ ကျနော်က အဲဒီလို တည်ဆောက်တာ၊ အခု အဲဒီလို တည်ဆောက် လိုက်တဲ့အတွက် ရလဒ်ကဘာဖြစ် သလဲဆိုတော့ ကျနော်တို့ ဆိုရင်အခု မရိုက်ခင်ကတည်းကကိုက ဒါရိုက်တာ ၅ ယောက်က ဇာတ်လမ်းတွေ တင်ရတဲ့ အဖြစ်ကို ရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထွင်လွန်းလို့တဲ့။ “အဲဒီတော့ ဘာဖြစ်သလဲဆို ကားအဟောင်းတွေကို ပြန်ရိုက်ရတယ်၊ အဟောင်းတွေကို ရိုက်တဲ့အခါမှာ အဟောင်းတောင်မှ ရိုက်တဲ့အဟောင်းကို အရင် အများပြည်သူကို ချပြထားပြီးသားဟာကို အဲဒီအတိုင်း ပြန်ရိုက်တာကို အဲဒီဟာကို ခွင့်မပြုဘူး၊ အဲဒီလိုကြီး ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဘာရိုက်ရမှန်းကို မသိဘူး လောလောဆယ်က၊ အဲဒီလို ဖြစ်တာ။ အဲဒီတော့ ရုပ်ရှင်တွေက သမားရိုးကျထဲကို ပြန်ရောက် ကုန်တာလေ၊”
- လက်ရှိကြူံတွေ့နေရတဲ့ ဆင်ဆာဖြတ်တောက်မှုတွေကိုလည်း သိချင်ပါတယ်ခင်ဗျ။
- “တခါတလေကျရင် ဇာတ်လမ်းတွေကို ပြင်ခိုင်းတာတွေ ရှိသေးတယ်။ ပြင်ခိုင်းတာက ပြသနာမရှိဘူး။ တချို့ဟာတွေကျလို့ရှိရင် ဘယ်ဟာက ရှည်တယ်၊ ဘယ်ဟာက တိုတယ်။ အဲလိုတွေ ပြင်ခိုင်းတာတွေရှိတယ်။ အမှန်တော့ အဲဒါက ပြောခွင့် မရှိဘူးဗျ။ ပြောခွင့်မရှိဘူးဆိုတာ အနုပညာရှင်တွေရဲ့ အပိုင်းပဲ။ ဥပမာ ကျနော်က ဒီ (မြင်ကွင်း) ကြီးကို လေးပြီးတော့ တမင်တကာ ပြချင်ပြတယ်။ နောက်ပိုင်းမှာ ကျနော်က သွားသွက်ရင် သွက်မယ်လေ။ အဲဒီနေရာမှာ ပြင်းစရာအဖြစ်ကို လိုချင်လို့ ပြတာဖြစ်တယ်။ အဲဒါကို ပြင်းတယ်လို့ ဆိုပြီးတော့ ဖျက်ခိုင်းတာရှိတယ်။ နောက် ဇာတ်သိမ်းကို ဒီလိုပြင်လိုက် ဟိုလိုပြင်လိုက် အဲဒီလို တွေ လာတယ်။ အဲဒါက ပြောခွင့်မရှိဘူး။”
- ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တက်ခါစက အခုလို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရုပ်ရှင်လောကသားတွေ ဆွေးနွေးကြ စာတမ်းတွေ ရေးကြဆိုပြီး လုပ်ခဲ့ပါသေးတယ်ဗျ၊ အဲ့ဒါရဲ့ နောက်ဆက်တွဲရော အခုဘယ်လိုတွေ ဖြစ်နေလဲ။
- “အဲဒီကာလလေးကို ကျနော်ကလွမ်းတယ်။ ဘာလို့လဲဆိုတော့ ဆင်ဆာအဖွဲ့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးပြီးတော့ Workshop တွေလုပ်တယ်။ ဘာ့ကြောင့် ဖျက်တယ်။ ဘာ့ကြောင့် ဖြစ်တယ်။ အဲဒါဆို ကျနော်တို့ ဘယ်လိုလုပ်ရင်ရမလဲ။ ဘယ်လိုပြရင်ရမလဲ အဲဒါလေးတွေ ရှိတယ်ပေါ့နော်။ ဆွေးနွေးလို့ ကောင်း တဲ့လူတွေ အများကြီးပဲ။ နည်းနည်းပြောင်းသွားတယ်ဆိုတာ လွတ်လပ်လာတယ်လေ။ လွတ်လပ်လာတယ် ဆိုတာ ထူးထူးဆန်းဆန်း ကားလေးတွေ၊ သရဲကားလေးတွေ ဘာလေးတွေ အဲဒီလိုဆိုတော့ ဗွီဒီယိုဈေးကွက် တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ နည်းနည်းလေး လွတ်လပ်လာတော့ လှုပ်လှုပ်ရှားရှားလည်း ဖြစ်လာရော ဈေးကွက်လည်း ကောင်းလာတာပေါ့နော်။ ကောင်းလာပြီးတော့ နောက်ပိုင်ကျတော့ အခု သရဲကားတွေ မရတော့ဘူးဆိုတော့ အခုဆင်ဆာက တအားကြပ်သွားတာ။ တအားကြပ်သွားတဲ့ အခါကျတော့ ဒါရိုက်တာတွေ တော်တော်မျာများက ဘာလုပ်နေလဲဆိုတော့ ကျနော်တို့ရဲ့ အနာဂတ်က မသေချာတော့ဘူး။”
- ဟုတ်ကဲ့ဗျ၊ ဒီလိုအခြေအနေမျိုးဖြစ်နေတာဆိုတော့ ဦးမျိုးမင်းတို့အနေနဲ့ တောင်းဆိုလို့ ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုး တောင်းဆိုချင်လဲ။
- “သမားရိုးကျထဲက လွတ်ဖို့ဆိုတာက ခွင့်ပြုပေးမှရမယ်လေ။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ဆန်းသစ်တဲ့ အမြင်တွေကို ခွင့်ပြုပေးမှလေ။ ဒါပေမယ့် အဲဒီလို ဆန်းသစ်တဲ့ဟာတွေကို ခွင့်မပြုဘူး ဖြစ်နေတယ်။ အဲဒီကြားထဲမှာ ကျနော်တို့က ဒုကရောက်နေတာ။ အဲဒီတော့ အခုဘယ်သူပြောတာကို ဘယ်လို နားထောင်ရမှန်း မသိဘူး ဖြစ်နေတယ်။ “အဲဒီလို ဖြစ်နေတာ။ ၀န်ကြီးက လမ်းညွှန်တယ်၊ လမ်းညွှန်တဲ့အတိုင်း ကျနော်တို့က လုပ်လိုက်တယ်၊ လိုက်လုပ်ပေမယ့် နောက်ပိုင်းက ကျနော်တို့ကို အဲဒီလို သမတာ။ အဲဒီတော့ ကျနော်တို့က ဘယ်လိုလျှောက်ရမှန်းမသိဘူး။ အဲဒီတော့ ပြည်ပဈေးကွက်ကို ဖယ်ထားလိုက်ဦး ပြည်တွင်း ဈေးကွက်ထဲမှာ ကို ကျနော်တို့က ကိုယ့်ကိုကိုယ် သက်တမ်းရှည်အောင်၊ သက်စိုးရှည်အောင် တော်တော် ရပ်တည်နေရ တယ်။ အဲဒါ ဘယ်လောက် ကြာပြီလဲဆို ၁ နှစ်ခွဲ ၂ နှစ်လောက် ရှိပြီ။
Leave a Reply