စီးပွားရေး, လူမှုရေး, သတင်း

ရန်ကုန်မြို့တွင်းဧရိယာ လူစီးဒိုင်နာကားများ ၀င်ရောက်ခွင့်မရှိတော့


ရန်ကုန်မြို့တွင်းဧရိယာ လူစီးဒိုင်နာကားများ ၀င်ရောက်ခွင့်မရှိတော့

အံ့ဘုန်းမြတ် ၃ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9812

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

ဒိုင်နာအမျိုးအစား လူစီးဘတ်စ်ကား

ရန်ကုန်မြို့တွင်း နယ်နမိတ်အတွင်း ခရီးသည်တင်ဒိုင်နာကားတွေ ဒီလ ၁ ရက်နေ့ကစပြီး မော်တော် ယဉ်လိုင်းပေါင်းစုံ ထိမ်းသိမ်းရေးကော်မတီ (မထသ) က ၀င်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်၊ လူစီးဘတ်စ်ကား ဒိုင်နာတွေကို အလုံမြို့နယ်၊ ပုဇွန်ထောင်မြို့နယ်စတဲ့ မြို့နယ်တွေကနေစတင်ပြီး မြို့တွင်းမြို့နယ်တွေထဲကို ဒီလ ၁ ရက်နေ့ကနေ စတင်ပြီး ၀င်ခွင့်မပေးတော့တာပါ။ ဒီလို ၀င်ခွင့်မပေးတော့တာနဲ့ပတ်သက်ပြီး မော်တော်ယာဉ် လိုင်းပေါင်းစုံထိမ်းသိမ်းရေးကော်မတီ (မထသ) က တာဝန်ရှိဝန်ထမ်းတဦးကအ ခုလို ပြောပါတယ်။

“ဒိုင်နာက ၁ ရက်နေ့ကစတယ်၊ ရုံးလာပြီး အတွင်းရေးမှူးကို ခွင့်ပြုချက် တောင်းပြီးမှ ရပါတယ်။ ပြောပိုင်ခွင့် မရှိပါဘူးရှင်။”

ဒီလို ဒိုင်နာကားတွေ မြို့တွင်းဧရိယာထဲ ၀င်ခွင့်မရှိတော့တာကြောင့် ရန်ကုန်မြို့ခံ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရန်ကုန်မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“စည်ပင်သာယာ နယ်နမိတ်ပေါ့၊ လှိုင်သာယာက လာတဲ့ဟာတွေက အလုံ သစ်တောလမ်းမှာ ဂိတ်ဆုံးသွားတယ်။ အရင်ကဆိုရင် ဗိုလ်တထောင်အထိ သွားတယ်။ ဒီဘက်ကဆိုရင်လည်း ၁၀၅ တို့ဘာတို့ ပုဇွန်တောင် ညောင်တန်းဘက်ကို ထွက်သွားရတယ် မြို့ထဲကို ၀င်မရတော့ဘူး။ မြို့ထဲမှာ ယာဉ်ကြောတွေက တော့ တော်တော်ရှင်းသွားတယ်။ အဲဒီကားတွေကမှ ၅၀ ရတာကိုး။ ကျန်တဲ့ ကားတွေကျတော့ အထူးတွေနဲ့ ပါရမီတို့ပဲရှိတယ်။ ဒါပေမဲ့ တစ်မှတ်တိုင်စီးလည်း နှစ်ရာ၊ နှစ်မှတ်တိုင်စီးလည်း နှစ်ရာလေ ၅၀ ကားတွေကျတော့ ရှိတော့ ရှိသေးတယ်၊ ရှားတာပေါ့။”

အခုလို ဒိုင်နာအမျိုးအစား လူစီးဘတ်စ်ကားတွေကို ဘာ ကြောင့်မြို့တွင်း ဧရိယာတွေထဲ ၀င်ခွင့်မပေးရတဲ့ အကြောင်း တရပ်ကို မြို့တော်စည်ပင်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ် တဦးက အခုလို ပြောပါတယ်။

“ညပိုင်းကတော့ ဆွဲတုန်းဘဲရှိပါသေးတယ်။ ဒိုင်နာမောင်း တာကိုက ရက်ရက်စက်စက် မောင်းကြတာလေ။ လီဗာနင်း တာကိုက မတူဘူး၊ ပုံမှန်ထက်ကို ကိုနင်းကြတယ်။ ဒါကြောင့် တိုက်လိုက်ရင်တော့ ဒိုင်နာတွေဘဲ၊ ဒါကြောင့်ပါ။”

ရန်ကုန်မြို့နေ အခြေခံပြည်သူတွေ သွားလာရေး အဆင်ပြေ စေရေးအတွက် ဒိုင်နာကားတွေဝင်ခွင့် မပေးတော့ဘူး ဆိုရင်လည်း အခြားအခနည်း ဘတ်စ်ကားတွေကို အစားထိုး ပြေးဆွဲစေချင်တယ်လို့လည်း ရန်ကုန်မြို့ခံ အချို့က ပြောပြကြပါတယ်။

ဘတ်စ်ကားခတွေကို ၂၀၀၇ ခုနှစ်ကစတင်ပြီး လောင်စာဆီဂယက်နဲ့ တိုးမြင့် ကောက်ခံလိုက် စဉ်ကတည်းက ရန်ကုန်ဆင်ခြေဖုံးမြို့နယ်နေ အခြေခံပြည်သူတွေအနေနဲ့ ဘတ်စ်ကားတွေထက် ကုန်ကျစရိတ်သက်သာတဲ့ မြို့ပတ်ရထားတွေကို ပိုမို စီးနင်းနေကြရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: