သတင်း, နိုင်ငံရေး

ရွေးကောက်ပွဲအရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို


ရွေးကောက်ပွဲအရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို

အံ့ဘုန်းမြတ် ၂၉။ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9755

88 Generation Students (၈၈ မျိုးဆက်ကျောင်းသားများ)

မြန်မာစစ်အစိုးရကလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေက တရားမျှတပြီး အားလုံးပါဝင်ခွင် ရှိရမယ်လို့ တောင်းဆိုလိုပါတယ်။ တွေ့ဆုံဆွေးနွေးရေးက ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲကိုပဲ ပြည်သူတရပ်လုံးက လက်ခံ ယုံကြည်နိုင်မှာဖြစ်တာကြောင့် နအဖအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေးရေးကနေ ပေါ်ပေါက် လာတဲ့ တရားမျှတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပလုပ်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာပါ။ ဒီရွေးကောက်ပွဲမှာ အားလုံးလက်ခံ ပါဝင်နိုင်ပြီး အမှန်တကယ် လွတ်လပ်မျှတပြီး ယုံကြည်ရရေးဟာ အရေးကြီးတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုက ပြောထားပေမယ့် စစ်အစိုးရဘက်က အပြုသဘောမတုံ့ပြန်သေးတာကြောင့် ခုလိုကြေညာချက်ထုတ်ပြန်တောင်း ဆိုရတာလို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောကြားပါတယ်။

“အခုထက်ထိ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်သေးဘူး၊ ပြီးတော့ ရွေးကောက်ပွဲ ဥပဒေလည်း မထုတ်သေးဘူး၊ ပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် မရှိသေးဘူး၊ အဲဒီအစား လှုပ်ရှားနေတဲ့လူတွေကို အခုဖမ်းဆီးမှုတွေက ရှိနေတာပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်မှုတွေ ဆိတ်သုဉ်းနေတယ်။ သူတို့ ပြောနေတဲ့အတိုင်း လုပ်တော့မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲက အခုနီးကပ်လာပြီ။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ကို ကျနော်တို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။”

နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလထဲ ပြန်လွှတ်နိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တာ၊ ရွေးကောက်ပွဲကို အောက်တိုဘာလထဲ ကျင်းပမယ်လို့ နအဖအကြီး အကဲတွေရဲ့ ပြောကြားချက်တွေ ဒါတွေကို နှိုင်းယှဉ်ကြည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်ရောက်ခွင့် မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲလို့လည်း ကိုစိုးထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲဏ္ဍအစည်းတွေနဲ့လည်း ဆွေးနွေးအဖြေရှာသင့်ပြီး တန်းတူရည် တူရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးတို့ကို နအဖအစိုးရအနေနဲ့ နားလည်လက်ခံပေးသင့်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်အရ လုပ်နေကြတာဖြစ်တဲ့အတွက် ဝေဖန်စရာမရှိပါဘူးလို့လည်း ကိုစိုးထွန်းကပြော ပါတယ်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီလမ်းစဉ်မှာ လုပ်ငန်းအဆင့်တခုပဲဖြစ်လို့ ဒီရွေးကောက်ပွဲလုပ် ပေးရုံနဲ့ ဒီမိုကရေစီဖေါ်ဆောင်ပေးနေပါတယ်လို့ ပြောလို့မရပါဘူးလို့ ကိုစိုးထွန်းက သုံးသပ်ပြပါတယ်။

“အဲဒီရွေးကောက်ပွဲက ဘယ်လောက်အထိ တရားမျှတမှုရှိမလဲ၊ လွတ်လပ်မှုရှိမလဲ၊ ယုံကြည် စိတ်ချရမှုရှိမလဲဆိုတာ အခုလက်ရှိလုပ်ရပ်တွေက သက်သေပြမှာဖြစ်တယ်။ အဲဒါကြောင့် အားလုံး လက်ခံပါဝင် နိုင်မယ့်ပုံစံမျိုးကိုပဲ ဖော်ဆောင်ပါလို့ ကျနော်တို့ အလေးအနက်ထား မေတ္တာရပ်ခံပြီးတော့ နအဖခေါင်း ဆောင်များကို တိုက်တွန်းချင်ပါတယ်။”

ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်၊ ရွေးကောက်ဥပဒေနဲ့ နိုင်ငံရေးပါတီဖွဲ့စည်းခွင့် ဥပဒေတွေ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီ၊ တရားမျှတစေရမယ်လို့ နအဖအကြီးတွေက နိုင်ငံတကာကို ပြောကြားထားပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို လွှတ်ပြီး တွေ့ဆုံဆွေးနွေးရေးပြုလုပ်မှပဲ တရားမျှတတဲ့ရွေးကောက်အဖြစ် အသိအမှတ်ပြုနိုင်မယ်လို့ ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: