လတ်တလော အနုပညာသတင်းများ
အံ့ဘုန်းမြတ် ၃၀။ ဇန်န၀ါရီလ ၂၀၁၀
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
-
သရုပ်ဆောင်မေသန်းနု ဒီကနေ့ညပိုင်း မျှော်စင်ကျွန်းမှာ သရုပ်ဆောင်မေသန်းနုရဲ့ အနုပညာဖြတ်သန်းမှု ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေပါတယ်။ ဒီဖျော်ဖြေပွဲမှာ အနုပညာရှင် အတော်များများ ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်မှာပြီး ၀င်ကြေးကိုတော့ ငါးထောင်ကျပ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။
-
နှင်းဆီနှစ်သစ်အငြိမ့်အဖွဲ့သားများ ပြီးခဲ့တဲ့အပတ်ထဲက အမျိုးသားကဇာတ်ရုံမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တက် ဆက်တဲ့ နှင်းဆီနှစ်သစ် အနုပညာပဒေသာကပွဲကို ပရိသတ်တွေ အထူးအားပေးခဲ့ကြပါတယ်။ စီစဉ်တင်ဆက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်းကတော့ ဒီအငြိမ့်ကို ပရိသတ် တွေကြည့်ရဖို့အတွက် အမြန်ဆုံးဆင်ဆာအဖွဲ့ကို တင်မှာ ဖြစ်ပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုသလောက်ကိုပဲ ပရိသတ် တွေ ကြည့်ရမှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် သူဦးဆောင်တဲ့ နှင်းဆီသခင် အဖွဲ့သားတွေဟာ မနျွှလေးမြို့မှာလည်း ဖျော်ဖြေ တင်ဆက်ဖို့ရှိသလို လာမယ့်မတ်လထဲမှာလည်း ပြည်ပဖျော် ဖြေပွဲတွေကို သွားရောက်ဖျော်ဖြေ ဖို့ရှိတယ်လို့လည်း သူကဆိုပါတယ် သွားရောက် ဖြေဖျော်မယ့် နိုင်ငံတွေကတော့ စင်္ကာပူ၊ မလေးရှားနဲ့ သြတတျေးလျနိုင်ငံ တို့ဖြစ်တယ် လို့လည်း သိရပါတယ်။
- ရန်ကုန်မြို့မှာ ရှော့ခ်ရှိတဲ့အချစ်များ ရုံတင်ပြသနေပြီဖြစ်ပြီးတော့ ပရိသတ်တွေ အတော်အကြိုက်တွေ့ကြ တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော် (အာရုံဦး) က ရိုက်ကူးပြီး သရုပ်ဆောင် တွေအဖြစ် ခန့်စည်သူ၊ ပြေတီဦး၊ အိနြာကျော်ဇင်နဲ့ မိုးဟေကိုတို့ အဓိက သရုပ်ဆောင်ထားကြပါတယ်။
-
ဆရာမင်းလူရဲ့ (အောင်ဘာလေ) လုံးချင်းဝထ္ထုသစ် စာပေလောက သတင်းတွေဘက်မှာတော့ ဒါရိုက်တာဇင်ယော်မောင်မောင် စီစဉ်ထုတ်ဝေမယ့် အန့်ဘွိုင်းလို့အမည်ပေးထားတဲ့ ဂျာနယ်သစ်တစ်စောင် ထုတ်ဝေဖို့ရှိနေပါတယ်။ ဂျာနယ်မှာတော့ အကြောင်းအရာမျိုးစုံ ပါဝင်မယ်လို့ မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပေမယ့် ဂျာနယ်ကို အယ်ဒီတာဘယ်သူ က ဘယ်လိုတည်းဖြတ်ပြီး ဘယ်လိုစာဖတ်ပရိသတ်ကို ရည်ရွယ်တယ်ဆိုတာမျိုး မပြောကြားပဲ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး မိတ်ဆက်ပွဲလုပ်တဲ့နေမှာ ကြော်ငြာ ထည့်မယ်ဆိုရင် ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ့် ပြောကြားခဲ့တာကြောင့် စာနယ်ဇင်းလောက သားတွေ မျက်လုံးပြူးခဲ့ကြရပါတယ်။ သရုပ်ဆောင်တွေက ဂျာနယ်တွေ မဂ္ဂဇင်းတွေထုတ် လာကြတော့ ဂျာနယ်အယ်ဒီတာတွေ သတင်း ထောက်တွေက ရုပ်ရှင်တက်ရိုက်ကြရမလိုဖြစ်နေ တယ်လို့တောင် စာရေးဆရာတစ်ဦးက ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။
- စာပေလောကသတင်းတစ်ပုဒ်မှာတော့ လူငယ်စာဖတ်ပရိသတ်ရော လူလတ်ပိုင်းအရွယ် စာဖတ် ပရိသတ်တွေပါ အထူးနှစ်သက်ကြတဲ့ စာရေးဆရာ ဆရာမင်းလူရဲ့ လုံးချင်းဝတ္ထုသစ်လည်း ထွက်ရှိထား တာပါတယ်။ စာအုပ်နာမည်ကိုတော့ (အောင်ဘာလေ) လိုအမည်ပေးထားပြီး ငါတို့စာပေက ထုတ်ဝေ လိုက်တာဖြစ်ပြီး တန်ဘိုးကတော့ နှစ်ထောင်ကျပ်ဖြစ်တယ်လို့သိရပါ တယ်။
- လာမယ့်ဖေဖော် ၀ါရီလ (၆) ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲ ၀က်ဘ်ဆိုက် လွှတ်တင်ထား တယ်လို့သိရပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကိုတော့ www.academy.myanmarcgiaward.com လိပ်စာနဲ့ လွှတ်တင်မှာဖြစ်ပြီးတော့ အကယ်ဒမီဆုပေး ပွဲတွေရဲ့ သမိုင်းနဲ့ ဒီနှစ်စံကာတင်စာရင်းဝင်ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအကျဉ်းတွေနဲ့ ဇာတ်ကားတွေရဲ့ အချက်အလက်တွေကိုပါ စုစည်းဖော်ပြပေးထားပါတယ်။

Leave a Reply