သတင်း, နိုင်ငံရေး

နအဖစွပ်စွဲချက် မမှန်ဟု ကေအန်ယူနှင့် ရှေ့နေများကောင်စီ ငြင်း


နအဖစွပ်စွဲချက် မမှန်ဟု ကေအန်ယူနှင့် ရှေ့နေများကောင်စီ ငြင်း

အံ့ဘုန်းမြတ် ၂၈ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9744

လွန်ခဲ့တဲ့လပိုင်းတွေက ရန်ကုန်အပါအ၀င် မြို့နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဖောက် ခွဲမှုတွေနဲ့ပတ်သက်ပြီး နအဖအစိုးရက ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) နဲ့ ဘီအယ်လ်စီ (မြန်မာနိုင်ငံရှေ့နေများကောင်စီ) တို့ကို စွပ်စွဲပြီး ဒီနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းနဲ့ လပိုင်းတွေအတွင်း ရန်ကုန်အပါအ၀င် နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကေအန်ယူနဲ့ ပြည်ပအခြေစိုက် ဘီအယ်လ်စီတို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်အစိုးရအာဘော်သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းတို့မှာ ဒီနေ့ဖော်ပြတာပါ။ ဒီလိုဖော်ပြမှုနဲ့ပတ်သက်ပြီး ကေအန်ယူ ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှငွေက တုံ့ပြန်ပြော ကြားပါတယ်။

The Karen National Union (KNU) (ကရင်အမျိုးသားအစည်းအရုံး)

“ကျနော်တို့က လောလောဆယ်မှာ အိုင်စီအာစီတို့ပဲဖြစ်စေ၊ နိုင်ငံတကာပေါ့လေ လူ့အခွင့် အရေးအဖွဲ့အစည်းတွေနဲ့လည်း နီးနီးကပ်ကပ်လက်တွဲပြီးတော့ ကျနော်တို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်တယ်။ အကူအညီထောက်ပံ့ပေးတဲ့ အန်ဂျီအိုမျိုးတွေနဲ့ ဆက်ဆံပြီးတော့ ရှေ့တန်းဒေသမှာရှိတဲ့ လူထုတွေရဲ့ နအဖအကြမ်းဖက်မှုကို ဖော်ထုတ်ပြီးတော့ သူတို့ရဲ့ကူညီစာနာမှု ရယူနေတဲ့သူတွေဖြစ်တယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က အကြမ်းဖက်မှုကိုခံရပြီးတော့ ကျနော်တို့ အကြမ်းဖက်မှုကို ပြန်ကျင့်သုံးဖို့ဆိုတာ ပေါ်လစီလည်းမရှိသလို၊ ညွှန်ကြားချက်လည်းမရှိသလို။ ကျနော်တို့ လုပ်မှာလည်း ဟုတ်ဘူး။ ကျနော်တို့ ပေါ်လစီက ရှင်းရှင်းလင်းလင်း ကျနော်ပြောချင်တဲ့အချက်ပါပဲ။”

ဒီလလယ်ပိုင်းမှာ နအဖစစ်တပ်က ကရင်ပြည်နယ်ထဲက ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့ နယ်တို့က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ရွာသူရွာသားတွေကို သတ်ဖြတ်မှုတွေရှိခဲ့တာတွေကို ကေအန်ယူ ဘက်ကဖော်ထုတ်ခဲ့တာကြောင့် အခုလိုတန်ပြန်စွပ်စွဲတာဖြစ်နိုင်တယ်လို့လည်း ပဒိုစောလှငွေက သုံးသပ်ပါတယ်။ ဒါ့အပြင် နအဖစစ်တပ်တွင်း မကျေနပ်မှုတွေကြောင့် ဖောက်ခွဲဖျက်ဆီးဖို့ အောက်လက် ငယ်သားတွေက ကြံစည်တာလည်း ဖြစ်နိုင်တယ်လို့ စောလှငွေက ခန့်မှန်းပြောကြားပါတယ်။ ဖောက်ခွဲမှုတွေမှာ ပါဝင်ပတ်သက် တယ်ဆိုတဲ့ စွပ်စွဲချက်ချက်နဲ့ပတ်သက်ပြီး ဘီအယ်လ်စီ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဦးမျိုးကလည်း

“ကျနော်တို့ ဘီအယ်လ်စီမှာ အဲဒီလိုဝန်ထမ်းမျိုးလည်း တခါမှလည်းမရှိဘူး။ ဘီအယ်လ်စီက အဲလိုလုပ်ငန်းမျိုး ဘယ်တော့မှလည်း မလုပ်ခဲ့ဘူး” လို့ တုံ့ပြန်ပြော ကြားပါတယ်။

“ကျနော်တို့နဲ့လည်း ဘာမှမပတ်သက်ဘူးခင်ဗျ။ ကျနော်တို့ အံ့အားသင့်နေတယ်။ ကျနော်တို့ ဘီအယ်လ်စီကလုပ်တာ အဲဒီအလုပ်တွေ မဟုတ်ဘူးခင်ဗျ။”

ဘီအယ်လ်စီကို စစ်အစိုးရက မတရားအသင်းကြေညာထားပါတယ်။ နအဖအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားဥပဒေချိုးဖောက်မှုတွေကို ဘီအယ်လ်စီက ဖော်ထုတ်နေတာကြောင့် အခုလိုစွပ်စွဲတာ ပါပဲလို့လည်း ဦးမျိုးက ပြောပါတယ်။

The Burma Lawyers' Council (BLC) ဘီအယ်လ်စီ (မြန်မာနိုင်ငံရှေ့နေများကောင်စီ)

“ကျနော်တို့ မြန်မာနိုင်ငံရှေ့နေများကောင်စီကို မတရားအသင်း ကြေညာတာ ကိုက သူတို့မတရားလုပ် တာဖြစ်တယ်။ မတရားအသင်းလည်း မဟုတ်ဘူး။ ကျနော်တို့ လုပ်ရပ်တွေမှာလည်း ကြည့်၏ပါ။ ကျနော်တို့က ဥပဒေရေးရာ သုံးသပ်တယ်။ တရားဥပဒေနဲ့ပတ်သက်လို့ မတရားလုပ်တာတွေကို ဖော်တဲ့ အတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို မတရားအသင်း ကြေညာထားတယ်။ အဲဒီထက် ထပ်ဆင့် ဒီလိုလုပ်တယ်ဆိုတာက ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ သူတို့မဟုတ်တာတွေကို ဖော်ထုတ်နေတဲ့အတွက် ကျနော်တို့ကို တမင်တကာ စွပ်စွဲတဲ့သဘောမျိုး သက်ရောက်နေတယ်ခင်ဗျာ။ ဒီလုပ်ငန်းဟာ အင်မတန် နိုင်ငံရေးအဆင့်မရှိတဲ့လူတွေရဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးအဆင့်ရှိတဲ့လူတွေက ဒါမျိုးမလုပ်ပါဘူး။”

စစ်အစိုးရဘက်က ဒီလိုရေးသားစွပ်စွဲမှုတွေ မကြာခဏလုပ်နေတာနဲ့ပတ်သက်လို့ ကေအန်ယူ ပြန်ကြား ရေးတာဝန်ခံ ပဒိုစောလှငွေကလည်း ဝေဖန်သုံးသပ်ပါတယ်။

“စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး စစ်ဆင်ရေးတွေက များနေတဲ့အခါ အဓိက အမှန်တကယ်အဆုံး အဖြတ်ပေးမယ့်ဟာက ပြည်သူလူထုပဲ။ ဘယ်သူကဖြူတယ်။ ဘယ်သူကမည်းတယ်ဆိုတာ အဲဒါပဲ ကျနော်ပြော ချင်တယ်။”

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: