စာနယ်ဇင်း, ဆောင်းပါး, ရွေးကောက်ပွဲ, နိုင်ငံရေး

အနာဂတ်မြန်မာနိုင်ငံရေးနှင့် ခေါင်းဆောင်လိုအပ်မှု


အနာဂတ်မြန်မာနိုင်ငံရေးနှင့် ခေါင်းဆောင်လိုအပ်မှု

အံ့ဘုန်းမြတ် (၂၉။ ဇန်န၀ါရီ ၂၀၁၀)

ကျွန်တော်စာမရေးဖြစ်တာ အတော်ကြာပါပြီ။ စာမရေးဖြစ်ဘူးဆိုတာကလည်း ကိုယ်ရေးတဲ့ စာတစ်ပုဒ်ကို ပြီးပြီးရော ပို့စ်တစ်ခုအနေနဲ့ ပြီစလွယ် မေ၇းချင်တဲ့ဆန္ဒကြောင့်ပါ။ ကျွန်တော်တလောက သတင်းတစ်ပုဒ်ထုတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ “မြန်မာလူငယ်နှင့် နိုင်ငံရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ကျွန်တော်တို့ မြန်မာလူငယ်တွေ နိုင်ငံရေးနဲ့ ဝေးလာရတဲ့အကြောင်းအရင်းတွေကို ပညာရှင်တွေရဲ့ အမြင်တွေနဲ့ စုပေါင်းပြီး ၆ မိနစ် နီးပါရှိတဲ့ သတင်းဆောင်းပါးအနေမျိုးနဲ့ေ၇းဖြစ်ပါတယ်။ ဒီသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး အမည်မသိရတဲ့ လူငယ်ဆိုတဲ့ နာမည်ဝှက်နဲ့ ဝေဖန် အကြံပြုချက်တစ်ခုလည်းရခဲ့ပါတယ်။ အဲ့ဒီမှာတော့ လူငယ်က

“လက်ရှိ လူငယ်ဆိုတဲ့ အပိုင်းအခြားကို အသက်အားဖြင့် သတ်မှတ်ကြည့်ချင်တယ်… မဲပေးလို့ရတဲ့အရွယ်ဆိုတော့ကာ အနည်းဆုံး ၁၈ ဖြစ်ရမယ်… ဒီတော့အဲနောက်ပိုင်းမှာပဲ အသက် ၃၀ ကျော်ကို လူငယ်လို့ ပြောဖို့ခက်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ အိုဗားမား တောင် ၄၀ ၀န်းကျင်ကို… ဒီတော့ ခုလက်၇ှိ လူငယ် ၁၈ နဲ့ ၃၀ ကြားလို့ အကြမ်းဖျဉ်းသတ်မှတ်လိုက်ကြရအောင်။ ကျနော်ကလဲ ဒီဝန်ကျင်ကပဲဆိုတော့ လူငယ်ပဲဆိုပါတော့… ကျနော်လေ့လာမှု အားကောင်၏ မကောင်း၏ ကိုဘေးကိုအသာလေးချိတ်ထားရင်တောင် ကျနော် ပတ်ဝန်းကျင် လူငယ်အသိုင်းအ၀ိုင်း လက်ရှိ အပြင်လောကာမှာပေါ့လေ ဒီ ပို့စ်ကလိုမျိုး … ကိုမင်းကိုနိုင်တို့ စတဲ့… သူတွေလဲ မသိဘူးဗျ… စိတ်မ၀င်စားတာက စိတ်မ၀င်စားတာဘဲ… သူတို့ကို သိလို့ မသိလို့နဲ့ ကိုမဆိုင်တာ… လူငယ်တွေ ယုံကြည်လေးစားရတဲ့ 88 မျိုးဆက်သစ် ခေါင်းဆောင်လို့ ရေးထားတာပါနေလို့ပါ… ထိုစာသားကို လူငယ်တစ်ယောက်ရှေ့မှာသာပြောကြည့် ကျနော် အာမခံနိုင်တယ် အယောက် ၁၀ ယောက်မှာ ၁ယောက် ရှားရှားပါးပါးမှ တွေ့ပါလိမ့်မယ်… ကျန်တဲ့ ၉ ယောက်က အဲ ယုံကြည့်စရာ ဘာမှန်းတောင်မသိတာတွေ့ပါလိမ့်မယ်…။ လူငယ်တွေ ကိုက အသုံးမကျတာပါ… အမှန်ပြောရရင်တော့… နိုင်ငံရေးကို မျက်စိပိတ်နားပိတ် လုပ်ထားတယ်ဆိုတာ မငြင်းပါ…။ ဒါပေမယ့် သူတို့ ကိုယ်တိုင်လဲ သိချင်စိတ်မရှိပါဘူး ဘယ်လောက် ဘယ်သူ ဘာတားတား သူတို့ အပျော် အပါး ဆိုရင် ရှာကျန်တတ်ပါတယ်… ခိုးလုပ်တတ်ပါတယ်… မရရအောင် ရှာဖွေတတ်ပါတယ်… နိုင်ငံတစ်ကာက အသိအမြင် ဗဟုသုတ သာ မ တိုးမယ်… အပျော်အပါး မဟုတ်၇မ်းတယား မှန်သမျှ သူတို့ ရပါတယ်… မြန်မာပြည် လူငယ်တွေ ခေတ်မမှီပြောလျှင် မှားမည်…။ မှီပါသည် မှီသည်မှ တစ်ဘက်ကိုပင် ကမ်းခပ်ပါသေးမည်..။ တစ်ကမ္ဘာလုံး သုံးတဲ့ အင်တာနက်ကို သုံးပါသည်…။ ချက်တင်တတ်သည် ရည်းစားထားသည်လောက်သည် သိသည်…။ ထိုသို့သော လူငယ်များ များပြားနေသေးသည်…။ ဒါဥပမာ တစ်ခုတည်းရယ်ပါ…။ အခြားအခြား အများအပြားရှိသေးသည်…။ လူငယ်တွေကိုက ပါ…” လို့ လူငယ်တစ်ဦး သုံးသပ်ခဲ့တာပါ။

ဒီနေရာမှာ သူနဲ့ အမြင်မတူတဲ့ လူငယ်ရေးရာတွေေ၇းတဲ့ စာရေးဆရာတစ်ဦးရဲ့ အမြင်ကတော့လည်း ထူးခြားနေပြန်ပါတယ်။ သူကတော့ မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် လူငယ်တွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားပဲနေနေကြပေမယ့် သူစိတ်ထဲမှာ အစစအရာရာ တိုးတက်မှုနှောင့်နှေးနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် သူတို့ကိုယ်တိုင် ဒီအခြေ အနေကို ပြောင်းလွဲနိုင်စွမ်းမရှိကြတဲ့အတွက် မသိလိုက် မသိဖာသာနေနေကြရတာဖြစ်ပြီး။ မီးရှုးမီးပန်းနိုင်ငံရေး လူထုလှုပ်ရှားမှု (အကြောင်းအရာတစ်ခုက လူထုလှုပ်ရှားမှုအသွင်းဆောင်လာခြင်း) ဆိုတဲ့ အခြေအနေမျိုး မှာတော့ အင်အားတစ်ခုအနေနဲ့ပါဝင်လာတက်ကြပါတယ်။  လို့ဆိုပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လူထုလှုပ်ရှားမှုမှာ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစက်တင်ဘာလူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိုမ်နင်း လိုက်တဲ့အခါမှာလည်း လူငယ်တွေရဲ့ အတွေးအခေါ်ထဲမှာ ငါတို့ပါဝင်ခဲ့ပေမယ့် ဘာမှထူးမလာပါဘူးဆိုတဲ့ အသိနဲ့အတွေးအခေါ်က ဆွဲသွားပြန်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ ခေါင်းဆောင်သစ်လိုအပ်ချက်နဲ့ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ် ဒဿနပညာရှင်တွေ မရှိသေးတာကြောင့် လူငယ်တွေနဲ့ ပြည်သူလူထုရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေး အသိစိတ်တွေဟာ မီးခဲပြာဖုံးဖြစ်ဖြစ်သွားရတာပါ။ ဒီလိုဖြစ်အောင်လည်း အစိုးရရဲ့အုပ်ချုပ်ရေး ယန္တရားတွေ၊ အီလစ်လို့ခေါ်တဲ့ အစိုးရတပိုင်းစီးပွားရေး လုပ်ငန်းကြီးတွေ၇ဲ့ လက်ဝါးကြီးအုပ်မှုတွေနဲ့  မြန်မာလူမှုအဖွဲ့အစည်းဝင် တွေကို မျှော်လင့်ချက်ကင်းမဲ့နေအောင်၊ နေစဉ်နဲ့အမျှ စားဝတ်နေရေးဆိုတဲ့ ဘ၀ရပ်တည်ရေး စတဲ့အခြေခံအချက် တွေကို ပြေလည်အောင် ဖြေရှင်းနေရုံနဲ့ အချိန်ကုန်အောင် ဖန်တီးထားတာကြောင့်ပါ။

ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ကလည်း…

ငါတို့သေနက်သံတွေကြားမှာ မွေးခဲ့ရတယ်….

သေနက်သံတွေနဲ့ ကြီးခဲ့ ရတယ်…

အုပ်ချုပ်ေ၇းပုံစံအလွဲ… ပညာရေးပုံစံအလွဲတွေနဲ့

ဘ၀ကို ရွေးချယ်ရာမယ့် ဖြစ်တည်လာခဲ့ရတယ်လို့ မတွေးကြပဲ..

အများတကာကို ခေါင်းဆောင်နိုင်မယ့် ဒါထက်

ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်

ကြိုးစားနေသင့်ကြပါတယ်….

အထူးသဖြင့် ဒါတွေအတွက် ကျွန်တော်တို့ လူငယ်တွေ

အကြောင်းပြချက်တွေ မလိုလောက်ဘူးထင်ပါတယ်…..

ဒီအခြေအနေတွေကို ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဖြစ်စဉ်တွေနဲ့ နှိုင်းယဉ် စဉ်းစားကြည့်တဲ့ အခါမှာ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီခေတ်မှာ အမျိုးသားရေးနဲ့ သူကျွန်ဘ၀လွတ်မြောက်ရေးဆိုတဲ့ ကျွေးကြော်သံတွေနောက်မှာ ပြည်သူလူထုက လွယ်လွယ်ကူကူလိုက်ပါ လာတာကိုတွေ့ရပါတယ်။ အခုအခြေ အနေကတော့ စစ်ကျွန်ဘ၀လွတ်မြောက်ရေး ဒီမိုကရေစီရရှိရေး စတဲ့ကျွေးကြော်သံအောက်မှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုက မသိချင်ယောင် စဆောင်လာပါတယ်။ ကိုယ်သားသမီး ကိုယ့်ဆွေ ကိုယ်မျိုးတွေပဲ တပ်မတော်ထဲမှာ အကြီးအကဲအနေနဲ့ အုပ်ချုပ်စေချင်ကြတာမျိုးတွေရှိလာတယ်။ နောက် ဒီမိုကရေစီရရှိရေး ကြွေးကြော်သံအောက်မှာတော့ လက်ရှိ စစ်အစိုးရလက်ထက်မှာ အခွင့်ထူးခံစားနေရတဲ့ အဆင်ပြေနေကြတဲ့ လူ့အဖွဲ့အစည်းဆိုကလည်းရှိနေပြန်တယ်။ သူတို့ကလည်း အုပ်ချုပ်ရေးစနစ်တရပ်ပြောင်းလဲ လိုက်၇င် သူတို့ပိုင်ဆိုင်တဲ့ သူတို့ရရှိနေတဲ့ အခွင့်အေ၇းတွေ ဆုံးရှုံး၇မှာမျိုး မလိုလားကြပြန်ပါဘူး။ ဒီအခြေအနေ မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားလာနိုင်အောင် စည်းရုံးဖို့က အတော်ခက်မယ့် အခြေအနေမျိုးဖြစ်နေတယ်ဆိုတာ တွေ့ရပြန်မှာပါ။

သမိုင်းကို အလွယ်ပြန်ပြီး သုံးသပ်ကြည့်၇င် ကျွန်တော်တို့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေကာလ အစပိုင်းမှာတော့ ဒီမိုကေ၇စီစနစ်ကို လျှပ်ပြက်သလို တွေ့မြင်ခဲ့ကြရပေမယ့် တကယ်ကို အခိုက်အတန့်လေးပါပဲ။ ဦးနုနဲ့ သခင်သန်းထွန်း အကွဲအပြဲကစပြီး လူတန်းစားတိုက်ပွဲတွေ ကတဆင့် သေနက်သံတွေစတင်ခဲ့ရတာ အခုအချိန်ထိ စစ်အုပ်ချုပ်ေ၇းနဲ့ နှစ်ပါးသွားခဲ့ကြရပါတယ်။ ဒါကတော့ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံေ၇းဒဿပညာရှင်တွေ နည်းပါးမှုပါ။ စစ်ကြိုခေတ်၊ စစ်တွင်းကာလနဲ့ စစ်ပြီးကာလနဲ့ စစ်အေးခေတ်ကာလ တွေရဲ့ ကမ္ဘာနိုင်ငံေ၇းကိုကြည့်ရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဦးဆောင်မှုတွေနဲ့ ဒီနေ့ခေတ် ဖွံ့ဖြိုးတိုးတက် နေတဲ့  နိုင်ငံတွေကိုတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သူတို့နိုင်ငံတွေကို ဦးဆောင်နေကြတဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ တော်လှန်ေ၇း စစ်တလင်းက မွေးဖွားပေးလိုက်တဲ့ သူရဲကောင်း ခေါင်းဆောင်တွေ မဟုတ်တော့ပဲ ကမ္ဘာတက္ကသိုလ်ကျောင်းကြီးတွေက မွေးဖွားပေးလိုက်တဲ့ ခေါင်းဆောင်တွေကြည့်ပဲ ဖြစ်နေ ကြတယ်ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံရေးဒဿနဗေဒပညာရှင်တွေလို့ ဆို၇မယ်ထင်ပါတယ်။ တနည်းပြောရရင်တော့ ပလေတိုရဲ့ (ရီပတ်ပလစ်ကျမ်း) ထဲက အခြေအနေမျိုးလို့ဆိုရမှာပါ။

ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီအခြေအနေမျိုးရှိနေကြတဲ့ ပညာတက် ပုဂ္ဂိုလ်တွေအများကြီးရှိနေကြ ပါတယ်။ သူတို့တတွေအနေနဲ့ တိုင်းပြည်ထဲက သေနက်သံတွေ တိတ်သွားဖို့ကြိုးစားသင့်သလို နောက်လက်ဆင့် ကမ်းပေးခဲ့ရမယ့် တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကိုလည်း ဒဿနနဲ့တိုင်ပြည်ကို ခေါင်းဆောင်နိုင်မယ့် မျိုးဆက် တွေအဖြစ် မွေးဖွားပေးခဲ့ဖို့ တာဝန်ရှိတယ်လို့မြင်ပါတယ်။ မင်းတို့ကတော့ဖြင့် သေနက်သံတွေကြားမှာ ကြီးခဲ့ရတဲ့ကောင်တွေ မင်းတို့ ဘာမှ သိမှာမဟုတ်ပါဘူးလို့ ချိုးနှိုမ်နဲ့ အမြင်မျိုးတွေနဲ့ မကြည့်ကြပဲ သူတို့အတွက် ဘယ်လိုပြုစုပျိုးထောင်မှုတွေ လုပ်ပေးသင့်တယ်ဆိုတာ တွေးခေါ်စဉ်းစား လုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်ပါ တယ်။ လက်ရှိနိုင်ငံေ၇းအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် အားထားစရာ ခေါင်းဆောင်တွေ ကျွန်တော် တို့တိုင်းပြည်ရဲ့ လူငယ်တွေအတွက် လိုအပ်နေပါတယ်။ လူငယ်တွေ လိုအပ်နေတဲ့ ခေါင်းဆောင်မှု မျိုးကိုပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ လူငယ်တွေရှေ့ကို ထွက်ကြစေချင်ပါတယ်။

နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ကလည်း ငါတို့သေနက်သံတွေကြားမှာ မွေးခဲ့ရတယ်။ သေနက်သံတွေနဲ့ကြီးခဲ့ရတယ်။ အုပ်ချုပ်ေ၇းပုံစံအလွဲ… ပညာရေးပုံစံအလွဲတွေနဲ့ ဘ၀ကို ရွေးချယ်ရာမယ့် ဖြစ်တည်လာခဲ့ရတယ်လို့ မတွေးကြပဲ.. အများတကာကို ခေါင်းဆောင်နိုင်မယ့် ဒါထက် ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားနေသင့်ကြပါတယ်။ အထူးသဖြင့် ဒါတွေအတွက် ကျွန်တော်တို့ လူငယ်တွေ အကြောင်းပြချက်တွေ မလိုလောက်ဘူးထင်ပါတယ်။

အံ့ဘုန်းမြတ်

About ahuntphonemyat

Journalist.

Discussion

3 thoughts on “အနာဂတ်မြန်မာနိုင်ငံရေးနှင့် ခေါင်းဆောင်လိုအပ်မှု

  1. နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ကလည်း
    ငါတို့သေနက်သံတွေကြားမှာ မွေးခဲ့ရတယ်။ သေနက်သံတွေနဲ့ကြီးခဲ့ရတယ်။
    အုပ်ချုပ်ေ၇းပုံစံအလွဲ… ပညာရေးပုံစံအလွဲတွေနဲ့ ဘ၀ကို ရွေးချယ်ရာမယ့်
    ဖြစ်တည်လာခဲ့ရတယ်လို့ မတွေးကြပဲ.. အများတကာကို ခေါင်းဆောင်နိုင်မယ့်
    ဒါထက် ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်
    ကြိုးစားနေသင့်ကြပါတယ်။ အထူးသဖြင့် ဒါတွေအတွက် ကျွန်တော်တို့ လူငယ်တွေ
    အကြောင်းပြချက်တွေ မလိုလောက်ဘူးထင်ပါတယ်။

    I agree with you.youth are directly responsible for development of
    youth.if.let us say.military junta s destroying potential of
    youth,they should defy government by promoting and developing
    themselves.

    Posted by KMN | January 29, 2010, 7:59 am
  2. ကျွန်မအမြင်ကပေါ့နော်.. သမိုင်းဆိုတာကို ကျွန်မတို့ သိထားရမယ်.. သိထားသင့်တယ်။ ဒါပေမယ့် သမိုင်းထဲမှာ မနေသင့်တော့ဘူး.. သမိုင်းထဲက ထွက်ပြီး လုပ်သင့်တာကို လုပ်ရမှာက လူငယ်တွေရဲ့ တာဝန်ပါပဲ.. ဦးနုဘာဖြစ်တယ်၊ ဗိုလ်ချုပ်ဘာဖြစ်တယ်.. ဦးနေ၀င်းဘာဖြစ်တယ်.. ဦးသန်းရွှေဘာလုပ်နေတယ် စတာတွေကို ကျွန်မတို့ နာကျင်စွာနဲ့ သိရမယ်.. နိုင်ငံရေးပြောင်းလဲဖို့အတွက် အသက်ကြီးနေတဲ့ နိုင်ငံရေးသမားတွေဆီက အတွေ့အကြုံတွေယူပြီး ကိုယ်တိုင်အိုင်ဒီယာ အသစ်တွေနဲ့ စွန့်ဦးတီထွင်ရမယ်.. အကိုပြောထားတဲ့ အတိုင်းပဲပေါ့။

    ဒါပေမယ့် ကျွန်မတို့ မြန်မာလူငယ်တွေဆီမှာ Change ဆိုတဲ့ Resolution က နည်းနေသေးတယ်။ တစ်ခုခုကောင်းဖို့ ပြောင်းလဲရမယ်ဆိုတာက အစိုးရပြောင်းမှ မဟုတ်ဘူး။ လူငယ်တွေကိုယ်တိုင် ပြောင်းလဲရမှာ ဖြစ်တယ်။ မကောင်းဘူး မကောင်းဘူးထိုင်ပြောနေပြီး ပြောင်းလဲရမယ် ပြောင်းလဲရမယ် ပြောနေတာက အဖြေမဟုတ်ဘူးပေါ့။ ဒါပေမယ့် လူငယ်တိုင်း Change Resolution Concept ကို သိကိုသိရမယ်.. ဒါကို စိတ်သန္တာန်ထဲထိ ကိန်းဝပ်အောင်လုပ်ရမယ်။ နည်းလမ်းမရှိတာ မဟုတ်ဘူးရှိတယ်။ ဒါပေမယ့် စား ၀တ် နေ ရေး တောထဲက မထွက်နိုင်ကြလို့ နိုင်ငံခြားထွက်ဖို့ လုံးပန်းနေကြရလို့ ကျွန်မတို့ မလုပ်နိုင်ကြသေးတာပါ။ စဉ်းစားကြည့်ရင်တော့ တစ်ရက် တစ်ရက်ကို ဗီဇာရုံးတွေ ပတ်စ်ပို့ ရုံးတွေမှာ လူတွေ တန်းစီနေတာဟာ ကောင်းတဲ့ လက္ခဏာမှ မဟုတ်တာ။ တိုင်းပြည်ကြီးမှာ လူတွေမကျန်တော့ရင်၊ တော်တဲ့လူတွေ နိုင်ငံကို ပြန်မလာတော့ရင် သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်သလိုပါပဲ။

    ဆန့်ကျင့်တယ်ဆိုတာ အပြင်ထွက်ပြီး တို့အရေးအော်နေမှ မဟုတ်ပါဘူး။ အတွင်းမှာနေပြီး အေး အေး ဆေး ဆေး ဆန့်ကျင်နေလို့လည်း ရပါတယ်။ ပြောရင် အကုန်ပါကုန်တော့မယ်.. မီး မီး ကြောက် ကြောက်.. တွေ့လား ကျွန်မတောင် ကြောက်နေပြီ.. ဟား ဟား

    မိုက်တဲ့ ပိုစ့်လေးတစ်ခုပါ.. ကျွန်မကတော့ အားပေးတယ်..

    Posted by PG | January 29, 2010, 8:01 am
  3. ဆွေးနွေးပါပီခင်ဗျာ၊

    ၁) တကယ်တော့ ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုကိုခွဲပြောရမယ်ထင်ပါတယ်၊ ဆောင်းပါးက ပြောချင်တဲ့ ခေါင်းဆောင်သစ်လိုနေတယ်ဆိုတာ ငြင်းစရာမရှိပါ၊

    ၂) တွေးမိတာတခုက အနာဂတ်ခေါင်းဆောင်သစ်ဆိုတာ လူပု၈ိုလ် အသစ်သစ်တွေဖြစ်နိုင်သလို။ ခေါင်းဆောင်မှုအသစ်ကို လူဟောင်းတွေကရော မပေးနိုင်ဘူးလားလို့ တွေးမိပါတယ်၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်။ တကျော့ပြန် အင်္ဂလိပ်ခေတ်။ အမျိုးသားလွတ်မြောက်ရေးကို ခေါင်းဆောင်ခဲ့သူတွေဟာ ၁၉၃၀ တ၀ိုက် တက္ကသိုလ်ရောက်ခဲ့သူတွေချည်းပါပဲ၊ ဒီထက်ဟောင်းတဲ့လူကို ပြပါဆိုရင် သခင်ကိုယ်တော်မှိုင်းကို ပြရပါမယ်၊ (၁၉၇၀) တ၀ိုက်ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအထိ သူ့ခေါင်းဆောင်မှုဟာ အသစ်အသစ်တွေ ဖြစ်ထွန်းနေတာတွေ့နိုင်ပါတယ်၊

    ၃) နိုင်ငံရေးဒသနခေါင်းပါးတယ်လို့ပြောရင် အငြင်းပွားစရာတွေရှိနိုင်ပါတယ်၊ အဲဒီတုန်းက နိုင်ငံရေးနယ်က ပုဂိုလ်တွေဟာ ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေလို့ပြောရင် လွန်မယ်မထင်လို့ပါ၊

    ၄) ဒါဖြင့် ဘာကြောင့်လဲလို့မေးရင်တော့

    နိုင်ငံရေးသမားတွေ မပါးနပ်တာ (ညီညွတ်မှုမရှိတာက အကြောင်းရင်းဖြစ်ပြီ) စစ်တပ်က အားကြီးပြီး အသာစီးရသွားတာက အကျိုးဆက်လို့ထင်ပါတယ်၊ ( နိုင်ငံရေးသမားတွေက စစ်တပ်ကို တပည့်မွေးရင်း ကိုယ့်မွေးတဲ့သူရဲ ကိုယ်ပြန်မနိုင်တာမျိုးပါ၊ အဲဒီတုန်းက စစ်တပ်ကို တပည့်မွေးတာက ဆန်းတဲ့ကိစ္စလို မထင်ပါ)

    ၅) ဒီကြားထဲ စစ်တပ်အားကို ဖြိုဖို့ ခေါင်းဆောင်သစ်တွေ ပေါ်ပါတယ်၊ (၇၄-၇၅-၇၆-၈၈-၉၆)
    ဒါပေမယ့် စစ်တပ်အားကြီးတာကို တခါမှ အားနည်းအောင် မလုပ်နိုင်ခဲ့ပါဘူး၊ တောရောက်။ ကျွန်းရောက်ဖြစ်ပါတယ်၊ စစ်တပ်အားကြီးခဲ့ပါတယ်၊

    88 မှာ တခါပဲ စစ်တပ်က အားနည်းတာဖြစ်ပြီး အဲဒီတုန်းကလည်း ခေါင်းဆောင်မှုကို မပေးနိုင်ခဲ့ပါဘူး၊ (ခေါင်းဆောင်တွေ အများကြီးရှိနေခဲ့ပါတယ်)၊

    ၆) အခုလည်း ခေါင်းဆောင်တွေအများကြီးရှိနေပါတယ်၊ ထောင်ထဲက လူတွေကို မပြောပါ၊ အပြင်က
    လူတွေ ခေါင်းဆောင်မှုမပေးနိုင်ပါဘူး၊

    ၇) ၈၈ တုန်းက ကျောင်းသားခေါင်းဆောင်ဟောင်းတွေကပဲ ၂၀၀၇ မှာ ခေါင်းဆောင်မှုအသစ်ကို ပေးတော့ ထောင်ချခံရပါတယ်၊ (ကိုမင်းကိုနိုင်။ ကိုကိုကြီး။ ဇာဂနာ စသဖြင့်)။
    တခြားခေါင်းဆောင်သစ်တွေက ခေါင်းဆောင်မှုအသစ်ကို ပေးတော့လည်း ထောင်ချခံရတာပါပဲ၊
    (ဆိုလိုတာက စစ်တပ်အားကြီးနေတုန်းလို့ ဆိုချင်တာပါ၊)

    ဒါကြောင့်
    ၈) စစ်တပ်အားကြီးတာကို ကျနော်တို့ မတတ်နိုင်ပါ၊
    ခေါင်းဆောင်မှုမပေးနိုင်တာက ခေါင်းဆောင်တွေရဲ့ ပြသနာဖြစ်ပါတယ်၊

    ဒါက ကြောင်ကို ဘယ်သူချူဆွဲမလဲဆိုတဲ့ ပြသနာပါပဲ၊
    နည်းနာတွေ ပြောင်းသင့်ပြောင်းရပါမယ်၊
    ဒါကို လူသစ်တွေ မလုပ်နိုင်ပါ၊ (ဒါက မြန်မာပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါတယ်)

    (အမေရိကားလို့ နိုင်ငံတွေနဲ့ကွာမယ်ထင်ပါတယ်၊ ဒါတောင် အိုဗားမားနဲ့ မက်ကိန်း ကိစ္စမှာ မက်ကိန်းရဲ့ ဗီယက်နမ်စစ်စွန့်စားခန်းတွေ အတော်တာသွားတာ သတိထားမိပါတယ်၊)

    မြန်မာပြည် ပြသနာက လူပြသနာမဟုတ်ပါဘူး၊ မူပြသနာဖြစ်ပါတယ်၊ လူမပြင်ပါနဲ့၊ မူပြင်ရမယ်ထင်ပါတယ်၊ (လူပြောများတဲ့ လူနဲ့ မူ ပြသနာနဲ့ ပြောင်းပြန်ပါ)

    ရှိပြီးသားခေါင်းဆောင်တွေကနေ ခေါင်းဆောင်မှုအသစ်တွေကို ပေးတာက ပိုမြန်ပြီး အလုပ်ပိုဖြစ်ပါလိမ့်မယ်၊ နောက်ခေါင်းဆောင်တယောက်မွေးဖို့ကတော့ အချိန်ပိုကြာပြီး၊
    ပိုအားနည်ဖို့ ရှိတယ်လို့ ယူဆပါတယ် ခင်ဗျာ၊

    နေသွင်

    Posted by NT | January 30, 2010, 8:55 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: