စီးပွားရေး, သတင်း

ရန်ကုန် ဆင်မလိုက်ဈေးကို ပြောင်းရွှေ့


ရန်ကုန် ဆင်မလိုက်ဈေးကို ပြောင်းရွှေ့

အံ့ဘုန်းမြတ် ၂၇ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9729

ပျံကျဈေးတန်းမြင်ကွင်း

ရန်ကုန် ကမာရွတ်မြို့နယ်က ဆင်မလိုက်ဈေးကိုဖျက်ပြီး ပြောင်းရွှေ့ထားပါတယ်။ ဒါ့အပြင် ကြည်မြင်တိုင်ကမ်းနားလမ်း တလျှောက်က သီရိမင်္ဂလာဈေး အပါအ၀င် ဈေးတွေကိုလည်း နေရာပြောင်းရွှေ့ဖို့စည်ပင် သာယာက စီစဉ်နေပါတယ်။

နာနတ်တောလမ်း၊ ဟံသာဝတီလမ်းနဲ့ ကြည့်မြင်တိုင်ကမ်းနား လမ်းထောင့်မှာရှိတဲ့ ဆင်မလိုက်ဈေးကို မနေ့ကစပြီး ယာယီဈေး အဖြစ် သတ်မှတ်ထားတဲ့ ကမာရွတ်၊ လှည်းတန်းကုန်းဆင်း ပြည်ရိပ်မွန် အိမ်ယာနားကို ပြောင်းရွှေ့လိုက်တာပါ။

ဆင်မလိုက်ဈေးနေရာကို ရှစ်ထပ်မြင့် ရှော့ပင်းမောဆောက်ဖို့ အတွက်ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ လက်ရှိ ဆင်မလိုက် ဈေးက ဈေးသည်တွေ ယာယီဈေးမှာ ရောင်းချနေရ ပုံကို ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

သီရိမင်္ဂလာဈေး

“အခုဟာတော့ ယာယီတွေပေါ့၊ ပလပ်စတစ်တွေမိုးပြီးတော့ နဂိုက ခုံ၊ ဗန်းနဲ့ ရောင်းတဲ့ဟာတွေကို ခုံလေးတွေရိုက်ပေး ထား တာပေါ့။ ခုံဆိုတာ အမိုးမပါ ဘာမပါ”

ဆင်မလိုက်ဈေးနေရာ ဆောက်လုပ်ခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက ရထားပြီး ဒီ့ပြင်ဈေးတွေဖြစ်တဲ့ သီရိမင်္ဂလာဈေး၊ ကမ်းနားဈေးနဲ့ စံပြငါးဈေးစတဲ့ဈေးတွေပါ ဖျက်ရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတယ်လို့ မြို့တော်စည်ပင် အသိုက်အ၀န်းက သိရပါတယ်။ သီရိမင်္ဂလာဈေးကိုအနီးရှိ အေးရှားဝေါလ် ဆိပ်ကမ်းကုမ္ပဏီပိုင်ရှင် လောဆစ်ဟန်ရဲ့ သားဖြစ်တဲ့ ဦးထွန်းမြင့်နိုင်က ၀ယ်ယူထားပြီး နေပြီလို့လည်း မြို့တော်စည်ပင် အသိုက်အ၀န်းက ပုဂ္ဂိုလ်တဦးက ပြောပြပါတယ်။

“သူက အေးရှားဝေါလ်ဆိပ်ကမ်းကို လုပ်ထားပြီးတော့ အခု ပင်လယ်ကူးသင်္ဘောတွေ ကပ်ပြီးတော့ အတင်အချလုပ်ပြီးတော့ ကွန်တိန်နာတွေ အ၀င်အထွက် အရမ်းများတဲ့အခါကျတော့ ဒီဘက်က သီရိမင်္ဂလာဈေးက လမ်းကြောင်းပိတ်ပိတ်နေတာလေ။ ပိတ်နေတော့ သူတို့ စည်ပင်နဲ့ ပြောဆိုပြီး သီရိမင်္ဂလာဈေး နေရာကို ကိုထွန်းမြင့်နိုင်က ၀ယ်ထားပြီးပြီ၊ အဲဒါက ကြာပြီလို့ပြောတယ်။ အဲဒီတော့ ဒီသီရိမင်္ဂလာဈေးက ဖယ်ပေးရမှာပေါ့နော်။ ပြောတဲ့လူကပြောတာက ဦးထွန်းမြင့်နိုင်က အဲဒီ လော်စစ်ဟန်ရဲ့သားပိုင်ဖြစ်နေလို့ ဦးတေဇတို့ဘာတို့က ပိုင်တယ်ဆိုရင်တော့ အားချင်းကို ရွှေ့ခိုင်းမှာပဲ၊ လောလောဆယ်တော့ မဖယ်ရသေးဘူး။ သူနဲ့က ကပ်ရက်ကြီးဖြစ်နေတာ။”

သီရိမင်္ဂလာဈေးကို ပြီးခဲ့တဲ့နှစ်ထဲမှာ ရွှေပြည်သာရှိ တညင်းကုန်းလမ်းဆုံနဲ့ အောင်မင်္ဂလာ အဝေးပြေးကွင်းအနီး နှစ်နေရာကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မြို့တော်ဝန်ကတော့ မမှန်ကန်တဲ့အကြောင်း ငြင်းဆိုထားပါတယ်။ မြို့တော်စည်ပင်နဲ့ နီးစပ်သူတွေရဲ့အဆိုအရ သခင်မြပန်းခြံ (ထော်လီကွေ) ကနေစပြီး လှိုင်မြစ်ကမ်းတလျှောက် ဘုရင့်နောင်လမ်းဆုံအထိ ကမ်းနားလမ်းဖောက်လုပ် ဖို့အတွက် လမ်းအူကြောင်းရှာ ဖွေမှုတွေ ပြီးခဲ့တဲ့နှစ်ထဲ လုပ်ခဲ့ပေမယ့် အကောင်အထည် မဖော်သေးဘူးလို့လည်း သိရပါတယ်။

ဆင်မလိုက် ဈေးဟောင်း ဖျက်သိမ်း၍ အဆင့်မြင့်ဈေး ဆောက်လုပ်မည်

ခေတ်လူငယ် ( )http://www.khitlunge.org.mm/news/news_detail.aspx?info_id=17804 )

ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ ဆင်မလိုက်ဈေး(ယခင်ကွမ်းခြံဈေး) ဟောင်းကို  ဖျက်သိမ်း၍ နိုင်ငံတကာ အဆင့်မီ ဈေးသစ်ကြီးတစ်ခု ဆောက် လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းကပြောကြားသည်။

“ဆင်မလိုက်ဈေးကို  ဖျက်သိမ်းပြီး  အထပ် ၈ ထပ်  ပါဝင်တဲ့ဈေး  အဖြစ်  ပြောင်းလဲ ဆောက်လုပ်မှာပါ။ ဈေးဟောင်းကဈေးသူဈေးသားတွေကို အနီးကတစ်နေရာမှာ ယာယီဈေးအဖြစ် ပြောင်းလဲ နေရာချထားပေးမှာပါ။ မြေညီထပ်ကနေ ဒုတိယထပ် အထိ ဈေးဖွင့်လှစ်မှာဖြစ်ပြီး တတိယထပ်ကနေ ခုနစ်ထပ်အထိ လူနေအိမ်ခန်း ၂၀ ပါဝင်တဲ့ တိုက်ခန်းတွေပြုလုပ်သွားမယ်။ ခေတ်မီဈေးတစ်ခုမှာပါဝင်တဲ့ ကားပါကင်တွေလိုအပ်တဲ့ ၀န်ဆောင်မှုတွေ အကုန်လုံး ထည့်သွင်းတည်ဆောက်ပြီး ဦးစားပေးအနေနဲ့ မူလ ဈေးက ဆိုင်ခန်းပိုင်ရှင်တွေကို အရင်နေရာ ပြန်ပေးမှာပါ” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ခြင်းကို ဇန်န၀ါရီဒုတိယအပတ်မှ စတင်ပြုလုပ် မည်ဖြစ်ပြီး ၄ လ အတွင်းအပြီးသတ် ဆောက်လုပ်သွားမည် ဟုသိရသည်။ ဆင်မလိုက်ဈေး  ဧရိယာသည်   ၅၃၀၇၂၈  စတုရန်းပေရှိပြီး  ဈေးဧရိယာအတွက် ၁၆၀၀၀ စတုရန်းပေ သတ်မှတ်ထား ကြောင်းနှင့် ကျန်ဧရိယာများ ကိုမော်တော်ယာဉ် ၁၁၂ စီး ရပ်နားနိုင်ရန် ကားပါကင်အဖြစ် ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ထပ်လောင်းပြောကြားသည်။ ယခင်ဆင်မလိုက်ဈေးဟောင်းသည် သွပ်မိုး သစ်ကာ ကွန်ကရစ်ခင်း အဆောက်အဦအဖြစ် တည်ဆောက် ထားကြောင်းနှင့် ယခုဈေးသစ်ကို  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ  အင်ဂျင်နီယာဌာန (အဆောက်အဦ) မှ တာဝန်ယူတည် ဆောက်သွားမည် ဖြစ်ကြောင်း ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ်  News  Watch   Weekly  ဂျာနယ်တွင် ဖော်ပြထားသည်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: