သတင်း, အနုပညာ

လတ်တလော တပတ်အတွင်း အနုပညာသတင်းများ


လတ်တလော တပတ်အတွင်း အနုပညာသတင်းများ

အံ့ဘုန်းမြတ် ၂၄ ဇန်န၀ါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

  • မြန်မာပရိသတ် စိတ်ဝင်စားနေတဲ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီ (၆) ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်မည်။  အကယ်ဒမီပေးပွဲတက်ဖို့ စာနယ်ဇင်းတွေ လျှောက်လွှာတွေ တင်နေကြရပြီဖြစ်သလို အကယ်ဒမီပေးပွဲမှာ ရိုက်ကူးမယ့် ဓာတ်ပုံကင်မရာတလုံးကို ကျပ်ငါးထောင်နှုန်းနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပေးသွင်းကြရပါတယ်။

    ၂၀၀၅ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ

  • ဒီနှစ်အကယ်ဒမီဆုပေးပွဲအတွက် ခန့်မှန်းတွေ ထွက်နေပြီဖြစ်သလို အကယ်ဒမီဆုပေးပွဲမှာ ဘမ်းကိုင် ရမယ့် တက်သစ်စ အနုပညာသည်တွေ စာရင်းလည်း ထွက်နေပါပြီ။ သူတို့တွေကတော့ လေပြေ၊ သက်သခင်၊ နိုဘယ်ကျော်ကျော်၊ ယမင်းမြင့်သိန်း၊ နန်းမြတ်အိငြိမ်းနဲ့ ၀ါဆိုမိုးဦးတို့ဖြစ်ပါတယ်။
  • ဒီလ (၁၅) ရက်နေ့က (ရဲလေး-ဂျေးမီ) လို့ အမည်ပေးထားတဲ့ ဟစ်(ပ်)ဟော့(ပ်) တေးအယ်လ်ဘမ် သစ်တချပ် ထွက်လာပါတယ်။ ဒီအယ်လ်ဘမ်မှာ သီချင်းရှစ်ပုဒ်ပါဝင်ပြီး ဟစ်(ပ်)ဟော့(ပ်)ဂီတကို နှစ်သက်တဲ့ ပရိသတ်အတွက် အကြိုက်တွေ့မယ့် အယ်လ်ဘမ်လေးလို့ ဆိုရမှာပါ။
  • လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ မြန်မာအမျိုး သမီးအနုပညာရှင် ရှစ်ဦး မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမှာ ဖျော်ဖြေဖို့ရှနေိပါတယ်။ သူတို့ကတော့ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ အယ်လ်ဆိုင်းဇီ၊ အန်ကိုင်ရာ၊ ချစ်သူဝေ၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်းနဲ့ ဂျင်းနီတို့ ဖြစ်ပါတယ်။
  • ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တဲ့ (နှင်းဆီနှစ်သစ်) ပဒေသာကပွဲ ရန်ကုန်မြို့မှာ ကျင်းပနေပါပြီ။ ဒီပွဲမှာ နေတိုး၊ မိုးမိုးတို့ရဲ့ ပြက်လုံးတွေကို ပရိသတ် အထူးအကြိုက်တွေ့နေကြရပါတယ်။ ဒီနှင်းဆီသခင် အငြိမ့်အဖွဲ့သားတွေ ပြည်ပဖျော်ဖြေပွဲတွေ လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
  • ချင်းပြည်နယ်မှာနေထိုင်ကြတဲ့ နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို နောက်ခံထားပြီး (နာဂပုံပြင်) လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို အမျိုးသမီးဒါရိုက်တာ ကြည်ဖြူရှင်က ပုံဖော်ရိုက်ကူး နေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အောင်ရဲလင်းနဲ့ သင်ဇာဝင့်ကျော်တို့က သရုပ်ဆောင်ထားပြီး နာဂဒေသကိုရောက်လာတဲ့ ဓာတ်ပုံဆရာလေးနဲ့ နာဂမိန်းမပျိုးလေးတို့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: