လူမှုရေး, သတင်း

နာရေးကူညီမှုအသင်း နှစ်ပတ်လည် ဓါတ်ပုံပြိုင်ပွဲ ကျင်းပပြလုပ်


နာရေးကူညီမှုအသင်း နှစ်ပတ်လည် ဓါတ်ပုံပြိုင်ပွဲ ကျင်းပပြလုပ်

အံ့ဘုန်းမြတ် ၁၉ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9652

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်၊ ဦးမောင်တူးဖတ်ကြားထားပါတယ်။)

ကိုကျော်သူ (ဥက္ကဌ နာရေးကူညီမှုအသင်း-ရန်ကုန်)

နာရေးကူညီမှုအသင်း ရန်ကုန်က နှစ်ပတ်လည် အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲကို ဇန်န၀ါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ပတ်လည်အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲကို မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)  အဆောက်အအုံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ အသင်းဝင် ဓါတ်ပုံဆရာတွေနဲ့ အခြားဝါသနာရှင် ဓါတ်ပုံဆရာသုံးဆယ်ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပါတယ်။ ဓါတ်ပုံပြိုင်ပွဲနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်း ဥက္ကဌ ကိုကျော်သူက ခုလိုပြောပြပါတယ်။

“ဓါတ်ပုံပြိုင်ပွဲကတော့ အဓိကတော့ ကျနော်က နာရေးလမ်းကြောင်းပေါ့၊ နာရေးလမ်းကြောင်းဆိုတော့ ဆင်းရဲနွမ်းပါးတဲ့ ပုံစံလည်းပေါ်ရမယ်၊ လိုကေးရှင်းက အနိစ္စဆိုတဲ့ဟာကို အဓိကထားပြီးတော့ လုပ်တယ်။ ကျနော်တို့ ဆင်းရဲသားတွေရဲ့ လုပ်ဆောင်ချက်တွေ ပီပြင်တဲ့ပုံကို ဆုပေးတယ်။”

ပြိုင်ပွဲမှာ ဓါတ်ပုံအကဲဖြတ်ဒိုင်တွေအဖြစ် ဦးဝင်းငြိမ်း (အလင်းတန်း ဂျာနယ်)၊ ကိုမျိုး (မြန်မာစာ)၊ ဓါတ်ပုံရွှေအင်းသား ခင်မောင်ဝင်းတို့က ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။ ဒါ့အပြင် နာရေးကူညီမှုအသင်းသားတွေကို ဓါတ်ပုံသင်တန်း ဖွင့်လှစ်ပေးထား တယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကိုကျော်သူက ခုလိုပြောပြပါတယ်။

မိုးထဲရေထဲက နာရေးကူညီရေးအသင်းသားများ

“ဓါတ်ပုံသင်တန်းလည်းပေးတယ်၊ ဓါတ်ပုံသင်တန်းကို ဘာလို့ပေးလည်းဆိုတော့ အသင်းမှာ ထူးခြားတဲ့ လမ်းကြောင်းတွေဘာတွေ သွားတယ်ဆိုရင် မှတ်တမ်းပုံ ဆိုတာရှိဖို့၊ မှတ်တမ်းကျန်ဖို့အတွက် ဓါတ်ပုံသင်တန်းကို အသင်းသူ အသင်းသားတွေ အားလုံး ဓါတ်ပုံရိုက်တတ်အောင် ကျနော်တို့က သင်တန်းပေးထားတယ်။ သင်တန်းကလည်း တလပြည့် သွားတဲ့အချိန်မှာ ဒီတစ်သောင်းပြည့်နဲ့ သွားတိုက်ဆိုင်တော့ ကျနော်ကနေ ဓါတ်ပုံပြိုင်ပွဲ လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တယ်။”

နာရေးအသင်းနှစ်ပတ်လည်မှာ ၂၀၀၉ ခုနှစ်အတွင်း အသင်းက ကူညီပေးခဲ့တဲ့ နာရေးကိစ တစ်သောင်းပြည့်တဲ့ အထိန်းအမှတ်အနေနဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ သဂြိုလ်တဲ့ နာရေးတွေကို သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုတွေကိုလည်း နာရေးရှင်တွေအတွက် လှူးဒါန်းပေးခဲ့တယ် လို့လည်း ကိုကျော်သူကပြောပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဆင်းရဲချမ်းသာမရွေး နာရေးကိစတို့ကို ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး နယ်မြို့ငါးဆယ်ကျော်မှာ အသင်းခွဲပေါင်း ၅၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: