အရက်ကြော်ငြာများ. ရေစီးကြောင်း အပြောင်းအလဲ


အရက်ကြော်ငြာများ. ရေစီးကြောင်း အပြောင်းအလဲ

အံ့ဘုန်းမြတ် ၁၄ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9608

ပုံနှိပ်မီဒီယာတွေနဲ့ ရုပ်သံလိုင်းတွေမှာ ကြော်ငြာခွင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့ အရက်ကြော်ငြာတွေ ပုံစံပြောင်းပြီး ကြော်ငြာလာကြပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေလို ပုံနှိုပ်မီဒီယာတွေနဲ့ ရုပ်မြင်သံကြားတွေမှာ ကြော်ငြာခွင့်တွေ ဒီနှစ်ကစပြီး ပိတ်ပင်ခံလိုက်ရတဲ့ အရက်နဲ့ ဘီယာကြော်ငြာတွေဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အထူးယာဉ်လိုင်း ဘတ်စ်ကားတွေပေါ်မှာ ပို ကြော်ငြာ လာကြတာပါ။ ဒါ့အပြင် ကုန်အမှတ်တံဆိပ်တူ အခြားကုန်ပစည်းတွေ ထုတ်လုပ်ပြီး ကြော်ငြာနေကြတာ ဖြစ်ပါတယ်။ ဒီလို အရက်ကြော်ငြာတွေ ပုံသ္ဂာန်ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြပါတယ်။

“စာမျက်နှာပေါ်ရယ် နောက် တီဗွီကြော်ငြာရယ်ကို သူတို့က ပိတ်တာကိုး၊ ပိတ်တော့ ကားမှာကပ်တဲ့ ကြော်ငြာတော့ သူတို့ မပိတ်ထားဘူး။ အခု လွတ်နေ တာပေါ့။ လွတ်တော့ အဲဒီကို အကုန်လုံး စုပြုံတိုးသွားတယ်။ အခုကားတွေ တော်တော်များများကို ရောက်သွားတယ်။ အရက်ကြော်ငြာတွေ အဲဒီဘက်လှည့်တဲ့ အ ကြောင်းရေး တဲ့အခါမှာ အဲဒီသတင်းတွေကို Cancel အကုန်လုပ်ပြစ်တယ်။ နောက်ဝင်လာသမျှ လိုင်းအသစ်တွေ အကုန်လုံး ကို အရက်ကြော်ငြာ တော်တော်များများ အဲဒီအပေါ် ရောက်ကုန်တယ်။”

အခြားအယ်ဒီတာတဦးကတော့ အရက် ကုမ္ပဏီတွေအနေနဲ့ ကုန်အမှတ်တံဆိပ်တူ အခြားကုန်ပစည်း တွေကို ထုတ်ပြီး ကုန်အမှတ်တံဆိပ်နဲ့ ကြော်ငြာလာတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“မီဒီယာမှာမရတော့ တချို့ကျတော့ လက်ရှိအရက်ထုတ်နေတဲ့သူက သူ့ကုန်အမှတ်တံဆိပ်ကိုဆက်ပြီး ကြော်ငြာချင် လာတော့ ရေသန့်လိုဟာမျိုး ထုတ်ပြီးတော့ သူ့ကုန်အမှတ်တံဆိပ်ကို ဆက်ပြီးကြေငြာတာပေါ့နော်။ အဲလိုပုံစံတော့ ရှိတယ်။ အဲဒီဘရန်းနဲ့ တခြားပစည်း ထုတ်တာတော့ သိပ်မရေးကြဘူး။ ဂရန်းရွိုင်ရယ် ကလည်း ရေသန့်ထပ် ထွက်တယ်လေ။ ဂရန်းရွိုင်ရယ်က ရေသန့်ဆိုတာ အရင်ကမရှိဘူး။ အဲဒါ သူဂရန်းရွိုင်ရယ်ကနေ ကြော်ငြာထုတ်ဖို့လုပ်တာ၊ တဘက်လှည့်နဲ့ပေါ့။”

အခြားဂျာနယ်အယ်ဒီတာတဦးကတော့ အရက်ကြော်ငြာတွေ ပိတ်လိုက်တာကြောင့် လူငယ်တွေ အတွက် အတိုင်းအတာတခုအထိ အတွေ့အမြင် နည်းသွားစေပြီး ကောင်းကျိုး ပိုရှိစေနိုင်တယ်လို့ ဆိုပါတယ်။

ဂျာနယ်အများစုဟာ ဂျာနယ်စောင်ရေထက် ကြော်ငြာက ရရှိတဲ့ဝင်ငွေကို အားထားနေကြရပြီး အခုလို အရက်ကြော်ငြာတွေ ပိတ်ပင်လိုက်တာကြောင့် အပတ်စဉ် ကြော်ငြာကရရှိတဲ့ဝင်ငွေ နည်းသွားစေတယ်လို့ ဂျာနယ်ထုတ်ဝေသူ တဦးကပြောပါတယ်။

ဂျာနယ်တွေမှာ အများဆုံးကြော်ငြာလေ့ရှိတဲ့ အရက် ဘီယာကုမ္ပဏီတွေကတော့ မြန်မာဘီယာ၊ ဂရမ်းရွိုင်ရယ်ဝီစကီနဲ့ ပီအမ်ဂျီကုမ္ပဏီတို့က အများဆုံးဖြစ်ပါတယ်။ ဂျာနယ် ကြော်ငြာခနှုန်းထားတွေမှာတော့ တမျက်နှာပြည့်ကို ၂ သိန်း ကနေ ၄ သိန်း၊ ၆ သိန်းအထိ အမျိုးမျိုးရှိကြတယ်လို့ ဂျာနယ်လောကသားတွေက ပြောပြကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: