သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ္ဘာပူနွေးမှုအရေး ပညာရှင်များ ဆွေးနွေး


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ္ဘာပူနွေးမှုအရေး ပညာရှင်များ ဆွေးနွေး

အံ့ဘုန်းမြတ် ၈ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9551

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

မြန်မာပညာရှင်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ရန်ကုန်မှာ မနက်ဖြန် ဟောပြောဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအစည်းအရုံးမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း၊ ဂေဟဗေဒပညာရှင် ဦးဝင်းမျိုးသူနဲ့ စာရေးဆရာမဂျူး စတဲ့ပုဂ္ဂိုလ်တွေက ဟောပြောဆွေးနွေးကြမှာပါ။

ဦးအုန်း (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်)

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုအကြောင်းတွေကို ဒေါက်တာထွန်းလွင် စတင်ဟောပြောမှာပါ။ ကမ္ဘာ့ဇုန်ကိုးဇုန်အနက် မြန်မာပါဝင်နေတဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာ ရာသီဥတုပြောင်းလဲမှု အခြေအနေ အဆိုးဆုံးဖြစ်နေတဲ့အကြောင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတို့ရဲ့ အခန်းကဏ္ဍ စတဲ့အကြောင်း တွေကို ဦးအုန်းက အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးမှာပါ။ ဦးဝင်းမျိုးသူက သဘာဝပတ်ဝန်း ကျင်နဲ့ လူ့အသိုက်အ၀န်းဆက်စပ်ပုံတွေကို တင်ပြမှာဖြစ်ပြီး ဆရာမဂျူးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင် ရာ ကျင့်ဝတ်ဒသနတွေကို ဟောပြောဆွေးနွေးမှာပါ။

မြန်မာနိုင်ငံမှာ အသိပညာပေးမှုတွေ လိုအပ်နေတာကြောင့် အခုလို ဆွေးနွေးပွဲတွေကတဆင့် ပညာပေးမှုတွေ ကြိုးပမ်းဆောင် ရွက်နေကြရ တယ်လို့ ပညာရှင်ဦးအုန်းက ပြောကြားပါတယ်။

“ပညာပေးတဲ့အပေါ်မှာ အာဏာရှိတဲ့လူကော၊ တာဝန်ရှိတဲ့လူကော၊ ဆင်းရဲကော၊ ချမ်းသာကော အားလုံးကို မျှမျှတတနဲ့ ကျနော်တို့က အားလုံးနဲ့ဆိုင်တယ်။ ဒီကိစငါနဲ့မဆိုင်ဘူးလို့ ပစ်ထားလို့ ရတဲ့ကိစမဟုတ်ဘူး၊ တနေ့ကျ ကိုယ်ခံရမှာ။”

သဘာဝပတ်ဝန်းကျင်အရေးဟာ အစိုးရ၊ အန်ဂျီအိုအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင် လူထုလူတန်းစား အလွှာအသီးသီးနဲ့ သက်ဆိုင်တယ် ဆိုတာ ကို အသိပညာပေးဖို့ ဆောင်ရွက်တဲ့ ဟောပြောဆွေးနွေးပွဲ ဖြစ်ပါတယ်လို့လည်း ဦးအုန်းကပြောပါတယ်။

ဆိုင်ကလုံးနာဂစ်ဒဏ်ကို ခံစားခဲ့ရပြီး နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုအရေး၊ ဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ အရင်ထက် အလေးအနက်ထားလာကြပေမယ့် လိုနေသေးတယ်လို့ သဘာဝပတ်ဝန်း ကျင်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သဘာဘေးအန္တရာယ်ကြောင့် တကမ္ဘာလုံးမှာ သေဆုံးသူ ခြောက်သိန်းလောက်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း တခုတည်းမှာ လူ ၁၄၆၀၀၀ အထိ သေဆုံးခဲ့တာကြောင့် ၁၈ နှစ်အတွင်း ကမ္ဘာတလွှား သဘာဝဘေးကြောင့် သေဆုံးသူပေါင်းရဲ့ လေးပုံတပုံဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ကုလသမဂ္ဂကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာညီ လာခံမှာ German Watch  အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: