မြန်မာ့ဧည့်လမ်းညွှန် ဆယ်ပုံတပုံနီးပါးကို လိုင်စင်ရုပ်သိမ်း


မြန်မာ့ဧည့်လမ်းညွှန် ဆယ်ပုံတပုံနီးပါးကို လိုင်စင်ရုပ်သိမ်း

အံ့ဘုန်းမြတ် ၇ ဇန်န၀ါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9539

(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

မြန်မာပြည်က ဧည့်လမ်းညွှန် ဆယ်ပုံတပုံနီးပါးကို မြန်မာ့ခရီးသွားလုပ်ငန်းက ဧည့်လမ်းညွှန်လိုင်စင်တွေ ရုပ်သိမ်းလိုက်ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်းက လိုင်စင်ရ ဧည့်လမ်းညွှန် ၄၀၀၀ လောက်ထဲက ၃၈၅ ဦးရဲ့ လိုင်စင်တွေကိုပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဖျက်သိမ်းလိုက်တာလို့ မြန်မာ့ခရီးသွားလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ပြောပါတယ်။

“ဒီဟာတွေက သက်တမ်းလွန်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ တရားဝင် ထုတ်လိုက်တယ်။ အဲဒီ ညွှန်ကြားချက်ထုတ်တာပဲရှိပါတယ်။”

လိုင်စင်တွေ ဖျက်သိမ်းခံရသူတွေထဲမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်စတဲ့ဘာသာစကားတွေနဲ့ လိုင်စင်ရရှိထားတဲ့ ဧည့်လမ်းညွှန်တွေပါဝင်ပြီး သူတို့ဟာ အခွန်ဆောင်ဖို့ ၆ လစာ ပျက်ကွက်ခဲ့တာ ကြောင့် အခုလိုဖျက်သိမ်းခံရတာလို့ ဧည့်လမ်းညွှန်တဦးက ပြောပါတယ်။

“အခွန်မဆောင်တာ ၆ လကျော်သွားတဲ့နောက်ပိုင်း လူတွေဆိုရင် သူတို့ ပထမအဆင့်အနေနဲ့ကတော့ သင်တန်းပြန်တက်ခိုင်းတယ်ပေါ့။ အဲဒီအချိန်အထိ လာပြီးမဆက်သွယ်တဲ့ နောက်ပိုင်းလူတွေကိုကျတော့ ဖျက်သိမ်းတဲ့သဘောပါတယ်ခင်ဗျ။”

ဧည့်လမ်းညွှန်တွေဟာ ရရှိတဲ့ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ဟိုတယ်ခရီးဝန်ကြီးဌာနကို တရား ၀င်ပေးသွင်းဖို့ ညွှန်ကြားချက်ရှိပေမယ့် လက်ရှိအခြေအနေမှာတော့ ဌာနနဲ့ညှိုနှိုင်းပြီး အခွန်ဆောင်ခွင့် ရှိနေသေးတယ်လို့လည်း ဧည့်လမ်းညွှန်က ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်း စတဲ့အရေးတွေကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းနေတာကြောင့် ဒီလိုလျှော့ပေါ့ပေးတာပါလို့လည်း အဲဒီဧည့်လမ်းညွှန်က ပြောပြပါတယ်။

“ရွှေဝါရောင်ဖြစ်သွားပြီးတော့ နာဂစ်ဆက်ဖြစ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ပြီးခဲ့တဲ့နှစ်ကတော့ ကျနော်တို့ကို အခွန်ကင်းလွတ်ခွင့် ပေးထားတယ်ခင်ဗျ။ ဒီဟာကလည်း တရားဝင်စာထုတ် ပြန်တာတော့ မဟုတ်ဘူးပေါ့နော်။ ၀န်ကြီးဌာနနားလည်းမှုပုံစံမျိုးနဲ့ လုပ်ပေးထားတာ။”

မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်လမ်းညွှန် ၄၀၀၀ လောက်ရှိပေမယ့် လုပ်ငန်းခွင်မှာ ကျွမ်းကျင်တဲ့ဧည့်လမ်းညွှန်က ရာဂဏန်းလောက်ပဲရှိ တာကြောင့် နိုင်ငံခြားခရီးသွားတွေ အများဆုံးဝင်လာတတ်တဲ့ ခုလိုကာလတွေမှာ ဧည့်လမ်းညွှန်လိုအပ်ချက် ဖြစ်ပေါ်လေ့ရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များ အသင်း တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောပါတယ်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း ရန်ကုန်လေဆိပ်ကနေ နိုင်ငံခြားခရီးသည်ပေါင်း ၁၁၀၀၀၀ ကျော် ၀င်ရောက်ခဲ့ တယ်လို့ ဟိုတယ်/ခရီးက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: