သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရန်ကုန်မြို့တွင် မြန်မာ့အရေးဆွေးနွေးပွဲတခု ကျင်းပပြုလုပ်ရန် စီစဉ်


ရန်ကုန်မြို့တွင် မြန်မာ့အရေးဆွေးနွေးပွဲတခု ကျင်းပပြုလုပ်ရန် စီစဉ်

အံ့ဘုန်းမြတ် ၃၀ ဒီဇင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9456

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

မြန်မာ့အရေးဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ လာမယ့်နှစ် ဇန်န၀ါရီလထဲမှာ ကျင်းပပြုလုပ်ဖို့အတွက် ပြည်တွင်း နိုင်ငံရေးအင်အားစုတခုက စီစဉ် လျှက်ရှိနေပါတယ်။ အဲ့ဒီအတွက် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လည်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း အမှတ် ၁၂၃ မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့အရေးဆွေး နွေးပွဲ ဖြစ်မြောက်ရေးကော်မတီလို့ အမည်ပေးထားတဲ့ နိုင်ငံရေးအင်အားစုက ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့တာပါ။

မြန်မာ့နိုင်ငံရေးအင်အားစု

ဒီအင်အားစုထဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအင်အား စုတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ဆောင်ရွက်ခဲ့ဖူးသူ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းအချို့ ပါဝင်ပါ တယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွေမှာ ကြုံတွေ့လာမယ့် နိုင်ငံရေးအခြေအနေ တွေကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် တွေ၊ ၀ါရင့်နိုင်ငံရေး သမားကြီးတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်တာဖြစ် တယ်လို့ ဆွေးနွေးပွဲဖြစ် မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“အခု ၈၈ အုပ်စုတွေ ကျနော်တို့နဲ့အတူ ထောင်ထဲမှာ အတူနေခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်း ဆောင် တွေပေါ့ အဲလိုမျိုး လူတွေကို ရည်ရွယ်ထားပါတယ်။ တွေ့ဆုံပြီး လူငါးဆယ်လောက်ပါတဲ့ ဆွေးနွေးပွဲ တရပ်လုပ်မယ်။ အခုဒီ ငါးဆယ်ကို တက်ရောက်မယ့် လူလောက်ပဲ ဖိတ်မယ် စာတွေကိုလည်း အားလုံးကိုတော့ ပေးပြောမယ်။ ဒါပေမယ့် ပြောမယ့် စပီကာတွေကိုလည်း ကြိုပြီး လုပ်ရမယ့် အချိန်က တရက်လောက်အတွင်းမှာ အားလုံးပြီးအောင် လုပ်ရမှာဆိုတော့ အချိန်ကန့်သတ်မှုတွေနဲ့ ဆွေးနွေးကြမယ့် ဆွေးနွေးပွဲလေး ဖြစ်အောင်တော့ လုပ်ပါမယ်။”

ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ရင် ထွက်လာမယ့် သဘောတရားသစ်တွေကနေ ဒီမိုကရက်တစ် အတွေးအခေါ် အတွက် အထောက်အကူ ဖြစ်စေနိုင်သလို အစိုးရက လည်း ဆွေးနွေးပွဲ ပိတ်နိုင်တယ်။ သူတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ လက်ခံအောင်၊ ၂၀၁၀ ရွေးကောက်ပွဲဝင်အောင် အစိုးရအတွက် လိုက်လုပ်ပေးသူလို့ အမြင်ခံရနိုင် တယ် ဆိုတာတွေ သိတယ်လို ဖြစ်နိုင်ခြေသုံးခုကို ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

သူတို့ဟာ ၀ါရင့်နိုင်ငံရေး သမားကြီးတွေထဲက သခင်ချန်ထွန်း၊ ဦးဝင်းတင်၊ ဦးသာပန်း၊ ပူးကျင့်ရှင်းထန် အပါအ၀င် ထောင်ကိုထန်းစတဲ့ ပုဂ္ဂိုလ်တချို့နဲ့ မြန်မာ့အရေးဆွေးနွေးနဲ့ ပတ်သက်ပြီး တွေ့ဆုံထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘောထားနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ခုလိုမှတ်ချက်ပေးပါတယ်။

“ကျနော်တို့ ဒီအင်အားစုတွေအပေါ်မှာ အလေးအမြတ်ထားတယ်။ ရှင်းရှင်းပြောရရင် အားတောင်ကိုး ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ မဟာမိတ် အဖွဲ့အစည်း၊ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်အင်အားစုတွေ ကျနော်တို့ဘက်က အင်အားစုတွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်နိုင်မယ့် အင်အားစုတွေ အနေနဲ့ သဘော ထားတယ်။”

“သို့သော် အခြေခံဖြစ်တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းအရ ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကိုတော့ ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး။ ဒီအခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်း မရှိသရွေ့ သို့မဟုတ် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးသရွေ့၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလာဒ်တွေကို တစုံတရာအသိအမှတ် မပြုသရွေ့၊ ဆုံးဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပွဲ မကျင်းပပေးနိုင်သရွေ့၊ ကျနော်တို့က ဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ကြေညာပြီးသားပါ။”

“ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်းလည်း ကြေညာပြီးသားပါ။ သူတို့ အခုလုပ်တဲ့ဟာကတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တဲ့ဟာ ဖြစ်တဲ့အတွက် ကျနော်တို့နဲ့တော့ သိပ်ပြီး အစပ်အဟပ်မတည့်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ကိစတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ ပါဝင်ပတ်သက်ခြင်း မပြုနိုင်တာဖြစ်ပါတယ်။”

ဒီနေ့သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပမီဒီယာတွေ တက်ရောက်ခဲ့ကြပေမယ့် ပြည်တွင်းမီဒီယာတွေမှာ ဒီမြန်မာ့အရေး ဆွေးနွေးပွဲ အကြောင်းနဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းတွေကို ဖော်ပြခွင့်ရ၊ မရကို စောင့်ကြည့်ရဦးမယ်လို့ ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ဂျာနယ်အယ်ဒီတာ တဦးကပြောပါတယ်။ ဒီအခမ်းအနားမှာ အာဏာပိုင်တွေဘက်က စောင့်ကြည့်မှတ်တမ်းယူတာတွေ ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်သူတချို့က ပြောကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: