ကျန်းမာရေး, ရာသီဥတု, သတင်း

ဒေသအချို့တွင် ညအပူချိန် ထပ်မံကျဆင်း


ဒေသအချို့တွင် ညအပူချိန် ထပ်မံကျဆင်း

အံ့ဘုန်းမြတ် ၂၉ ဒီဇင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9443

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

လွန်ခဲ့တဲ့ သုံးရက်လောက်က စတင်နေခဲ့တဲ့ အအေးလှိုင်းတွေကြောင့် မြန်မာပြည်ဒေသအချို့မှာ ညအပူချိန်တွေ ထပ်မံကျဆင်းနေတယ်လို့ သိရှိရပါတယ်။ အအေးလှိုင်းတွေကြောင့် ဒီဇင်ဘာလရဲ့ ပျမ်းမျှအပူချိန်တွေမှာ ချင်းပြည် နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ ၇ ဒီဂရီကနေ ၈ ဒီဂရီအထိ ကျဆင်းနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတို့လို အပူပိုင်းဒေသတွေမှာတော့ ပျမ်းမျှ အပူချိန် ၅ ဒီဂရီကနေ ၆ ဒီဂရီအထိ ထူးထူးခြား ခြားကျဆင်းနေပါတယ်။

ဒီကနေ့အတွက် ထူးခြားတဲ့ ညအပူချိန်တွေကတော့ လားရှိုးမြို့နဲ့ မိုးကုတ်မြို့တွေမှာ အပေါင်း ၂ ဒီဂရီ၊ နမ့်ဆန်မြို့မှာ ရေခဲအမှတ်အောက် အနုတ် ၁ ဒီဂရီ၊ ဟဲဟိုးမြို့မှာက ရေခဲအမှတ် သုညဒီဂရီ၊ အပူပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ရေခဲအမှတ်အထက် အပေါင်း ၄ ဒီဂရီစင်တီဂရိတ်၊ ကသာမြို့မှာ အပေါင်း ၃ ဒီဂရီ၊ မန္တလေးမြို့မှာ ၁၁ ဒီဂရီ်၊ မကွေးမြို့မှာတော့ ၉ ဒီဂရီ၊ ရမည်းသင်းမှာ ၈ ဒီဂရီ အသီးသီးရှိနေပါတယ်။

ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - http://www.nairobroo.com)

ချင်းပြည်နယ် ဟားခါးမြို့မှာတော့ ရဲခဲအမှတ်အောက် အနုတ် ၄ ဒီဂရီနဲ့ လေးရက်ကြာမြင့်နေပြီ ဖြစ်တယ်လို့ မိုး/ဇလက ထုတ်တဲ့ သတင်းတွေအရ သိရပါတယ်။ ဆောင်းတွင်းကာလတွေမှာ အအေးလှိုင်း ဖြတ်လေ့ရှိတာနဲ့ ပတ်သက်လို့ နေပြည်တော် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ညွှန်ကြားရေးမှူးက အခုလိုရှင်းပြပါ တယ်။

“နှစ်စဉ် ဒီလိုဆောင်းကာလ ဒီဇင်ဘာလလလယ်လောက်ကနေပြီး ဖေဖေါ်ဝါရီလလယ်လောက်အထိမှာ အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်ဖြတ်တယ်။ ဖြတ်တဲ့ အင်အား ပမာဏအပြင်းအပျော့ ကွာတာပေါ့။ ဒီနှစ်က စံချိန်တင်အောင် အေးတယ်ဆိုတဲ့ဟာ မတွေ့ရသေးတော့ ပြင်းတယ်လို့ ပြောလို့ မရသေးဘူး။ ဥပမာ-ဟားခါး ဆိုရင် အနုတ် ၄ ဆိုပေမယ့် အနိမ့်ဆုံးက အနုတ် ၄.၈ လောက် ကျခဲ့ဘူးတယ်။ အခု ၄ ဆိုတော့ သူ့နီးပါးလေးကို ရောက်တာပေါ့။”

အလားတူ စစ်တွေမြို့ဆိုရင်လည်း လွန်ခဲ့တဲ့နှစ်ဆယ့်နှစ်နှစ်က ရောက်ရှိခဲ့တဲ့ အနိမ့်ဆုံးအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိနေပြီလို့လည်း သူကပြောပါတယ်။ ဒီလို အအေးဓာတ်ပိုများနေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေကိုလည်း မိုး/ဇလညွှန်ကြားရေးမှူးကပဲ အခုလိုဆက်ပြောပါတယ်။

“အခုလိုမျိုး အနုတ် ၄ တို့ ဖြစ်တယ်ဆိုတဲ့ အချိန်မှာ သက်ဆိုင်ရာ ချင်းပြည်နယ်က ဒေသခံပြည်သူလူထု အနေနဲ့ကတော့ သူတို့က ဒီလိုလတွေမှာ အေးတဲ့အတွေ့အကြုံရှိထားတယ်။ သို့သော်လည်း မြေနိမ့်ဖက် မန္တလေးတို့၊ မကွေးတို့၊ ပဲခူးတိုင်းတို့လို နေရာမျိုးကျတော့ ဒီလိုအေးတဲ့ဟာကိုတော့ သိပ်ပြီးတော့ အတွေ့အ ကြုံမရှိဘူးပေါ့။ မရှိတော့ ဘယ်သူတွေအတွက် ပိုပြီးတော့ စိုးရိမ်ကြောင့်ကြမှု ဖြစ်မလည်းဆိုရင် ကလေးသူငယ် တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်သင့်တာပေါ့။ လေဖြတ်တာတို့ ဘာတို့ ဖြစ်သွားနိုင်တာပေါ့။”

ဒီအအေးလှိုင်းဖြတ်ချိန်ဟာ ၄ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တက်လေ့ရှိပြီး နောက်ပိုင်းတွေမှာတော့ ပုံမှန်အနွေးဓာတ် ပြန်ရမှာဖြစ်တယ်လို့လည်း သူကခန့်မှန်း ပြောဆိုပါတယ်။ ဒီအအေးလှိုင်းဟာ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအရှေ့ဘက် တရုတ်နိုင်ငံဘက်ဆက်သွားမှာဖြစ်ပြီး အဲ့ဒီကနေတဆင့် ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေဘက်က အအေးလှိုင်းတွေနဲ့ ပေါင်းစုံမှာဖြစ်တယ်လို့ မိုးလေ၀ါသ ကျွမ်းကျင်သူ အချို့က သုံးသပ်ပြောဆိုကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: