စီးပွားရေး, သတင်း

အိုင်စီတီပြပွဲများတွင် ကုမ္ပဏီအချို့ကို အတင်းအဓမဖိအားပေး ဖွင့်လှစ်ခိုင်းနေ


အိုင်စီတီပြပွဲများတွင် ကုမ္ပဏီအချို့ကို အတင်းအဓမ္မဖိအားပေး ဖွင့်လှစ်ခိုင်းနေ

အံ့ဘုန်းမြတ် ၂၉ ဒီဇင်ဘာလ ၂၀၀၉

http://burmese.dvb.no/news.php?id=9441

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ် ကိုဇော်ဇော်လှိုင်ဖတ်ကြားပေးထားပါ။)

ပြင်ဦးလွင်မြို့အနီး ရတနာပုံဆိုက်ဘာစီးတီးမှာ ဒီဇင်ဘာ လ ၂၆ ရက်နေ့က စတင်ကျင်းပပြုလုပ်နေတဲ့ (၈) ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ်ပြပွဲမှာ အိုင်တီကုမ္ပဏီအချို့ကို ဖိအားပေး၊ မက်လုံးပေးပြီး ဖွင့်လှစ်ခိုင်း ထားတယ်လို့ သိရပါတယ်။

ရတာပုံဆိုက်ဘာစီးတီး (၈) ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ်ပြပွဲ

ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပုဂံဆိုက်ဘာတက်အပါအ၀င် ပြပွဲဖြစ်မြောက်ရေး ကော်မတီတွေက ရန်ကုန်နဲ့ မန္တလေးက အိုင်တီကုမ္ပဏီတွေကို ဖိအားပေးပြီး ဆိုင်ခန်းတွေဖွင့်လှစ်ခိုင်းတာမျိုးတွေ ရှိနေပါတယ်။

ဒါအပြင် အပေးအယူသဘောမျိုးနဲ့ ပြပွဲမှာပြခန်းဖွင့်လှစ်တဲ့ အိုင်တီကုမ္ပဏီတွေကို ကုန်ပစ္စည်းသွင်းကုန် ပါမစ်အပြင် အခြားအကျိုးခံစားခွင့်တွေရမယ်ဆိုတဲ့ အကြောင်းပြချက်မျိုးတွေနဲ့ ဖွင့်လှစ်ခိုင်းတာတွေလည်း ရှိတယ်လို့ အိုင်စီတီလောကသားအချို့ကဆိုပါတယ်။ ဒီလိုဖိအားပေးပြီး ဆိုင်ခန်းဖွင့်လှစ်ခိုင်းနေတာတွေနဲ့ ပတ်သက်လို့ ကွန်ပျူတာကုမ္ပဏီံကြီးတခုရဲ့ မန်နေဂျာတဦးက အခုလိုရှင်းပြပါတယ်။

“ဒီကအိုင်စီတီပြပွဲကိုက အဲဒီလိုအတင်းအဓမ္မ ဖိအားပေးတဲ့ပုံစံနဲ့သွားရတယ်။ ရတနာပုံဆိုရင် ပိုတောင်ဆိုးသေး တယ်။ တော်တော်များများက ဘယ်သူမှမသွားချင်ကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူစည်ကားမှုက ဘာမှမရှိဘူး။ ကုမ္ပဏီရဲ့ အဖြစ်ကလည်း သူတို့ဈေးနှုန်းကို တော်တော်လျှော့ထားရတယ်။ တဖက်မှာကျတော့ လည်း ဒီအိုင်စီတီပြပွဲတွေ လုပ်ပေးဖို့ကလည်းရှိနေတော့ သူတို့က၀င်ပြပေးရတာပေါ့။ အဓိကက အတင်းအဓမ္မ ဖိအားပေးတဲ့ပုံစံနဲ့ ၀င်ပြီးတော့ ပြကြရတာတွေရှိတယ်။”

အိုင်တီကုမ္ပဏီအများစုဟာ ဒီလိုပြပွဲတွေမှာ ပြခန်းဖွင့်ရင် ကုန်ပစည်းတင်သွင်းခွင့်ပါမစ်ရမယ်ဆို့တဲ့ မျှော်လင့်ချက် နဲ့ စရိတ်စခအကုန်အကျခံ ဖွင့်လှစ်ကြရတာများတယ်လို့လည်း အဲ့ဒီမန်နေဂျာကပြောပါတယ်။

ရတာပုံဆိုက်ဘာစီးတီး (၈) ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ်ပြပွဲဖွင့်ပွဲ

ဒီလိုပြပွဲတွေက ၀ယ်လိုအား ရောင်းလိုအား အခြေအနေတွေကိုလည်း ကွန်ပျူတာကုမ္ပဏီကြီးတခုရဲ့ မန်နေဂျာက အခုလိုရှင်းပြပါတယ်။

“ရှိုးပွဲလုပ်လို့ ရောင်းရတယ်ဆိုတာ မင်မိုရီစတစ်တွေ ဘာတွေလောက်ပဲ၊ အသေးစားတွေပဲ၊ ဒီအကြီးစား တွေ ရောင်းအားကဘာမှမရှိဘူး။ ၀ယ်ချင်တဲ့သူ တော်တော်များများက ဒီအတိုင်းပုံမှန်ဈေးကွက်မှာပဲ သွားဝယ် တော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ရှိုးပွဲမှာ ကြည့်လိုက်တဲ့ ဈေးတွေကလည်း ထိထိရောက်ရောက် ဘာမှ လျှော့မထားဘူး။ ဘာမှလည်း မရှိဘူး။ အပြင်ဈေးကွက်နဲ့ မခြားမနားလေးပါပဲ။ လက်ဆောင်တွေ ပေးတာပဲများတယ် မောက်၊ မင်မိုရီစတစ်၊ မောက်စ်ပတ်စ်နဲ့ တွဲပြီးပေးတာမျိုးလေးတွေ။ ပြီးတော့ ကွန်ပျူတာ ပီစီနဲ့ လက်တော့ပ် ဆေးတဲ့ဟာမျိုးလေးတွေ၊ အဲဒါတွေမျိုးလောက်ပဲထည့်ပေးနိုင်တယ်။ ထွေထွေထူးထူးကြီး ဈေးကွက်က ပြောင်းလဲသွားတာမရှိဘူး။ အိုင်စီတီရှိုးပွဲကြီးမို့လို့ ဈေးတော့ အရမ်းကျနေတဲ့ အရင်တုန်းက ပုံစံမျိုးကြီး သိပ်မရှိတော့ဘူး။”

အခုကျင်းပပြုလုပ် နေတဲ့ (၈) }ကိမ်မြောက် အိုင်စီတီပြပွဲမှာ ဆိုင်ခန်းပေါင်း ၄၀ ကျော်မှာ ကုမ္ပဏီပေါင်း ၃၀ ကျော်က ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ဖွင့်လှစ် ပြသရောင်းချနေကြတာ ဖြစ်ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: