သက်ကြီး ကာတွန်းဆရာ ပူဇော်ပွဲကျင်းပ
အံ့ဘုန်းမြတ် ၂၈ ဒီဇင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9431
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ် ကိုရဲသူဖတ်ကြားပေးထားပါ။)
ကာတွန်းဆရာ ပူဇော်ကန်တော့ပွဲကို ၃၄ ကြိမ်မြောက်အဖြစ် ရန်ကုန် လှိုင်မြို့နယ် စွပ်ကျယ်စက်လမ်းရှိ ကွယ် လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့နေအိမ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ အရင်နှစ်တွေတုန်းက အပူဇော်ခံကာတွန်းဆရာကြီး သုံးဦးရှိခဲ့ပေမယ့် ဦးဖေသိန်းက ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာတော့ ဆရာ ကာတွန်း အောင်ရှိန်ကလည်း ကျန်းမာရေးကြောင့် မကြွရောက်နိုင်လို့ ကာတွန်းရွှေမင်းသားတဦးတည်းကိုပဲ လူငယ်ကာ တွန်းဆရာတွေက ပူဇော်ကန်တော့ နိုင်ကြတယ်လို့ ကာတွန်းအော်ပီကျယ်က ပြောပါတယ်။
“ဆရာကြီး ဦးအောင်ရှိန်က နည်းနည်းနေမကောင်းလို့ဆိုလို့ မလာနိုင်လိုက်ဘူး။ ကန်တော့ တာတော့ ဆရာကို အကုန်ရည်မှန်းပြီး ကန်တော့တာပေါ့။ ဆရာ့ဆီလည်း ကန်တော့တဲ့ ပစည်းတွေ ကောဘာတွေကော ပေါင်းပြီးပို့တာပေါ့။ ဆရာကိုယ်တိုင် မလာနိုင်တော့ ဆရာ့သြ၀ါဒစကားတွေ ဘာတွေတော့ မကြားရဘူးပေါ့လေ။”
အခမ်းအနားကို ကာတွန်းဆရာ ၁၀၀ နီးပါး တက်ရောက်ပြီး ဆရာရွှေမင်းသားက သြ၀ါဒစကား ပြောကြားပါတယ်။ မြန်မာစာနယ်ဇင်းကာတွန်းလောကမှာ အပူဇော်ခံထိုက်တဲ့ ဒီ့ပြင်သက်ကြီးဝါရင့် ကာတွန်း ဆရာတွေ ရှိပေမယ့်လည်း ပူဇော်ကန်တော့ပွဲကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ပုံကိုလည်း ဆရာအော်ပီကျယ်က ရှင်းပြပါတယ်။
“ကျနော်တို့ဟာကတော့ ရန်ပုံငွေက နည်းတယ်။ နောက်ပြီးတော့ တချို့ကလည်း ဆရာကြီးတွေကို သိပ်မသိတော့ဘူးဗျ။ သူတို့နဲ့လည်း အဆက်ပြတ်ကုန်ကြပြီလေ။ နောက် ကာတွန်းဆရာတွေကလည်း ဒီရန်ကုန်မှာက ၁၀၀ အောက်လောက်ဘဲရှိတာ၊ အများအားဖြင့် ၀င်ငွေသိပ်မကောင်းဘူးလေ၊ အဲဒီတော့ ထည့်နိုင်တယ်ဆိုလည်း ထောင်ဂဏန်းလောက် ထည့်တာဆိုတော့ လုပ်ရကိုင်ရတာ နည်းနည်းလေး အခက်အခဲရှိတယ်။”
ကာတွန်းဆရာကြီးတွေကို ပူဇော်ကန်တော့တဲ့ အစဉ်အလာကို ကာတွန်းဦးဘဂျမ်းနဲ့ ဦးဟိန် စွန်းတို့က စတင်ခဲ့ကြပါတယ်။ ၁၉၅၃ ခုနှစ်မှာတော့ ဦးဘဂျမ်းကွယ်လွန်ပြီးနောက်ပိုင်း ကာတွန်းဦးဟိန်းစွန်းကို လူငယ်ကာ တွန်းဆရာတွေက ကန်တော့တဲ့အစဉ်အလာကို လက်ဆင့်ကမ်း ဆောင်ရွက်လာကြတာဖြစ်ပါတယ်။
Leave a Reply