ကျန်းမာရေး, သတင်း

သွေးလှူလိုသူများနှင့် သွေးလိုအပ်သူများကို သုခဆေးခန်းက ကူညီနေ


သွေးလှူလိုသူများနှင့် သွေးလိုအပ်သူများကို သုခဆေးခန်းက ကူညီနေ

အံ့ဘုန်းမြတ် (၂၅ ဒီဇင်ဘာ ၂၀၀၉)

http://burmese.dvb.no/news.php?id=9418

သွေးလိုအပ်နေတဲ့လူနာတွေနဲ့ သွေးလှူဒါန်းလိုတဲ့အလှူရှင်တွေ အဆင်ပြေအောင် နာရေးကူညီအမှု အသင်း(ရန်ကုန်) က ဖွင့်လှစ်ထားတဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းက အခမဲ့ကူညီဆောင်ရွက်ပေးနေပါတယ်။ သွေးလိုအပ်နေတဲ့ လူနာရှင်တွေအနေနဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်အောင် စီစဉ်ထားတာပါ။

သွေးလိုအပ်တယ်လို့ ဆက်သွယ်လာရင် သက်ဆိုင်ရာ ဆေးရုံအသီးသီးအထိ သွေးလှူရှင်တွေက လိုက်လံ လှူဒါန်းပေးမှာပါလို့ နာရေးကူညီမှုအသင်း ဥကဦးကျော်သူက ပြောပါတယ်။

“သွေးလှူဖို့ကို ကျနော်တို့က တိုက်ရိုက်လှူတဲ့စနစ်ကို စပြီးလုပ်နေတာပေါ့။ လိုအပ်တဲ့ ဆေးရုံက လူနာရှင်ကနေပြီး ကျနော်တို့ဆီကို အကူအညီတောင်းတာပေါ့လေ။ အိုသွေးလိုတယ်ဆိုရင် အိုသွေး ဘယ်နှလုံးလိုတယ်ဆိုရင် ကျနော်တို့ဆီ စာရင်းပေးထားတဲ့ သွေးလှူရှင်တွေကို ကျနော်တို့က သူတို့ခေါ်တဲ့ ဆေးရုံ မြောက်ဥကလာ ဆေးရုံဆိုရင် မြောက်ဥကလာ၊ စံပြဆေးရုံဆိုရင် စံပြဆေးရုံ၊ ကုတင်နံပါတ်ဘယ်လောက် လူနာဘယ်သူပေါ့လေ၊ အဲဒါသူ့အတွက်ဆိုပြီးတော့ သွားပြီးလှူပေးတယ်။”

သွေးလိုအပ်နေတဲ့ လူနာတွေအတွက် သွေးလှူရာမှာ သက်ဆိုင်ရာဆေးရုံကို သွေးပုလင်းခ၊ ဆေးထိုး အပ်ခစတဲ့ကုန်ကျစရိတ်တွေရှိနေပြီး ဆင်းရဲနွမ်းပါးတဲ့လူနာတွေအတွက် အသင်းက စိုက်ထုတ်လှူဒါန်းပေးတယ် လို့လည်း သုခဆေးခန်းတာဝန်ရှိသူတဦးကပြောပါတယ်။

“၆၀၀၀ ၀န်းကျင်လောက်ကျတယ်။ တခါတလေလည်း ၆၀၀၀ အောက် ကျတယ်။ တခုနဲ့တခု သိပ်မတူဘူး။ သွေးလှူရှင်က စေတနာပေါက်ရင် သူ့အိတ်ထဲက လှူလိုက်တာလည်း ရှိပါတယ်။”

နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း

သုခဆေးခန်းက သွေးလှူဒါန်းတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်က စတင်ဆောင် ရွက်ခဲ့ပြီး သွေးလိုအပ်တဲ့ လူနာတွေအတွက် ပိုပြီးအဆင်ပြေအောင် ခုလိုတိုက်ရိုက်သွေးအလှူပုံစံကို စတင် ဆောင်ရွက်တာပါလို့လည်း ဦးကျော်သူက ပြောပါတယ်။ သွေးလှူဒါန်းဖို့အတွက် အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ ကျန်းမာရေးကောင်းမွန်တဲ့ ဘယ်သူမဆို သုခကုသိုလ်ဖြစ်ဆေးခန်းကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ သွေးလိုအပ်တဲ့ လူနာရှင်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၈၁၃၆၃။ ၀၁-၅၈၀၁၃၃ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: