ဘာသာရေး, သတင်း, အနုပညာ

ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားများ ခရစ္စမက်ပွဲတော် ကျင်းပ


ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားများ ခရစ္စမက်ပွဲတော် ကျင်းပ

အံ့ဘုန်းမြတ် ၂၅ ဒီဇင်ဘာ ၂၀၀၉

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

http://burmese.dvb.no/news.php?id=9410

ဒီနေ့ဟာ ယေရှုခရစ်တော်ဖွားမြင်တဲ့ ခရစ္စမတ်နေ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပက မြန်မာပြည်သားတွေ ပျော်ပွဲရွှင်ပွဲတွေကျင်းပ ဆင်နွဲ နေကြပါတယ်။ ဒီနေ့ ကျရောက်တဲ့ ခရစ္စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ရန်ကုန်မြို့ နေရာအတော်များများမှာ ကျင်းပနေကြပါတယ်။ ညဦးပိုင်းမှာ ယုဇနဂါးဒင်းဟိုတယ်က ဟစ်ဟော့(ပ်) စင်တင်ဂီတပွဲမှာ ရဲလေး၊ ဂျေးမီတို့နဲ့အတူ ဖျော်ဖြေဖို့ရှိနေတဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က “ခရစမတ်ကစတိတ်ရရှိုးရှိပါတယ်။ ဒါပါပဲယုဇနဂါးဒင်းဟိုတယ်မှာပါ။” လို့ ပြောပါတယ်။ တေးသံရှင်ရေဗက္က၀င်းကတော့ “ဒီမနက်ကတော့ ချက်(ခ်ျ)သွားတယ် ပြီးတော့ဒီနေ့က ၀ယ်ဒင်တွေ ဒင့်နာတွေရှိတော့ အဲဒါတွေလိုက်ဆိုတယ်။ ခရစ္စမတ်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေ၊ ငြိမ်းချမ်းပါ့စေ”လို့ ဆုတောင်းပေးသွားပါတယ်။ သူနဲ့အတူ မော်ဒယ်သရုပ်ဆောင် ခရစ္စတီးနားကလည်း ခရစ္စမတ်နေ့မှာ ဘုရားသခင်ကောင်ချီးပေးပါစေ၊ ပရိတ်သတ်တွေအကုန်လုံး ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ယေရှုခရစ်တော်ဖွားမြင်တော်မူတဲ့ ဒီနေ့မှာ မြန်မာနိုင်မှာသာမက ပြည်ပနိုင်ငံတွေကို အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား ခရစ်ယာန်ဘာသာဝင်တွေလည်း ခရစ္စမတ်ပွဲတော်တွေကို ဆင်နွှဲနေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ရောက်ရှိနေကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ပွဲတော်အကြောင်း ကရင်အမျိုးသမီးအစည်းအရုံး တွဲဘက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်ကတော့ နယ်စပ်တလျှောက်မှာနေတဲ့ သူတွေအတွက် ဘုရားကျောင်းမရှိဘူး။ ဘုရားကျောင်း ရှိတဲ့သူတွေကတော့ ကျောင်းမှာ ကျင်းပကြတယ်လို့ ပြောပါတယ်။

“ကျမအနေနဲ့ကတော့ အိမ်မှာပဲ ရှိတဲ့အတွက်ကြောင့် အိမ်မှာ သူငယ်ချင်းတွေနဲ့ ချက်ပြုတ် ဘုရားရှစ်ခိုးပြီး ခရစ္စမတ်အကြောင်းကို ပြောပြီး ကိုယ့်တိုင်းပြည်မှာ အခြားသူတွေနဲ့ သိုက်သိုက်ဝန်းဝန်းမလုပ်ရတဲ့အချိန်မှာ ဒီမှာရောက်တဲ့ နေရာမှာ ပဲကျမတို့ ဆုတောင်းတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော် ချီးမွမ်းတယ်။” ခရစ္စမတ်ပွဲတော်နဲ့ ပတ်သက်ပြီး ဘလူးမင်းနိုက်ဇန်ရဲ့ ဆုတောင်းကတော့

“ပြည်တွင်းမှာ ဒုက္ခရောက်ပြီးတော့မှ အိုးမဲ့အိမ်မဲ့ ဘုရားကျောင်းနဲ့လည်းမနေရ၊ တောနက်ကြီးထဲမှာပုန်းပြီးတော့ ပြေးလွှားနေရတဲ့သူတွေ အတွက် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဆုကျေးဇူး သူတို့အပေါ်မှာ ကျရောက်ဖို့ရယ်။ ဘုရားသခင်ရဲ့ မွေးနေ့တော်သတင်းကောင်းလည်း သူတို့ဆီ ရောက်နိုင်ပါစေ။ ရရှိဖို့လည်း ကျမတို့ဆုတောင်းပေးတယ်။ ကျမတို့ မြန်မာပြည်မှာ ယေရှုခရစ် တော် မွေးဖွားခြင်းရဲ့ ငြိမ်သက်ခြင်း ကျရောက်ပြီး အေးချမ်းတဲ့တိုင်းပြည် ပြန်ဖြစ်ဖို့ ဆုတောင်းဖြစ်တယ်။” ရန်ကုန်က လွိုင်ကော် နှစ်ခြင်းအသင်းတော်က သိကာတော်ရဆရာတော် အော်နာညိုကတော့ မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတနိုင်ငံ ဖြစ်လာဖို့၊ အမြဲတမ်း ဆုတောင်းပေးလိုက်ရပါတယ် လို့ ပြောပါတယ်။ “အုပ်ချုပ်တဲ့ တိုင်ပြည်သူပြည်သား ခေါင်းဆောင်တွေကလည်းပဲ တကယ့်ကို ကျောသားရင်သား မခွဲဘဲနဲ့ မမြဲတစေ အုပ်ချုပ်နိုင်ဖို့ အမြဲတမ်းဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံကြီးက ငြိမ်းချမ်းရေးလိုတာပေါ့ဗျာ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ သာယာရေး၊ တိုးတက်ရေးပေါ့ အဲဒါတွေအတွက် အမြဲတမ်းဆုတောင်းပါတယ်။”

ထိုင်းနိုင်ငံက ဘန်ကောက်၊ ချင်းမိုင်၊ ဖန်င စတဲ့ မြို့အသီးသီးမှာ ခရစမတ် ပွဲတော်တွေ ကျင်းပကြပြီး ဂျပန်၊ အမေရိကန်စတဲ့ နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား ခရစ်ယာန်ဘာသာဝင်တွေလည်း ခရစမတ် အခမ်းအနားတွေကို ကျင်းပကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: