စာနယ်ဇင်း, သတင်း, အနုပညာ

တပတ်အတွင်း အနုပညာသတင်းများ


တပတ်အတွင်း အနုပညာသတင်းများ

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ  ၂၁ မှ ၂၆ ရက်အထိ)

အံ့ဘုန်းမြတ် ၂၆ ဒီဇင်ဘာ ၂၀၀၉

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

  • ခရစ္စမတ်ည ရန်ကုန်မြို့က ဂီတဖျော်ဖြေပွဲများ၊ ရန်ကုန်ကလျာဏယုဝအသင်း ညစာစားပွဲ
  • သရုပ်ဆောင်ခိုင်နှင်းဝေနဲ့ ဗိုလ်ကြီးချမ်းငြိမ်းကျော်တို့ ကွာရှင်းပြက်ဆဲ
  • ဆရာဦးသုခကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ ပြာသိုလပြည့် အမေနေ့အခမ်းအနားကို  (၁၄) ကြိမ်မြောက်အဖြစ် မန္တလေးမြို့မှာ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ရှိနေပါတယ်။ အဲ့ဒီနေ့ညပိုင်းမှာပဲ ဆရာမြိ့မငြိမ်းရာပြည့်အခမ်းအနားလည်း ကျင်းပဖို့ရှိနေပါတယ်။
  • ဆရာပါရဂူရဲ့ (ဘုရားသခင်မှ မေတ္တာဂရုဏာနှင့် အခြားမြန်မာပြန်ဝတ္ထုတိုများ) စာအုပ် ဇန်န၀ါရီလ (၂) ၇က်နေ့မှာ ထွက်ရှိဖို့ရှိနေပါတယ်။ စာအုပ်ထွက်ရှိတဲ့နေ့မှာပဲ ဆရာပါရဂူက လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းက အင်းဝစာအပ်တိုက်ခွဲမှာ စာပေမြတ်နိုးသူတွေကို အမှတ်တရလက်မှတ်ရေးထိုးပေးမှာဖြစ်ပါတယ်။
  • စီးတီးအက်ဖ်အန် (၈) နှစ်ပြည့် နှစ်ပတ်လည်ဖျော်ဖြေပွဲကို ဇန်န၀ါရီလ (၂) ရက်နေ့ ရန်ကုန်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီနှစ်နှစ်ပတ်လည်အခမ်းအနားကို အိုင်စီတေးဂီတအဖွဲ့သားတွေက တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။ ဖျော်ဖြေပွဲမှာတော့ (ဂစ်တာ) နဲ့ပတ်သက်တဲ့ သီချင်းခေါင်းစဉ်တွေကိုပဲ ရွေးချယ်စုစည်းတင်ဆက်ကြမှာဖြစ်ပါတယ်။
  • သူရဲလေးကောင်၊ နှင်းဆီသခင်စတဲ့ စင်တင်ပြဇာတ်တွေနဲ့ လူကြိုက်များတဲ့ ဒါရိုက်တာမောင်မျိုးက “နှင်းဆီနှစ်သစ်” အမည်နဲ့ အနုပညာပဒေသာကပွဲတစ်ခုကို ဇန်န၀ါရီလ (၈) ရက်ကနေ (၁၀) နေ့အထိ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီကပွဲကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင့်ရေးအဖွဲ့ (ဗဟို) ရဲ့ ရန်ပုံငွေအနေနဲ့ တင်ဆက်မှာဖြစ်ပြီး အနုပညာရှင်အတော်များများပါဝင်ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: