စာနယ်ဇင်း, ယဉ်ကျေးမှု, သတင်း, အနုပညာ

တပတ်အတွင်းအနုပညာသတင်းများ


တပတ်အတွင်း အနုပညာသတင်းများ

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ မှ ၂၀ ရက်အထိ)

အံ့ဘုန်းမြတ် ၁၉ ဒီဇင်ဘာ ၂၀၀၉

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

In this photo taken Thursday, Dec. 18, 2009, Myanmar pop star Phyu Phyu Kyaw Thein speaks at a ceremony in Yangon, Myanmar, about a Myanmar version of Traffic: an MTV EXIT (End Exploitation and Trafficking) campaign to raise awareness of and to help prevent human trafficking in Asia and the Pacific. The U.N. estimates nearly 2.5 million people from 127 different countries are being trafficked around the world. (AP Photo Khin Maung Win)

အနုပညာ

  • MTV-EXIT က ထုတ်လွှင့်နေတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ရုပ်သံအစီအစဉ်တွေထဲမှာ  မြန်မာတေး သံရှင် ဖြူဖြူကျော်သိန်း ပါဝင်တင်ဆက်ထားပါတယ်။      ဒီအစဉ်တွေထဲမှာ ကမ္ဘာ့ နာမည်ကျော်အနုပညာ ရှင်တွေဖြစ်တဲ့ ဟောလီဝုဒ်ရုပ်ရှင်မင်းသမီး အိန်ဂျိလီနာဂျိုလီ၊ တရုတ်မင်းသမီးလူစီလျူး၊ ထိုင်းအဆိုတော် တာတာယန်း၊ အိန္ဒယရုပ်ရှင်သရုပ်ဆောင် လာရာဒတ်တာ စတဲ့အနုပညာရှင်တွေက ဘာသာစကား အသီးသီးနဲ့ တင်ဆက်ပေးထားကြပါတယ်။ ဒီအစီအစဉ်ကို လွန်ခဲ့တဲ့ တနှစ်ကျော်က ရိုက်ကူးခဲ့ပေမယ့် မြန်မာအစိုးရက အခုမှခွင့်ပြုချက်ပေးလို့ ထုတ်လွှင့်နိုင်တာပါ။ ဒီအစီစဉ်ကို မြန်မာမီဒီယာတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ MRTV-4 တို့ကနေ ထုတ်လွှင့်ပေးမယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေအရ သိရပါတယ်။ မြန်မာပြည်သူတွေအတွက် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရရှိ စေနိုင်မယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဂီတ

  • အမေရိကန် ကယ်လီဖိုးနီးယားမှာ ကျင်းပမယ့် ဂရမ်မီဆုပေးပွဲကို သွားမယ့် တေးသံရှင်တွေ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာမယ်လို့သိရပါတယ်။ ဒီတေးသံရှင်တွေထဲမှာ ထူးအယ်လင်း၊ မီးမီးခဲ၊ ကဗျာဘွဲ့မှူးနဲ့ ဆုန်သင်းပါရ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
  • စာပေ

  • စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် မြန်မာစာပေဟောပြောပွဲ ပြုလုပ်မယ်လို့သိရပါတယ်။ ဒီစာပေဟော ပြောပွဲကို ဒီဇင်ဘာ (၂၀) ရက်နေမှာ ကျင်းပမှာဖြစ်ပြီး ဟောပြောမယ့် ပုဂ္ဂိုလ်တွေကတော့ ဆရာနေ၀င်း မြင့်၊ ဆရာချစ်ဦးညိုနဲ့ ဆရာမဂျူးတို့ဖြစ်တယ်လို့ သိရပါတယ်။ စာပေဟောပွဲကို စင်္ကာပူ ဒေါ်လာ (၁၅) ဒေါ်လာသတ်မှတ်ထားပါတယ်။ စင်္ကာပူမှာလုပ်လေ့ရှိတဲ့ ဂီတဖျော်ဖြေတွေဟာ စင်္ကာပူဒေါ်လာ (၄၀) လောက်ရှိတော့ စင်္ကာပူမှာနေထိုင်တဲ့ မြန်မာလူငယ်အတော်များများ လာရောက်နားနိုင်မှာပါလို့ စင်္ကာပူက မြန်မာလူငယ်အချို့ကတော့ ယုံကြည်ထားကြပါတယ်။
  • မြန်မာနိုင်ငံမှာ ဒီဇင်ဘာ (၁၅) ရက်နေ့က စာဖတ်ပရိသတ်ကို စတင်မိတ်ဆက်ခဲ့တဲ့ နရသိန်မဂ္ဂဇင်း လေးအကြောင်းကို ပြောပြချင်ပါတယ်။ နရသိန်ဆိုတာကတော့ ပါဠိလို အကျဉ်းထောင်လို့ အဓိပ္ပါယ်ရပါတယ်။ နာမည်နဲ့လိုက်အောင် အကျဉ်းထောင်တွေထဲက အကြောင်းတွေကို ဖော်ပြမှာလို့ဆိုပါတယ်။ မဂ္ဂဇင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်း ဦးစီးဌာနက ထုတ်ဝေတာဆိုတော့လည်း ထူးခြားနေပါတယ်။ အဲဒီမဂ္ဂဇင်းမှာ မြန်မာပြည် အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရဲဘက်စခန်းတွေမှာ အကျဉ်း သားတွေကို မတရားခိုင်းစေမှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို တော့ ဖော်ပြမှာမဟုတ်ဘဲ စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ဆေးဝါးကုသမှုတွေပေး နေတာ၊ ပြန်လည်ထူထောင်ရေးအတွက် ပညာပေးလုပ်ငန်းတွေကို ဘယ်လိုဘယ်ပုံလုပ် ဆောင်နေပါတယ်ဆိုတဲ့ ၀ါဒဖြန့်အာဘော်တွေကို ရေးသားဖော်ပြမှာပါလို့ ပြည်တွင်းက အယ်ဒီတာတွေက ပြောပြကြပါတယ်။
  • (မြန်မာအကျဉ်းထောင်တွေထဲမှာရှိနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအကြောင်းကိုတော့ (နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်မှုအသင်း-မြန်မာနိုင်ငံ)  Assistance Association For Political Prisoner Burma မှာ ကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။
  • မြန်မာစာပေလောကမှာ ဟာသတွေ၊ သရော်စာတွေနဲ့ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ အီကြာကွေး ဟာ ဒီလ ၁၅ ရက်နေ့က ရန်ကုန်၊ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့၏ပြီး (၁၇) ရက်နေ့မှာတော့ ဆရာဈာပနကို ရေဝေးသုသာန်မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဆရာဟာ မကွယ်လွန်ခင်ကတည်းက သူနေထိုင်တဲ့ ကျိုကဆံဘုရားအနီးက နေအိမ်ကို သူ့ဇာတိ ဓနုဖြူမြို့က ကျိုကလွန်ဗွန်း စေတီတော်အတွက် ရည်စူးပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: