စီးပွားရေး, သတင်း

ပြည့်တန်ဆာအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုသူ ပိုမိုများပြားလာ


ပြည့်တန်ဆာအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုသူ ပိုမိုများပြားလာ

အံ့ဘုန်းမြတ် ၁၅ ဒီဇင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9292

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

ရန်ကုန်မြို့တွင် မြို့နယ်အချို့မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေ ပိုမိုများပြားလာ လျှက်ရှိပါတယ်။ မာဆက်-အနှိပ်ခန်းလို့ ခေါင်းစဉ်တပ်ထားတဲ့ ဇိမ်ခန်းတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ဖောက်သည်ရှာ လုပ်ကိုင်နေကြပါတယ်။ လူနေထူထပ်ရာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စတဲ့ ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ မာဆက်-အနှိပ်ခန်းခေါင်းစဉ်တပ်ထားတဲ့ ဇိမ်းခန်းတွေ အရင်ကထက် ပိုမိုဖွင့်လှစ်လာကြတာပါ။ ဈေးနှုန်းတွေနဲ့ မာဆက်အများစု တည်ရှိနေတဲ့နေရာတွေကို ရန်ကုန်မြို့ခံ လူငယ်တဦးကို မေးကြည့်တဲ့အခါမှာတော့ ခုလိုပြောပြပါတယ်။

“မာဆက်က ၃ ထောင် ပဲပေးရတယ်။ တချို့နေရာတွေမှာ ဈေးကြီးပြီး တချို့နေရာတွေကျတော့လည်း ၅ ထောင်၊ ၆ ထောင် တို့ပေးရပါတယ်။ မြို့ထဲမှာ နေရာတကာ အကုန်လုံးရှိတယ်။ ဘားလမ်း၊ ပန်းဆိုးတန်းတို့ အဲဒီဘက်မှာ အများဆုံးပဲ။ လာသာ၊ ၂၁လမ်း၊ ၂၂လမ်းတို့ အဲဒါမျိုးတွေမှာလည်းရှိတယ်။”

အနှိပ်ခန်းတွေမှာ လာရောက် အလုပ်လုပ်ကိုင်သူအများစုဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့နယ်တွေက အများစုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အနှိပ်ခန်းတွေမှာ အလုပ်လုပ်ဖို့အတွက် အမျိုးသမီးငယ်တွေဟာ အိမ်ဖော် အလုပ်၊ စက်ရုံအလုပ်စတဲ့ အလုပ်တွေ လုပ်မယ်လို့ မိဘတွေကို ပြောကြပြီး လက်တွေ့မှာတော့ ပွဲစားတွေနဲ့ ဈေးညှိုနှိုင်းပြီး လုပ်ခလစာ ခြောက်လစာ၊ တစ်နှစ်စာစသဖြင့် မိသားစုတွေကိုပေးပြီး အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေကြတာလို့ အေ့ခ်ျ ရောဂါတိုက်ဖျက်ရေး လူမှုရေးလုပ်ငန်းလုပ်နေသူအချို့ကပြောပါတယ်။

အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူတွေဟာလည်း ရဲအပါအ၀င် မယကနဲ့ ယရကစတဲ့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်း အသီးသီးကို လာဘ်ငွေပေးပြီး ဖွင့်လှစ်လုပ် ကိုင်နေကြရပုံကိုလည်း အစိုးရ၀န်ထမ်း တစ်ဦးက ခုလိုပြောပါတယ်။

“ဒါတွေက သူ့ဟာနဲ့သူတော့ သတ်မှတ်ကြေးလေးတွေတော့ရှိတာပေါ့။ တချို့ကျတော့လည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ လုပ်ထားကြတော့လည်း ဘယ်သူမှ အနှောင့်အယှက် မပေးကြပါဘူး။ အရာရှိ အသိုင်းအ၀ိုင်းက တယောက်ယောက် နာမည်ခံလိုက်၊ ပေါင်းထားလိုက်ရင် ပြီးသွားတာပါပဲ။ ဘယ်သူနဲ့မှ မပတ်သက်ရင်တော့ ပိုက်ဆံပေးပြီး လုပ်ရတာပေါ့။”

ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတာဟာ အရင်က အမျိုးသမီးတွေသာ အများစုဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသားငယ်အချို့တောင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုတာတွေရှိလာနေပြီလို့ အေ့ခ်ျရောဂါ ကာကွယ်တိုက်ဖျက်ရေး လူမှုရေးအဖွဲ့အစည်း တခုက အမျိုးသမီးတဦးက ပြောပါတယ်။

“ဟိုတုန်းကဆို ကောင်မလေးတွေများတယ်၊ ကောင်လေးတွေဆို မြင်ဖို့ခဲ ယဉ်းတယ်လေ။ ကောင်လေး Sex Worker ဆိုလို့ရှိရင် တအားသနားဖို့ကောင်းတယ်။ တံတားပေါ်မှာ ကောင်လေးတွေလည်း ပေါ်လာပြီ သူတို့ရဲ့ အဆက်အသွယ်တွေကလည်း အများကြီးဖြစ်နေပြီ။ ဒါပေမယ့် များသောအားဖြင့် အခြောက်မတွေ လာခေါ်တာပဲများတယ်။ အခုလောလောဆယ် ဂုံးတံတားတွေပေါ်မှာ ရှိတယ်။ သူတို့ မြေအောက်အိမ်သာခန်းတွေ မှာပေါ့။ အဲဒီလို နေရာမျိုးမှာ ရှိနေတတ်ကြတယ်။”

ပြည်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကို ရဲက ဖမ်းဆီး အရေးယူလေ့ရှိပေမယ့်လည်း ဆတိုးပွားများနေရပုံကိုလည်း သူကဆက်ပြောပါတယ်။

“ဖမ်းတာတွေလည်း ရှိနေတယ်၊ တယောက်ဖမ်းရင် နှစ်ယောက် ပေါ်လာတာပဲ၊ တချို့ဆိုရင် အမက အဖမ်းခံထိလို့ ထောင်ထဲရောက်သွားရင် ညီမဖြစ်သူက ပြန်လုပ်ကျွေးနေတယ်။ ပြီးတဲ့အခါ အောက်ကရှိတဲ့ ညီမတွေကလည်း အမလုပ်နေမှန်း သိတဲ့အခါကျတော့ ဒီလမ်းကြောင်းကိုပဲလိုက်ပြီး ပိုက်ဆံရှာ သူ့အမကိုလည်းပို့ အိမ်ကလူတွေကိုလည်း ဖြေရှင်းပေးပေါ့။ ဒါတွေက အရင်က တကယ်ရှိနေခဲ့ပါတယ်။ အခုဆိုရင်လည်း ဒီဟာမျိုးတွေ ကိုဖြေရှင်းရမယ့် လမ်းကြောင်းတွေက ကလေးတွေကို သင်စရာမလို တော့ဘူးပေါ့။ အဲလိုဖြစ်နေကြတယ်။”

အမျိုးသမီးငယ်တွေရော အမျိုးသားငယ်တွေပါ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလာကြတာဟာ တိုင်းပြည်မှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်း တွေရဲ့ ဘေးထွက်ဆိုးကျိုး တရပ်ဖြစ်တယ်လို့လည်း အေအိုင်ဒီအက်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လူမှုရေးအဖွဲ့အစည်းက အမျိုး သမီးကပဲ အခုလို သုံးသပ်ပြောဆိုပါတယ်။

“အဲဒါ အလုပ်မရှိတာလည်းပါတယ်၊ ကုန်ဈေးနှုန်းတွေက မြင့်လာတယ်၊ မြင့်လာတဲ့အခါကျတော့ သူတို့မှာ ၀င်ငွေလည်းပုံမှန်ရှိမနေတော့ ရရာအလုပ်တွေကို လုပ်နေကြရတယ်။ အဓိကက ပုံမှန်ဝင်ငွေလေးတွေ ရှိမယ်ဆိုရင်တော့မဆိုးဘူးပေါ့။ အခုဆို စက်ရုံမှာလုပ်တဲ့ကလေးတွေဆို တလမှ လေးသောင်း ငါးသောင်းရတာ၊ ဘယ်လိုမှ မဖူလုံနိုင်ပါဘူး။”

အခြာအစိုးရအရာရှိကြီးတဦးကတော့ လက်ရှိအစိုးရအနေနဲ့ ဒီကိစရပ်တွေအပေါ် မသိကျိုးကျွန်ပြုထား တယ်လို့ပြောပါတယ်။

“ဒီအစိုးရပိုင်းကတော့ အခွင့်အလမ်းမရှိဘူး၊ ဆေးထိုးပေးတာလည်းမရှိဘူး၊ သူတို့အတွက် မှတ်ပုံတင် ကဒ်ပြား လုပ်ပေးတာလည်းမရှိဘူး။ သူတို့က ပြည့်တန်ဆာလည်း မရှိဘူးဆိုတဲ့ ပုံစံမျိုးပြောချင်တာလေ၊ များများ သေသွားရင် နဲနဲပြောရတာ နားအေးမယ်၊ ဒီလိုပဲ စဉ်းစားမှာပဲ။”

အစိုးရအရာရှိကြီးတဦး ပြောကြားသွားတာပါ။ ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ကာကွယ်တိုက်ဖျက်ရေးရုံး ယူအန်အေ့စ်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၀၈ အစီရင်ခံစာထဲမှာတော့ မြန်မာပြည်က ပြည့်တန်ဆာတွေနဲ့ လိင်တူချင်းဆက်ဆံသူတွေအပေါ် စစ်တမ်းကောက်ယူနိုင်ခြင်းမရှိသေးလို အိပ်ခ်ျအိုင်ဗွီရောဂါနဲ့ ပတ်သက်ပြီး ပညာပေးမှုတွေလည်း မြန်မာနိုင်ငံမှာ အထူးလို အပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

http://burmese.dvb.no/news.php?id=9292

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: