စီးပွားရေး, သတင်း

နိုဘယ်ဆုရ စီးပွားရေးပညာရှင် နေပြည်တော်သို့ရောက်ရှိ


နိုဘယ်ဆုရ  စီးပွားရေးပညာရှင် နေပြည်တော်သို့ရောက်ရှိ

အံ့ဘုန်းမြတ် ၁၄ ဒီဇင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9279

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဒေါက်တာဂျိုးဇက်စတစ်လစ်ဟာ နေပြည်တော်ကို မနေ့ကရောက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပါတယ်။ ဒေါက်တာဂျိုးဇက်စတစ်လစ်ဟာ အမျိုးသားစီမံ ကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ၀န်ကြီး ဗိုလ်ချုပ်ဌေးဦးအပါအ၀င် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အာရှနဲ့ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (အက်စတက်) ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။ ဒီခရီးစဉ်မှာ ဒေါက်တာစတစ်လစ်ဟာ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ရှိတယ်လို့ သိရကြောင်းကို နိုင်ငံတကာ စီးပွားရေးသတင်း အယ်ဒီတာချုပ် ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

Nobel laureate Joseph Stiglitz

“မြန်မာပညာရှင်တွေ၊ တခြား ဂျပန်၊ သြစတြေးလျတို့လို အခြားပညာရှင်တွေပါမယ်။ အဲဒါက နေပြည်တော်မှာ လုပ်မယ့်ဟာပေါ့။ ဘယ်သူဖြစ်ဖြစ် တက်လို့ရတဲ့ ပုံစံမပေါ်ဘူး၊ အိုးပင်းဖိုရမ်မဟုတ်ဘူး။ ဌာနတွေမှာရှိတဲ့ ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ သူတို့ပါမှာပဲများပါတယ်။ ပြီးရင် အပူပိုင်းဇုန်ကို သွားမယ်လို့ပြောတယ်။ အပူပိုင်းဇုန်ဆိုတော့ ဒီကျေးလက်ဒေသတွေကို ကိုယ်တွေ့ တွေ့မှာပေါ့၊ ကိုယ်တွေ့မြင်မှာပေါ့။”

ဒေါက်တာစတစ်လစ်ရဲ့ ခရီးစဉ်ဟာ နအဖအစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးတွေအပေါ် လတ်တလောမှာ အကျိုးသက် ရောက်မှု မရှိနိုင်ဘူးလို့ ဆရာခင်မောင်ညိုက သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲလည်း နီးတဲ့အချိန်ဆိုတော့၊ တကယ်လို့ လုပ်ချင်ကိုင်ချင်တယ်၊ လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင်တောင်မှ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေက သိပ်မရှိတော့ဘူးလေ။ ဟိုဘက်ကျမှ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ၊ စီးပွားရေးအခင်းအကျင်း အပြောင်းအလဲ အဲဒီနှစ်ခုတွဲသွားမလား မပြောတတ်ဘူး။ ရေတိုမှာတော့ သိပ်ပြီးတော့ သိသိသာသာပြောင်းလဲမယ်လို့ မထင်ပါဘူး။”

ဒေါက်တာဂျိုးဇက်စတစ်လစ်ဟာ ၂၀၀၁ ခုနှစ်မှာ စီးပွားရေး နိုဘယ်ဆုကိုရရှိခဲ့ပြီး ကမ္ဘာ့ဘဏ် စီးပွားရေးဌာနအကြီးအကဲတာဝန် ထမ်းဆောင်ခဲ့သူပါ။ ကိုလံဘီယာ တကသိုလ်မှာ စီးပွားရေးပါမောက္ခအဖြစ် ဆောင်ရွက်နေပါတယ်။ စီးပွားရေးပညာရှင်တချို့က မြန်မာပြည်ကို လာရောက်လေ့လာပြီး စစ်တမ်းပြုစု၊ အကြံပေးတာတာတွေ ရှိခဲ့ဖူးပေမယ့် မြန်မာစစ်အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကိုတော့ ထိထိရောက်ရောက် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ကြပါဘူး။

http://burmese.dvb.no/news.php?id=9279

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: