၂၀၁၀ ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍ
ထက်အောင်ကျော် ၆ ဒီဇင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9215
ကိုထက်အောင်ကျော်စီစဉ်တင်ဆက်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ “၂၀၁၀ ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍ” ကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။
၂၀၁၀ မှာ ရွေးကောက်ပွဲအသစ်တခု ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားပြီးဖြစ်ပေမဲ့ အခုချိန်ထိ တရားဝင် ကြေညာချက် ထွက်မလာ သေးသလို ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ထွက်မလာ သေးပါဘူး။
တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေလည်း ဒီရွေးကောက်ပွဲသစ်ကို ၀င်၊ မ၀င် အတိအကျ မပြောသေးဘဲ ၂၀၀၈ ဖွဲ့စည်းပုံကိုသာ ပြန်ပြင်ပေးဖို့ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးအဖွဲ့စည်းတချို့ အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဒီမိုကရက်တစ်ပါတီလို အစဉ်လာရှိခဲ့ဖူးတဲ့ နိုင်ငံရေးအဖွဲ့တချို့က အဲဒီရွေးကောက်ပွဲအတွက် ပါတီဖွဲ့၊ မဲဆွယ်စည်းရုံးတာတွေကို သူ့နည်း သူ့ဟန်နဲ့ ကြိုးစားနေကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
ပြည်ပရောက် အတိုက်ခံတချို့က သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရွေးကောက်ပွဲကို ပြည်ပအခြေစိုက် မီဒီယာတွေက အချိန်ပေးဖေါ်ပြမယ်ဆိုရင် ဒါဟာသဘာဝကျပါ့မလား၊ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလနဲ့ မီဒီယာတွေရဲ့ အခန်းက္ဂကို အခုတပတ် တနင်္ဂနွေသတင်းအစီစဉ်အဖြစ် ဆွေးနွေးသွားပါတယ်။
ဒီအစီစဉ်အတွက် မေးမြန်းထားတဲ့ ပုဂိုလ်တွေကတော့ ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးအောင်ဇော်၊ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂမှ ဥက္ကဌဦးမောင်မောင်မြင့်တို့် ဖြစ်ပါတယ်။
Leave a Reply