ရွေးကောက်ပွဲအပြီး ဒုတိယလမ်းပြမြေပုံ လို၊ မလို
(The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၄ တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏ “ရွေးကောက်ပွဲအပြီး ဒုတိယလမ်းပြမြေပုံ လို၊ မလို” ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြခဲ့ သော အကြောင်းအရာများနှင့်ပတ်သက်ပြီး The Voice ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် ဆရာမောင်စူးစမ်းတို့၏ သဘောထား အာဘော်တွေသာဖြစ်ပါသည်။)
ရှုထောင့်နှစ်သွယ်
ရွေးကောက်ပွဲပြုလုပ်ပေးနိုင်ခြင်းသည် အဓိကအားဖြင့် နိုင်ငံ၏ စွမ်းပကား State Capacity ကိုပြခြင်းဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် အာဏာလက်ကိုင်ရှိသူတို့၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြု လုပ်ပေးရန် တာဝန်ရှိနေသည်။ သို့ဖြင့် ရွေးကောက်ပွဲပြုလုပ်ပေးခြင်းသည် နိုင်ငံ၏စွမ်းပကားကိုလည်းပြသည်။ အစိုးရ၏တာဝန်ကိုလည်းပြသည်။ ဤကား ရွေးကောက်ပွဲကို စွမ်းပကားပိုင်းနှင့် တာဝန်ပိုင်းတို့မှ ရှုမြင်ခြင်းဖြစ်သည်။ နိုင်ငံတို့အရေးနိမ့်မှုကို တိုင်းတာရန် စံတို့ထဲ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးနိုင်ခြင်းရှိ မရှိဆိုသော အချက်ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်မပေးလျှင် အာဏာရှင်စနစ်အဖြစ် ညွှန်းလျှင်ညွှန်း သို့တည်းမဟုတ် နိုင်ငံအရေးနိမ့်မှု State Failure အဖြစ်ညွှန်းသည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် နိုင်ငံအာဏာရ ထားသူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခြေခံနိုင်ငံ့တာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်း လည်းဖြစ်သည်။ နိုင်ငံတော်၌ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးနိုင်သော စွမ်းပကားရှိခြင်းကို လည်းပြသည်။
မဟာဗျူဟာထွက်ပေါက်
ရွေးကောက်ပွဲတို့ကို မဟာဗျူဟာအမြင်ဘက်မှလည်းကြည့်သည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် အာဏာရှင်စနစ်မှ လမ်းညွှန်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ အသွင်ကူးပြောင်းမှုဖြစ်၍ တစ်ဖက်မှကြည့်လျှင် အာဏာရှင်စနစ်ကို မဟာဗျူဟာအရ ထွက်ပေါက် Strategic Exit ပေးခြင်းဖြစ်သည်။ သဘောမှာ အသွင် ကူးပြောင်း ရေးသည် ငြိမ်းချမ်းတည်ငြိမ်စေရမည်၊ အာဏာလွှဲပြောင်း ရေးသည်တည်ငြိမ်ရမည်။ မြန်မာ့နိုင်ငံရေးသည် အစီအစဉ်အတိုင်း ဖြစ်လေ့ဖြစ်ထမရှိ။ Non- Linear Process ဟုခေါ်သည်။ သို့ရာတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲအပြီးကာလ၌ ဖြစ်ရပ်တို့သည် အစီအစဉ်အတိုင်း ဖြစ်ထိုက်သည်။ အပြတ်အတောက် ဗရုတ်ဗရက်တို့ကို ရှောင်ကြဉ်ရန်ဖြစ်သည်။ တစ်နည်းပြောလျှင် စပွန်ဆာက ကြီးမှူးသောဖြစ်စဉ်ကို ချောချောမောမောဖြစ်စေရန် အခွင့်အလမ်းပေးဖို့ဖြစ်သည်။ ဤနေရာ၌ ဒုတိယလမ်းပြမြေပုံလို၊ မလို၊ လိုလျှင် မည်သည့်ဖိုရမ်၌ ချမှတ်မည် နည်းဟု မေးစရာပေါ်သည်။
ဒုတိယလမ်းပြမြေပုံမလို
ဤကိစ္စနှင့်ပတ်သက်၍ စာရေးသူအမြင်ပြောရလျှင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလ၌ ဒုတိယလမ်းပြမြေပုံမလိုတော့။ ရွေးကောက်ပွဲက ဖြစ်စဉ်နှင့် အင်စတီကျူးရှင်းတို့ကို ဖန်တီးပေးလိုက် ပြီဖြစ်လေရာ ၎င်းင်းတို့က ကိုယ့်လမ်းကိုယ်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဒုတိယလမ်းပြမြေပုံသည် အသစ်ဖြစ်ထွန်းလာသော နိုင်ငံရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်တို့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ရှုပ်ထွေးစေနိုင် သည်။ အကယ်၍ ဒုတိယလမ်းပြမြေပုံလိုသည်ဟုဆိုလျှင်လည်း ချမှတ်ရမည့် ဖိုရမ်သည် လွှတ်တော်တို့ဖြစ်ရမည်။ လွှတ်တော်တို့၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်လိုသည်။
ပါတီစုံပုံသဏ္ဍာန်
မြန်မာ့လမ်းညွှန်ဒီမိုကရေစီသည် ပါတီစုံဒီမိုကရေစီဖြစ်သည်။ ထို့ကြောင့်ပါတီစုံစနစ်ပုံစံကို ကြိုတင်ခန့် မှန်းကြည့်မိသည်။ စင်စစ်ရွေးကောက်ပွဲဥပဒေနှင့် ပါတီများဆိုင်ရာဥပဒေတို့ကို ထုတ်ပြန်ကြေညာပြီးမှ ပါတီစုံပုံ သဏ္ဌာန်သည် ပီပီပြင်ပြင်ဖြစ်လာမည်။ သို့သော်စိတ်ဝင်စားသူတို့အတွက် နိုင်ငံရေးအကြိုမှန်းဆချက်ကို ပြုလုပ်ကြည့်သည်။ ပါတီကိစ္စ၌ နိုင်ငံလုံးဆိုင်ရာအကျုံးဝင်သောပါတီ၊ ဒေသအလိုက်ပါတီ၊ လူမျိုးစုလိုက်ပါတီ တို့ဆိုပြီး ပေါ်လာဖွယ်ရှိသည်။ ဘာသာရေးအခြေခံပါတီတို့ ပေါ်လာဖွယ်မရှိပေ။ အကြောင်းမူ ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမပြုရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ပိတ်ပင်ထားသောကြောင့်ဖြစ်သည်။ ပါတီများဖွဲ့စည်းရာ၌ အချို့နိုင်ငံတို့တွင် ရွေးကောက်ပွဲဆိုင်ရာ ယန္တရားအဖြစ် ဖွဲ့စည်းသည်။ ရွေးကောက်ပွဲနီးမှ လှုပ်ရှားသည်။ အချို့က ကေဒါပါတီ သို့မဟုတ် လူထုပါတီစသည်ဖြင့် အမြဲတမ်းဖွဲ့စည်းထားသည်။ အမြဲတမ်းပါတီအဖြစ် မြန်မာ့နိုင်ငံရေး၌ ဖွဲ့စည်းခဲ့ကြလေရာ နိုင်ငံရေးမုန်တိုင်း၌ အလူးအလဲခံကြရသည်။ ဤအတွေ့အကြုံက လာမည့်ပါတီစုံစနစ်တွင် မည်သို့ရောင်ပြန်ဟပ်မည်ကို မခန့်မှန်းနိုင်သေးပေ။
မောင်စူးစမ်း (၂၀-၁၁-၂၀၀၉)
အညွှန်း – The Economist
(The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၄ တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏ “ရွေးကောက်ပွဲအပြီး ဒုတိယလမ်းပြမြေပုံ လို၊ မလို” ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြခဲ့ သော အကြောင်းအရာများနှင့်ပတ်သက်ပြီး The Voice ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် ဆရာမောင်စူးစမ်းတို့၏ သဘောထား အာဘော်တွေသာဖြစ်ပါသည်။)
ကျွန်တော်ပြောချင်တာကတော့
ကျွန်တော်စာမေးပွဲဖြေနိုင်ပြီးတော့ကျနေတဲ့အကြောင်းပါ။
ကျွန်တော်စာမေးပွဲကောင်းကောင်းဖြေနိုင်တယ်
ဒါပေမယ့်အောင်စာရင်းမှာကျနေတယ်
နာမည်မရေးရဲလို့ မရေးထားဘူး။
အဲဒါ DVB ကနေအော်ပေးဖို့ တောင်းဆိုတာပါ။
LikeLike