သတင်း, ဆောင်းပါး, ရွေးကောက်ပွဲ, နိုင်ငံရေး

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေ ထွက်မည်ဟု သတင်းထွက်ပေါ်


၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေ ထွက်မည်ဟု

သတင်းထွက်ပေါ်

အံ့ဘုန်းမြတ် ၂၉ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9146

(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူဝါဒတွေအတိုင်း ကျင်းပပြုမယ်လို့ ကြံ့ခိုင်ရေးအသင်းနှစ်ပတ် လည်မမှာ ပြောကြားလိုက်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီဖွဲ့ စည်းခွင့်ဥပဒေ လာမယ့်အပတ်ထဲမှာ ထွက်ရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလဲ ၁၀ ရက် ၁၀ လ ၂၀၁၀ မှာ ကျင်းပ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြပါတယ်။

နအဖအစိုးရထုတ်ပြန်မယ့် နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေကို ဘယ်လိုပုံစံမျိုး မျှော်လင့်ထားလဲဆိုတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကို လက်ခံပြီး ၀င်မယ်လို့ဆုံးဖြတ် ထားတဲ့ တသီးပုဂ္ဂလကွန်ရက် ကိုနေမျိုးဝေကို မေးကြည့်ရာမှာ အခုလိုပြောဆိုပါတယ်။

“ပါတီမှတ်ပုံတင် တခုနဲ့ထွက်လာမယ်၊ ပါတီကနေ စည်းရုံးလို့ရမယ်၊ စာရွက်စာတမ်းတွေ ဖြန့်ဝေလို့ရမယ်၊ စကားပြောလို့မရရင် စာနဲ့ရေး၊ ဗွီဒီယိုနဲ့ပြ သုံးမျိုးပဲရှိတယ်ပေါ့။ သူတို့ စည်းမျဉ်းဆွဲ ပေးလိုက် အဲဒီဘောင်ထဲမှာ လုပ်လို့ရတာတွေ အကုန်လုံးလုပ်သွားမယ်။ အဲ့ဒါကြောင့် တိတိကျကျပဲသိချင်တယ်။ ဇဝေဇ၀ါ လုပ်တဲ့အခါကျတော့ မကောင်းဘူး။”

ကိုနေမျိုးဝေနဲ့အတူ ရွေးကောက်ပွဲကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ ကိုသိန်းတင်အောင်ကလည်း အခုလို ပြောပါတယ်။

“အစိုးရထုတ်ပြန်တဲ့ ဥပဒေထွက်လာရင်လည်း သိပ်အကျပ်ကြီးလည်း မဟုတ်ဘူးပေါ့။ အဲလို ဥပဒေမျိုးထွက်လာရင် အလုပ်ဖြစ်နိုင်မယ်။ သိပ်ချောင်လွန်းပြန်ရင်လည်း ပါတီတွေ ဖောင်းပွပြီး အလုပ်မဖြစ်ဘူး။ သိပ်ကျပ်လွန်းပြန်တော့လည်း ခုနပြောသလို ငွေမရှိလို့ နိုင်ငံရေးမလုပ်ရဘူးဆိုတော့လည်း တိုင်းပြည်အတွက် တ ကယ် အလုပ်လုပ်ချင်တဲ့လူတွေအတွက် နစ်နာတယ်လေ။”

နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေ ထွက်ရှိမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပြုပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ကြမှာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

လက်ရှိအခြေအနေမှာတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) နဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) တို့သာ ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် အစိုးရနဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ နိုင်ငံရေးပါတီတွေသာ တပြည်လုံးကိုခြုံနိုင်မယ့် နိုင်ငံရေးတီအဖြစ် ရောက်ရှိနိုင်မယ်လို့ လည်း အခြားနိုင်ငံရေး စိတ်ဝင်စားသူအချို့က ပြောပါတယ်။

နအဖအစိုးရရေးဆွဲပြီး အတည်ပြုပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒကို တိုင်းရင်းသား ပြည်သူတစ်ရပ် လုံး လိုလားနေကြတဲ့ ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေး အတွက် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်သုံးသပ်ဖို့ တောင်းဆိုနေချိန်လည်း ဖြစ်ပါတယ်။ ဒီအပေါ်ကို ထားရှိတဲ့ အဖွဲ့ချုပ်သဘောထားကိုတော့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့် က အခုလိုပြောပါတယ်။

“ရွှေဂုံတိုင် ကြေညာစာတမ်းထဲမှာ ရှင်းရှင်းလင်းလင်း ပါပါတယ်။ ထွက်လာမှကြည့်ပြီးတော့ စဉ်းစားလို့ ရမှာပါ။ မှန်းတဲ့ဟာလေးတွေ လုပ်လို့မရပါဘူး၊ စီးပွားရေးလုပ်တာမဟုတ်ပါဘူး။ နိုင်ငံရေးလုပ်နေတာပါ။ ဖြစ်လာမှသာ အခိုင်အမာ အလုပ်လုပ်လို့ရမှာပါ။”

အချိန်ထက် စည်းရုံးလှုပ်ရှားခွင့်ဟာ နိုင်ငံရေးပါတီတစ်ခုအတွက် ပိုအရေးပါတယ်လို့ အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကလည်း အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲတစ်ခုအတွက် အချိန်ထက်ကို တကယ်တမ်းလွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ လက်ရှိမှာတော့ ဘာမှ စည်းရုံး လှုပ်ရှားခွင့်က မရှိပါဘူး။”

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေ ထွက်ရှိလာ ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးပါတီ ၂၀၀ ကျော် အထိရှိခဲ့ပြီး အဲ့ဒီထဲကနေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၀ ရာခိုင်နှုန်းနဲ့ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။

http://burmese.dvb.no/news.php?id=9146

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: