ကျန်းမာရေး, စီးပွားရေး, သတင်း

ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ဖွင့်လှစ်ခွင့်ပေးတော့မည်


ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ဖွင့်လှစ်ခွင့်ပေးတော့မည်

အံ့ဘုန်းမြတ် ၁၉ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9044

အမြို့မြို့အနယ်နယ်မှာ ပုဂ္ဂလိကအထူးကု ဆေးရုံဆေးခန်းတွေ လာမယ့်နှစ်ကနေ စတင်ဖွင့်လှစ်ခွင့်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။ ဒီလို ဖွင့်လှစ်လိုသူတွေအနေနဲ့ လျှောက်လွှာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းကြဖို့ ညွှန်ကြားထားပါတယ်။ လျှောက်လွှာတင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သက်မှတ်ထားတဲ့ ဆေးရုံအင်္ဂါရပ် ၂၁ ချက်နဲ့ညီတဲ့ ဆေးရုံတွေကို အမြန်ဆုံး ဖွင့်လှစ်ခွင့်ပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူး ဒေါက်တာဦးကြီးမြင့်ကပြောပါတယ်။

“သတင်းတွေမှာလည်း ပါပြီးသားဖြစ်ပါတယ်။ ကိုယ်နိုင်ငံကောင်းကျိုးအတွက် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူတို့ ဖွံ့ဖြိုးတိုးတက်လာရင် ဒေသတွင်းမှာလည်း ဘေးနိုင်ငံတွေနဲ့ တန်းတူရည်တူ ကျနော်တို့ ဆွေးဝါးကုသခံနိုင်ဖို့ ရည်မှန်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။”

လတ်တလောမှာ ရန်ကုန်၊ မန္တလေးအပါအ၀င် ပြည်နယ်နဲ့တိုင်းတွေက မြို့ကြီးအချို့မှာ အထူးကုဆေးရုံတွေ ဖွင့်လှစ်ထားပြီးလည်းဖြစ်ပါတယ်။ အခြားမြို့နယ်တွေမှာ အထူးကုဆေးရုံတွေ ပေါ်ပေါက်လာ ခဲ့ရင် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေတွေကို အထူးကုဆရာဝန်ကြီးတဦးက အခုလိုသုံးသပ်ပြောပါတယ်။

“သမားတော်တို့၊ ဘာတို့ ပြတော့ကောင်းတာပေါ့။ သူတို့ ပြပြီး ဒီမှာတခါတည်း ရက်ပတ်နဲ့ချိန်းပြီး ပြန်ကုတော့ မဆိုးပါဘူး။ အခကြေးငွေက အထိုက်အလျှောက်တော့ကုန်ကျမှာပဲ။ အဲဒီမှာ ပြတယ်၊ နောက် ဆေးဝယ်သွားတယ်၊ နောက် ကိုယ့်ဟာကိုယ် သူပြောတဲ့အတိုင်း ၀ယ်သောက်မယ်ဆိုတော့ လူတွေအတွက် နည်းနည်းအကျိုးရှိမယ်ထင်တာပဲ။”

အမြို့မြို့အနယ်နယ်မှာ အထူးကုဆေးရုံ ဆေးခန်းတွေ ပေါ်ပေါက်လာမယ်ဆိုပေမယ့် အခြေခံ ပြည်သူလူထုတွေ အမှန်တကယ်လိုအပ်နေသေးတဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုမျိုးတွေ ဖြစ်မလာနိုင်သေး ဘူးလို့ အငြိမ်းစားဥပဒေ၀န်ထမ်းတဦးက ပြောပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်လို့ နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခွင့်ပေးမယ်လို့ ပြောတာကိုး၊ ခက်တာက တို့နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမဟုတ်ဘူး။ အခုဆိုရင် အာရှတော်ဝင်၊ သျှင်ပါဂူတို့ ဘာတို့ ရှိနေပေမယ့် ဘယ်သူတွေက ဆေးရုံတွေကို အမှီပြုနိုင်လဲဆိုတော့ ငွေရှိတဲ့သူမှလေ။ အခြေခံပြည်သူတွေ အတွက်တော့ ဒီလိုဆောင်ရွက်မှုဟာ အခြေအနေနဲ့ မကိုက်ညီဘူး။”

အခြေခံပြည်သူလူထုအတွက် လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ ဂရုတစိုက် လုပ်ဆောင်ပေးသင့်တယ်လို့လည်း သူကပြောပါတယ်။ လက်ရှိအစိုးရဆေးရုံ  တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတဦးက

“ဆရာဝန်က ဓာတ်ကင်ဖို့လိုတယ်ဆိုပြီး ညွှန်းလိုက်တယ်။ ရုံးပိုင်ဆိုင်ရာအက်ဒ်မင်ကလူတွေက ဒီလူကို ကင်သင့်တယ်၊ မကင်သင့်ဘူး ဘာညာဆိုတာ ခွဲတမ်းစနစ်နဲ့ ချပေးတာ တော်တော်အသည်းယားဖို့ ကောင်းတယ်။ နဂိုကတည်းက ကင်ဆာဆဲလ်ဆိုတာ တရက်ကို ချဲထိုးသလို နှစ်ဆပွားတယ်လို့ ကျနော် အကြမ်းဖျင်းသိရတယ်။ အချို့ဆို ၃ လလောက်ရှိပြီ မကင်ရဘူး။”

ရန်ကုန်မြို့မှာရှိတဲ့ အထူးကုဆေးရုံကြီးတွေမှာ ဆေးဝါးကုသရင်လည်း ကုန်ကျစရိတ်က အိမ်နီးချင်း ထိုင်း၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာ ကုသသလို ကုန်ကျစရိတ် ကြီးမြင့်တာကြောင့် ငွေကြေးချမ်းသာသူတွေက အဲဒီနိုင်ငံတွေမှာ သွားရောက်ပြီး ဆေးဝါး ကုသနေကြပါတယ်။ အမြို့မြို့အနယ်နယ်မှာ ပုဂ္ဂလိက အထူးကုဆေးရုံ၊ ဆေးပေးခန်းတွေ ဖွင့်လှစ်ခွင့် ရရှိတော့မှာဖြစ်တဲ့အတွက် စီးပွားရေးအမြင်ရှိတဲ့သူတွေကတော့ ကျန်းမာရေးကဏ္ဍ မှာ ပိုမိုပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာနိုင်မယ်လို့ ကျန်းမာရေး လောကသားတွေကြားမှာ ပြောဆိုနေကြပါတယ်။

http://burmese.dvb.no/news.php?id=9044

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: