စာနယ်ဇင်း, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ပြည်တွင်းမီဒီယာအချို့တွင် ဒီမိုကရေစီအင်အားစု အမြင်သဘောထား ဖော်ပြခွင့်ရ


အံ့ဘုန်းမြတ် ၁၈ အောက်တိုဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=8740

လွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်က ပြည်တွင်းမီဒီယာအချို့မှာ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေရဲ့ အမြင်သဘောထားတွေကို အစိုးရအနေနဲ့ လက်ခံနိုင်လောက်တဲ့ ပြောဆိုရေးသားမှု အနေအထားတွေနဲ့ ဖော်ပြခွင့်ရရှိခဲ့ပါတယ်။

ဒီလိုသဘောထားအမြင်တွေ ဖော်ပြခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။

“သူတို့က ကျနော်ရုံးခန်းလာပြီးတော့ လာတွေ့ကြတယ်၊ သူတို့ မေးချင်တာတွေမေးပါတယ်။ မေးပြီးတော့ ရက်ကော့လည်းလုပ်ထားပါတယ်။ ပြောနိုင်တဲ့ဟာတော့ ပြောပါတယ်။ သူတို့ လာတွေ့ပြီးတော့ ပါဖို့အမြဲတမ်း ကြိုးစားတယ်ပေါ့။ ပါစ့် ဖြစ်တဲ့အခါ ဖြစ်သွားပုံရတယ်။ ကျနော်တို့ ဆီမှာက ဆင်ဆာဆိုတာကြီးက ရှိနေတာကိုး၊ ရေးတဲ့လူ၊ သတင်းထည့်တဲ့လူ ဥပဒေချိုးဖောက်ရင် ချိုးဖောက်တာ ခံရမှာပေါ့။ ဆင်ဆာကြီး လုပ်နေတာက ထိမ်းဖို့ထက်ကို ဖိနှိပ်တဲ့ ကရိယာလို ဖြစ်နေတယ်၊ အမှန်ကမရှိသင့်ဘူး။”

ဒါအပြင် အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ချင်စိတ်ရှိရင် အများကြီးလုပ်ပြရဦးမှာ ဖြစ်သလို လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေအနေတွေကိုလည်း ဦးဥာဏ်ဝင်းက ဆက်ပြောပါတယ်။

“ဆင်ဆာမရှိတဲ့ စည်းရုံးလှုပ်ရှားခွင့် ရှိမှသာ တရားမှုတမှာပေါ့၊ အစိုးရ သတင်းစာချည်းပဲ အပြင်သတင်း စာတစောင်မှမရှိဘူး။ အန်အယ်ဒီ ရွေးကောက်ပွဲ ၀င်တာ မ၀င်တာထက် တရားမှုတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က အဓိကပိုကျပါတယ်။ ဒီလိုဖြစ်ဖို့ တရားမှုတစွာ ယှဉ်ပြိုင်နိုင်ဖို့ ကမ်ပိန်းလုပ်နိုင်ဖို့နဲ့ စည်းရုံးလှုပ်ရှားနိုင်ဖို့လိုတယ်။ အန်အယ်ဒီဆိုရင် ရန်ကုန်ရုံးချုပ်ကလွဲပြီး ကျန်တဲ့ရုံးအားလုံးကို ပိတ်ထားတယ်။ ဒီလိုအခြေအနေမှာ ဒီရွေးကောက်ပွဲကတော့ ဒီမိုကရေစီရဲ့ ပရောစက်တခုလို့ မပြောနိုင်ဘူး။”

ပြည်တွင်းမီဒီယာတွေမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ အမြင်သဘောထားတွေကို ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဖော်ပြခွင့်ရတဲ့အပေါ် ၀ါရင့်သတင်းစာ ဆရာတဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ကြိုဆိုလိုက်ပြီး ဒီထက် ပိုသင့်တယ်လို့ အခုလို ပြောပါတယ်။

“သတင်းစာသမား တယောက်အနေနဲ့ သို့မဟုတ် နိုင်ငံရေးမှာပါဝင်ပတ် သက်နေတဲ့သူ တယောက် အနေနဲ့ ပြောရရင်တော့ ဒီလိုဟာမျိုးတွေ ရှိသင့်တာ ကြာလှပါပြီ။ ကျနော်တို့ရဲ့ အိုပင်နီးယန်တွေလည်း နားထောင် ရမှာပေါ့။ နိုင်ငံခြားမီဒီယာတွေ၊ အသံလွင့်ဌာနတွေ ဒီဗွီဘီ အပါအ၀င်ပေါ့ အကုန်လုံးနဲ့ ပြောနေတာတွေကို စစ်အစိုးရ အနေနဲ့ကတော့ နားထောင် မှတ်သား စောင့်ကြည့်နေမှာပဲ။ လူတိုင်းက နားမထောင်နိုင်ဘူး၊ ရေဒီယို မရှိဘူး။ သတင်းစာတို့မှာ ပါတဲ့အခါကျတော့ လူတွေက ထပ်ပြန်တလဲလဲ ပြန်ဖတ်နိုင်တယ်။ အမှန်အတိုင်း ပြောရရင် သဘောကျတယ်၊ လုပ်ဖို့လည်းကောင်းတယ်၊ ဘယ်လိုစေတနာနဲ့ပဲ လုပ်လုပ်ပေါ့။ ဘယ်လောက် အတိုင်းအတာ၊ အဆင့်အတန်းဆိုတာကတော့ ရှိနေအုံးမှာပဲ၊ ချက်ချင်း အများကြီး လုပ်လို့ မရဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို စစ်အစိုးရက ကန့်သတ်ချုပ်ချယ်ထားပါတယ်။

၁၉၈၈ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက်ပိုင်းမှာ မှတ်တမ်းလွှာအပါအ၀င် စာစောင်တွေကို ပုံနှိပ်ထုတ်ဝေလာပါတယ်။ ၁၉၈၉ မှာ န၀တစစ်အစိုးရဟာ ပါတီတွေ ပုံနှိပ်ထုတ်ဝေခွင့် မှတ်ပုံတင်ရမယ်လို့ စပြီးပြဌာန်းပါတယ်။ အဲ့ဒီနှစ်မှာ အဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေခွင့် မှတ်ပုံတင်လိုက်လို့ မှတ်ပုံတင်အမှတ် နပ-၀၉၂ နဲ့ ပုံနှိပ်ထုတ်ဝေခွင့်ရလာပါတယ်။

စာပေစီစစ်ရေးကို တင်ပြရာမလိုပေမယ့် ရေးသားဖော်ပြချက်တွေနဲ့ပတ်သက်လို့ စစ်ထောက်လှမ်းရေး အဆက်ဆက်က အဖွဲ့ချုပ်ဝင်တွေကို တရားစွဲ၊ ဖမ်းဆီး၊ နှိပ်စက်၊ ညှင်းပန်းစတဲ့ နည်မျိုးစုံနဲ့ ကန့်သက်ချုပ်ချယ်လာ ခဲ့ပါတယ်။

http://burmese.dvb.no/news.php?id=8740

About ahuntphonemyat

Journalist.

Discussion

One thought on “ပြည်တွင်းမီဒီယာအချို့တွင် ဒီမိုကရေစီအင်အားစု အမြင်သဘောထား ဖော်ပြခွင့်ရ

  1. ဒီဗွီဘီသတင်းဠာနမှ ပုဂိုလ်များကို ပြောချင်တာကတော့
    မြန်မာကို ကောင်းစားစေချင်သလိုလိုနဲ့ ရခိုင်ပြည်နယ်ကိစ္စမှာတော့ ဘတ်လိုက်ပြီး မွတ်စလင်
    ဘင်္ဂါလီ ဘတ်ကနေ အသားပေးရမ်းသမ်း ဖော်ပြရေး
    သားရေးသားနေတာတွေကို ရပ်သင့်ပါပြီ။ဒီလုပ်ရပ်တွေ
    က မြန်ပြည်ကို င်္ဘဂါလီမွတ်စလင် ကုလားတွေ လုပ်ချင်
    သလို လုပ်ဖို့ အခွင့်အရေးပေး နေတာပါ။ခင်ဗျားတို့ ကမြန်မာ ပြည်ပြေးဆိုတော့လည်း မြန်မာ ဘာဖြစ်ဖြစ်
    ငါတို့ပိုက်ဆံရရင်ပြီးရော ငါ့မိသားစု ကောင်းစားရင်ပြီး
    ရောဆိုပြီး မဟုတ်တာ အဟုတ်လုပ် ပြီး သတင်းတွေ
    ဖြန့်ရေးသားခြင်း မပြုပါနဲ့။ ကိုယ့်အမျိုးကို သစ္စာမဖောက်ပဲ အမှန်ကိုအမှန်အတိုင်း ရေးသားစေချင်ပါ။

    Posted by winzawoo | August 23, 2012, 4:39 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: