ယဉ်ကျေးမှု, သတင်း, အနုပညာ, နိုင်ငံရေး

အစိုးရကို သရော်သည့် ပြက်လုံးထုတ်လျှင် ထောင်ဒဏ် ချမှတ်မည်


အစိုးရကို သရော်သည့် ပြက်လုံးထုတ်လျှင် ထောင်ဒဏ် ချမှတ်မည်

အံ့ဘုန်းမြတ် ၂၉ အောက်တိုဘာလ ၂၀၀၉

http://burmese.dvb.no/news.php?id=8854

ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရှိတဲ့ သဘင်ပညာသည်တွေ ဇာတ်စင်ပေါ်ကနေ အစိုးရ ဒါမှမဟုတ် အစိုးရတာဝန်ရှိသူတွေကို ပုတ်ခတ်သရော်တဲ့ ပြက်လုံးတွေ ထုတ်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်နိုင်တယ်လို့ ပြည်တွင်းထုတ် ဂျာနယ်အချို့မှာ ဖော်ပြထားပါတယ်။

ဇာတ်သဘင်နဲ့ ပြဇာတ်တွေမှာ အစိုးရအပေါ် ပြည်သူတွေက ညြို့ငင်မုန်းတီးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ ပြောဆိုကပြမှုတွေကို အစိုးရအနေနဲ့ ပိတ်ပင်တားဆီးခွင့် ရှိတာကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄-က အရ အပြစ်ပေးအရေးယူနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းသတင်းတပ်ဖွဲ့က ထုတ်ဝေတဲ့ မှုခင်းသတင်း ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က နဲ့ ပတ်သက်လို့ တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်ကရှင်းပြပါတယ်။

“အစိုးရ ဆိုတာကို ၁၂၄-က မှာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ထောင်ထားတဲ့ အစိုးရကို ခေါ်တာဖြစ်တယ်။ နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ထောင်ထားတဲ့ အစိုးရမဖြစ်တဲ့အတွက် ၁၂၄-က မမြောက်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တည်ထောင်ထားတဲ့ အစိုးရကို အကြည်ညိုပျက်အောင်လုပ်ရင် ၁၂၄-က နဲ့ ငြိစွန်းတယ်။”

“ဒီအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတဲ့ အပိုင်းရှိတယ်။ အစိုးရဆိုတဲ့ ဒက်ဖနေးရှင်းမှာ ၁၂၄-က မှာ အတိအလင်း ပြဌာန်းထားတယ်။ န၀တ တက်လာတဲ့အချိန်မှာ ဥပဒေအရ တည်ထောင်ထားသောဆိုတဲ့အတွက် ဖွဲ့စည်းပုံအရမဟုတ်ဘဲနဲ့ ဥပဒေအရ တည်ထောင်ထားသော ဆိုတဲ့အပိုင်း မှာလည်း တကယ်တမ်းကျတော့ Constitutional Government လို့ ပြောတာပဲ။”

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းမှာ မင်းနဲ့ အစိုးရကို အကြည်ညို ပျက်ပြားအောင်လုပ်တဲ့ ဇာတ်သဘင်ပညာသည်တွေကို ဒီဥပဒေပုဒ်မနဲ့ အရေးယူတာမျိုး မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

“ဇာတ်သဘင် သမားတွေရဲ့ စကားဟာ ရှေးမင်းအဆက်ဆက်က ရှိခဲ့တာပဲ။ ဇာတ်သဘင်လောကရဲ့ ပြောဆိုမှု ပြက်လုံးတွေဟာ နိုင်ငံတော် အစိုးရကိုပဲ ဖြစ်ဖြစ်၊ အစိုးရအဖွဲ့ဝင်ပဲဖြစ်ဖြစ် ထိခိုက်တယ်ဆိုပြီး ဇာတ်သဘင်လောကသားကို အရေးယူခဲ့တာ ၁၂၄-က ဆိုတာ ဘယ်တုန်းကမှ မရှိဘူး။ တရားဥပဒေမှာ သူတို့ ဖြစ်ချင်တဲ့ အနေအထား ဆွဲယူပြီး ပြောနေတာပဲ။”

ဒီလို အပြစ်ပေးနိုင်တယ်လို့ ကြေညာတဲ့အပေါ် အနုပညာဖျော်ဖြေခွင့် ပိတ်ပင်ခံထားရတဲ့ မန္တလေး နှုတ်ခမ်းမွှေးညီအစ်ကို လူရွှင်တော်အဖွဲ့က လူရွှင်တော် ဦးလူမော်က

“ရှေးတုန်းက လူရွှင်တော်တွေကလည်း ဘုရင်သိအောင် ဘုရင့် ရှေ့တော်မှောက်မှာ ၀န်ကြီးတွေ လာဘ်စားတာ၊ ၀န်ကြီးတွေမှားတာကို နန်းတွင်းလူရွှင်တော်တွေက ပျက်တယ်၊ ပြောတယ် ကြားဖူးတော့ ကျနော်တို့ လူရွှင်တော်များကလည်း အဲ့ဒီလိုပါပဲ လူကြီးတွေ သိအောင် ပြည်သူ့ အတွက်နဲ့ ပြင်စေချင်လို့ ပြောတာကို အခုလို မကြေညာစေချင်ဘူးပေါ့။ ဒါက နိုင်ငံတော် လုပ်ကြံမှုလည်းမဟုတ်၊ လက်နက်နဲ့ တော်လှန် တာလည်းမဟုတ်၊ လူရွှင်တော်ဆိုတာက ရှင်းရှင်းပြောရရင် ပါးစပ်ပဲရှိတာပါ။ လက်နက်ကိရိယာရှိတာမှ မဟုတ်တာ။ လူရွှင်တော်မှာလည်း မိသားစုရှိတာပဲ၊ ဘယ်သူက ဘ၀ပျက်ချင်မှာလဲ။”

မြန်မာနိုင်ငံမှာ သဘင်အစည်းအရုံးလို အဖွဲ့အစည်းတွေရှိပေမယ့် လက်တွေမှာ အဲဒီအဖွဲ့အစည်းက သဘင်သည်တွေဘက်က ရပ်တည်တာထက် အစိုးရရဲ့ အမိန့်ကြေညာချက်တွေကို သဘင်သည်တွေ သိရှိလိုက် နာအောင် လုပ်ပေးနေတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်လို့ အခြားသဘင်လောကသား အချို့ကပြောပါတယ်။

န၀တနဲ့ နအဖအစိုးရ လက်ထက်တွေမှာ ကိုဇာဂနာအပါအ၀င် လူရွှင်တော် အများအပြား ဖမ်းဆီးထောင်ချခံခဲ့ရသလို အနုပညာဖျော်ဖြေခွင့် ပိတ်ပင်ခံထားရတဲ့ အနုပညာရှင်တွေ အတော်များများ ရှိနေပါတယ်။

http://burmese.dvb.no/news.php?id=8854

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: