ယဉ်ကျေးမှု, အနုပညာ, ဆောင်းပါး
ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၂)
ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၂)
(ရန်ကုန်က ကျွန်တော်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆီကို မေးလ်တစ်စောင်ပို့လာပါတယ်။ သူ့မေးလ်ထဲမှာတော့ ခေါင်းစဉ်တပ်မထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်ရပါတယ်။ သူ့ဆောင်းပါးထဲမှာ ကျွန်တော်တို့လူငယ်တွေ အတွက် စဉ်းစားစရာအချက်တွေတော်တော်များများပါနေတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ပထမနှစ်လောက်တုန်းက ခေတ်စားခဲ့တဲ့ ကျားပေါက် (ဟန်ထူးလွင်) သီချင်းတစ်ပုဒ်လို “ဘာတွေဆုံးဖြတ်လို့… ဘာဆက်လုပ်ကြမယ်” ။။ “နီးနီးလေးနဲ့ ဝေးနေရဦးမှာလား” ဆိုတဲ့ အတွေးတွေ ၀င်ရောက်လာမိပါတယ်။ ဘယ်လိုပဲဖြစ်ပါ့စေ ဒီဆောင်းပါးလေးဟာ ကျွန်တော်တို့ လူငယ်တွေအတွက်တော့ အဆိုးနဲ့ အကောင်းဒွန်တွဲနေတဲ့ အရာတွေထဲက ကိုယ်က ဘယ်အရာကို ရွေးချယ်မလဲဆိုတဲ့အသိတစ်ခုအတွက် ရွေးချယ်နိုင်စေမယ့် ဆောင်းပါးလေးတစ်ပုဒ်အဖြစ် ကျွန်တော်ဘလော့ခ်ကနေ ပြန်တင်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးနဲ့ပတ်သက်လို့ ရေးသားလာတဲ့ ကိုသန့်ဇင်ရဲ့ အယူအဆနဲ့ အာဘော်သာဖြစ်ပြီး ကျွန်တော်က ပြန်လည်တင်ပြရုံတင်ပြပေးခြင်းသာဖြစ်ပါတယ်။)
အံ့ဘုန်းမြတ်
=================================================
ခံစားမိတာလေးတစ်ခုရှိလို့ ဒီစာလေးကိုရေးပြိး အွန်လိုင်းကသူငယ်ချင်းတွေရော၊ အပြင်မှာခင်တဲ့သူငယ်ချင်းတွေကို ပါဒီစာလေးပို့မိတာပါ။ ဘလော့ဂ်ကလည်းမရေးတက်တော့ အီးမေးလ်ပဲပို့ပြီး ဖတ်ချင်ချင် မဖတ်ချင်ချင် ဒုက္ခပေးလိုက်ပါ တယ်။ ဆက်လက်မျက်စိဒုက္ခခံကြပါကုန်။………….စပါပြီ…….
သမ္မတဘွတ်ရှ်ကိုဖိနပ်နဲ့ ပေါက်တဲ့အီရတ်ဂျာနယ်လစ်ငနဲဟာ သူ့ ပြည်သူ့မြေမှာ သူရဲကောင်းကြီးကိုဖြစ်နေပါတော့တယ်။ သူ့ နာမည်က အယ်လ်ဇိုင်ဒီ လို့ တော့မှတ်မိပါတယ်။ မကြာသေးခင်ကပဲ ထောင်ကလွတ်လာပါပြီ။ လစ်ဗျားခေါင်းဆောင်က ဒါဖီက သူ့ကိုအမြင့်ဆုံးသူရဲကောင်းဆုပေးမယ်လို့တောင်ကြေညာထားပါတယ်။ ခုဆိုသူက အီရတ်ကလေးငယ်တွေရဲ့ သူရဲ ကောင်းပုံပြင်တွေထဲက ဇာတ်လိုက်ကျော်တစ်ယောက်ဖြစ်နေပါပြီ။
နောက်ပိုင်း ဂါဇာထိုးစစ်ဖြစ်နေစဉ်မှာ အစ္စရေးသံအမတ်ကြီး ဖိနပ်နဲ့ပေါက်ခံရပြန်ပါတယ်။ ဗြိတိန်စီးပွါးရေးဝန်ကြီးကို သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ယောက်က အစိမ်းရောင်စွတ်ပြုပ်ရည်တွေနဲ့ ပစ်ပေါက်လိုက်ပါတယ်။ ဂျော်ဂျီယာသမ္မတက ခွဲထွက်ဒေသ တောင်အော်ဆက်ရှားနားမှာထပ်ပြီး ဖိနပ်စာမိပြန်တယ်။ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ်ဝမ်ကြားပေါင်လည်း ကန်းဘရစ်ခ်ျ တက္ကသိုလ်မှာ ဂျာမန်ကျောင်းသားတစ်ယောက်က ဖိနပ်နဲ့ထပေါက်ခြင်း ကိုတွေ့ခဲ့ရပါတယ်။
ဒီမှာတစ်ခု သွားတွေးမိတာကတော့ ဒီတက္ကသိုလ်ဝင်းထဲက ကျောင်းသားကျောင်းသူတွေဟာ… အီရတ်ပြည်သူတွေ အယ်လ်ဇိုင်ဒီကို ထောပနာပြုခဲ့ကြတာနဲ့ဆန့်ကျင်နေပါတယ်။ ပါမောက္ခတစ်ယောက်ပြောတာဆို ဒါဟာကမ္ဘာ ကျော်တက္ကသိုလ်ဝင်းကြီးပါ။ ဖိနပ်သမားအတွက်နေ၇ာမရှိပါဘူးလို့ဆိုသွားတယ်။ ဖိနပ်နဲ့ပေါက်ပြီးအော်ဟစ်ခဲ့တဲ့ ကျောင်းသားကို ကျန်ကျောင်းသားတွေက shame on you, shame on you လို့တောင်ဆိုကြတာကိုတွေ့ရတယ်။ ဒီမှာသိက္ခာရှိတဲ့ ပညာတတ်တဲ့ အသိုင်းအ၀ိုင်းနဲ့အယူဝါဒသဘောထားမကြီးနိုင်တဲ့ လူအဖွဲ့အစည်းတစ်ခုနဲ့ ပညာရေးရေချိန် ယဉ်ကျေးမှုရေချိန်ကွာတာ ကိုကျွန်တော်သွားပြီးမြင်မိပါတယ်။shoe-thrower-Muntadhar-al-Zaidi-1214081
ဖိနပ်နဲ့ထပေါက်လိုက်တာနဲ့အီရတ်စစ်ပွဲဟာပြီးမသွားပါဘူး။ ဖိနပ်စာကြောင့် တရုတ်ရဲ့နိုင်ငံခြားရေးပေါ်လစီပြောင်း မလာနိုင် ပါဘူး။ ဒါကိုနားလည်တဲ့ ကန်းဘရစ်ခ်ျအသိုင်းအ၀ိုင်းက အဆိုပါကျောင်းသားကိုအရေးယူကာ ၀န်ကြီးချုပ်ဝမ်ကိုတောင်း ပန်ခဲ့ကြပါတယ်။ အယ်လ်ဇိုင်ဒီ ရဲ့အမှုမှာတော့ သူဟာထောင်ထဲကိုခေတ္တရောက်သွားပေမယ့် အမျိုးသား သူရဲကောင်း ကြီးလိုတောင်ဖြစ်သွားခဲ့ပါတယ်။ အီရတ်ပြည်သူတွေရဲ့ အသိပညာရေချိန်ဟာ စိတ်မကောင်းစရာကောင်းလောက်အောင် နိမ့်ကျနေတာကို အဖြစ်အပျက်နှစ်ခုကိုယှဉ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်.။ ဆက်လက်ကာအစဆွဲထုတ်ပါမည်။
ကျွန်တော်အခုပြောနေတာ မန်းသားပရိသတ်တွေကို အပြစ်ပြောနေခြင်းမဟုတ်ပါ။ ဒီလိုလူထု အသိတရားနည်းပါးတဲ့၊ အရှုံးကိုသိက္ခာရှိစွာ ရင်မဆိုင်ရဲတဲ့လူအုပ်ကြီးရှိနေသရွေ့ ရန်ကုန်မှာလုပ်လုပ်၊ မန္တလေးမှာလုပ်လုပ် ဒီလိုဆဲသံဆိုသံ၊ တညံညံနဲ့ ဘောပွဲတွေရှိနေဦးမှာပါလို့ ကျွန်တော်ပြောရဲပါတယ်။ ရှုံးပွဲနဲ့တွေ့တဲ့အခါ နိုင်သွားတဲ့သူ ကိုအပြုံးနဲ့ လက်ခုပ် တီးပေးရဲတဲ့၊ နောက်အောင်ပွဲအတွက်သိက္ခာရှိရှိပြန်လည်ကျိုးစားရဲတဲ့သတ္တိမျိုးကို ကျွန်တော်တို့ မြန်မာလူမျိုးတော်တော် များများ လိုနေကြတယ်လို့ ပြောလိုက်ချင်မိပါတယ်။ ဖိနပ်နဲ့ ပေါက်တာ၊ရေသန့် ဗူးနဲ့ပေါက်တာကို သူ၇ဲကောင်းကြီးလို မြှောက်စားနေကြတာ ဘယ်လိုအသိုင်းအ၀ိုင်းမျိုးဆိုတာ ခုလောက်ဆိုခင်ဗျားတို့ လည်းတွေးမိလောက်ပြီလို့ ယူဆပါတယ်။
အမေရိကန်သမ္မတလင်ကွန်းက ပြည်သူလူထုဟာ သူတို့နဲ့တန်တဲ့အစိုးရကိုပဲရတယ် လို့ပြောဖူးပါတယ်။ တွေးစရာစကား လေးပါ။ ကျွန်တော်တို့ ဟာ ဖိနပ်နဲ့ ပေါက်တဲ့လူတန်းစားလား။ ရေသန့် ဗူးထဲကွမ်းတံတွေးထည့် ပစ်တဲ့လူတန်းစားလား၊ ဥာဏ်ပညာနဲ့ ပြန်လည်တုန့်ပြန်မယ့်လူတန်းစားလားဆိုတာ ကျွန်တော်တို့ဘာသာပြဌာန်းကြရပါမယ်။ တကယ်တော့ ကိုယ့်လူထုကို ကိုယ်အသိဆုံးပါ။ အမှန်တရားဟာ တခါတလေခါးသက်ပါတယ်။ ပျက်အစဉ်ပြင်ခဏဆိုတာကို မှတ်ယူပြီး ကိုယ်နဲ့ အနီးဆုံး လူကစပြီး ပြင်ဆင်တတ်လာအောင်ပြောကြည့်ပါ။ (သိပ်တော့မလွယ်ပါဘူး ကျွန်တော်တောင်တခါတလေ ဆေးလိပ်တိုတွေကို လမ်းဘေးပစ်မိနေတုန်းပါပဲ)  ကျိုးစားကြတာပေါ့ဗျာ။
TZ
About ahuntphonemyat
Journalist.
Discussion
One thought on “ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၂)
  1. “သမ္မတဘွတ်ရှ်နဲ့ အီရတ်ဂျာနယ်လစ်ငနဲ” “ဗြိတိန်စီးပွားရေးဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်သမား” ဒီဥပမာတွေနဲ့ “ဦးသိန်စိန်၊ ဦးဉာဏ်ဝင်းနဲ့ ကိုမိုးသီးဇွန်တို့အုပ်စု” ကိစ္စကို ထပ်တူချလို့ရမရ စဉ်းစားစရာရှိပါတယ်။ (“ငနဲ့” သို့သုံးထားခြင်းကို သတိထားမိပါတယ်) ဖိနပ်နဲ့ပစ်ပေါက်ခြင်းဟာ လူကြီးလူကောင်းဆန်တဲ့၊ နိုင်ငံကြီးသားပီသတဲ့ လုပ်ရပ်ဟုတ်မဟုတ်ငြင်းခုန်ချင်တယ်ဆိုရင် ၀ါးရင်းတုတ်နဲ့ အသက်သေသည်အထိ စိမ်ပြေနပြေရိုက်သတ်ခြင်းဟာလည်း ဥပဒေနှင့်ညီသော လုပ်ရပ်ဖြစ်ပါသလား စဉ်းစားဖို့ရှိပါတယ်။ ဗြိတိန်ဝန်ကြီးအပေါ်မှာ ထားရှိတဲ့ သဘာဝပတ်ဝန်းကျင်သမားတစ်ယောက်ရဲ့ အမျက်ဒေါသနဲ့ ကျည်ဆန်တွေ ၀ါရင်းတုတ်တွေကို လက်တွေ့ကျကျခံစားခဲ့ရဖူးတဲ့ ပြည်သူတစ်ယောက်ရဲ့ နာကျည်းမှုပမာဏ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ဒီလို အာဏာနဲ့အနိုင်ကျင့်မှုတွေကို တစ်ဘက်သတ်ခေါင်းငုံခံခဲ့၊ ခံနေရဆဲ၊ ခံနေရဦးမယ့် ပြည်သူတစ်ယောက်ဟာ သူဖိနပ်နဲ့ပြန်ပစ်ပေါက်ဖို့အခွင့်အရေးလေး ရခိုက်မှာ ပေါက်တဲ့ကိစ္စဟာ မဆန်းပါဘူး။ ဒီပို့စ်မှာ လူတန်းစားဆိုတဲ့စကားလုံးတွေ ထပ်နေတာတွေ့ရတယ်။ ဖိနပ်နဲ့ပစ်ပေါက်သူများကို အဆင့်မရှိသူများအဖြစ် ဆိုချင်ပုံရတယ်။ တက္ကသိုလ်ဝန်းထဲမှာ ဖြစ်ပွားတဲ့ကိစ္စကို ကျောင်းသားတွေ Shame on you အော်တာ မဆန်းပါဘူး။ မိန့်ခွန်းပြောကြားနေစဉ်မှာ ရုတ်တရက်ဒေါသနဲ့ ဖိနပ်နဲ့ပစ်ပေါက်မိတဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ အရမ်းကြီးမားတဲ့ နာကျည်းမုန်းတီးမှုတွေအတွက် အနည်းငယ်မျှသော ထွက်ပေါက်လေးကို ဘောင်ထဲကရယူတာဖြစ်ပါတယ်။ ပညာရေးရေချိန်တွေ၊ ယဉ်ကျေးမှုရေချိန်တွေဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ လက်လွတ်စပယ်တွေးနေလို့မရပါဘူး။
    ဖိနပ်နဲ့ပေါက်လို့ နိုင်ငံရေးစနစ်ကြီးပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ထို့အတူ ပစ်ပေါက်တဲ့လူကလဲ “ကဲကွာ… ပြောင်းတော့ နိုင်ငံရေးစနစ်” လို့ ရည်ရွယ်ပြီး ပေါက်လိုက်တာ မဟုတ်ပါဘူး။ မပစ်ပေါက်ဘဲ ဥပေက္ခာပြုထားလဲ ပြောင်းလဲမှာမဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ဒီကိစ္စကြုံပြီးတဲ့နောက် မိန့်ခွန်းပြောကြားရာမှာ တုန်နေတယ်လို့ ဖတ်ရပါတယ်။ ဖိနပ်နဲ့ထိလို့ နာကျင်တာထက် ဂုဏ်သိက္ခာညှိုးနွမ်းသွားစေတဲ့ သေရာပါစိတ်ဝေဒနာတစ်ခု သူ့မှာ ပါသွားမှာဖြစ်ပါတယ်။ (ဒီလိုမခံစားရလောက်အောင် အရည်ထူချင်လည်း ထူနေနိုင်ပါတယ်)ဒါဟာ ထိုသူတွေရဲ့ ရာဇ၀တ်ပြစ်မှု၊ တာဝန်ရှိမှု၊ ယုတ်မာမှုတွေနဲ့စာရင် အရမ်းသေးငယ်လှတဲ့ တုန့်ပြန်မှုလေးမျှသာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲပါပြီဆိုပြီး ထောင်ဗူးဝရောက်မှ “မှားသွားတာ.. မပါဘူး၊ ထောင်ထဲပြန်ဝင်…” ဒီလိုမျိုး “စိတ်ဓာတ်ရေးရာ နှိပ်စက်ညှင်းပမ်းမှုတွေ” နဲ့ယှဉ်ရင် ပန်းနဲ့ပေါက်သလောက်တောင်မရှိပါဘူး။ ဒီကိစ္စအတွက် မြန်မာတွေ သောက်ဆင့်မရှိဘူးပြောနေခြင်းဟာ “အဆင့်အတန်းပဓာန” သဘောထားတွေရဲ့ ရေလိုက်လွဲနေခြင်းတစ်ခုမျှ ဖြစ်ပါတယ်။ “အမှန်တရားဟာ ခါးတယ်ဆိုပြီး အမှားတရားတွေကို ခံနေမယ်ဆိုရင်တော့ မိမိသဘောသာ ဖြစ်ပါတယ်” နယူးယောက်က မြန်မာတချို့ ဖိနပ်နဲ့ပေါက်ကြပါတယ်။ အများစု မပေါက်ကြပါဘူး။ ပေါက်တဲ့သူတွေမှန်ပါတယ်၊ မပေါက်တဲ့သူတွေလည်း မှန်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ အဆင့်အတန်းကို နည်းနည်းမျှကိုယ်စားပြုခြင်းမရှိပါဘူး။ သူတို့ဆီက ဘောလုံးပွဲများမှာ ယဉ်ယဉ်ကျေးကျေးရှုတ်ချတာရှိသလို မြို့ခံပြိုင်ဘက်တွေဆိုရင် ရိုက်ကြနှက်ကြတာတွေလည်း ထုနဲ့ဒေးပါ။ လိုရာလေးတွေပဲ ဆွဲထုတ်၊ ဗုဒ္ဓဘာသာလေကလေးနဲ့လှည့်ကိုင်ပြီး ထင်ရာမြင်ရာကောက်ချက်တွေ ဆွဲနေလို့ မဖြစ်နိုင်ပါဘူး။
    လင်ကွန်းကွယ်လွန်ခဲ့တာ ကြာပါပြီ။ မိမိနဲ့ထိုက်တန်တဲ့အစိုးရကိုသာ ပြည်သူများရရှိကြတယ်လို့ လင်ကွန်းပြောခဲ့ရာမှာ သူပြောခဲ့တဲ့ စေ့ဆော်မှုနဲ့ ရည်ရွယ်ချက်ကို သိဖို့လိုပါလိမ့်ဦးမယ်။ Absolute Truth လိုသဘောထားပြီး နှောင်းလူများက တဖက်သားကို အပြစ်တင်ရာမှာ ကိုးကားလို့ရပါစေတော့ရယ်လို့ လင်ကွန်းရည်ရွယ်ခဲ့ပုံတော့မပေါ်ဘူး။ ကြိုးစားနိုင်ပါစေ…။
    Posted by တေဇာ | October 5, 2009, 11:26 am
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Categories
%d bloggers like this: