စာနယ်ဇင်း, အင်တာဗျူး, ဆောင်းပါး, နိုင်ငံရေး

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်းနှင့် တွေ့ဆုံခြင်း


The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၇) တွင်ဖော်ပြထားတဲ့ ဆရာအောင်စိုးရဲ့  (NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်းနှင့် တွေ့ဆုံခြင်း) အင်တာဗျူးကို ကျွန်တော့်ဘလော့ခ်ကနေ တင်ပြပေးလိုက်ရပါတယ်။ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ရေးသူ ဆရာအောင်စိုး။ ဖြေဆိုသူ ဦးဥာဏ်ဝင်းနှင့် ဖော်ပြခဲ့တဲ့ The Voice ဂျာနယ် အယ်ဒီတာတို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

NON“အကျဉ်းသားတွေပြန်လွတ်လာတဲ့အတွက် ၀မ်းသာပါတယ်။

ဒါမှန်ကန်တဲ့လုပ်ရပ်ပါ။”

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်းနှင့် တွေ့ဆုံခြင်း

အောင်စိုး

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများအပေါ် တည်ဆဲအစိုးရ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမား များအကြား မည်သို့ပင် သဘောထားကွဲလွဲနေစေကာမူ အကျဉ်းသား ခုနှစ်ထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် NLD ပါတီဝင်များပါဝင်လာခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းများထွက်ပေါ်နေခြင်းများကြောင့် NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးဥဏ်ဝင်းကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် The Voice Weekly က တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြထားပါသည်။

Voice : အကျဉ်းသားတွေပြန် လွှတ်ပေးတဲ့အထဲမှာ NLD ပါတီဝင် ဘယ်လောက်ပါပါသလဲခင်ဗျ။

UNW : ကျွန်တော်သိရသလောက်က ၃၀ ကျော်ပါပြီ။ စာရင်းအတိအကျတော့မဟုတ်ဘူး။ ရန်ကုန်နဲ့အဆက် အသွယ်ဝေးတဲ့ဒေသတွေဆို ချက်ချင်း မသိရဘူး။ ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီးမှသိရတာ။ ဘယ်လိုအမှုတွေနဲ့ပဲ ကျကျ ဒီအကျဉ်းသားတွေပြန်လွတ်လာတဲ့အတွက် ၀မ်းသာပါတယ်။ ဒါမှန်ကန်တဲ့လုပ်ရပ်ပါ။

Voice : ၂၀၁၀ ရွေးကောက်ပွဲကို NLD ၀င်ပြိုင်မယ်လို့တစ်ကျော့ပြန် နိုင်ငံရေးသမားတွေ ဟောကိန်တုတ် တာအမှန်ပဲလဲလားခင်ဗျ။

UNW : ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD အနေနဲ့ အရင်မူဝါဒအတိုင်းပဲရှိပါတယ်။ လောလောဆယ်ဘာမှ ဆုံး

ဖြတ်ထားတာမရှိသေးပါဘူး။ ကြိုတင်ဟောကိန်းတွေက သူတို့ရဲ့ထင်မြင်ချက် တွေဖြစ်တဲ့အတွက် ဝေဖန်စရာ မရှိပါဘူး။

Voice : NLD ပါတီဝင်ဟောင်းလည်းဖြစ်။ အခုနောက်ပိုင်းမျက်မှောက်နိုင်ငံ ရေးနဲ့ဲ့ပတ်သက်တဲ့ ဆောင်းပါးတွေရေးနေတဲ့ ဆရာမောင်စူးစမ်းကတော့ ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိလို့ ယူဆထားပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်နဲ့ နိုင်ငံရေးပါတီတွေ လှုပ်ရှားခွင့်တွေ သူ့အယူအဆအရ မရနိုင်ဘူးလား။ အဲဒီအပေါ်ဘယ်လို မြင်ပါသလဲ။

UNW : အဲဒီလိုယူဆလို့ရမယ်ဆိုရင် NLD  အနေနဲ့ရွေးကောက်ပွဲဝင်မယ်လို့ ပြောတာကြာလှပြီ။ ဒီလောက်ထိ အကြာကြီးမစောင့်ခဲ့ရဘူး။ အနာဂတ်အခြေအနေကိုကြိုတွေးရင် အရမ်းရှင်းပါလိမ့်မယ်။

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်း

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်း

Voice : နိုင်ငံရေးပါတီသစ်တချို့ ဆိုင်းဘုတ်တင်တာတို့၊ တစ်ကျေြာ့ပန် နိုင်ငံရေးသမားတွေရဲ့ဆွေးနွေးပွဲတွေ တားဆီးမခံရဘူးဆိုတော့ အခြေအနေကောင်းလာတာလို့ ယုံကြည်ပါသလားခင်ဗျ။

UNW : မှတ်ပုံတင်လို့မရသေးတဲ့ ပါတီတွေက စည်းရုံးခွင့်၊ ဆိုင်းဘုတ်ထောင်ခွင့်တို့၊ နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲတွေ ပြုလုပ်ခွင့် ရနေပြီဆိုတော့ မှတ်ပုံတင်ထားကြတဲ့ တရားဝင် ပါတီကို ပိုပြီးစည်းရုံးလှုပ်ရှားခွင့်ပိုခွင့်ပြု သင့်ပါတယ်။ ကိုအေးလွင်တို့ ပါတီနှစ်ခု ဆိုင်းဘုတ်တင်တာကို ကန့်ကွက် စရာမရှိပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရ တဲ့အခြေအနေနဲ့ အယူခံဝင်တဲ့အမှု နောက်ဆုံးအခြေ အနေ ဘယ်လိုရှိပါလဲခင်ဗျ။

UNW : ကျွန်တော်တို့က ဒေါ်စုလွတ် မြောက်ဖို့ မျှော်လင့်ထားပါတယ်။ အစွမ်းကုန်ကြိုးစားပြီးလုပ်နေပါတယ်။ ဥပဒေကြောင်းအရ စဉ်းစားမယ်ဆိုရင် လွတ်မြောက်နေပါပြီ။ ပြစ်မှုကျူးလွန်တဲ့သူကို လွှတ်ပေးလိုက်ပြီး ဘာမှမကျူး လွန်တဲ့သူကို ထိန်းသိမ်းခံထားရတာ ဘယ်လိုမှ မှန်ကန်မျှတမှုမရှိပါဘူး။ အခုလက်ရှိ ဒေါ်စုတို့စားဖို့အတွက်က ကိုမြင့်စိုးက နေ့တိုင်း ဈေးဝယ်ပြီးချက်ပို့ပေးပါတယ်။

Voice : အဲဒီတော့ ကျန်းမာရေး အခြေအနေကို ဘယ်သူလာပြီးစစ်ပေး နေပါသလဲခင်ဗျ။

UNW : ဒေါက်တာတင်မျိုးဝင်း ဒီနေ့ဒေါ်စုနဲ့တွေ့ခွင့်ရပါတယ်။ မေလ နှောင်းပိုင်း ဒေါ်စုနဲ့ ဒေါက်တာတင်မျိုးဝင်း ပထမဆုံးတွေ့ဆုံတာပါ။ ဒေါ်စုကျန်းမာရေးကတော့ Medical Check up လုပ်ဖို့ရှိပါတယ်။ သွေးပေါင်လည်းကျနေတယ်။ ဒေါက်တာတင်မျိုးဝင်းပဲ ပုံမှန် ကြည့်ခွင့်ရမယ်လို့ မျှော်လင့်နိုင်ပါပြီ။

Voice : ကျေးဇူးတင်ပါတယ်။

အောင်စိုး

The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၇) တွင်ဖော်ပြထားတဲ့ ဆရာအောင်စိုးရဲ့  (NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥဏ်ဝင်းနှင့် တွေ့ဆုံခြင်း) အင်တာဗျူးကို ကျွန်တော့်ဘလော့ခ်ကနေ တင်ပြပေးလိုက်ရပါတယ်။ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ရေးသူ ဆရာအောင်စိုး။ ဖြေဆိုသူ ဦးဥာဏ်ဝင်းနှင့် ဖော်ပြခဲ့တဲ့ The Voice ဂျာနယ် အယ်ဒီတာတို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: