လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးများအပေါ်
ဆရာလူထုစိန်ဝင်းအမြင်ကို သည်ဗွီုက်ဂျာနယ် ပြန်လည်တုန်ပြန်ခြင်း
အံ့ဘုန်းမြတ် (2009 ခုနှစ်၊ စက်တင်ဘာလ 19 ရက်)
သည်ဗွီုက်ဂျာနယ်မှာ ဖော်ပြပါရှိနေသော နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးများနှင့် ပတ်သက်ပြီး ကျွန်တော် ဆရာလူထုစိန်ဝင်း အမြင်ဘယ်လိုတွေရှိမယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာန အတွက် အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်ကို သည်ဗွီုက်ဂျာနယ် အယ်ဒီတာအာဘော်မှာ (Civilization) ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလာတာကိုတွေ့ရပါတယ်။ အဲ့ဒီထဲက စာသားတစ်ချို့ကို ကောက်နှုတ်ပြောပြရလျှင် ရွေးကောက်ပွဲ ကို အသွင်ကူးပြောင်း ရေးမဟုတ်ဟု သံသယဖြင့် စောင့်ကြည့်သူ Watch dog များကြောင့်ရွေးကောက်ပွဲကို ပိုမိုပီပြင်အောင် လုပ်ဆောင်ပေးရန် တာဝန်ပိုရှိသွားသည်ဟုပင် သဘောထားပါသည်။ လို့ ရေးသားထားပါတယ်။
================================================
ကျွန်တော်အနေဖြင့် ဒီလို ဆရာလူထုစိန်ဝင်းနှင့် အင်တာဗျူးလုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကိုလည်း ပြောပြထားချင်ပါတယ်။ ဒီလိုပါ လူတစ်ဦးချင်းတစ်ယောက်ခြင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခု၊ အုပ်စု တစ်စု၊ အဖွဲ့အစည်းတစ်ခုမှာ မတူကွဲပြားခြားနားတဲ့ အမြင်အမျိုးမျိုးရှိတက်ကြပါတယ်။ အဲ့ဒီလို အမျိုးအမျိုးကွဲပြားခြား နားလျှက် ရှိတဲ့အမြင်တွေကို ထုတ်ဖော်ပေးခြင်းသည်သာ သတင်းသမားတို့၏ အခန်းကဏ္ဍလို့ ပထမဆုံး ခက်လွယ်လွယ် ရှု့မြင်သုံးသပ်မိပါတယ်။
ကျွန်တော်တို့ဟာ လူငယ်တွေဖြစ်တာကြောင့် နိုင်ငံတော် (state) နဲ့ အစိုးရ (Goverment) ခွဲခြားရှုမြင်မိပါတယ်။ ဒါကြောင့် အမှန်တရားတစ်ခုအတွက် သစ္စာတရားကို စွန့်လွှတ်ရမယ်ဆိုရင် နိုင်ငံတော် (state) အတွက်သာ စွန့်လွှတ်နိုင်ပါ့မယ်။ အစိုးရ (Goverment) အတွက်တော့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်ပါ။ ဒါဟာ (၂၁) ရာစု မြန်မာလူငယ်တွေ လက်ခံယုံကြည်ထားတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တစ်ခုလို ပြောချင်ပါတယ်။ နိုင်ငံတော်အစိုးရ လို့ခေါ်ဝေါ်သုံးစွဲနေတဲ့အပေါ်မှာလည်း ခွဲခြားရှုမြင်တက်တဲ့ မျိုးဆက်လည်းဖြစ်နေပါတယ်။ အထူးသဖြင့် စကားများများပြောဖို့လိုတဲ့ ဒီမိုကရေစီစနစ်မှာ အကောင်းဆုံးပါဆိုတဲ့ အတွေးအခေါ်တစ်ခုကိုပဲ တစ်ဘက်ပိတ်ပြောဆိုမနေ ပဲ အပြုသဘောဆောင်တဲ့ နားလည်လက်ခံမှုမျိုးကို လိုလားတောင့်တတဲ့ မျိုးဆက်လည်းဖြစ်ပါတယ်။ အလုပ်ဖြစ်ရေး လမ်းစဉ်ထက် သာလွန်ကောင်မွန်ရေးလမ်းစဉ် ကို လိုလားတဲ့သူတွေလည်းဖြစ်တယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။
================================================
Civilization
Civilization ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း ‘We’ ခေါ် ကျွန်ုပ်တို့ဟု ပြောဆိုသူ တဖြည်းဖြည်းများပြားလာပြီး ‘Us, Them’ ခေါ် ငါတို့နှင့် သူတို့ဟုပြောဆိုသူနည်းသွားသော အခြေအနေမျိုးကိုဆိုလိုပါသည်။ မတူညီခြင်းများကို မတူညီသည့်အတိုင်း လက်ခံရန် သဘောတူညီ ခြင်းဖြစ်လေသည်။ ဒီမိုကရေစီစနစ်၏ အဓိကရေခံမြေခံကြီး သုံးခုအနက်တစ်ခုဖြစ်သည့် Democratic beliefs and Political Culture ဆိုသည်မှာ တစ်နည်းအားဖြင့် Civilization ပင်ဖြစ်လေသည်။
နိုင်ငံသားများသည် ၎င်းင်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးစနစ်ကို ရကြခြင်းဖြစ်သည် ဆိုသောအချက်မှာ တစ်နည်းအားဖြင့် Civilization ၏အတိုင်းအဆသည် ရရှိမည့် ဒီမိုကရေစီ၏အတိုင်းအဆသာလျှင် ဖြစ်သည်ဟုဆိုခြင်းဖြစ်ပေသည်။
မကြာသေးခင်က အင်တာနက် Website တစ်ခုပေါ်တွင် မြန်မာနိုင်ငံတွင်းမှ သတင်းစာဆရာကြီးတစ်ဦး၏ အင်တာဗျူးကို ဖော်ပြရာ၌ အဆိုပါသတင်းစာဆရာကြီးက (နိုင်ငံရေးအချောင်သမားတွေ) (သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ဘူး) ဆိုသော စကားလုံးများသုံးစွဲ၍ The Voice Weekly တွင် ဖော်ပြခဲ့သော ဆောင်းပါးများနှင့် ပတ်သက်၍ ဝေဖန်ခဲ့ပါသည်။ စိစစ်မှုမရှိသော မီဒီယာပေါ်တွင် ပြောဆိုနေခြင်းဖြစ်၍ ၎င်းင်းအနေဖြင့် အယူအဆမတူသည့်ကိစ္စကို လွတ်လပ်စွာပြောဆိုရှင်းလင်းနိုင်ပါလျက် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားဖော်ပြမှုများအတွက် အထူးပင်ဝမ်း နည်းကြောင်းဖော်ပြလိုပါသည်။ ဤသဘောထားမျိုးသည် မြန်မာတို့၏ Civilization ကို ထင်ဟပ်နေခြင်း မဟုတ်ပါ စေနှင့်ဟု ဆုတောင်းလိုက်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအဆင့် တစ်ခုအနေဖြင့် လက်ခံသော်လည်း ထိုသို့ လက်မခံသူများ၏ အယူအဆကို ပုဂ္ဂိုလ်ရေးထိခိုက်ရန်ဝေးစွ မဟုတ်မမှန်ကြောင်းပင် မရေးသားခဲ့ပါ။ သေးသိမ်အောင် လည်း မပြုလုပ်ခဲ့ပါ။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးမဟုတ်ဟု သံသယဖြင့် စောင့်ကြည့်သူ Watch dog များကြောင့်ရွေးကောက်ပွဲကို ပိုမိုပီပြင်အောင် လုပ်ဆောင်ပေးရန် တာဝန်ပိုရှိသွားသည်ဟုပင် သဘောထားပါသည်။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေး အဆင့်တစ်ခုအဖြစ် လက်ခံကြောင်း နိုင်ငံရေးအယူအဆကို ရေးသားဖော်ပြရုံမျှ သက်သက်ဖြင့် (နိုင်ငံရေးအချောင်သမား) အဖြစ် သတ်မှတ်ခြင်း၊ (သတင်းစာဆရာကောင်းတို့၏ ကျင့်ဝတ်မဟုတ် ကြောင်း) စွပ်စွဲခြင်းများသည် မတူညီသော သဘောထားများကို တည်ရှိခွင့်မပြုလိုသော Civilization မျိုးကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအဆင့်တစ်ခုအဖြစ် လက်ခံသော သဘောတရားပါဝင်သည့် ဆောင်းပါးများ မည်သူမဆို ရေးသားဖော်ပြခွင့် ရနေခြင်းကို (အထူးအခွင့်အရေးအဖြစ် သူတို့တစ်စောင်ကိုပဲ ရတာပါ) ဟုစွပ်စွဲခြင်းသည် ထိုသို့ရေးသားနေသူများနှင့် ထိုဆောင်းပါးများကို ထည့်သွင်းဖော်ပြနေသည့်မီဒီယာများ၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် တမင်ရည်ရွယ်ပြုလုပ်ခြင်းအဖြစ် ခံစားရပါသည်။
အဆိုပါသတင်းစာဆရာကြီးအနေဖြင့် နိုင်ငံ၏ကောင်းကျိုးကို လိုလားသည်ဆိုသောအချက်ကို သံသယမရှိပါ။ အဆိုပါသတင်းစာဆရာကြီး၏ ရေးသားဖော်ပြချက်များ စေတနာစစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းကြောင်း မှန်ခဲ့ပါလျှင် ဆရာကြီးပြောဆိုရေးသားသမျှ အောင်မြင်ပါစေကြောင်း သစ္စာပြုလိုက်ပါသည်။ The Voice Weekly တွင် ရေးသားဖော်ပြမှုများ စေတနာစစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းရှင်းခဲ့ပါလျှင် ကျွန်ုပ်တို့ဆောင်ကြဉ်းသမျှ အောင်မြင်ပါစေကြောင်း ဤနေရာမှ သစ္စာပြုလိုက်ပါသည်။
အယ်ဒီတာ (၁၆-၉-၂၀၀၉)
The Voice Weekly
မကြာခဏဖြစ်နေကျပါ။ အပြင်ဘက်က မီဒီယာတွေကို ဘာအစည်းအတားမှမရှိ လွတ်လပ်ချင်တိုင်းလွတ်လပ်ပြီး ရေးချင်တာရေးခွင့်ရှိနေသော မီဒီယာများဆိုပြီး တစ်ခုအယူအဆမတူတိုင်း အဲဒီပုဒ်မနဲ့ တပ်လေ့ရှိကြတာပဲလေ
သူတို့ကိုသူတို့ကာကွယ်တာပေါ့။
(ဥပမာ။ရပ်ကွက်ထဲမှာ ကလေးနှစ်ယောက်ရန်ဖြစ်ကြတာ . . . မင်းက မိမရှိဖမရှိကောင် ပြောချင်ရာပြော . . . ငါကတော့ မိကောင်းဖခင်သားသမီးကွ ပြောချင်တိုင်းပြောလို့ရမဘူးဆိုပြီး ပြောသလိုဖြစ်နေတယ်)
အမှန်တကယ်ကတော့ … လွတ်လပ်တယ်ဆိုတဲ့အရာကြီးက ပိုပြီးတော့ တာဝန်ကြီးတာကို မသိလို့ပါ …
ကျွန်တော် အမြင်ကတော့ အခု ပြည်တွင်းမီဒီယာတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေက
အများအားဖြင့်တော့ … အချိုကျွေးနေကြတာပါပဲ …
ဂျာနယ်တိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂျာနယ်စောင်ရေတက်ရေး … အများစိတ်ဝင်စားရေးဆိုပြီးလုပ်နေကြတာပဲ။
လူထုက နိုင်ငံရေးကို စိတ်ဝင်စားလာတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးပါရင် ရောင်းကောင်းတယ်ဆိုပြီး လုပ်လာကြတယ်လို့မြင်တာပဲ အဲဒီအပေါ်မှာ စာရေးသူတွေကို အချိုကျွေးပြီး အမြတ်ထုတ်နေတာက အစိုးရပေါ်လစီသမားတွေပဲ
ပြည်တွင်းမီဒီယာသမားတွေ တော်တော်များများကို … သူတို့က အချိုသတ်ပေါင်းတာ
ဘယ်လိုလဲဆိုတော့ …
အရေးကြီးတဲ့ ထူးခြားတဲ့သတင်းယူဖို့ကို သူတို့ခွင့်ပြုမှ ကိုယ်က သတင်းသွားယူလို့ရမှာလေ ….
အဲဒီလို အခွင့်အရေးတွေက အလဲအလှယ်လိုဖြစ်နေတော့တာပဲ
တခြားဟာတွေက အရေးမကြီးပါဘူး
အခု ပြည်တွင်းမှာ လူတွေတော်တော်ဒုကရောက်နေကြတယ်
စီးပွားရေးတွေမကောင်းဘူးလေ ….. အဲဒါတွေတော့ စိတ်မကောင်းဘူး …
အဆင်ပြေအောင်ဖန်တီးလို့ရနိုင်တဲ့ အခြေအနေတွေရှိရဲ့သားနဲ့
မလိုလားအပ်တဲ့ အရာတွေက ဆိုးတယ်။
စကားများများပြောလာနိုင်ကြပါစေ
LikeLike
လူထုစိန်ဝင်းကခေတ်မမှီတော့ပါ..NGO တွေကိုပုတ်ခတ်လိုက်..ဟိုလိုလို..ဒီလိုလိုနဲ့ ပွဲဆူအောင်လုပ်နေတာပါ…
ဲJournalist လောကမှာ စိန်ဝင်းသုံးယောက်ရှိခဲ့တာ ဂါဒီးယန်း စိန်ဝင်းနဲ့  မြန်မာ့အလင်းစိန်ဝင်း ကသာ
Journalist လောကမှာနာမည်ကြီးတာပါ….အင်း…ခုတော့ကျန်နေတော့လဲပြောလို့ ရတာပေါ့လေ…
LikeLike
Sein Win is now too old to understand the current Political situations. He is only a stereotyping man.
LikeLike
Younger Journalist like you should more study on changing pattern of the collapsing of old ideas.
LikeLike
သူငယ်ချင်းရဲ့ ဘလော့ဂ်ကို သဘောကျပါတယ်။ ဆက်လုပ်ပါဗျာ။ အတွေးအခေါ် အမြော်အမြင်ရှိတဲ့၊ လွတ်လပ်စွာ တွေးခေါ်ချင်တဲ့ လူငယ်တွေ ကျွန်တော်တို့နိုင်ငံအတွက် အများကြီးလိုနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ သူငယ်ချင်းတို့လို ဘလော့ဂ့်ကောင်းကောင်းတစ်ခုလည်း ဖန်တီးဖို့ ကြိုးစားနေပါတယ်။ နောက်လည်းလာဖတ်ပါ့မယ်။ ကျွန်တော်တော့ Voice ကို သူငယ်ချင်းတွေဆီက PDF File ပို့ပေးလို့ ရတဲ့အခါတိုင်း သေချာဖတ်ဖြစ်ပါတယ်။
ခင်မင်စွာဖြင့်
ူlonetone
LikeLike
Voice Journal PDF file များ ပို့ပေးလို့ရရင်လည်း လိုချင်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။ မိတ်ဆွေများက တတ်အားသရွေ့ ပို့ပေးပေမယ့် ပုံမှန်မရလို့ပါ။
ွှ့ကျေးဇူးတင်ပါတယ်ဗျာ။
(တောင်းဆိုမှုကြောင့် အနှောက်အယှက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျို့။)
LikeLike
Here is a nice response on U Sein Win and Aung Thu Nyein’s points. http://drlunswe.blogspot.com/2009/09/blog-post_1033.html
LikeLike
ပထမဆုံးပြောချင်တာက အတိုက်အခံနိုင်ရေးအင်အားစုတွေနဲ့ သူတို့ကိုအားပေးတဲ့ မီဒီယာတွေကို The Voice က Watch Dog လို့သုံးလိုက်တာဟာတော်တော်လေးခံပျင်းစရာကောင်းပါတယ်။
သံသယဖြင့်စောင့်ကြည့်သူ (Watch Dog) လို့သုံးထားပေမဲ့ သံသယဖြင့်စောင့်နေတဲ့ခွေး မိမိသခင်ရဲ့စီးပွားကို ကာကွယ်တဲ့သူ တစ်နည်းအားဖြင့် သခင်အားရကျွန်ပါးဝပေါ့ အဲဒီစကားကိုအဓိပါယ်ဖွင့် ကြည့်ရင် ဘယ်သူက သခင်အာရကျွန်ပါးဝလုပ်နေတာလဲဆိုတာ စဉ်းစားကြည့်ရင်အဖြေကရှင်းလေးလေးပါ ဘယ်ဒီမိုကရေစီသမားမှ သခင်အကြိုက်လိုက်ပြီး ဟောင်နေတဲ့ခွေးမျိုးမရှိပါဘူး။ ပြည်တွင်းက မီဒီယာအရေခြုံပြီး အစိုရကြိုက်လုံးတွေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ သူတို့ကိုအားပေးတဲ့ မီဒီယာတွေကို တိုက်ခိုက်နေသူတွေကသာ မဲမဲမြင်ရင်ဟောင်နေတဲ့ သံသယနဲ့စောင့်နေတဲ့ ခွေးတွေနဲ့တူနေပါတယ်။
“နိုင်ငံသားများသည် ၎င်းင်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးစနစ်ကို ရကြခြင်းဖြစ်သည် ဆိုသောအချက်မှာ တစ်နည်းအားဖြင့် Civilization ၏အတိုင်းအဆသည် ရရှိမည့် ဒီမိုကရေစီ၏အတိုင်းအဆသာလျှင် ဖြစ်သည်ဟုဆိုခြင်းဖြစ်ပေသည်။”
လို့ The Voice ကဆိုပါတယ်။
ဒါကိုကြည့်ရင်ခံယူချက်မယ်မယ်ရရမရှိတဲ့ နိုင်ရေးသမားတစ်ဦးရဲ့အမြင်တစ်ခုဖြစ်သလို ဖြစ်သမျှအကောင်းပဲလို့ တွေးနေတတ်တဲ့ခံယူချက်ပီပီပြင်ပြင်မရှိတဲ့ ယောင်ဝါးဝါးလူတွေရဲ့ အတွေရဲ့ အတွေးအခေါ်ပါ။
လူသားတိုင်းဟာ ကိုယ့်ကံကြမာကို ကိုယ်ဖန်တီးခွင့်ရရမှာပါ။ ကိုယ့်ကံကြမာကို ကိုယ်မြန်မာနိုင်ငံသားတွေဖန်တီးမရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ 1974 မှာ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရအုပ်ချုပ်တာခံရပြီး မြန်မာပြည်သူတွေဟာ မျက်စိကိုအတင်းပိတ်ခံထာရတဲ့ လူတွေလိုဖြစ်ခဲ့ပြီးပါပြီ။ 1988 မှာ ဘယ်သူမမဖိတ်ခေါ်ပဲတက်လာတဲ့ စစ်အစိုးရကလည်း မြန်မာပြည်သူတွေကို မျက်စိပါ မက နား ပါးစပ် အကုန်ပိတ်ထားပြီးပါပြီ။ ကိုယ့်ကံကြမာကိုယ်ဖန်တီးခွင့်မရတဲ့ မြန်မာပြည်သူတွေဟာ စစ်ဘိနပ်အောက်ဓှာပဲ ပြားပြားဝပ်နေပြီးပါပြီ။ ဒီတစ်ခါမှာတော့ ကိုယ်လိုတဲ့ နိုင်ငံရေးအခြေအနေကို ကိုယ်ကိုတိုင်ဖန်တီးခွင့်ရရေးဟာ မြန်မာနိုင်ငံသားများရဲ့အိမ်မက်ပါ။
စစ်အစိုးရတင်ပေးမဲ့ ရုပ်သေးအစိုးကို ဘယ်ပြည်သူကမှ မလိုလားပါဘူး။ ကြောက်လို့လက်မခံချင်ဘဲ လက်ခံလိုက်ရရင် သိပ်မကြာခင်မှာပဲ လူထုအုံကြွမှုဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းဦးမှာပါပဲ။ အဲဒီအခါမှာ စစ်တပ်ကမလွဲမရှောင်လို့ပါဆိုတဲ့ ဆင်ခြေပေးဦးမှာပါပဲ။ ဒါကသူတို့ရဲ့မရိုးနိုင်တဲ့ဗျူဟာပါ။ ဒီလိုနဲ့ သူတိုရဲ့စစ်မျိုးစစ်နွယ်တွေဟာ မြန်မာ့နိုင်ငံရေးစင်မြင့်ကနေ ဆင်းပေးမှာ မဟုတ်ပဲ အာဏာမြဲနေဦးမှာပါ။
ယခုရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးဟုတ်ပါရဲ့လား စဉ်းစာစရာပါ။
နအဖ အစိုးကသာ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုကို တကယ်ပဲလိုလားခဲ့ရင် သူတို့ကိုအတိုက်ခံလုပ်တဲ့ သူတွေကို လွတ်လပ်စွာမဲဆွယ်ခွင့် စည်းရုံးခွင့်ပေးရမှာပေါ့။ အခုတော့ မြန်မာပြည်သူတွေ လက်ခံတဲ့ နိုင်ငံရေးအင်အားစုတွေကို မလှုပ်နိုင်အောင်ချုပ်ထားပြီး ဘယ်သူကသူတို့ရဲ့လက်ဝေခံ ရုပ်သေးအစိုးရဖြစ်နိုင်မလဲဆိုတာ နအဖ က စောင့်ကြည့်ပြီး နိုင်ငံရေးပြဇာတ်ကိုကြိုတင်ပြီးဇာတ်ညွှန်ခွဲနေတာပါ။ ဒါကိုလည်း The Voice ကအယ်ဒီတာမင်းများသိကြမှာပါ။ တကယ်တော့ နိုင်ငံရေးသဘောကွဲလွဲခွင့်ဆိုတာ ဘယ်လိုနိုင်ငံရေးမှာမဆိုရှိသင့်တဲ့ကိစပါ
“အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။” တကယ်တော့ ဆရာပြောတာသိပ်ကောင်းတဲ့စကားပါ။
လူရယ်လို့ဖြစ်လာရင် အတိတ်ပစ္စုပ္ပန်အနာဂတ်ဆိုတာ မေ့ပြစ်လို့မရပါဘူး။ အတိတ်ကာလက သူလုပ်ခဲ့တဲ့အကြောင်းအရာကသူ့နောက်ကိုအမြဲလိုက်နေမှာပါ။ လူတစ်ယောက်ကောင်းလားဆိုးလားဆိုတာ သူ့ရဲ့အတိတ်ကအကြောင်းနဲ့သူမျက်မှောက်ဘ၀မှာလုပ်နေတဲ့ အခြေအနေအပေါ်ကို ဝေဖန်သုံးသပ်ကြည့်ရမှာလေ။
အနာဂတ်လှစေချင်ရင် အတိတ်ကမကောင်းတာတွေကိုသင်ခန်းစာယူပြီး ပစ္စုပ္ပန် ကိုမှန်အောင်ကြည့်တတ်ဖို့ပါပဲ။
လွတ်လပ်စွာဆွေးနွေးကြည့်ခြင်းဖြစ်ပါတယ်။
lady philosopher
LikeLike
ကိုနေ၀င်းမောင် အနေနဲ့ Watch dog လို့  သုံးလိုက်တဲ့ နေရာမှာ watch ထက် dog ကို ပိုအသားပေးခြင်သလား သံသယ ဖြစ်မိပါတယ်။ Watchdog သို့မဟုတ် Watch-dog လို့ရေးသင့်တယ် ထင်ပါတယ်။ ကိုအောင်သူငြိမ်း နဲ့ ကိုငြိမ်းချမ်းတို့ရဲ့ ပြန်လည် ဆွေးနွေးချက်တွေ မြန်မာပြည်က မီဒီယာတွေမှာ ဖော်ပြခွင့်ရရင် ကောင်းမှာပဲ ထင်မိတယ်။ ကို lonetone ဖတ်ချင်ရင် Voice Weekly ကို Witmone ဆိုတဲ့ ဘလော့ (www.witmone.blogspot.com )မှာ ပုံမှန် တင်တာ တွေ့ရပါတယ်။
LikeLike
နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝတွင်တည်သည် ဆိုသော အယူအဆ၊ နိုင်ငံသားများသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရတစ်ရပ်ကိုသာရရှိကြသည်ဆိုသော အယူအဆများသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျမရှိကြတော့ပေ ပြည်သူလူထု၏ အခန်းကဏ္ဍကိုအလေးထားသိမြင်ကြသည့် လူ့အဖွဲအစည်းများတွင် ကိုယ်ကြမာကိုယ်ဖန်တီနိုင်သည့် နိုင်ငံရေးစနစ်များထွန်းကားလျှက်ရှိသည်ကို အထင်းသားတွေမြင်နိုင်ကြပါသည်။
ရွေးကောက်ပွဲ အသွင်ကူးပြောင်းရေးအဆင့်တစ်ခုအဖြစ်မြင်လိုလှပါသည် သို့ရာတွင် အတွေ့အကြုံများအရ ထိုသို့ဖြစ်မလာခဲ့သည်မှာ မြန်မာနိုင်ငံ၏သမိုင်တွင်ရာစုနှစ်ဝက်ခန့်ရှိပြီဟုပြောနိုင်ပါသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်တစ်ပါတီအာဏာရှင်ကို အသက်သွင်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ပါတီစင်စစ် မဟုတ်သူများလည်းပြည်သူ့ကိုယ်စားလှယ်များအဖြစ် ၀င်ရောက်အရွေးခံနိုင်သည် ပြဌန်းချက်များပါရှိသဖြင့် ပထမဆုံးအကြိမ်တွင် စမ်းသပ်ကြည့်သူများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုပုဂိုလ်များမှာ ပြည့်သူလွှတ်တော်သို့ မရောက်ရှိကြဘဲ မော်စကို(ထောင်ထဲ)ကိုသာရောက်သွားကြပြီး၊ အပိုဆုကြေးအဖြစ် နယ်မြေခံပါတီယူနစ်များမှ ကော်မီတီဝင်များလည်း တာဝန်မှ ရပ်ဆဲခံခဲ့ကြရသည်ကို ပြန်လည်သတိရမိပါသည်။ ထိုအတူ မဝေးခဲ့သော ကာလတစ်ခုကပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည်လည်း အသွင်ကူးပြောင်ရေး ဖြစ်/မဖြစ်ကို အများအသိဖြစ်ပါသည်။ သို့ပါရု ရွှေးကောက်ပွဲအပေါ် သံသယရှိသူများကိုလည်း အပြစ်မဆိုသာပေ…..
မြန်မာစာနှင့် မြန်မာစကားသည် မြန်မာများကိုယ်တိုင်ပင်နားလည်ရန်ခက်ခဲလှပါသည်။ အဓိပါယ်နှစ်ခွ၊ သုံးခွစသည်ဖြင့် ဖြစ်ပေါ်စေသောဝေါဟာရများရှိကြပါသည်၊ သည်နေရာတွင် * သူတို့* ဆိုသောဝေါဟာရ၏ အဓိပါယ်မှာလည်း မိမိနှင့် အယူအဆ သဘောထားမကိုက်ညီသူများကိုဖော်ညွှန်းသကဲ့သို့ မိမိမှတပါး အခြားသူများကိုပြောဆိုရေးသားရာတွင်လည်းသုံးစွဲလေ့ရှိကြပါသည်။
သတင်းစာဆရာကြီးနှင့် DVB တို့၏ Interview ကိုလေ့လာရတွင် The Voice Weekly ကိုသော်လည်းကောင်း၊ ဦးသန့်မြင့်ဦးနှင့် မစွတာဂျင်ဝတ်တို့ကို လည်းကောင်းထိုက်ခိုက်စွတ်စွဲသည့် အဓိပါယ်ပေါ်လွင်မှု မရှိဟုယူဆပါသည်။ ပြည်တွင်းဖြစ်သည့် media အတော်များများတွင်မှု သတင်းစာဆရာကြီးပြောကြားသကဲ့သို့ရေးသားထုတ်လွင့် တင်ပြချက်များကို တွေရှိနေရသည်မှာငြင်းကွယ်ရ်ျ မရနိုင်ပေ။ ယင်းပုဂိုလ်များကိုသာ သတင်းစာဆရာကြီးရည်ညွှန်းဟန်ရှိပါသည်။
မြန်မာစာနှင့် မြန်မာစကား၏ အနက်အဓိပါယ်ကိုလည်းသဘောပေါက်သင့်ပါသည်။
ရိုးစင်းသောဖြစ်ရပ်တစ်ခု၊ ပြောဆိုရေးသားမှုတစ်ခုအား မိမိလိုရာဆွဲယူ ပုံဖော်ရန်မသင့်ဟု ယူဆပါသည်။ အကယ်ရ်ျ လိုအပ်သည်ထက် ပိုမိုပုံဖော်မှုများရှိနေပါက…. the voice weekly သည်လည်းတစ်စုံတစ်ရာသောပယောဂများ ပူးကပ်နေသည်ဟု ယူဆရမည်သာဖြစ်ပါသည်။
အညတရ အစိုးရ၀န်ထမ်းဟောင်းတစ်ဦး
—
LikeLike