ကျွန်တော်ဆီကို အစ်ကိုလိုခင်တဲ့ မိတ်ဆွေတစ်ယောက်က မေးလ်ကနေတစ်ဆင့် Wave မဂ္ဂဇင်းမှာပါတဲ့ ဆရာကျော်ဝင်းရဲ့ “အိုဘားမား မိန့်ခွန်းကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်ခြင်း” ဆိုတဲ့ ဆောင်းပါးကို ဓာတ်ပုံရိုက်ပြီး တကူးတက ပို့ပေးလာပါတယ်။ ကျွန်တော်ဖတ်ကြည့်ပြီး ဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ မတူကွဲပြားခြားနားတဲ့ အခြား အမြင်တွေလည်း ရှိနေနိုင်တာကြောင့် ကျွန်တော်ဘလော့ခ်ကနေ ပြန်တင်ပေးလိုက်ရပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထား တဲ့အကြောင်းအရာတွေကတော့ စာရေးသူ ဆရာကျော်ဝင်းရဲ့ သဘောထားအမြင်တွေသာဖြစ်တယ်ဆိုတာ ပြောပြထားချင် ပါတယ်။
အိုဘားမား မိန့်ခွန်းကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်ခြင်း
ကျော်ဝင်း
ခြေဆင်း
ကျွန်တော်စာရေးနေ့သည့် အဓိကရည်ရွယ်ချက်မှာ၊ နိုင်ငံတကာ အိုင်ဒီယာလှိုင်းများကို မြန်မာစာဖတ်ပရိသတ်နှင့်၊ မိမိနိုင်သမျှ မိတ်ဆက်ပေးဖို့ဖြစ်သည်။ ထိုသို့မိတ်ဆက်ရာ တွင်လည်း တိုင်းပြည်အသီးသီးမှ အာဏာရခေါင်းထောင်များထက်၊ ပညာရှင်များ၏ အာဘော် ကိုသာ ဦးစားပေးရွေးချယ်ခဲ့ပါသည်။ နိုင်ငံတစ်ခုခု၏ အရိပ်လွှမ်းမိုးမခံလိုသော ကြောင့်ဖြစ် သည်။
သို့နှင့်တိုင် လက်ရှိအမေရိကန်သမတ ဘားရက်အိုဘားမား၏ ကိုင်ရိုမေးခွန်းနှင့်ပတ်သက်လျှင်မူ၊ ဆိုခဲ့သော အစဉ်လာကို ခြွင်းချက်ထား စဉ်းစားရမလိုရှိလာသည်။ သူ့မိန်းခွန်းက၊ သမိုင်းနှင့်ချီပြီး ပဋိပက္ခအသွင်ဆောင်နေခဲ့သော အုပ်စုကြီးနှစ်ခုကြား “သံလွင်ခက်” ကမ်းလိုက်သလိုရှိရာ၊ မင်္ဂလာရှိသည်ဟုထင်သည်။ ထို့ထက် ကျွန်တော်တို့ မျက်မှောက်ပြုနေရသော မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းအတွက်လည်း ဆက်စပ်စဉ်းစားဖွယ်ရာ အချို့ ရှိသလောက်ရှိ သည်ဟုသဘောရသည်။
ထိုသို့တွေးမိသည်နှင့်၊ သူ့မိန်းခွန်းကို ဂရုဓမထားပြီး ဖတ်ဖြစ်ခဲ့ပါသည်။ ဖတ်ရင်းက မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်မိ သည်။ ယခုစာစုမှာ စာရေးသူ ဆက်စပ်စဉ်းစားမိသော အတ္တနောမတိအချို့ကို ရိုးသားစွာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ရွေးချယ်မှုလော၊ လိုအပ်ချက်လော
သမိုင်းကိုပြန်ကြည့်လိုက်သောအခါ၊ အလှည့်အပြောင်းသဘောဆောင်သော ကိစ္စရပ်အားလုံးလောက်တွင်၊ သဘော သဘာဝနှစ်ရပ်ရှိသည်ကို တွေ့ရသည်။ အချို့က မိမိစိတ်ကြိုက်ရွေးချယ်လို့ရသည်။ အကျိုးဆက်ကို မှန်းပြီး အကောင်းဆုံးဖြစ်တန်ရာကို ရွေးချယ်ကြရသည်။ ရွေးချယ်မှုမှားသွားလျှင်၊ အလျော်အစားကြီးနိုင်သည်။ “ရွေးချယ်မှုကိစ္စ” (Matter Of Choice) ဟု ဆိုနိုင်ပါလိမ့်မည်။ အိုဘားမားက ၂၀၀၃ ခုနှစ်က ဆင်နွှဲခဲ့သော ဒုတိယအီရတ်စစ်ပွဲကို “ရွေးချယ်မှုစစ်ပွဲ” (War Of Choice) ဟု သုံးသပ်သည်။ အခြားသော အော်လတာနေးတစ်များရှိပါလျက် စစ်ပွဲကို ရွေးချယ်ခဲ့သည်မှာ မှားသည်ဟု သူက ကောက်ချက်ချသည်။
အချို့သော ကိစ္စရပ်များကား စိတ်ဆန္ဒနှင့်မဆိုင်။ ရွေးချယ်ခွင့်မရှိ။ အခြားမည့်သည့် အော်လတာနေးတစ်မှ မရှိသည့်၊ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်သည်။ “လိုအပ်ချက်ကိစ္စ” (Matter Of Necessity) ဖြစ်သည်။ အိုဘားမားက ၁၉၉၁ ခုနှစ်ကဖြစ်ခဲ့သော ပထမအီရတ်စစ်ပွဲကိုမူ “လိုအပ်ချက်စစ်ပွဲ” (War Of Necessity) ဟု သုံးသပ်သည်။ တရားနည်းလမ်းကျသည်ဟု ကောက်ချက်ဆွဲသည်။
သူတို့တစ်တွေ၏ နိုင်ငံခြားရေးပေါ်လစီအငြင်းအခုံကို ကျွန်တော့်အနေနှင့် ပြောပလောက်အောင် စိတ်ဝင်စားလှ သည်မဟုတ်ပါ။ ၀န်ခံရလျှင် ကိုယ့်ကိစ္စကိုသာ စဉ်းစားနေမိသည်။ ကျွန်တော်စဉ်းစားမိသလောက်၊ မကြာမတင် လာတော့မည့် ၂၀၁၀ ရွေးကောက်ပွဲမှာ၊ “၀င်မလား မ၀င်ဘူးလား” ငြင်းခုံနေရမည့် ရွေးချယ်မှုကိစ္စမဟုတ်။ လိုအပ်ချက်ကိစ္စဟုမြင်သည်။ “မ၀င်ဘူးဆိုရင် ဘာလုပ်မှာလဲ” ဟု မေးခွန်းထုတ်ကြည့်ပါက။ တိတိကျကျအဖြေ တစ်ခုလည်းရှိမည် မထင်ပါ။
ဘုံတူညီချက် (Commond Ground)
တစ်ခါက ဖတ်ခဲ့ဖူးသော ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်းမှ ဟာသအတိုအထွာတစ်ပုဒ်ကို စကားအလျဉ်းသင့်သဖြင့် ပြန်လည်ဖောက်သည်ချလိုသည်။ “မဖြစ်နိုင်” (Impossible) ဟု ခေါင်းစဉ်တပ်ထားပြီး အောက်တွင် စာသုံးကြောင်းပါသည်။ “တံခါးတစ်ချပ်ကို တစ်ပြိုင်နက်တည်း ဖွင့်ထား ပိတ်ထားလို့ မဖြစ်နိုင်”။ “ကဗျာကို ဘာသာပြန်ဖို့ မဖြစ်နိုင်” ။ “အရပ်-အစ္စရေးပြဿနာ ဖြေရှင်လို့မရနိုင်” ဟု၏။
ဒိုင်ဂျက်က “မဖြစ်နိုင်” ဆိုသော “အရပ်-အစရေးပြသနာ”နှင့်ပတ်သက်ပြီး အိုဘားမားက သူ့မိန့်ခွန်းတွင် အဖြေရှာ ထားသည်။ မတူညီမှုတွေကို ယိုးမယ်ဖွဲ့မနေကြဘဲ၊ တူတာတွေကို တွဲလုပ်ကြဖို့ အဆိုပြုသည်။ နှစ်ဖက်ဘုံးမှ လက်ခံနိုင်မည့် Commond Ground တစ်ခု ရှာဖွေကြဖို့ မေတ္တာရပ်ခံသည်။ အဖြေတစ်ခုသို့ ဦးတည်သွားနိုင်စရာရှိသည့် အဆိုပြုချက်ဟု ကျွန်တော်ထင်သည်။ ထုံးစံအတိုင်း မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်စဉ်းစားမိရာ အဖြေတစ်ခုကို ရလိုက်သလိုရှိသည်။
ပြောရလျှင် တပ်မတော်အပါအ၀င် မြန်မာ့နိုင်ငံရေးအင်အားစုအားလုံးမှာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှ မွေးထုတ်လိုက်သော အမျိုးသားရေး သွေးသောက်ညီအစ်ကိုတွေချည်းဖြစ်ပါသည်။ သူတို့တစ်တွေ၏ သွေးစည်း လက်များဖြင့် နိုင်ငံလွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည့် သာဓကရှိသည်။ အကွဲအပြဲဇာတ်လမ်းများမှာ လွတ်လပ်ရေးခေတ်ရောက်တော့မှ ဖြစ်ရာ။ ဘာမှမကြာသေးဟု ဆိုနိုင်ပါသည်။ သမိုင်းနှင့်ချီ ကြာလှပြီဖြစ်သော အာရပ်-အစ္စရေးပြဿနာမှာပင် Commond Ground ရှာနိုင်သေးလျှင်၊ မြန်မာ့အမျိုးသားရေး အင်အားစုများကြား တွင် ဘာကြောင့် မရှာနိုင်ရမည်နည်း။ ကျွန်တော့်အထင် အထူးအထွေ ရှာနေစရာပင်မလိုပါ။ “ခေတ်မီနိုင်ငံတော် ထူထောင်ရေး” ဆိုသော ဘုံရည်မှန်းချက်ရှိပြီးဖြစ်ပါသည်။
တစ်ဖက်ပိတ်လမ်း
အမှန်စစ်စစ် အယူအဆမတူကြသည်များ သဘောကွဲလွဲကြသည်များမှာ ဆန်းလှသည်တော့ မဟုတ်ပါ။ လူ့သဘာဝတွင်ပင် ဆိုနိုင်လောက်ပါသည်။ အရေးကြီးက ၊ လူ့သဘာဝကို လူ့အသိတရားဖြင့် ဖြေရှင်းနိုင်ဖို့ဖြစ်သည်။ “တောရိုင်းတိရစ္ဆာန်ဥပဒေ” (Law Of Jungle) ဖြင့် မချဉ်းကပ်မိကြဖို့ဖြစ်သည်။ အကြမ်းဖက်တော်လှန်ရေးနည်းများမှာ တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့ဖူးသော်လည်း ဂလိုဘယ်ဆပ္ပလိုင်းချိန်းကြီး ကမ္ဘာပတ်နေသော မျက်မှောက်ခေတ်တွင် တိုင်းပြည်များ၏ တိမ်းညွတ်မှု မဟုတ်တော့ပါ။ လူထုတိမ်းညွတ်မှု ပိုပြီး မဖြစ်နိုင်တော့ပါ။
အိုဘားမားက သူ့မိန့်ခွန်းတစ်နေရာတွင် အကြမ်းဖတ်နည်းလမ်းများကို “တစ်ဖက်ပိတ်လမ်း” ဟု ပြောသွားသည်။ ထိုနေရာတွင် ကျွန်တော့်အတွေးတွေက ကျွန်တော်တို့နိုင်ငံ၏ ၄၈ ဇာတ်ကွက်သို့ ပြန်ရောက်သွားသည်။ ကံမကောင်းအကြောင်းမလှစွာပင် ထိုခေတ်ပလေယာများက တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့ကြရာ သူတို့တစ်တွေရော တိုင်းပြည်ကံကြမ္မာပါ တွင်းမည်ကြီးထဲသို့ ထိုးကျသွားခဲ့ရပါသည်။ ၄၈ ဒဏ်ရာကို ယခုထက်တိုင် ကုသနေရဆဲ အခြေအနေတွင် နောထပ် ၄၈ ဇာတ်လမ်းတွေ မလာစေချင်တော့ပါ။
အကြမ်းပတမ်းနိုင်ငံရေးများကို ကာကွယ်ဖို့ဆိုလျှင် ရွေးကောက်ပွဲမှာ (အကောင်းဆုံးနည်းလမ်း မဟုတ်လျှင်သော်မှ) လက်ခံစဉ်စားကြရမည့် တူရူးချက်ဟု ထင်ပါသည်။
ကျော်ဝင်း
ရွေးကောက်ပွဲဝင်သင့်တယ်..တခြားလမ်းမရှိလို့သူဆိုချင်တာကိုတွေ့ရတော့..1990ေ၇ွးကောက်ပွဲကိုသတိရမိတယ်..
ကျွန်တော့်အသက်က၁၈နှစ်..ဘဝမှာပထမဆုံးမဲပေးရခြင်း..လွတ်လပ်စွာ(၁၀၀% မဟုတ်တောင်မှ)ပေးခွင့်ရခဲ့ပါတယ်..အနှစ်၂၀ကျော်ကြာပြီးမှ
လူတွေပြောတာကြားရတယ်..အဲဒီတုန်းကခွေးအမြီးဖြတ်အရွေးခံရင်တောင်..နိုင်တယ်တို့..ကြာခဲ့ပြီ..ထားလိုက်ပါတို့..
ခင်ဗျားတို့မသိတာက..အဲဒီအချိန်က.တိုင်းပြည်ပြောင်းလဲတာမြင်ချင်လွန်းလို့..စစ်တပ်အပါအဝင် ပြည်သူက NLD ကို ပုံအောခဲ့တာ..အချို့အရွေးခံသူတွေ သုံးမရဘူးဆိုတာသိသိနဲ့..
အဲဒီတော့..အခုအနှစ်၂၀ ကျော်ကြာပြီးတဲ့အထိ ကျွန်တော့် မဲတပြား အသိအမှတ်ပြုတာတောင်မခံရသေးတဲ့
ဒီစစ်တပ်အောက်မှာ..ခင်ဗျားမို့လို့..ကျုပ်တို့ကိုမဲထပ်ပေးခိုင်းတယ်..
တခြားရွေးစရာလမ်းမရှိဘူးတို့..သံပုရာသီးချဉ်တာcomplainမတက်နဲ့..ဖျော်ရည်ဖျော်သောက်လိုက်ဆိုတာတွေက လူဖျင်းလူညံ့တွေပြောတဲ့
စကားခင်ဗျ..
ခင်ဗျားကိုယ်ကို တိုင်းပြည်ထဲမှာ..အသိပညာဖလှယ်ပေးတဲ့သူလိုလိုလုပ်ပြီး အဲဒီလိုပြောတာ..တော်တော်ကိုအောက်တန်းကျတယ်ဗျို့.
အဲဒါကို ကျွန်စိတ်ဓါတ်လို့ခေါ်တယ်..
စစ်တပ်နဲ့ပေါင်းစားပြီးကြီးပွားတဲ့သူတွေကလွဲလို့..ဘဝမှာအောင်မြင်တဲ့သူတိုင်းကိုမေးကြည့်..
ဘယ်သူမှ..ငါးမရလို့ရေချိုးပြန်မယ်လို့..ဒီမိုကရေစီရဖို့ဝေးနေဦးမဲ့အတူတူ..စစ်ကျွှန်နဲနဲအဖြစ်ခံရနဲလားဆိုတဲ့သူတစ်ယောက်မှမပါဘူး
ကျုပ်တို့ကိုလာမေးကြည့်..ဆင်းရဲလွန်းလို့အသေတာခံမယ်..ကျုပ်သားသမီးမျိုးဆက်တွေ တရားဝင်စစ်ကျွန်ဖြစ်ဖို့တော့..မဲမပေးဘူး..ရွေးကောက်
ပွဲမဖြစ်စေချင်ဘူး..
LikeLike
ကိုကျော်ဝင်း
ခင်များဘာတွေစားရလို. ဘာတွေစားနေရလို.ရွေးကောက်ပွဲကိုလိုင်းတင်နေရတာလဲ၊ ခင်များ ဖွဲ.စည်းပုံအခြေခံဥပဒေကိုသေချာလေ.လာပီးပီလား၊ ဒီမိုကရေစီစနစ်နဲ.ကိုက်ညီရဲ.လား၊ ခင်များကိုယတိုင်က လက်မခံတဲ.သဘောထားရှိရင်တော.မတတ်နိုင်ဘူး
ဒါပေမဲ.တချိန်ကစစ်အာဏာရင်ကိုရွံမုန်းခဲ.တဲ.သူဘဲ၊ အခုလို စစ်ဘိနပ်အောက်မှာ သားစဉ်မျိုးဆက် အနင်းချေခံ၇မဲ.လုပ်ရပ်ထဲဘာလို.တွန်းပို.နေတာလဲ
ဒီလမ်းမသွားရင်ဘယ်လမ်းသွားမလဲလို.ခင်များမေးတယ်နော်၊ ကိုယ်.ကိုဝါးမျိုမယ်.ခံတွင်းထဲဝင်ချင် ခင်များဘာသာဝင်ပါ၊ ကလောင်ကိုင်ခွင်.၇တာနဲ.လူထုမျက်စိလည်အောင်မလုပ်ပါနဲ.၊ အာဏာရူးတဲ. ဖျာခင်းချင်တု.လူတွေကတော. တချိန်မှာပင်ယူမယ်တဲ.၊ ၇မယ် နောင်ဘုရားပွင်.မှ၊ ဘယ်.နှယ်ဗျာ ထောက်ခံမဲ 75% ရမှတဲ.။စိတ်ကူးမယဉ်နဲ. 60% ရအောင်တောင်စဉ်းစားကြည်.ဦး၊ စစ်အုပ်စုက အပိုင်လုပ်ထားတာ မမျင်တာ အံ့သြတယ်
ကဲပါ၊ ရွေးကေက်ပွဲပီးတော.ကော ဘယ်တော.အာဏာလွဲမှာလဲ၊ ကိုယ်စီးမယ်.အကောင်က နွားလား လား လားမသိဘဲအတော်စီးချင်နေကြတာ၊ တခါစားဘူးထားတာတောင်မမှတ်ကြဘူး၊ စစ်အစိုးရကိုတရားဝင်ဖစ်အောင်လပ်နေတဲ. စစ်အုပ်စုရဲ. အုစုပ်များ၊ သမိုင်းတရားခံများ
LikeLike