ဆောင်းပါး, နိုင်ငံရေး

မြန်မာနိုင်ငံနဲ့ စကားပြောကြပါစို့


မြန်မာနိုင်ငံနဲ့ စကားပြောကြပါစို့

မင်းညိုစံ

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၃) တွင်ဖော်ပြထားတဲ့ ဦးသန့်မြင့်ဦးရဲ့ (Let’s talk to Burma. China sure is) ဆောင်းပါးကို ဆရာမင်းညိုစံ ဘာသာပြန်ရေးသားထားတဲ့ “မြန်မာနိုင်ငံနဲ့စကားပြောကြပါစို့” နဲ့ပတ်သက်ပြီး အမြင်သဘောထားတွေလည်း အမျိုးမျိုးကွဲလွဲနိုင်တာ ကြောင့် ကျွန်တော့်ဘလော့ခ်ကနေ တင်ပြပေးလိုက်ရပါတယ်။ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် နှစ်ဦးဖြစ်တဲ့ ဦးသန့်မြင့်ဦး၊ ဆရာမင်းညိုစံနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ် အယ်ဒီတာတို့ရဲ့ သဘော ထားမြင်တွေသာ ဖြစ်ပါတယ်။

ယခုဆောင်းပါးသည် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသည့် သြဇာကြီး ၀ါရှင်တန်ပို့စ်သတင်းစာ တွင် ဒေါက်တာသန့်မြင့်ဦး ရေးသားခဲ့သည့် Let’s talk to Burma. China sure is ကို တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးသည် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့့််၏ မြေးဖြစ်ပြီး နာမည်ကျော် ဟားဗတ်တက္ကသိုလ်၊ ကင်းဘရစ်ခ်ျ တက္ကသိုလ်တို့တွင် ကျင်လည်ခဲ့သူဖြစ်သည်။

နှစ်နှစ်ဆယ်ကြာ အရေးယူပိတ်ဆို့တာတွေ၊ မြန်မာတပ်မတော်အစိုးရ ကို ဆုံးမသြ၀ါဒပေးတာတွေဟာ အောင်မြင်မှုမရခဲ့ပါဘူး။ အနောက် ကမ္ဘာအနေနဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာဆက်ဆံရေးတွေ ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။ ‘ဒီလိုမလုပ်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလက်ဝေခံ နောက်လိုက်အဖြစ် နောက်ပြန်လှည့်မရအောင် မြန်မြန်ဆန်ဆန်နဲ့ သက်ဆင်းသွားမှာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားတိုးမပေါက် တဲ့ သင်္ကေတအဖြစ်ယခင်အပတ်က အတိုက်အခံခေါင်းဆောင်နဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ စတုတ္ထအကြိမ် မြောက် အကျယ်ချုပ်နဲ့ထားရှိခဲ့တယ်။ ‘ဒီမိုကရေစီအသွင်ပြောင်းမှု ကိုလည်း မမြင်ရသေးပါဘူး။

ကျွန်တော့်ကို ၁၉၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ မြန်မာမိဘနှစ်ဦးကနေ ဖွားမြင်ခဲ့ပါတယ်။ ကျွန်တော့်အဘိုး ဦးသန့်ဟာ အဲဒီအချိန်တုန်းက ကုလသမဂ္ဂရဲ့ တတိယမြောက်အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေခဲ့တာပါ။ အဘိုးဈာပနကနေ စတင်ဖြစ်ပွားတဲ့ သွေးထွက်သံယို မငြိမ်မသက် ဖြစ်မှုကိုနှိမ်နင်းတာကို ကျွန်တော့် အသက် ၈ နှစ်အရွယ်လောက်မှာတင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ ၁၉၈၉ ခုနှစ် ကောလိပ်အပြီးမှာ ထိုင်းနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အလုပ်လုပ်ရင်း ပထမဆုံးအသုတ်အနေနဲ့ ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ကြိုးစားရင်း ကျွန်တော် တစ်နှစ်လောက်ကြာခဲ့တယ်။ မအောင်မြင်တဲ့ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုမှာထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားပြီးစအချိန်ပါ။ နောက်ပိုင်းမှာ ၀ါရှင်တန်မှာ လွှတ်တော်အမတ်တွေနဲ့ တခြားသူတွေကို အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေဟာ အာဏာရှင်စနစ်ကို ဖြိုချဖို့ အကောင်းဆုံးနည်းလို့ ကျွန်တော် အကျိုး အကြောင်း ပြောခဲ့တယ်။ အဲဒီလို အဆိုပြုရတာ လွယ်တယ်။ ၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ မြန်မာနိုင်ငံကို ပေးနေတဲ့ အနောက်နိုင်ငံအကူအညီတွေ အားလုံးရပ်တန့်သွားခဲ့ပါပြီ။ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ကနေတစ်ဆင့်ရနေတဲ့ ဖွံ့ဖြိုးရေးအကူအညီအားလုံး ပိတ်ဆို့ခံလိုက်ရတယ်။ နောက်ဆယ်စုနှစ်တစ်စု လည်းကြာရော အရေးယူပိတ်ဆို့မှုတွေ၊ သပိတ်မှောက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပတို့နဲ့စီးပွားရေး အဆက်အသွယ်တွေ အားလုံးနီးနီးကို ဖြတ်တောက်ပစ်လိုက်တယ်။ အကြီးတန်းမြန်မာအစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ကလေး တွေ (ဒီပိတ်ဆို့မှုတွေဟာ ကလေးတွေကို ပစ်မှတ်ထားတဲ့ တစ်ခုတည်းသော နိုင်ငံတကာပိတ်ဆို့မှုတွေပါ) အနောက်နိုင်ငံ တွေကိုခရီးသွားခွင့်မရတော့ဘူး။

TMO-001ဒါပေမဲ့ အစိုးရဟာ ဆက်လက်ရှင်သန်ရုံမကဘဲ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်ဖို့ကြိုးစား လာတဲ့အခါမှာတော့ ကျွန်တော်သံသယ၀င်လာခဲ့တယ်။ အိမ်ရှေ့တံခါးက လုံးဝ ပိတ်နေတဲ့အချိန်မှာ အနောက်ကမ္ဘာဟာ ပွင့်ဟလာတဲ့အပေါက်ကို အသုံးချပြီး ပြုပြင်ပြောင်းလဲဖို့ နောက်ဖေးတံခါးတစ်ချပ်ကို ရှာသင့်တယ် လို့ ကျွန်တော်ခံစားမိတယ်။ ၂၀၀၆ ခုနှစ်မှာ ကျွန်တော် ရေးသားထုတ် ဝေခဲ့တဲ့ The River of Lost Footsteps လို့ အမည်ရတဲ့စာအုပ်ထဲမှာ အနောက်ကမ္ဘာရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲဖို့ ကျွန်တော် အကျိုး အကြောင်း ရှင်းပြခဲ့တယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခြင်း ဟာ မှန်ကန်တဲ့လမ်းကြောင်းလို့ ကျွန်တော်ယုံကြည်နေတုန်းပဲ။ မူဝါဒ ချမှတ်သူတွေ၊ သတင်းစာဆရာတွေ အများအပြားဟာ ခြုံငုံပြီးမမြင်ကြ သေးဘူး။

ဥပမာပြရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ်က လွတ်မြောက်ခါစဆိုတာ လူနည်းနည်းပဲ သတိပြုမိ ကြတယ်။ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းမှာ တစ်ဒါဇင်ကျော်ကျော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် တွေ ချုပ်ဆိုခဲ့ကြတာဟာ ခုန်ပျံတိုးတက်မှုကြီးဖြစ်ပေမယ့် အနောက်ကမ္ဘာမှာ လုံးဝ သတိမထား မိခဲ့ပါဘူး။ (ယနေ့အချိန်မှာ အပစ်အခတ်ရပ်စဲရေး ဆက်လက်တည်ရှိ နေပေမယ့် လုံးဝငြိမ်းချမ်းရေးတော့ မရှိသေးပါဘူး) ဆယ်စုနှစ်များစွာ စီးပွားရေးဆိုးဝါးမှုနဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ သပိတ်တွေနဲ့ အကူအညီ ဖြတ်တောက်မှုတွေ ကြောင့် တိုင်းပြည်မွဲပြာကျနေတာကိုလည်း ဂရုစိုက်ရကောင်းမှန်းသိတဲ့သူ များများမရှိလှဘူး။

TMO-002၁၉၉၁ ခုနှစ်မှာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင် ရာညွှန်ကြားရေးမှူးက မြန်မာနိုင်ငံရဲ့ ကလေးတွေမှာ အရေးပေါ်အခြေ အနေဆိုက်နေပါတယ်လို့ သတိပေးခဲ့ပြီး အကူအညီနောက် ထပ်ရဖို့ သင့်တော်တဲ့အစိုးရတက်တဲ့အချိန် အထိ မစောင့်နိုင်တော့ဘူးလို့ တောင်းဆိုခဲ့တယ်။ ‘ဒီလိုပြောပြီး ၁၈ နှစ်လောက် ကြာတဲ့အချိန်အထိ မြန်မာနိုင်ငံဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ရနေတဲ့ လူတစ် ဦးချင်းအကူအညီရဲ့ ဆယ်ပုံတစ်ပုံထက်တောင် နည်းတဲ့အကူအညီသာ ရနေတုန်းပဲ။ ကုသလို့ရနိုင်တဲ့ ရောဂါတွေကြောင့် လူသောင်းနဲ့ချီပြီး မသေသင့်ဘဲ သေနေကြရတယ်။

အရေးယူပိတ်ဆို့မှုတွေနဲ့ မာမာထန်ထန်စကားတွေကြောင့် နိုင်ငံရေး ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့ အထက်ပါစိန်ခေါ်မှုတွေကို လျစ်လျူရှု ထားကြတယ်။ ‘ဒါပေမဲ့ထင်သလို ဖြစ်မလာပါဘူး။ ဖြစ်မလာရခြင်းရဲ့ အကြောင်းတစ်ကြောင်းက ‘ဒီလိုပါ။ အာရှရဲ့ ဧရာမကြီးတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ ကြီးထွားလာတာ က မြန်မာနိုင်ငံကို ဘယ်လိုပုံပြောင်းသွားစေမယ်ဆိုတာ အရေးယူပိတ်ဆို့မှု တွေကို အားပေးမြှင့်တင်တဲ့သူတွေ မစဉ်းစားခဲ့ကြဘူး။ အမေရိကန် စီးပွားရေးလုပ် ငန်းတွေ ၁၉၉၀ အလယ်နှစ်ပိုင်းတွေမှာ ထွက်ခွာသွားကြ တော့ တရုတ်နဲ့ တခြားအာရှကုမ္ပဏီတွေ စုပြုံဝင်တိုးလာခဲ့တယ်။ ဒေါ်လာဘီလီယံ ရာဂဏန်းနဲ့ချီပြီးတန်တဲ့ သဘာဝ ဓာတ်ငွေ့တွေ မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တယ်၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ သတ္တုတူး ဖော်ရေး လုပ်ငန်းစီမံကိန်းတွေအများကြီး လက်မှတ်ရေးထိုးခဲ့တယ်။ မိုင်တစ်ထောင်ရှည်လျားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ နှစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံကိုဖြတ်သန်းသွားပြီး တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းပြည်နယ် တွေကို ပင်လယ်နဲ့ဆက်ပေးတော့မယ်။ အမေရိကန်ဦးဆောင်တဲ့ ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ ၁၉၉၀ နှောင်းပိုင်းနှစ်တွေမှာ အထည်ချုပ် လုပ်ငန်း ပြိုလဲလုလု အခြေကိုဆိုက်စေ ခဲ့တယ်။ သောင်းနဲ့ချီတဲ့ လူတွေအလုပ်ပြုတ်ကုန်တယ်။ အစိုးရအတွက်တော့ ဘာမှမဖြစ်လောက်ပါဘူး။

TMO-003ယနေ့မြန်မာနိုင်ငံမှာ စီးပွားရေး တစ်စစီပြိုကွဲမယ့် အန္တရာယ်လုံးဝမရှိပါဘူး။ အနောက်ကမ္ဘာရဲ့ မူဝါဒကြောင့် လစ်ဟာ သွားတဲ့ကွက်လပ်ကိုတော့ ၀င်ဖြည့်နေပါပြီ။ ၀ါရင့်ဗိုလ်ချုပ်ကြီးတွေ မကြာခင် အနားယူပြီး မျိုးဆက်သစ်တက်လာပါ တော့မယ်။ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ အနည်းဆုံးတပ်မတော်ခေါင်းဆောင်အချို့ရဲ့ ထောက်ခံမှုရမှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နေရာဆက်ခံဖို့ အလားအလာရှိသူတွေရဲ့အတွေးအမြင်တွေကို သြဇာသက်ရောက်ဖို့ ဘာမှ ကျွန်တော်တို့ မကြိုးစားခဲ့ဘူး။ နောင်လာမယ့် မျိုးဆက်တပ်မတော်အရာရှိတွေဟာ ဥရောပနဲ့ အမေရိကကိုလုံးဝမရောက်ဘူးတဲ့ ပထမဆုံးတပ်မတော်မျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်လေ့လာသုံးသပ်မယ်လို့ အိုဘားမားအစိုးရအဖွဲ့က အရင်နှစ် ဆောင်းရာသီက ကြေညာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုဟာ အရေးယူပိတ်ဆို့မှုအပေါ် ကာလကြာရှည်စွာ မှီခိုအားထားခဲ့တာကို ပြန်လည်စဉ်းစားပါစေလို့ ကျွန်တော်မျှော်လင့်နေမိတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ရုံတင်မကဘူး၊ ရည်ရွယ်တာနဲ့ ဆန့်ကျင်ဘက်ရလဒ်ကိုပါ ဖြစ်ပေါ်စေတယ်။ နိုင်ငံရဲ့အခြေအနေတွေကို ပုံဖော်ရာမှာ အခန်းကဏ္ဍတစ်ခုက ပါဝင်နိုင်မဲ့ အင်အားစုကြီးတစ်ရပ်ဖြစ်တဲ့ အမေရိကန်ပါဝါအပျော့ကို အရေးယူပိတ်ဆို့မှုတွေက ဖယ်ထုတ်လိုက်တာကိုး။ အာရှဟာ ဒီမိုကရေစီအဖြစ် အောင်မြင်တဲ့ အကူးအပြောင်း တွေကို ကြုံတွေ့ခဲ့ပြီးပေမယ့် အနောက်အင်အားကြီးနိုင်ငံတွေ၊ တွန်းအားပေးရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မယ်လို့ ထင်နေတဲ့အရေးယူပိတ်ဆို့မှုမျိုးတွေကြောင့် ‘ဒီမိုကရေစီ ဖြစ်ထွန်းခဲ့တာတော့ မရှိပါဘူး။

ထိတွေ့ဆက်ဆံတယ်ဆိုတာ ပြောနေရုံနဲ့မပြီးပါဘူး။ ပါဝင်ပတ်သက်နေတဲ့အင်အားစုတွေနဲ့ ဆက်ဆံပြီး တံခါးဝမှာ ခြေတစ် ဖက်ရပ်နိုင်ဖို့၊ လက်တွေ့အကောင်အထည်ဖော်ဖို့တွေ၊ အထူးသဖြင့် မြန်မာလူထုနဲ့ စီးပွားရေးအဆက်အသွယ်တွေ ကနေတစ်ဆင့်မှ ထိတွေ့ဆက်ဆံတာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီကိုအလိုအလျောက် ဖော်ဆောင်နိုင်မယ် ဆိုတဲ့ အယူအဆအပေါ်မှာလည်း ထိတွေ့ဆက်ဆံမှုက အခြေခံမထားပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ဝေဒနာတွေကို ပြိုင်တူကုစားမှရမှာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေကြောင့် အမေရိကနဲ့ ကမ္ဘာအနှံ့မှာ အတော်များများကတော့ ဒေါသအမျက်ထွက်ကြပြန်ပါပြီ။ စိတ်ကူးသစ်၊ အတွေးအခေါ်သစ်တွေမရှိဘဲနဲ့တော့ နောက်ထပ်နှစ် ၂၀လောက် အချိန်တွေ ကုန်သွားဦးမယ်၊ ကြွယ်ဝတဲ့ အောင်မြင်တဲ့ဒီမိုကရက်တစ် မြန်မာနိုင်ငံဆိုတဲ့ အိပ်မက်ကလည်း ပိုတောင်ဝေးလို့ သွားလိမ့်ဦးမယ်။

မင်းညိုစံ

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၃) တွင်ဖော်ပြထားတဲ့ ဦးသန့်မြင့်ဦးရဲ့ (Let’s talk to Burma. China sure is) ဆောင်းပါးကို ဆရာမင်းညိုစံ ဘာသာပြန်ရေးသားထားတဲ့ “မြန်မာနိုင်ငံနဲ့စကားပြောကြပါစို့” နဲ့ပတ်သက်ပြီး အမြင်သဘောထားတွေလည်း အမျိုးမျိုးကွဲလွဲနိုင်တာ ကြောင့် ကျွန်တော်ဘလော့ခ်ကနေ ပြန်တင်ပေးလိုက်ရပါတယ်။ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် နှစ်ဦးဖြစ်တဲ့ ဦးသန့်မြင့်ဦး၊ ဆရာမင်းညိုစံနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ် အယ်ဒီတာတွေရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: