စာနယ်ဇင်း, ဆောင်းပါး, နိုင်ငံရေး

ကျွန်တော်တို့ဟာ ကျဆုံးခဲ့ကြသူုတွေအတွက် တာဝန်ကျေးပွန်သူတွေ ဖြစ်ရမယ်


ကျွန်တော်တို့ဟာ ကျဆုံးခဲ့ကြသူုတွေအတွက် တာဝန်ကျေးပွန်သူတွေဖြစ်ရမယ်

အံ့ဘုန်းမြတ်

(ကျွန်တော် ဒီပိုစ်လေးကို စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်တုန်းက ရေးသားခဲ့မိတာပါ။ အဲ့ဒီတုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ကလောင်နာမည်အရင်းကို မသုံးဖြစ်ခဲ့ပဲ “မင်းထက်ဘုန်းမြတ်” ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးပြီး MHT ဘလော့ခ် http://www.myanmarht.co.cc မှာ တင်ဖြစ်ခဲ့ပါတယ်။ အခုတော့ လွတ်မြောက်နယ်မြေနယ်ကို ရောက်နေ လိုလား။ ဒါမှမဟုတ် ယုံကြည်ချက်တွေပဲ  ပိုပြင်းလာတာလားကြောင့်လားတော့ မပြောတက်တော့ပါ။  ဒီပိုစ်လေးကို ကလောင်နာမည်အရင်းနဲ့ ပြန်တင်ချင်စိတ်ပေါ်လာတာကြောင့် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးအမှတ်တရ အနေနဲ့ ပြန်တင်လိုက်ရပါတယ်။)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ တစ်မျိုးသားလုံးရဲ့ လူ့အခွင့်အရေးတို့အတွက် ရဟန်းသံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေလုပ်ဆောင်ပေးဖို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြနေခဲ့ကြတာ သုံးရက်မြောက်နေ့ စက်တင်ဘာ (၂၅) ရက်နေ့ကို ရောက်လိုလာပါပြီ။ ဆန္ဒပြပွဲမှာပါဝင်နေတဲ့ လူအားလုံးရဲ့ မျက်နှာတွေပေါ်မှာ တိုင်ပြည်အတွက် တာဝန်ကျေပွန်သူတွေအဖြစ် မျှော်လင့်ချက်တွေနဲ့ အပြုံးတွေက ပီတိကိုဖြစ်ပေါ်စေသလို ရန်ကုန်တစ်မြို့လုံးကိုပင် ခြေလျှင်လျှောက်နိုင်လောက်တဲ့အထိ ခွန်အားတွေကို ပေးစွမ်းစေခဲ့တာဟာ စက်တင်ဘာလှုပ်ရှားမှုအတွင်း မပါဝင်ခဲ့ဘူးတဲ့ ဘယ်မြန်မာမှသိရှိနိုင်မှာမဟုတ်ပါဘူး။

တစ်ဆယ့်ကိုးနှစ်လုံးလုံး ကိုလိုနီခေတ်ဆိုးတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အညွန့်မထွက်နိုင်အောင်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအကြားမှာ အဆင်းရဲဆုံးတိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ရပြီး နိမ့်ကျတဲ့စီးပွား၊ ရေးလူမှုရေးတွေနဲ့ ပညာရေးတွေကြောင့် မြန်မာဆိုရင် တစ်ကမ္ဘာလုံးက နှာခေါင်းရှုံခံရတဲ့ဘ၀ကို လွန်မြောက်နိုင်ကြလိမ့်မယ်လို့ ဒီလှုပ်ရှားမှု အတွင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေအကုန်လုံးက မျှော်လင့်နေခဲ့ကြပါတယ်။

SETEMBER REVOLUTION

ဘယ်အစိုးရရုံးတွေမှာမဆို လဒ်ပေးလဒ်ယူမှုတွေများနေတာ။ စီးပွားရေးမကောင်းတဲ့အတွက် ဘတ်စ်ကားမှတ်တိုင်တွေမှာ ပြည့်တန်ဆာမိန်းကလေးတွေအများအပြားရှိနေတာ။ စာသင်ခန်းထဲမှာရှိနေရမယ့်ကလေးတွေနဲ့ ဘ၀လုံလုံခြုံခြုံရှိနေရမယ့် သက်ကြီးရွယ်အိုအများအပြား လမ်းမတွေနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်နေကြရတာ။ ကုန်ဈေးနှုန်းအစမတန် ကြီးမြင့်မှုတွေကြောင့် ပြည်သူတရပ်လုံးစီးပွားရေးအဆင်မပြေကြတော့ဘဲ ရဟန်းသံဃာတော်တွေကိုတောင် ဆွမ်းမလောင်း လှူနိုင်တဲ့အခြေအနေ စတဲ့စတဲ့အခြေအနေတွေမှာ ပြည်သူအားလုံးက သူတို့အခွင့်အရေးနဲ့ သူတို့မျှော်လင့်ချက်တို့အတွက် သူတို့ကိုးကွယ်ယုံကြည်ရာ သံဃာတော်တွေရဲ့ ဦးဆောင်မှုတွေနဲ့အတူ လမ်းမတွေပေါ်ထွက်လာခဲ့ကြပြီး အခွင့်အရေး အားလုံးအတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ပြည်သူဆန္ဒပြည့်ဝပါစေ….”

“ဒို့ မေတ္တာစွမ်း… ကမ္ဘာလွှမ်း.. အေးချမ်းကြပါစေ…”

“လူအချင်းချင်းလှည့်ပတ် ခြင်း… ကင်းရှင်းကြပါစေ…” စတဲ့ ဆုတောင်းသံတွေကြားမှာ နအဖအစိုးရကို ဆင်းပေးဖို့ တစ်ခုမှ မတောင်းဆိုခဲ့ကြပါဘူး။ ဒီဆုတောင်း မေတ္တာပို့သံတွေကြားထဲမှာ မြန်မာပြည်သူတွေရဲ့ ခံစာချက်တွေကို အပြည့်အ၀ ပေါ်လွင်နေစေတယ်ဆိုတာ စက်တင်ဘာလှုပ်ရှားမှုအတွင်းက ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်က ဘယ်ပြည်သူရဲ့ မျက်နှာကို ကြည့်ကြည့် ပေါ်လွင်နေစေခဲ့ပါတယ်။

စက်တင်ဘာလှုပ်ရှားမှုအတွင်း ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အရေးအတွက် မျှော်လင့်ချက်တွေ အများကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။ ပြည်ပမှာရှိနေတဲ့ အဝေးရောက်ညွှန်ပေါင်းအစိုးရ၊ ဒါမှမဟုတ် မြန်မာ့ဒီမို ကရေစီရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ၀င်ရောက်လာပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်ကြ လိမ့်မယ်လိုပေါ့…။

စက်တင်ဘ (၂၅) ရက်နေ့ အင်္ဂါနေ့.. ညနေအိမ်ပြန်တဲ့လမ်းမှာ နအဖအာဏာပိုင်တွေ ကာဖြူးအမိန်ထုတ် လိုက်ပါတယ်။ အင်တာနက် ဆိုင်တွေမှာ ကွန်နက်ရှင်တွေပျက်တောက်သွားပါပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့သိချင်နေတဲ့ သတင်းအချက်အလက် တွေကို ပြည်ပအခြေဆိုက်ထုတ်လွှင့်နေတဲ့ ရေဒီယိုလိုင်းတွေကိုပဲအားကိုးပြီး ဂရုတစိုက်နားထောင်နေရပါတယ်။ မြန်မာ့အရေး နဲ့ပတ်သက်လို ဘယ်သူတွေများ ကြားဝင်ဖြေရှင်ပေးမလဲဆိုတာကိုပါ။ ပြည်ပမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေထုတ်လွှင့်ပြီး နအဖအစိုးရဆင်းပေးဖို့ပဲ ပြောနေကြတာကို ကျွန်တော်တို့ကြားနေရတယ်။ ဒီလိုသာ သူတို့ပြောတိုင်း နအဖဆင်းပေးသွားရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမယ့်…..

စက်တင်ဘာလ (၂၆) ရက် ဗုဒဟူးနေ…. ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့တော့မယ့် နေ့ရက်တွေထဲက တစ်ရက်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဆယ့်ကိုးနှစ်မှာ ဒုတိယအကြိမ်ပြန်လည်ထွက်ပေါ်လာတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကို ရိုက်ချိုးခံလိုက်ရတဲ့နေပါ။ ဒီနေ့နံနက်ပိုင်း နေအိမ်ရှိရာ ကမာရွတ်ကနေ မြိုထဲကို သွားတဲ့လမ်းမှာ အာဏာပိုင်တွေရဲ့ လက်ကိုင်ဒုတ်တွေက ချောဆွဲထားတဲ့ ကားတွေပေါ် အသံချဲစက်တွေတပ်ဆင်ပြီး အရပ်ဝတ်နဲ့ ဒုတ် ခဲစတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားတဲ့လူတစ်အုပ်နဲ့အတူ ပြည်သူတွေအနေနဲ့ ဆန္ဒပြမှုမှာ မပါဝင်ကြဖို့ အမိန့်ထုတ်တဲ့အနေနဲ့ လိုက်အော် နေတဲ့သံတွေကို ဘစ်ကားကြပ်ကြပ်ပေါ်ကနေ ကြားခဲ့ရတယ်။ ဒီအချိန် ကျွန်တော့် စိတ်ထဲမှာတော့ တစ်မျိုးခံစားလိုက်ရတယ်။ နအဖအနေနဲ့ မမိုက်ရိုင်းလောက်ပါဘူးလို့ပဲ စိတ်ထဲက ထင်ထားခဲ့မိပါ တယ်။ ဒီလိုနဲ့ နေလယ် (၁၁) နာရီအချိန်မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းနဲ့အတူ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် မီးပွိုင့်မှာဆုံမိကြပြီး အခြားသူငယ်ချင်းတွေ အလာကို စောင့်နေကြပါတယ်။ ကျွန်တော်တို့ ဖုန်းကို ဗဟန်းသုံးလမ်းမှာရောက်နေတဲ့သူငယ်ချင်းက လှမ်းဆက်လာပါတယ်။ အဲ့ဒီမှာတော့ အခြေအနေမကောင်းဘူး။ သံဃာတော်တွေကိုရိုက်တယ်။ ဖမ်းတယ်။ ပစ်တယ်ဆိုတဲ့သတင်းတွေကို ကျွန်တော်တို့ကြားလိုက်ရတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလိုလိုတွေးထားကြတာက…

“နအဖစစ်တပ်က ပစ်ခတ်နှိုမ်နင်းတိုင်း ဒို့တော်လှန်ရေးကြီးက ပြီးသွားရမှာလား…။ ပြီးမသွားစေရဘူး။ စစ်တပ် ကပစ်လို့ ဒီနေရာမှာတင် ကျွန်တော်သေချင်သေသွားပါ့စေ။ ပြုပင်ပြောင်းလဲရေးသားဖြစ်မယ်ဆို ကျွန်တော်သေသွားရဲတယ်။ ကျွန်တော်လိုပဲ လမ်းနဲ့အပြည့်ဖြစ်နေတဲ့သူတွေ အားလုံးလဲ သေရဲကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်သား၊ ကိုယ့်မြေး၊ ကိုယ့်မြစ်တွေ ကိုယ်တွေ့ကြုံနေရတဲ့ခံစားချက်မျိုးကို မခံစား စေချင်တော့တဲ့အတွက်ပါ။”

ကျွန်တော်တို့ သာသနာ့အလံနဲ့ ဒေါင်းအလံကို ဆူးလေးမီးပွိုင့်ကနေ စောင့်မျှော်နေကြပါတယ်။ မိုးတွေလည်း အုံမှိုင်းလို့လာသလို ကျွန်တော်တို့လို စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများသတဲ့များပြားလို့လာပါပြီ။ ဆူးလေလမ်းမကြီးလည်းအပြည့် အနော်ရထာလမ်းမကြီးလည်းအပြည့်ပါ။ တစ်ဖက်ခြမ်းမှာတော့ လမ်းကို သံစူးကြိုးတွေနဲ့ ပိတ်ကာလျှက် စစ်သား၊ ရဲသားတွေက တစ်ဖက်။ ဘုရားသားနဲ့ ကျွန်တော်တို့လိုကျောင်းသားတွေက တစ်ဖက် အားချင်းတော့ပြိုင်နေကြပါပြီ။ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အမှန်တရား၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတို့အတွက် အင်အားကပိုများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီမိုကရေစီအရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုနေကြတာဖြစ်တဲ့အတွက် ပြန်ခုခံဖို့ အပ်တိုတစ်ချောင်းတောင် ယူဆောင်လာကြဖို့ မေ့ခဲ့ကြပါတယ်။ ဒါဟာ ဒီမိုကရေစီလှုပ်ရှားမှုတိုင်းရဲ့ အားနည်းချက်ဖြစ်ပါမယ်။

ကျွန်တော်တို့ဟာ ဒီမိုကရေစီအတွက်  စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြရတာဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတောင်းဆိုနေလိုမရပါဘူးဒါဟာ နောက်နောင်ပေါ်ပေါက်လာမယ့် ကျွန်တော်တို့ တော်လှန်ရေးတွေအတွက် သင်ခန်းစာတစ်ခုပါ။

ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေရဲ့ မေတ္တာပို့သံ၊ ဆုတောင်းသံတွေဟာ ဆူးလေလမ်းမတလျှောက် မိုးလုံးဟိန်းညံညံ စည်လျှက်ရှိနေပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ မေတ္တာပို့သံတွေကြောင့်ပဲလား တော့မပြောတက်ပါ။ မိုးကြိုးတစ်ချက် ပစ်ချလိုက်တာကို ကျွန်တော်ကြားမိလိုက်တယ်။ ကျွန်တော်တို့ပြည်သူတွေမှာ ဘာလက်နက်မှ မရှိပေမယ့် ကံကြမာက ကျွန်တော်တို့ဘက်မှာ ရပ်တည် နေတယ်လို့ ကျွန်တော်တို့အားလုံး တွေးထင်လိုက်ကြပါတယ်။

ဒီအချိန်မှာ ဒေါသစိတ်နဲ့ ခံပြင်စိတ်ကို မထိန်းနိုင်ကြတဲ့သူအချို့က ဆဲဆိုကြိမ်းမောင်းတာတွေ…ခဲနဲ့ လှမ်းပြစ် တာမျိုးတွေရှိတော့… စစ်ခွေးတို့အတွက် အကြောင်းပြချက်ရပြီး ပစ်ခတ်နှိုမ်နင်းတဲ့အထိရောက်ခဲ့ရတယ်။ ဒါဟာလည်း ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုပါပဲ။ နောက်နောင်ပေါ်ပေါက်လာမယ့် တော်လှန်ရေးတွေမှာ ကျွန်တော်တို့ ဒါမျိုးမလုပ်သင့်ဘူး ထင်မိတယ်။ ဒါပေမယ့်လည်း ဒါက ချွင်းချက်အနေနဲ့ပါ။

ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဦးနုရေးတဲ့ ဒီမိုက ရေစီကာကွယ်ကြဆိုတဲ့စာအုပ်ထဲမှာ သူပြောဘူးတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ပါးကိုလာရိုက်ရင် နောက်တစ်ဖက် ပါ ရိုက်ပါလို့ လှည့်ပေးနိုင်ရမယ်လို့ သူပြောခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ စစ်အုပ်ချုပ်ရေးမှာတော့ ဒါဟာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ကျွန်တော်တို့ အရိုက်ခံဖို့လှည်ပေးခဲ့ရတာ နေရာတောင် မကျန်တော့ဘူးဆိုတာ ကျွန်တော်တို့လို ခံစားနေကြရတဲ့ ပြည်သူတွေလောက် ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။

ပထမဆုံး ကြည်ဆယ်တောင့်လောက်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ ဆန္ဒပြဆုတောင်းနေတဲ့ လူအုပ်ကြီးစပြီး ကဆင့်ကလျားဖြစ်သွားတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ပြင်းထန်တဲ့သူဖြစ်ပါ့စေ။ သေနက်နဲ့ပစ်ခတ်တာကိုတော့ မကြောက်ပဲဆက်မနေရဲကြတော့ဘူးပေါ့။ ကျွန်တော့်ရှေ့က လူအုပ်ကြီး ကျွန်တော်ဆီကို ပြိုကျလာတော့ သူတို့နဲ့အတူ အလိုက်သင့်ပြေးရုံမှတပါး အခြားရွေးစရာမရှိတော့ပါ။ မပြေးပဲသာရပ်နေမယ်ဆိုရင် ကျွန်တော် လူအနင်းခံရတာနဲ့ နေရာမှာတင်ပွဲချင်းပြီးသွားနိုင်ပါတယ်။ ကျွန်တော် ပြေးလိုက်တာ မှန်တယ်လို ပြောရမှာပါ။ ကျွန်တော်လည်း MOON BAKERY ရှေ့ရောက်တော့ သေနက်ပစ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့အသံမဟုတ်တော့ပဲ ကျွန်တော့်နောက် ကြောဘက်နေ ကျွန်တော့်အရှေ့အထိကို သွားတဲ့အသံမျိုးတွေဖြစ်လာတယ်။ ဒီကောင်တွေ လူအုပ်ထဲကိုပစ်ပြီဆိုတာ ကျွန်တော်သိလိုက် ရတယ်။ ကျွန်တော် နောက်ကိုလှည့်ကြည့်လိုက်တယ်။ ခုနကပစ်ချလိုက်တဲ့ သေနက်ပစ်သံကြောင့် လေးငါးဆယ်ယောက် လဲကျသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘာမှ မတက်နိုင်ပါ။ သူတို့ကို ပြန်သွားထူဖို့ထက် အဲ့ဒီတုန်း ကအတွေ့အကြုံကို ဒီလိုစာပြန်ရေးနိုင်ဖို့အတွက် ကျွန်တော်အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးခဲ့ရတာကို ဘယ်သူ့မှ ကျွန်တော်ကို ညံ့တယ်လို ပြောကြမယ်မထင်ပါဘူး။

ဒီအချိန်မှာ ကျွန်တော့် သွေးတွေဆူပွက်လိုနေတယ်။ နှလုံးခုန်သံလည်း တော်တော်မြန်နေပါပြီ ဆူးလေဘုရားလမ်း အထက် တစ်ဘလောက်လုံးမှာ ပုံးကွယ်စရာမရှိ။ ကားအောက်ပြေးဝင်ရင် မ၀င်ရင် ဆက်ပြေးရုံပဲရှိတော့တယ်။ တော်ပါသေးတယ်။ အဲ့ဒီနေ့က ကျောက်တံတားရဲစခန်းက သဘောကောင်းပေလို့။ အဲ့ဒီကနေသာ ထပ်ပြီးပစ် ပြစ်ဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ စက်တင်ဘာတော်လှန် ရေးမှာ စတေးခံရမယ့်သူတွေ ပိုများသွားနိုင်ပါတယ်။

ကျွန်တော် နောက်လှည့်ကြည့် လှည့်ကြည့်နဲ့ပြေးတယ်။ ခုနက ဆုတောင်းဆန္ဒပြနေကြတဲ့သူတွေအားလုံးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောက်ရွံခြင်းတွေအပြည်နဲ့ပါ။ သူတို့မှာ အားကိုးရာမရှိတော့ပါဘူး။ သူတို့သက်ဝင်ယုံကြည်တဲ့ ကံ ကံရဲ့အကြိုးကို သူတို့ဘယ်လိုက်ရှာလို့ ရှာမှန်းမသိတော့ပါဘူး။ သူတို့တတွေရဲ့ ရှေ့မှာတင် သံဃာတော်အချို့ လဲကျသွားခဲ့တယ်။ ဒါဟာ ကံ ကံရဲ့အကြိုးလား။ လူတွေလုပ်နေကြတာလားဆိုတာ အဖြေကရှင်းနေပါတယ်။ ပြည်သူ အားလုံးရဲ့ စိတ်ဓာတ်ထဲမှာတော့ ဒီအဖြစ်အပျက်တွေဟာ သံမှိုစွဲသလို ကျွန်တော်နိုင်ငံရဲ့ အမှန်အကန်သမိုင်းထဲမှာ ထပ်ကြပ်မကွာပါသွားမှာ သေခြာပါတယ်။ စက်တင်ဘာလှုပ်ရှားမှုကနေ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးအတွက် မျိုးဆက်တစ်ဆက်ကို မွေးထုတ်ပေး လိုက်ပြန်ပါတယ်။ အဲ့ဒါတော့ သုံညမျိုးဆက်လို့ခေါ်ရမယ့် ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ကြတဲ့သူတွေပါ။ သူတို့မှာ မတူညီကွဲပြားခြားနားတဲ့ခံစားချက်ကိုယ်စီနဲ့ ဘ၀နေထိုင်မှုဟန်ပန် တွေရှိကြပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ဘယ်တော့မှ စိတ်မကုန်တက်ကြတဲ့ လူငယ်တွေ။ ဇွဲရှိရှိနဲ့ အချိန်ကိုစောင့်ဆိုင်းပြီး တော်လှန်ယူမယ်သူတွေကို မွေးထုတ်နိုင် ခဲ့ပြန်တာပါ။ ဒါဟာ သမိုင်းတစ်ပတ်လည်တာလို့ ကျွန်တော်ပြောချင်ပါတယ်။ သူတို့ဟာ နိုင်ငံရေးမင်းသားတွေမဖြစ်ချင် ကြပါဘူး။ သာမန်ပြည်သူတွေလို နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်တယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်နေတယ်။ ဖြစ်နိုင်သမျှ ကင်းကင်းနေချင်ကြတဲ့စိတ်ဓာတ်ရှိကြတဲ့သူတို့တွေ… စက်တင်ဘာ တော်လှန်ရေးမှာ ဒေါင်းအလန်မရှိတဲ့အခါ အင်္ကျီအနီရောင်ကိုချွတ်ပြီး အလံလုပ်ချီတက်ခဲ့ကြတာ…. သူတို့မျက်နှာကို နောက်လူတွေသင်ကြားရမယ့် သမိုင်းစာအုပ်မှာ ပါချင်လွန်လို့လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ကိုယ့်ဘ၀အတွက်.. ကိုယ့်မျှော် လင့်ချက်အတွက်… ကိုယ့်အမျိုးသားထုအတွက်.. ကိုယ့်အနာဂတ်အတွက်… ကိုယ့်မျိုးဆက်အတွက် လုပ်ဆောင်ခဲ့ကြတာပါ။

စက်တင်ဘာလ (၂၆. ၂၇ . ၂၈) ရန်ကုန်တစ်မြို့လုံး ကမ္ဘာပျက်နေသလိုပါပဲ။ လမ်းလျှောက်နေတဲ့သူ အင်္ကျီအနီ ရောင်ဒါမှမဟုတ် အနက်ရောင်ဝတ်ထားရင် တွေ့သမျှကို ရိုက်နှက်ကားပေါ်တင်ပြီး စစ်ဆေးခံနေရတဲ့ နေရက်တွေကို အားလုံးဖြတ်သန်းနေကြရတယ်။ လူငယ်တွေလမ်းပေါ်မထွက်ရဲလောက်အောက်အထိပါပဲ။ လက်ဘက် ရည်ဆိုင်ထဲ ၀င်ဆွဲတယ်။ ဆံပင်ညှပ်ဆိုင်ထဲဝင်ဆွဲ… အကုန်အကုန်ပါပဲ။

သတင်းတွေအရတော့ စက်တင်ဘာလှုပ်ရှားမှုအတွင်းမှာ သံဃာတော်တော်တွေ နဲ့ကျောင်းသားတွေတော် တော်များများ စတေးခံလိုက်ရတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်။ ရေဝေးသုသာန်မှာ မသေမရှင်ဖြစ်နေတဲ့သူတွေကို မီးရှို့ပြီးအလောင်း ဖျောက်ပစ်တယ်လို့ ကျွန်တော်တို့ကြားရတယ်။ သွေးပျက်မတက်ပါဘဲ။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးတို့အတွက် ဆင်နွဲခဲ့ကြတဲ့ လူထုလှုပ်ရှားမှုဟာ စစ်တပ်ရဲ့ သေနက်ပြောင်းဝမှာ အရေးနိမ်ခဲ့ကြရပါပြီ။ တော်လှန်ရေး ကာလအတွင်းမှာ ကျွန်တော်နဲ့ လူအုပ်ကြားထဲမှာ ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းအချို့ကို လူထုလှုပ်ရှားမှုပြီးတဲ့အချိန်တွေမှာ ပြန်မြင်ရဖို့ အခုအချိန်ထိမျှော်လင့်နေခဲ့မိတယ်။ ဒါပေမယ့် သူတို့ကို ပြန်မတွေ့ရတော့ဘူး။ သူတို့ဟာ တော်လှန်ရေး အတွင်းမှာပဲစတေးခံသွားကြရပြီလား။ ဒါမှမဟုတ် ဘာတွေများဖြစ်ကုန်ကြပြီလဲဆိုတာ ကျွန်တော်မတွေးတက်ပါ။

ကျွန်တော် မှတ်မိနေပါသေးတယ်။ ကျွန်တော်ထက် အသက်လေးငါးနှစ်လောက် ငယ်မယ်ထင်ရတဲ့ ညီငယ်တစ်ယောက် သူ့နာမည် ကိုတော့ ကျွန်တော်မသိခဲ့ရပါ။ သူက တညင်ကဆိုတာတော့ သိခဲ့ရတယ်။ သူဟာ စက်တင်ဘာတော်လှန်ရေး ကာလအတွင်းမှာ ရန်ကုန်ကိုလာပြီး ဒီမိုကရေစီရေးအတွက်တောင်းဆိုဖို့ ပိုက်ဆံမရှိလို့ သူကျောင်းတက်ရင်း အသုံးပြုတဲ့ ထမင်းချိုင့်လေးကိုပေါင်ပြီး ရန်ကုန်ကိုရောက်အောင်လာပြီး သူ့အခွင့်အရေး… တစ်မျိုးသားလုံးအရေးအတွက် တောင်းဆိုခဲ့တာပါ။ နောက်တစ်နေ့မှာ ကျွန်တော်တို့ ဆူးလေဘုရားလမ်းမှာ ဆုံဖို့ချိန်းခဲ့ကြပေမယ့် အဲ့ဒီနေ့က သူဆူးလေကို ရောက်မလာနိုင်ခဲ့ရှာပါဘူး။ ရောက်ချင်လည်း ရောက်ချင်လည်းရောက်လာပါလိမ့်မယ်။ နောက်တစ်နေ့ကစပြီး သူတို့အဖွဲ့ကို လုံးဝမတွေ့ရတော့ပါဘူး။ သူတို့လည်း တော်လှန်ရေးအတွင်း စတေးခံမြေသြဇာသက်သက်များဖြစ်သွားပြီလားတွေးရင်း ကျွန်တော် သူတို့လိုသူငယ်ချင်းတွေအတွက် တာဝန်မကြေပွန်တဲ့သူတစ်ယောက်ဖြစ်နေမှာကို စိုးရိမ်မိတယ်။ သူတို့သာ တော်လှန်ရေးကာလအတွင်း တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုပါက ကျွန်တော်တို့အတူတူဆင်နွဲခဲ့ကြတဲ့ အရေးတော်ပုံမပြီးဆုံးမချင်း မအောင်မြင်မချင်း ကျွန်တော်တာဝန်မကြေသူတစ်ယောက်ပဲဖြစ်နေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားလိုက်ပါတယ်။

စက်တင်ဘာလှုပ်ရှားမှုပြီးသွားတဲ့အချိန်မှာ လူငယ်တွေ အရင်တုန်းကထက် ပိုပြီး သွေးစည်းလာလာကြ တယ်။ ရန်ကုန်မြို့မှာ လူငယ်အချင်းချင်း ရိုက်ကြနှက်ကြ ရန်ဖြစ်ကြတယ်ဆိုတဲ့အသံ တော်တော်ကိုကြားရခဲသွားပါပြီ။ ပညာမတက်ရင် ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သူတို့သိလာကြတော့ သင်တန်းတွေမှာ အချိန်ကို အသုံးချလာကြတယ်။ လက်ဘက်ရည် ဆိုင်ထိုင်ချိန်တွေလျော့လာတယ်။ အင်တာနက်ဆိုင်တွေမှာ ကိုယ်ဝါသနာပါတာ။ ကိုယ်လေ့လာချင်တာလေးတွေကို လေ့လာရင် ကိုယ့်အတွက်ကိုပြင်ဆင်နေကြတယ်။ ဒါကျွန်တော်တို့ လူငယ်တွေအတွက် အဆိုးထဲကအကောင်း လို့ပြောရမယ့် အခြေအနေမျိုးပါ။ ဘာကြောင့်လဲဆိုရင် မြန်မာပြည် ရန်ကုန်မြို့မှာ လူတန်းစားကွာဟချက်ကြီးမားတော့ အဲ့ဒီကွာဟချက်ကို ပညာတစ်ခုတည်းနဲ့သာ ရင်ကြားစေနိုင်မယ်ဆိုတာကို လူငယ်အကုန်လုံး သဘောပေါက်လက်ခံထားကြတော့ သူတို့ဘ၀ အတွက် လိုအပ်တဲ့အရာတွေကို သူတို့ဖြည့်စည်းရင်း ဘ၀ကိုချို့တဲ့စွာနဲ့ဖြတ်သန်းကြတယ်။ အခြေအနေပေးလာရင် နိုင်ငံခြားထွက် အလုပ်လုပ်ငွေစုပြီး စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုကိုထောက်ပံ့ကြရတယ်။ ဒီပုံစံကိုကြည့်မယ် ဆိုရင်တော့ လူငယ်တွေဟာ နိုင်ငံရေးနဲ့ဝေးသွားပြီလို ထင်ဖို့ကောင်းပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံရေးနဲ့ဝေး သယောင်ရှိနေတယ်ထင်ရတာပါ။ အားလုံးလိုလိုမှာ နိုင်ငံရေးခံယူချက်အပြည်နဲ့ အမိမြေကို စွန့်ခွာခဲ့ကြရတာပါ။ အမိမြေမှာ မက်စရာအိပ်မက် မရှိတာထက်စာရင် ရေခြား မြေခြားမှာ သူတို့အတွက် မက်စရာအိပ်မက်တွေ ပိုရှိမယ်ဆိုတာကို သူတို့တွေ သိလာကြလို့ပါ။ ဒါဟာ နအဖအကြိုက် လမ်းစဉ်တစ်ခုဖြစ်သလို သူတို့မျှော်လင့်ထားတဲ့ အရာလည်းဖြစ်ပါတယ်။

တော်လှန်ရေးတိုင်းမှာ လူထုကို ဦးဆောင်ဦးရွက်ပြုခဲ့ကြတာ အလက်အလက်ပညာတက်လူတန်းစားဖြစ်ပါတယ်။ အထက်တန်းလူတန်းစားကတော့ တော်လှန်ရေးကိုလက်ခံနိုင်ရင် အကူအညီအထောက်အပံ့လောက်ပဲပေးပြီး နောက်ကွယ်ကပဲ နေတက်ကြတဲ့သဘာဝရှိပြီး အခြေခံလူတန်းစားကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ကြလေရှိပါတယ်။ ဒါကြောင့် တော်လှန်ရေးတွေကို ဦးဆောင်လေ့ရှိတဲ့ အလယ်အလက်ပညာတက် လူတန်း စားကို တိုင်ပြည်အတွင်းမှာမနေနိုင်အောင် အောင်နည်းမျိုးစုံနဲ့ အစိုးရက ဖိအားပေးထားတဲ့အတွက် ဒီလူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတာ အထူးအဆန်း တော့မဟုတ်ပါဘူး။

ဒီလူငယ်တွေအားလုံးရဲ့ အသိအာရုံတွေထဲမှာ စက်တင်ဘာတော်လှန်ရေးအပြီးမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်များ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ကြတဲ့ရဲဘော်များနဲ့ ဒေါ်အောင်ဆန်းဆုကြည်အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်း သားတွေရဲ့ ဘ၀တွေကိုစတေးခံထားရတဲ့အတွက် တော်လှန်ရေးပြီးဆုံးချိန်မတိုင်မချင်း စိတ်ရှည်ရှည်နဲ့ တော်လှန်ကြဖို့လိုပြီ ဆိုတဲ့ အတွေးတွေအားလုံး ခေါင်းထဲမှာ ၀င်ရောက်လာခဲ့ကြပါပြီ။

ဒီနေရာမှာ ကျွန်တော် အလောင်းဘုရားရဲ့ စိတ်ဓာတ်မျိုး အမိမြေနဲ့ဝေးနေကြတဲ့ မြန်မာတိုင်းရှိနေကြဖို့ပြောပြချင်ပါတယ်။ အလောင်းဘုရားရဲ့ ဗမာ့တပ်မတော်ဟာ ယိုးဒယားနိုင်ငံကိုသိမ်းပိုက်နိုင်ဖို့အတွက် အယုဒယမြို့တော်ရဲ့ အပြင်ဘက်မှာ နှစ်နဲ့ချီအောင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ထိုင်စောင့်ပြီး စစ်တိုက်ခဲ့ပြီး အယုဒယမြို့ကို သိမ်းနိုင်ခဲ့တဲ့ဟာကို သင်ခန်းစာယူကြဖို့လို ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာရောက်နေကြတဲ့ မြန်မာတိုင်းကသာ ဒီမိုကရေးစီအရေးလှုပ်ရှားမှုတိုင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ရဲဘက်တွေရဲ့သွေးတွေ ခြောက်သွေ့အောင် မလုပ်ပေးနိုင်မချင်း ဒီလိုကျဆုံးခဲ့သူတွေရဲ့ ၀ိဥာဏ်တွေဟာလည်း သူတို့ရဲ့ သွေးစက်များရှိရာ ကတ္တရာလမ်းမတွေပေါ်မှာ ရှိနေကြဦးမှာပါ။ ဒီဝိဥာဏ်တွေကို ကျွန်တော်တို့ လွတ်မြောက်အောင် လုပ်ဆောင်ပေးကြဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ပေးနိုင်မှသာ ကျွန်တော်တို့ဟာ ကျဆုံးခဲ့တဲ့ သူတွေအပေါ် တာဝန်ကျေပွန်သူတွေဖြစ်ပါလိမ့်မယ်။ ဒီလို တာဝန်ကျေးပွန်သူတွေဖြစ်အောင် ကျွန်တော်တို့ မြန်မာတိုင်း မြန်မာတိုင်းဇွဲရှိရှိနဲ့ မအောင်မြင်သေးတဲ့ တော်လှန်ရေးကို ဆက်လက်ဆင်နွဲနေကြဖို့ လိုပါတယ်။

အံ့ဘုန်းမြတ်

2008 ခုနှစ်၊ နိုဝင်ဘာလ (30)

About ahuntphonemyat

Journalist.

Discussion

2 thoughts on “ကျွန်တော်တို့ဟာ ကျဆုံးခဲ့ကြသူုတွေအတွက် တာဝန်ကျေးပွန်သူတွေ ဖြစ်ရမယ်

  1. အခုပြန်ဖတ် အခုမျက်စိထဲမြင်တယ် အရမ်းငယ်တဲ့တစ်ချို့ကလေးတွေ
    ပိုင်၇ှင်မဲ့ ဖိနပ်လေးတွေပုံမြင်တိုင်း ငါမျက်ရည်ဝဲတယ်
    လူမသိ သူမသိ ပျောက်သွားတဲ့ကလေးတွေ နည်းမယ် မထင်ဘူး
    အမေတွေလည်း ဘယ်လိုက်ရမှန်းသိကြမယ်မထင်ဘူး
    အစ်မတော့ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ကြွေးကြော်ပြီး သူတို့ ဆန္ဒတွေကို ဖော်ထုတ်ခဲ့တဲ့
    ဆံပင်နီလေးတွေ နားကွင်းလေးတွ ပုဆိုးတိုတိုလေးနဲ့ကလေးတွေမြင်ယောင်မိတိုင်း
    တကယ်စိတ်မကောင်းဘူး

    သူတို့ ဘယ်လောက် နာကျင်ခဲ့ကြမလဲ..သူတို့ ဘယ်တွေ ရောက်ကုန်ကြပြိလဲ…

    Posted by မဆုမွန် | August 12, 2009, 4:43 am
  2. စက်တင်ဘာတော်လှန်ရေး မှင်ချက်တွေ ဖတ်ရတော့ အဲဒီအချိန်က ဆူးလေဘုရားလမ်းပေါ်ကို ပြန်ရောက်သွားပါတယ် .. သေနတ်ကျည်ဆံတွေ တိုးဝင်လာတဲ့ လူအုပ်ထဲ ပြေးဝင်ရင်း ခံပြင်းမျက်ရည်တွေကျခဲ့ရတာတွေက ဘယ်အချိန်ပြန်တွေးတွေး လတ်ဆတ်နေတုန်းပဲ ..
    သစ္စာ သွေးနဲ့ရေးခဲ့တဲ့ သမိုင်း ဘယ်တော့မှ မပျက်သုန်း မကျဆုံးဘူးလို့ စိတ်ထဲစွဲရင်းနဲ့ပဲ …

    Posted by သုံညမျိုးဆက်လူငယ်တစ်ယောက် | September 30, 2009, 7:21 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: