Archive for

ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိန်းမလျှာအလှမယ်ရွေးပွဲ


ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိန်းမလျှာအလှမယ်ရွေးပွဲ

မနေ့ညနေပိုင်း (၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၉) နေ့ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိန်းမလျှာအလှ မယ်ရွေးက ဓာတ်ပုံအချို့ကို တင်ပေးလိုက်ရပါတယ်။ လောလောဆယ်မှာ တော့ ဓာတ်ပုံနည်းနည်းပဲ ရသေးတာမို့ ရှိသလောက်ပဲ တင်ပေးလိုက်ရပါတယ်။ ဒီပွဲမှာ အလှူခံရရှိတဲ့ ငွေတွေကို ဝေဘာဂီ ကူးဆက်ရောဂါကုသရေး ဆေးရုံကို လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Myanmar Gag Show 1

ပြိုင်ပွဲဝင် မိန်းမလျှာ အလှမယ်များ

Myanmar Gag Show 2

မြန်မာရိုးရာဝတ်စုံနဲ့ မိန်းမလျှာ အလှမယ်တစ်ဦး ယှဉ်ပြိုင်နေစဉ်

အစီအစဉ်မှူးလုပ်နေကြတဲ့ ဟာသ သရုပ်ဆောင် အရိုင်းနှင့် ထက်ထက်မိုးဦး

အစီအစဉ်မှူးလုပ်နေကြတဲ့ ဟာသ သရုပ်ဆောင် အရိုင်းနှင့် ဟာသမယ် ဂွမ်းပုံ

မြန်မာနိုင်ငံနဲ့ စကားပြောကြပါစို့


မြန်မာနိုင်ငံနဲ့ စကားပြောကြပါစို့

မင်းညိုစံ

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၃) တွင်ဖော်ပြထားတဲ့ ဦးသန့်မြင့်ဦးရဲ့ (Let’s talk to Burma. China sure is) ဆောင်းပါးကို ဆရာမင်းညိုစံ ဘာသာပြန်ရေးသားထားတဲ့ “မြန်မာနိုင်ငံနဲ့စကားပြောကြပါစို့” နဲ့ပတ်သက်ပြီး အမြင်သဘောထားတွေလည်း အမျိုးမျိုးကွဲလွဲနိုင်တာ ကြောင့် ကျွန်တော့်ဘလော့ခ်ကနေ တင်ပြပေးလိုက်ရပါတယ်။ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် နှစ်ဦးဖြစ်တဲ့ ဦးသန့်မြင့်ဦး၊ ဆရာမင်းညိုစံနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ် အယ်ဒီတာတို့ရဲ့ သဘော ထားမြင်တွေသာ ဖြစ်ပါတယ်။

ယခုဆောင်းပါးသည် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသည့် သြဇာကြီး ၀ါရှင်တန်ပို့စ်သတင်းစာ တွင် ဒေါက်တာသန့်မြင့်ဦး ရေးသားခဲ့သည့် Let’s talk to Burma. China sure is ကို တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးသည် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့့််၏ မြေးဖြစ်ပြီး နာမည်ကျော် ဟားဗတ်တက္ကသိုလ်၊ ကင်းဘရစ်ခ်ျ တက္ကသိုလ်တို့တွင် ကျင်လည်ခဲ့သူဖြစ်သည်။

နှစ်နှစ်ဆယ်ကြာ အရေးယူပိတ်ဆို့တာတွေ၊ မြန်မာတပ်မတော်အစိုးရ ကို ဆုံးမသြ၀ါဒပေးတာတွေဟာ အောင်မြင်မှုမရခဲ့ပါဘူး။ အနောက် ကမ္ဘာအနေနဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာဆက်ဆံရေးတွေ ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။ ‘ဒီလိုမလုပ်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလက်ဝေခံ နောက်လိုက်အဖြစ် နောက်ပြန်လှည့်မရအောင် မြန်မြန်ဆန်ဆန်နဲ့ သက်ဆင်းသွားမှာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားတိုးမပေါက် တဲ့ သင်္ကေတအဖြစ်ယခင်အပတ်က အတိုက်အခံခေါင်းဆောင်နဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ စတုတ္ထအကြိမ် မြောက် အကျယ်ချုပ်နဲ့ထားရှိခဲ့တယ်။ ‘ဒီမိုကရေစီအသွင်ပြောင်းမှု ကိုလည်း မမြင်ရသေးပါဘူး။

ကျွန်တော့်ကို ၁၉၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ မြန်မာမိဘနှစ်ဦးကနေ ဖွားမြင်ခဲ့ပါတယ်။ ကျွန်တော့်အဘိုး ဦးသန့်ဟာ အဲဒီအချိန်တုန်းက ကုလသမဂ္ဂရဲ့ တတိယမြောက်အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေခဲ့တာပါ။ အဘိုးဈာပနကနေ စတင်ဖြစ်ပွားတဲ့ သွေးထွက်သံယို မငြိမ်မသက် ဖြစ်မှုကိုနှိမ်နင်းတာကို ကျွန်တော့် အသက် ၈ နှစ်အရွယ်လောက်မှာတင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ ၁၉၈၉ ခုနှစ် ကောလိပ်အပြီးမှာ ထိုင်းနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အလုပ်လုပ်ရင်း ပထမဆုံးအသုတ်အနေနဲ့ ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ကြိုးစားရင်း ကျွန်တော် တစ်နှစ်လောက်ကြာခဲ့တယ်။ မအောင်မြင်တဲ့ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုမှာထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားပြီးစအချိန်ပါ။ နောက်ပိုင်းမှာ ၀ါရှင်တန်မှာ လွှတ်တော်အမတ်တွေနဲ့ တခြားသူတွေကို အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေဟာ အာဏာရှင်စနစ်ကို ဖြိုချဖို့ အကောင်းဆုံးနည်းလို့ ကျွန်တော် အကျိုး အကြောင်း ပြောခဲ့တယ်။ အဲဒီလို အဆိုပြုရတာ လွယ်တယ်။ ၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ မြန်မာနိုင်ငံကို ပေးနေတဲ့ အနောက်နိုင်ငံအကူအညီတွေ အားလုံးရပ်တန့်သွားခဲ့ပါပြီ။ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ကနေတစ်ဆင့်ရနေတဲ့ ဖွံ့ဖြိုးရေးအကူအညီအားလုံး ပိတ်ဆို့ခံလိုက်ရတယ်။ နောက်ဆယ်စုနှစ်တစ်စု လည်းကြာရော အရေးယူပိတ်ဆို့မှုတွေ၊ သပိတ်မှောက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပတို့နဲ့စီးပွားရေး အဆက်အသွယ်တွေ အားလုံးနီးနီးကို ဖြတ်တောက်ပစ်လိုက်တယ်။ အကြီးတန်းမြန်မာအစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ကလေး တွေ (ဒီပိတ်ဆို့မှုတွေဟာ ကလေးတွေကို ပစ်မှတ်ထားတဲ့ တစ်ခုတည်းသော နိုင်ငံတကာပိတ်ဆို့မှုတွေပါ) အနောက်နိုင်ငံ တွေကိုခရီးသွားခွင့်မရတော့ဘူး။

Continue reading

ဘန်ကောက်မှာ လုပ်သွားတဲ့ မြန်မာဖက်ရှင်ဒီဇိုင်နာတွေရဲ့ဖက်ရှင်ပြပွဲ


ဘန်ကောက်မှာ လုပ်သွားတဲ့ မြန်မာဖက်ရှင်ဒီဇိုင်နာတွေရဲ့ဖက်ရှင်ပွဲ

အံ့ဘုန်းမြတ်

မြန်မာနိုင်ငံ မြန်မာလူမျိုးလို့ပြောလိုက်တာနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ပြည့်နက်နေတဲ့တိုင်းပြည်၊ ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ်ကြောင့် လာဘ်ပေးလက်ယူမှုတွေ ကြောင့် အစစအရာရာချွတ်ခြုံကျနေတဲ့တိုင်းပြည် ဈေးကွက်စီးပွားရေးစနစ်ကို အစိုးရက ပုံမဖော်နိုင် တာကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေအချင်းချင်းကြားမှာတောင် အစစအရာရာ ခေတ်နောက် ကျပြီး ကျန်ခဲ့ရတဲ့တိုင်းပြည့်တစ်ပြည်လို့ပဲ ပြေးမြင်တက်ကြပါတယ်။ မြန်မာလို့ပြောလိုက်ရင် ဘတ်စကား ကြပ်ကြပ်တွေ.. မြို့ပတ်ရထားအဟောင်းအနွမ်းကြီးတွေ စီးပွားရေးအဆင်မပြေကြလို့ နွမ်းဖက်ဖက်ပြည်သူလူတုတွေနဲ့ တောင်းရမ်းစား သောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကိုပဲ မြင်ကြတာမျိုးတွေရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ အဲ့ဒီလို အနိဌာရုံမြင်ကွင်းတွေနဲ့ လူနေ့မှုအဆင့်အတန်းနိမ့်ကျနေတဲ့ကြားထဲက ဖက်ရှင်အနုပညာကို မိတ်ဆက်ချပြပြီး တစ် နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မရှိမဲ့ရှိမဲ့ဈေးကွက်ကလေးကို အမှီပြုပြီးရပ်တည်ပြီး ကမ္ဘာကိုအမှီလိုက်နေတဲ့ ဖက်ရှင်လောက သားတွေလည်းအများကြီးရှိနေကြပါတယ်။

ဒီထဲက  ဒီဇိုင်နာ ကိုတာတီး၊ လတ်လတ်၊ ရူပါရွှေ၊ မပုံ၊ ဆမ်ဘောက်ရာ၊ သက်နှင်းအေးစတဲ့ ဒီဇိုင်နာ (6) ဦး ပါဝင်ပြသကြတဲ့ ဖက်ရှင်ပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  (ဘန်ကောက်မြို့ နိုင်ငံတကာ ဖက်ရှင် ပြပွဲ) ( Bangkok International Fashion Fair & Bangkok International Leather Fair 2009) ကို သြဂုတ်လ (13) ရက် ကနေ (16) ရက်နေ့အထိ ကျင်းပပြုလုပ် သွားပါတယ်။ ဒီပြပွဲမှာ မြန်မာ ဖက်ရှင် ဒီဇိုင်နာတွေရဲ့ နိုင်ငံတကာ ဖက်ရှင်ဈေးကွက်ကို မြန်မာ အငွေ့အသက်ပါတဲ့ ဒီဇိုင်းတွေနဲ့ ထိုးဖောက်တဲ့အနေနဲ့ ပြသခဲ့ကြပါတယ်။ ဒီပြပွမှာ သူတို့ရဲ့လက်ရာ အ၀တ်အထည်တွေကို တော့ ထိုင်းမော်ဒယ် တွေက၀တ်ဆင်ပြသခဲ့ကြပါတယ်။

ကျွန်တော် ဒီပို့စ်ကို တင်ပေးရတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ လက်ညှိုးထိုးမလွဲအောင် ပြည့်နက်နေတဲ့ကြားက မြန်မာလူမျိုးတွေရဲ့ ဖက်ရှင် အနုပညာ အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာ ချပြနိုင်ခဲ့ကြတဲ့ မြန်မာဖက်ရှင်ဒီဇိုင်နာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။ ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာဂျာနယ်လစ်တစ်ယောက်အနေနဲ့ သွားပြီး အားမပေးနိုင်ခဲ့တာကိုတော့ ၀မ်းနည်းမိတာ အမှန်ပါ။

အံ့ဘုန်းမြတ် (2009, August 28)

Bangkok International Fashion Fair & Bangkok International Leather Fair 2009

Bangkok International Fashion Fair & Bangkok International Leather Fair 2009

ပုံတွေကို အောက်မှာ ဆက်ကြည့်နိုင်ပါတယ်။ Continue reading

ဟိုတယ်မည်သူပိုင်သလဲ


ဟိုတယ်မည်သူပိုင်သလဲ

တိုးနှောင်မိုး

မင်းဂါဇာလား ငါ့ဂါဇာလား
ဒီကွန်စတေးရှင်း လုပ်မိတဲ့ပြာက
ပိုစ့်မော်ဒန်ခေတ်ကြီးကို အပိုင်းပိုင်းအစိတ်စိတ်အမြွှာမြွှာ
ခွဲဖြန့်
ဂွါရာနီကာလိုဂါဇာလား
အသက်ရှူသံတွေက ပုံမှန်ပဲ
ဒါပေမယ့်
နည်းဗျူဟာ အသစ်တွေက
ရောဂါဆန်းတွေလို ဂါဇာကို
ပဉ္စလက်ဆန်နေ
ရွာသူကိုင်တာလားလို့ မေးမရ
ကွင်းပိုင်ကြီးလည်း လက်ပိုက်ကြည့်နေရပုံ
သေသွားတဲ့ လက်နက်တွေကလူဝင်စားပြီး၊
သေသွားတဲ့လူတွေက လက်နက်ဝင်စား
ဒီလိုဒစ်ဂျစ်တယ် အိုင်တီအင်ဖေါ်မေးရှင်းဂလိုဘယ်မှာ
ဘယ်လိုစစ်ဆန့်ကျင်ရေးက ရေပက်မ၀င်တာလဲ
အက်ဆေးဈေးကွက်နဲ့ ၀ိညာဉ်ရောင်းလိုအား
တိုးချဲ့အသစ်ဘုံဘ၀နဲ့
ကြွေတာကိုက ပွင့်ခြင်းနဲ့
ပြဿနာဟာ ဘောလုံးကန်သလိုပဲ
ကမ္ဘာကြီးကို ခြေကြိုခြေကြားထည့်ကန်နေတာပဲ
ဟားမာစ်တွေအနေနဲ့ ဖြစ်ဖြစ်
အစ္စရေးတွေအနေနဲ့ ဖြစ်ဖြစ်
ဟစ်ဘိုလာ ဖြစ်ဖြစ်
အယ်ကေဒါ ဖြစ်ဖြစ်
အာရပ်တွေအနေနဲ့ ဖြစ်ဖြစ်
ပါလက်စတိုင်းတွေအနေနဲ့ ဖြစ်ဖြစ်
ရန်ကိုလည်ဆန့်ပြီးရမ်းလို့မရ
ခြိမ်းခြောက်မှုအသစ်ကို လက်နဲ့ခံရမှာလား
ဂါဇာကမ်းမြောင်မှာ အနာဂတ်တွေယမ်းနံ့စွဲနေတယ်
ချည့်နဲ့နေတဲ့ ရင်ခုန်သံတွေကို သေနတ်ဒင်နဲ့တောင့်ခံထားတယ်
စစ်အစားထိုးကုသရေးအတွက်
ဘယ်လိုကြွေးကြော်သံကို မီးမွှေးဦးချမလဲ
အသေခံဗုံးခွဲပြီး ငြိမ်းချမ်းရေးကိုရယူလို့မရဘူး
အဓိကစိန်ခေါ်မှုတွေက
ရေထဲသွန်ချတဲ့ သဲပါပဲ
ပဋိပက္ခကို ကြိုးကျစ်ပြီး ဒုံးကျည်ထိပ်မှာ သံသယနဲ့ဗိုင်းငင်လည်း
သာနေတဲ့လရောင်က မျက်ရည်ယိုဗုံးထိမှန်
သုည…၀လုံး…ဇီးရိုး…အိုကနေ အိုဘားမားအထိလား
မိုးသက်လေပြင်းကျပြီးတိုင်း
လေပြည်လေညင်းဟာ ရှိစမြဲလို့ဆိုတော့
ခြိမ်းခြောက်မှုတွေရဲ့ ဒီပလိုမေစီဟာ
စိန်ခေါ်မှုတွေကိုပဲ ပြာနဲ့ဖုံးတယ်
တိုက်ပွဲများ
သေဆုံးမှုများနဲ့ ပျက်စီးမှုများပြည့်နှက်နေသော
ဂါဇာဟာ
ဂျူးအတွက်
ပါလက်စတိုင်းအတွက်ဆို
ငြိမ်းချမ်းရေးအတွက်
မဟာဗျူဟာတွေကိုင်တွယ်ပြီး
ချန်ပီယံဖြစ်ဖို့ဆိုတာ
ဘောပွဲမှာ လွယ်ပေမဲ့စစ်ပွဲမှာမလွယ်
ကြွေးကြော်သံတွေဟာ
ညှိမရတဲ့အတွင်းရေးကနေ နောက်ဆုံးအနတ္တကို မရည်ညွှန်းနိုင်လို့မို့လား
ကျည်ဆန်ခွံလည်း ဘုရားပန်းအိုးဖြစ်တာပဲ
လူမိုက်ကြီး အင်္ဂုလိမာလလည်း ရဟန္တာဖြစ်တာပဲ

Continue reading

အညွှန်းနှင့်ဆီလျော်မှု


ဆရာမောင်စူးစမ်း

ဆရာမောင်စူးစမ်း

အညွှန်းနှင့်ဆီလျော်မှု

မောင်စူးစမ်း

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၄၂) မှာပါတဲ့ ဆရာမောင်စူးစမ်ရဲ့ အညွှန်းနှင့်ဆီလျော်မှု” ဆောင်းပါးတွင် အမြင်သဘောထား တွေအမျိုးမျိုးကွဲလွဲနိုင်တာကြောင့် ကျွန်တော် ဘလော့ခ်ကနေ ပြန်တင်ပေးလိုက် ရပါတယ်။ ဒီဆောင်းပါးပါ တင်ပြချက်တွေဟာ ဆောင်းပါးရှင် ဆရာမောင်စူးစမ်းနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်တို့ရဲ့ သဘောထားမြင် တွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးတွင် အညွှန်း Referential Points တို့ကို ပြုစုပုပျိုးထောင်လေ့ရ့ရှိကြသည်။ ဤအညွှန်းတို့ကို ပြုစုတည် ဆောက်ရာ၌ ပကတိအိအခြေအနေနှငှင့် ဆီလျော်အပ်စပ်မ်မှု Relevance ကို အခြေခံသံသည်။ အိုင်ဒီယာ Ideas တို့ကို ပြုစုပုပျိုးထောင်ရာ၌မူ အဓကအားဖြင့် ယုတုတ္တိကျိုးကြောင်းခိုင်လုံမှု validity ကို အခြေခံသည်။ ထို့အပြင် အိုင်ဒီယီယာတို့သည်လည်း ယုတ္တိအပြင် ဆီလျော်အပ်စပ်မှုကို အခြေခံထားလာရသည်။

MAUNG SUSAN-22အိုင်ဒီယာတစ်ရပ်သည် ယုတ္တိဖွဲ့စည်းပုံအရ ဘယ်လောက်ပဲ ခိုင်မာပြည့်စုံစေကာမူ အစစ်အမှန်နှင့် ဆီလျော်မှုမရှိပါက အဓိပ္ပာယ်မဲ့နေမည်။ အသုံးဝင်မည်မဟုတ်ပေ။ တစ်ဖန် ဆီလျော်အပ်စပ်မှုကလည်း အချိန်ကာလ၊ ခေတ်ကာလပေါ် မူတည်သည်။ တစ်ခါကဆီလျော်အပ်စပ်သောအညွှန်းတို့သည် ပြောင်းလဲသွား သောခေတ်၌ ဆီလျော်အပ်စပ်မှု ချုပ်ငြိမ်းသွားနိုင်သည်။ ဤအခြေခံအမြင်ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် စာရေးသူက အညွှန်းနှစ်ပါးကို ဖြုတ်ပစ်လိုသည်။ ပြောင်းလဲလာသော အခြေအနေနှင့် မအပ်စပ်သောကြောင့် ဖြစ်သည်။ စာရေးသူဖြုတ်ပစ်သော အညွှန်းနှစ်ပါးမှာ (၁) အိုင်ဒီအိုလိုဂျီနှင့် (၂) သမိုင်းတို့ဖြစ်ကြသည်။ အိုင်ဒီအိုလိုဂျီနှင့်သမိုင်းတို့သည် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေးတွင် လမ်းညွှန်အဖြစ် အသုံးပြုရန်အထိ အသုံးတည့်စရာ အကြောင်းမရှိပြီ။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမပါသော အနာဂတ်နိုင်ငံရေးမြင်ကွင်းကိုသာ သက်ဆိုင်ရာပလေယာတို့က ရှုမြင်သုံးသပ်အပ်သည်ဟု ထင်သည်။

အိုင်ဒီအိုလိုဂျီမော

မြန်မာ့နိုင်ငံရေးသည် အိုင်ဒီအိုလိုဂျီမျိုးစုံကို ဖြတ်သန်းခဲ့ရသည်။ အိုင်ဒီအိုလိုဂျီအထူးသဖြင့် လက်ဝဲအိုင်ဒီ အိုလိုဂျီတို့ကို လုံခွက်ထဲထည့်ပြီး အရမ်းမီးပြင်းတိုက် ဖိုထိုးစမ်းသပ်ခဲ့ကြပြီးဖြစ်သည်။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်မှာ အိုင်ဒီအိုလိုဂျီတို့ကို မီးပြင်းတိုက်ပြီး စမ်းသပ်ခဲ့ကြ၍ ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံအနေဖြင့်ဖြစ်စေ အိုင်ဒီအိုလိုဂျီ မောကာနေခဲ့ပြီး Ideology Fatigue ဖြစ်နေသည်။ အိုင်ဒီအိုလိုဂျီဆိုလျှင် မကြားချင်တော့သည်အထိ ဖြစ်လာသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအို လိုဂျီကို အညွှန်းအဖြစ်မှဖြုတ်ပစ်ရန် အခြေအနေက တောင်းဆိုသည်ဟု တွက်မိသည်။

MAUNG SUSAN-33မြန်မာ့ခေတ်ပြိုင်သမိုင်းကိုလည်း အညွှန်းအဖြစ် ဖြုတ်ပစ်သင့်သည်။ အကြောင်းရှိပါသည်။ မြန်မာ့သမိုင်း သည် စီးရီးဆွဲ၍ တစ်ဆက်တည်း တန်းစီထားသော သမိုင်းမဟုတ်။ အဖြတ်အတောက်တွေ အလွန်များသည်။ သမိုင်းစဉ်အဖြတ်အတောက် တို့၌လည်း ညင်သာမှုမရှိ။ ငြိမ်းချမ်းစွာ ဖြတ်တောက်သည်မဟုတ်။ အကြမ်းပတမ်း နည်းတို့ဖြင့် ဖြတ်တောက်သည်။ ဤလိုအဖြတ်အတောက်တို့ဖြင့် ဖြစ်ပေါ်သည့်အပြင် မြန်မာ့ခေတ်ပြိုင်သမိုင်း ကလည်း အလွန်ရှုပ်ထွေးသည်။ Historical Discontinuity and Complexity ဟု လက္ခဏာရေးဖြတ်ရမည်။ မြန်မာ့ခေတ်ပြိုင်သမိုင်းသည် ထိုသို့ ရှုပ်ထွေးခက်ထန်မှုတို့ကြောင့် အနာဂတ်၏ နိုင်ငံရေးအတွက် သမိုင်းသည် အညွှန်းမဖြစ် အပ်ပေ။ သမိုင်းကို အညွှန်းအရာမှ နန်းချသင့်သည်ဟု ထင်သည်။ သမိုင်းအပေါ် အစွဲအလမ်းကြီး လျှင် ရိုမန်တစ်သာဖြစ်မည်။ ပြဿနာတို့၏ အဖြေကို တွေ့မည်မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အထူးသဖြင့် ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲအပြီး ပေါ်မည့်လွှတ်တော်နိုင်ငံရေးတို့တွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့အညွှန်းနေရာမှ နန်းချခံထားရသည့် အခြေကို တွေ့မည်ဟုထင်သည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမပါသော နိုင်ငံရေးပုံသဏ္ဌာန်ကို မျှော်မှန်းမှန်းဆကြည့်ဖို့ သာရှိသည်။

Continue reading

Categories

%d bloggers like this: