နည်းပညာ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရား
ဒီကနေ့ ကျွန်တော်အမြဲယူထားတဲ့ google ကနေ အင်တာနက်ပေါ်တက်သမျှ မြန်မာဗီဒီယိုတွေကို စုစည်းပြီး ပို့ပေးတဲ့ Google Video Alert Mail ထဲမှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို အခုလိုမြင်တွေ့လိုက်ရပါတယ်။ ရက်စွဲအားဖြင့်ဆိုရင်တော့ (2009 July 17) နေ့ ရက်စွဲနဲဖြစ်ပါတယ်။ ဆိုက်ကလုံးနာဂစ်ဒဏ်ခံဒေသတွေအကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယို၊ နောက် ပုဂံဒေသက မြန်မာပြည်ရဲ့ အထင်ကရ စေတီပုထိုးတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုတွေ့ရပါတယ်။ အဲ့ဒီကြားထဲမှာတော့ အောက်က Print Screen ရိုက်ထားတဲ့ပုံနဲ့ Blog လိပ်စာ ယှဉ်တွဲပြီးပါလာတာကိုတွေ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်စာမရေးသေးပါ။ ဒီပုံကိုကြည့်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြဖို့ ကျွန်တော်အကြံပြုကြစေချင်ပါတယ်။ ဒါက အသစ်ဖြစ်ပေါ်လာတဲ့ နည်းပညာ ပြောင်းလဲမှုအပေါ်မှာ နိုင်ငံသားတစ်ဦးချင်းရဲ့ အခြေခံကိုယ်ကျင့်တရားနဲ့ တိုင်းပြည်ရဲ့ယဉ်ကျေးမှုစတဲ့အရာတွေများစွာ ရောထွေနေလို့ပါ။ ဒီပုံနဲ့အကြောင်းအရာတွေကို တင်ပြလိုက်ရတာဟာ စည်းလွတ်ဘောင်လွတ်လူ့အဖွဲ့အစည်း အသွင်းသဏ္ဍာန်ဆောင်လာမှာကို စိုးရိမ်ကြောင့်ကျမိတဲ့ အခြေခံရိုးသားစိတ်ကြောင့်ဆိုတာကိုတော့ ကျွန်တော်ပြောထားချင် ပါတယ်။
လူငယ်တွေကိုယ်တိုင်က ဒီလိုမျိုးအဖြစ်တွေကို တွန်းလှန်ပစ်ရမယ်ဆိုတာ ဟုတ်ပါတယ်ဗျာ။ ဒါပေမယ့် နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးကတော့ တစ်နည်းနဲ့မဟုတ်တစ်နည်းနဲ့ ပါလာမှာပါပဲ။ ကာယကံရှင်ရဲ့ဆန္ဒမဟုတ်တဲ့အတွက်တော့လည်း ဘယ်လိုပြောရမယ်ဆိုတာ မသိပါဘူး။ ကျွန်တော့်အထင် အခုကိစ္စက တိုက်ဆိုင်မှု့တစ်ခုပဲထင်တယ်လေ။ google တောင်မှ မတတ်နိုင်တဲ့ ကိစ္စတွေရှိနေခဲ့သေးတာပဲလေ။ ဒီလိုမျိုးတွဲပြီးပါလာတာကတော့ စိတ်မကောင်းစရာပဲပေါ့။
LikeLike
ဒါမျိုးက ဖြစ်တတ်ပါတယ်ဗျ။ အဓိကက Keyword ပေးတာ တူလို့ ဖြစ်မှာ။ ဥပမာ… beautiful myanmar ဆိုရင် ဗျာ အဲလိုမျိုးတွေ ဖြစ်နိုင်တာပဲ။ အဲဒီတော့ အဲလို မဖြစ်အောင် ဘုရားပုံ ဘာညာတင်တဲ့ လူတွေက file name တို့ keyword တို့မှာ buddha, pagoda, temple စတာတွေ ထည့်ရိုက်သင့်တယ်လို့ ထင်တာပဲ။ ဟို ညစ်ညမ်းတွေ တင်တဲ့လူကတော့ သူ့ file တွေကို ban မခံရအောင် keyword ကို လှတပတ ပေးမှာပဲလေ…။ ဒါကို ထိုင်ပြီးတော့ ဒေါသထွက်နေလို့တော့ မဖြစ်သင့်ဘူးထင်တယ်ဗျာ။ သူတို့ ကံကြမ္မာ သူတို့ရေးတာပဲလေ။
ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်
LikeLike
စကားလုံးကိုက ကိုယ်ကျင့်တရားတဲ့။ ကိုယ်တိုင်ကျင့်ကြံရမယ့်တရားပါ။ ကိုယ့်ကိုယ်ကိုပဲပြင်လို့ရပါတယ်။
သူများကိုပြင်လို့မရပါဘူး။ ဒိထက်ဆိုးတာတွေလည်းတွေ့နေရပါတယ်။
အသာလေးလှည့်ရှောင်ထွက်ခဲ့မိတိုင်း ဘာကိုမကျေနပ်မှန်းမသိတဲ့ခံစားမှုတစ်ခုဖြစ်ထွန်းလာတတ်ပါတယ်။
ဒါပေမယ့် သေချာတာက သူတပါးကိုပြင်ဖို့ဆိုတာက သိပ်ဝေးနေပါသေးတယ်။
LikeLike
SEO ပိုင်းနဲ့ အများကြီး ဆိုင်တယ်လို့ပဲ ထင်မြင်မိပါကြောင်း
LikeLike
Bro ရေမှန်တယ်။ နည်းပညာနယ်ပယ်က ဘေးထွက်ဆိုးကျိုးတွေအတွက်တော့ သောကရောက်မနေနဲ့။ သူပြုသောကံ သူထံ တစ်နေ့ မုချပြန်ကို သွားမှာပဲ။ တွန်းလှန်ဖို့ ဘရာတို့က စတင်ပါ။ ကျွန်တော်တို့လည်း ၀ိုင်းလုပ်ပေးပါမယ်။
LikeLike