အင်တာဗျူး, ဆောင်းပါး, နိုင်ငံရေး

ဦးသန့်မြင့်ဦးနှင့် မြန်မာပြည်အကြောင်း အင်တာဗျူး


ဦးသန့်မြင့်ဦးနှင့် မြန်မာပြည်အကြောင်း အင်တာဗျူး

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၃၇) မှာပါတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ ဦးသန့်မြင့်ဦးရဲ့ လတ်တလောမြန်မာနိုင်ငံအပေါ် ရှုမြင်သုံးသပ်ချက်တွေ ပါဝင်တဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအင်တာဗျူးနဲ့ပတ်သက်ပြီး အမြင် သဘော ထားတွေလည်း အမျိုးမျိုးကွဲလွဲနိုင်တာကြောင့် ကျွန်တော် ဘလော့ခ်ကနေပဲ ပြန်ပြီး တင်ပေးလိုက်ရပါတယ်။ The Voice ဂျာနယ် ဖော်ပြချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီအင်တာဗျူးမှာ ပြောဆိုထား သမျှတွေဟာ ကာယကံရှင် ဦးသန့်မြင့်ဦးနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်တို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

U Than Myint Oo

U Than Myint Oo

မြန်မာနိုင်ငံသား အာရှသား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သည့်။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ခ်ျတ် တက္က သိုလ်များတွင် ကျင်လည်ခဲ့သည့် သမိုငိင်းပညာရှင် နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံအပေါ် သူအမြင်များကို နိုင်ငံ့သမိုင်းကြောင်း၊ သူဘ၀ ဇာတ်ကြောင်းနှင့် ယှဉ်ကာ ထိထိမိမိ တင်ြပထား သည့် The River of Lost Footsteps စာအုပ်ထွက်ရှိအပြီးတွင် သူ၏အမြင်များမှာ မြန်မာ နိုင်ငံအရေး စိတ်ဝင်စားသည့် မူဝါဒချမှတ်သူများ၊ ပညာရှင်များအကြားတွင်ထင်ရှားလာခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက် ရင်း မြန်မာနိုင်ငံဆိုင်ရာ နောက်ထပ်စာအုပ် တစ်အုပ်ကို ရေးသားပြုစုနေသည့် ဦးသန့်မြင့်ဦးအား အေရှားတိုင်းအွန်လိုင်းက တွေ့ဆုံမေးမြန်းထား သည်ကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ (ယခုဖော်ပြပါ တွေ့ဆုံမေးမြန်းခန်းကို ကာယကံရှင် ဒေါက်တာသန့်မြင့်ဦး၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆိုပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

အနောက်မီဒီယာတွေဟာ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြရင် ရိုးစင်းလှတှတဲ့ ချဉ်းကပ်မှုနဲ့ပဲ ဖော်ပြ လေ့ရှိတယ်လို့ ခင်ဗျားရဲ့စာတွေနဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာ ထောက်ပြခဲ့တယ်။ အဲဒီလိုမျိုး ချဉ်းကပ်မှုကို ‘သမိုင်းကြောင်းနဲ့ မယှဉ်တဲ့’ ချဉ်းကပ်မှုလို့ ခင်ဗျားက နာမည်ပေးထားတယ်။ အခုလောလောဆယ် အခြေအနေ ကို အနောက်မီဒီယာတွေမှာဘယ်လိုရေးသားဖော်ပြနေကြတယ်ဆိုတာ ”သမိုင်းကြောင်းနဲ့ မယှဉ် ရေးနေကြ တယ’်’ ခင်ဗျား ထောက်ပြခဲ့တဲ့ရှုထောင့်ကနေ ပြောပြပါလား။

လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံအရေးဟာ ‘ဒီမိုကရေစီရေးသက်သက်လို့ပဲ မီဒီယာတွေမှာ ပုံဖော် ခံခဲ့ရတယ်။ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာ နည်းရတဲ့အထဲ တပ်မတော် အစိုးရရယ်၊ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရယ် ဒါတွေကပဲ လွှမ်းမိုးထားတယ်။ ဒါက လူသည်းခြေကြိုက်တဲ့ ဇာတ်လမ်းဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ ‘ဒါပေမဲ့ ဒီဇာတ်လမ်းက ၁၉၉၀ အစောပိုင်းကာလတွေကတည်းက အေးခဲရပ်တန့်သွားခဲ့ပြီ (၁၉၉၀အစောပိုင်းကာလတွေ ကတည်းက ဒီလိုပဲရေးနေကြတာ)။ မြန်မာနိုင်ငံအကြောင်း သတင်းတင်ပြချက်တွေအားလုံးဟာ တကယ့်ကို တစ်ကြောင်းသွားဖော်ပြချက်ပဲ။ မြန်မာနိုင်ငံဟာ လူသန်း ၆၀ မှီတင်းနေထိုင်ပြီး တိုင်းရင်းသား လူမျိုးစုတွေ ‘ဒါဇင်နဲ့ချီပြီးရှိတဲ့နိုင်ငံ၊ ဆင်းရဲတွင်းထဲနစ်နေပြီး အခုမှပြည်တွင်းစစ်ချုပ် ငြိမ်းလုဆဲဆဲနိုင်ငံ။ ဧရာမ လူမှု ပြောင်းလဲ မှုကြီးတွေဖြစ်ပေါ်နေပြီး အိန္ဒိယနဲ့ တရုတ်တို့နဲ့ ဆက်ဆံရေး အမြန်ဖွံ့ဖြိုးတိုးတက်နေတယ်။ ‘ဒီလိုမျိုး အခြားအကြောင်းအရာကြီးကြီးမားမားတွေ ရှိနေပေမယ့် ခုနကဖော်ပြခဲ့တဲ့ ဇာတ်လမ်းကလွဲရင် တခြားအကြောင်း အရာ ဘာဆိုဘာမှလူစိတ်ဝင်စားမှု မရဘူးဖြစ်နေတယ်။ ဒီလိုဖြစ်နေမှတော့ မြန်မာနိုင်ငံအပေါ်ထားတဲ့နိုင်ငံတကာ မူဝါဒက ဘယ်ကိုမှမရွေ့နိုင်တာ မဆန်းဘူးပေါ့ဗျာ။

River of Lost Footsteps

River of Lost Footsteps

ဒါပေမဲ့ ဒီဇာတ်လမ်းက သတင်းဆက်ဖြစ် နေတုန်းပဲ လေ။ မြင်က်ကွင်းထဲကနေ ပျောက်ဆုံးနေတာ ဘာလဲ ဆို တာ ပြောပြပါလား။

မြန်မာနိုင်ငံအကြောင်းစဉ်းစားရင်၊ သတင်းဖော်ပြကြ ရေးကြသားကြရင် မြင်ကွင်းထဲက အမြဲလိုလို ပျောက်နေတဲ့ အဓိကအကြောင်းအရာအနည်းဆုံး၂ခုရှိတယ်လို့ ကျွန်တော်ထင်တယ်။ ပထမက ပြည်တွင်းစစ်။ နှစ်ပေါင်းခြောက်ဆယ် ဆက်တိုက် လက်နက်ကိုင်ပဋိပက္ခဖြစ်နေရာက မြန်မာနိုင်ငံဟာ ခုမှ လွတ်လာစ ရှိနေသေး

တယ်။ ၁၉၈၀ နှောင်းပိုင်း၊ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ မြန်မာအစိုးရဟာ လူမျိုးရေးအခြေခံတဲ့ နှစ်ဒါဇင်နီးနီး သူပုန်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရယူခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတော့ မရသေးဘူး၊ ဆက်ပြီးဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမဲ့ ဒီကိစ္စကိုဆောင်ရွက်ဖို့ နိုင်ငံတကာမှာ အာရုံလုံးဝမရှိဘူး။ နှုတ်အားဖြင့်ရော လက်အားဖြင့်ရော စောင်မမှု ဘာဆိုဘာမှ မရှိဘူး။ ဒါမျိုးအခြေအနေတစ်ခုခု တခြားနေရာမှာ ဖြစ်ကြည့်ပါလား။ အိန္ဒိယနဲ့ တရုတ်ကြားက တောင်တွေပေါ်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ပွဲလိုမျိုး။ မြန်မာနိုင်ငံကလက်နက်ကိုင် ပဋိပက္ခကို ဘယ်သူမှ ဂရုမထားတာကတော့ အံ့သြလောက်စရာပါ။ နောက်တစ် ခုက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံလေ။ မြန်မာ့ရေးရာ ဆွေးနွေးပွဲတွေမှာ ဆင်းရဲသားတွေရဲ့ အသံ လုံးဝမကြားရဘူး၊ ပျောက်နေတယ်။ ဆင်းရဲသား တွေဟာ ဆက်ရှင် သန်ဖို့နဲ့ မိသားစုဝမ်းဝဖို့တောင် နည်းလမ်းသစ်တွေရှာဖို့ အရေးတကြီးလိုအပ်နေတယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်ချိန်မှာ စီးပွားရေးကဏ္ဍကို အပြောင်းအလဲ တစ်ချိန်တည်းမှာ ကြီးကြီးမားမား မလုပ်ဘဲနဲ့တော့ ဘယ်ဒီမိုကရေစီ အကူးအပြောင်းမှ သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီမှာလည်း ခုနကအတိုင်း ဖြစ်နေပြန်ရော။ ဒီကဏ္ဍမှာ လုပ်နိုင်တာတွေအများကြီးရှိပေမယ့် နိုင်ငံတကာကလုံးဝ အာရုံမရှိသလောက်နီးနီးပဲ။ အရင်နှစ် နာဂစ်မုန်တိုင်းပြီးကတည်းက အစိုးရနဲ့ နိုင်ငံတကာ အသိုက်အ၀န်း အကြားပူးပေါင်းဆောင်ရွက်မှုမှာ ကြီးကြီး မားမားတိုးတက်လာတာက အလွန့် အလွန်အရေးပါတဲ့ဖြစ်ရပ်ပါ။ နိုင်ငံရေး အကြောင်းကြောင်းတွေကြောင့် နိုင်ငံ တကာ အလှူရှင်တွေဟာ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံက တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေ ဒါမှမဟုတ် ဇင်ဘာဘွေနဲ့ ဆူဒန်က တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေရဲ့ မပြောပလောက်တဲ့ အစိတ်အပိုင်းလေးလောက်ပဲ မြန်မာနိုင်ငံကိုပံ့ပိုးကြတယ်။ ရှက်စရာကောင်းလိုက်တာဗျာ။

ကုလုလုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ လတ်တလောခရီးစဉ်ကနေ ဘာတွေဖြစ် ထွန်းလာ တာ တွေ့ရသလဲ။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဖြစ်စေချင်တဲ့ဆန္ဒတွေက ဘာလဲဆိုတာကို အရင်မမေးဘဲနဲ့ ‘ဒီခရီးစဉ်ကို အကဲဖြတ်ရင် မတရားဘူးထင်တယ်။ အဓိကပါဝင်ပတ်သက်နေတဲ့ အစိုးရတွေ ဖြစ်တဲ့ အမေရိကန်ပြည် ထောင်စုတို့၊ တရုတ်တို့စတဲ့ နိုင်ငံတွေဟာ မြန်မာ နိုင်ငံတွင်းမှာရှိနေတဲ့ စိန်ခေါ်မှုတွေက ဘာလဲဆိုတဲ့ မေးခွန်းပေါ်မှာတောင်အလွန်ကွဲပြားခြားနားတဲ့အမြင် တွေရှိကြတယ်။ အနောက်ကမ္ဘာက ‘ဒီမိုကရေစီ မြှင့်တင်ရေး အဓိကပဲလို့ မြင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက တည်ငြိမ်ရေးဟာ အဓိကဦးစားပေးပဲ။ ကျန်တဲ့ အာရှနိုင်ငံအများ အပြားကတော့ စီးပွားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အဓိကလို့ ထင်ကြတယ်၊ စီးပွားရေးတိုးတက်လာရင် နိုင်ငံရေးအပြောင်းအလဲက နောက်ကလိုက်လာလိမ့်မယ်လို့ ယုံကြည်တာလည်း ပါမှာပေါ့။ ဘန်ကီမွန်းလို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အတွက် မြန်မာနိုင်ငံကိုသွားလိုက်၊ ပြဿနာတွေကို ရှင်းခဲ့ဆိုတာက အလွန့်အလွန်ခက်ခဲလှပါတယ်။ မြောက်ကိုရီးယားအရေးဆိုရင် အဓိက အာရုံစိုက်ရ မယ့်အကြောင်းအရာက နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတာ လူတိုင်းလက်ခံတယ်။ ဒါပေမဲ့ ဒီမှာက အများကြီးပိုရှုပ်ထွေးတယ်။ ကိစ္စတွေကလည်းအမျိုးမျိုးအဖုံဖုံ။ ပြဿနာရဲ့သဘောသဘာဝအပေါ်မှာကို နိုင်ငံတကာရဲ့ အမြင်က ဂိုဏ်းကွဲနေတယ်။ ဘန်ကီမွန်းအတွက် အခွင့်အရေးတွေ ရှိနေတယ်။ သူ့ရဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုတဲ့ ရာထူးဌာနန္တရကို လေးစားမှုလည်းအတော်ရှိနေပါသေးတယ်။ ‘ဒါပေမဲ့ ‘ဒီခရီးစဉ်အောင်မြင်မှုဟာ ဖြစ်ပေါ်နေတဲ့

မြင်ကွင်းအပြည့်အစုံကို ကြည့်ချင်စိတ် သူ့မှာ ရှိမရှိအပေါ် မူတည်နေတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဆိုင်ရာ စိန်ခေါ်မှုအချို့ကို သူကိုင်တွယ်ကို ကိုင်တွယ်ရမှာပါ။ ‘ဒါပေမဲ့ ဟိုလွန်ခဲ့ တဲ့ နှစ်တွေထဲက အထပ်ထပ်ကြားခဲ့ရတဲ့ အရာတွေကိုသာ ပြန်ရွတ်ပြပြီး အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ကြားက အကျိုးဆောင်ပေးမယ့်သူတစ်ယောက်လို့သာ သူ့ကိုယ်သူ မြင်နေရင်တော့ သူခရီးပေါက်မယ်မထင်ဘူး။ သူ့မှာ ဘာမှမဲတင်းနိုင်တဲ့အရာမရှိဘူး။

သမိုင်းကြောင်းတစ်လျောက်လုံးမှာ မြန်မာနိုင်ငံဟာ တစ်ကိုယ်တော်နေရေးကိုသာ ကြိုးစားခဲ့တယ် လို့ ခင်ဗျားက ရေးခဲ့တယ်။ အခုလက်အစိုးအနေနဲ့ ကမ္ဘာာကနေ အဆက်အသွယ်ဖြတ်တောက်ပြီး ဘာကြောင့် နေချင်ရတာလဲ။

ပထ၀ီအနေအထားအရ မြန်မာနိုင်ငံဟာ သမိုင်းတစ်လျောက်အချိန်ကာလရှည်ရှည်လျားလျား အရှေ့နဲ့ အနောက်ကူးသန်းရောင်းဝယ်ရေးအဓိက လမ်းကြောင်းကြီးတွေကနေ ကင်းလွတ်နေခဲ့တယ်။သီးခြားနေလိုစိတ် အမြဲရှိခဲ့တယ်။ ‘ဒီလိုသီးခြားနေလိုစိတ်ကိုကျော်လွှားဖို့ စိတ်သန်ပြီး ကမ္ဘာနဲ့ဆက်သွယ်ချင်တဲ့ စိတ်ရှိချိန်တွေမှာ မြန်မာနိုင်ငံဟာ ဖန်တီးတီထွင်နိုင်စွမ်းတွေရှိပြီး ရွှေခေတ်တွေတောင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီဘက်ခေတ်ရောက်ပြန် တော့လည်း ပြည်ပက ထပ်ခါထပ်ခါ ကျူးကျော်မှုတွေသမိုင်းက အတော်ရှည်နေသေးတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ ဗြိတိသျတွေရဲ့ကျူးကျော်မှုကို သုံးကြိမ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဗြိတိသျတွေ လက်အောက်မှာ နှစ် ၁၀၀ ကျော် အုပ်စိုးခံခဲ့ရတယ်။ ၁၉၄၀ နှစ်တွေမှာ ဂျပန်တွေရဲ့ကျူးကျော်မှု၊ ၁၉၅၀ နှစ်တွေမှာ တရုတ်ဖြူတွေရဲ့ကျူးကျော်မှု၊ ၁၉၆၀ နှစ်တွေမှာ တရုတ်ကျောထောက်နောက်ခံ ပြုထားတဲ့ ကွန်မြူနစ်တွေရဲ့ကျူးကျော်မှု တွေကို ခံခဲ့ရပြန်တယ်။ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား တခြားသောနိုင်ငံတွေကလည်း မြန်မာ့နိုင်ငံရေးမှာဝင်ပြီး ခြယ်လှယ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာပဲလေ။ ‘ဒီတော့

နိုင်ငံခြားသားရွံမုန်းမှုက ကြီးထွားလာလိုက်တာ ဖယ်ရှားပစ်ဖို့ခက်တဲ့ အခြေထိအောင်ပဲ။ ၁၉၅၀ နှစ်တွေက ချန်ကေရှိတ်တပ်မတော်ရဲ့ အကြွင်းအကျန်တပ်တွေ မြန်မာနိုင်ငံတွင်းကို နယ်စပ်ကနေ ထိုင်းနဲ့ အမေရိကန် ပြည်ထောင်စုအကူအညီနဲ့ ၀င်လာခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂကို ပထမဦးဆုံးအကြိမ် အကူအညီတောင်းခဲ့တယ်။ အကူအညီမရခဲ့တာကြောင့် အရေးအကြောင်းဆိုရင် ကုလသမဂ္ဂကို အားကိုး လို့မရဘူးဆိုတဲ့ သင်ခန်းစာကို မြန်မာနိုင်ငံ ရလိုက်တယ်။ ‘ဒါဟာ တပ်မတော်တွက် အလှည့်အပြောင်းပဲ။ အရင်တုန်းက တပ်မတော်ဟာ သောင်းကျန်းမှု နှိမ်နင်းရေးဆောင်ရွက်နေတဲ့ အရွယ် အစား ခပ်ငယ်ငယ် တပ်တစ်တပ်ပဲ။ တရုတ်ဖြူကိစ္စနောက်ပိုင်းမှာ တပ်မတော်ရဲ့အရွယ်အစားကြီးလာလိုက်တာ ကနေ့ ကျွန်တော်တို့ မြင်ရတဲ့ အနေအထားရောက်လာခဲ့တာပဲ။

အဲဒီနယ်ချဲ့ဆန့်ကျင်ရေး စိတိတ်အ်အခြေခံကံက ကနေ့အစိုးရရဲ့ မူဝူ၀ါဒတွေထဲကို ဘယ်လိုလုပ်ရောက်လာ တာလဲ။

နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံက မြန်မာ့တပ်မတော်အရာရှိတွေရဲ့ စိတ်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေတယ်။ ဒီနေ့အထိလည်း ‘ဒီတိုင်းပဲ။ မြန်မာနိုင်ငံဟာ စစ်မြေပြင်တစ်ခု၊ လူမျိုးရေးအခြေခံ သောင်းကျန်းမှုတွေနဲ့ တခြားနိုင်ငံရေး ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ စစ်မြေပြင်လို့ တပ်မတော် ခေါင်းဆောင်တွေက ရှုမြင်ထားကြတယ်။ သူတို့ရဲ့ ရန်သူအားလုံးဟာ နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတယ်လို့ သံသယရှိတာကြောင့် သူတို့ရဲ့မျိုးချစ်အခန်းကဏ္ဍဟာ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ဆက်စပ်နေတယ်လို့ ခံယူထားတယ်။ ဒါဟာ ၁၉၄၀ နှစ်တွေကတည်းက တပ်မတော်ရဲ့ခံယူချက်အမြင်။ ဒီနေ့ထက်ထိလည်း ဒီလိုပဲမြင်နေတုန်းပဲ။ ဒီတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ်စဉ် တိုက်ပွဲဝင်နေရတဲ့ တပ်မတော်တစ်ရပ်၊ ကျွန်တော်စဉ်းစားမိသလောက် ကမ္ဘာပေါ်မှာ ဒါမျိုး တိုက်ပွဲဝင်နေရတဲ့ တစ်ခုတည်းသော တပ်မတော်။ သူတို့တိုက်ခဲ့ရတဲ့ အဖွဲ့တွေဟာ အံ့သြလောက်စရာ အမျိုးအစား စုံလင်တယ်။ အရင် အရှေ့ ပါကစ္စတန်နယ်စပ် သောင်းကျန်းသူ မူဂျာဟစဒ်င်(ယခု ဘဂင်္လားဒေရ့ )ှ် တေ၊ွ ဟိုအရင် တရုတ် ကျောထောက် နောက်ခံပေးထားတဲ့ ကွန်မြူနစ်တွေ၊ အမေရိကန်နဲ့ ထိုင်းကျောထောက်နောက်ခံပေးထားတဲ့ လက်ယာယိမ်းသောင်းကျန်းသူတွေ၊ ဘိန်းစစ်ဘုရင်တွေ၊ လူမျိုးရေးအခြေခံ ခွဲထွက်ရေးသောင်းကျန်းသူတွေ၊ တကယ့်ကို အမျိုးစုံအမယ်စုံပဲ။ ဒါတွေကို တပ်မတော်က ရာစုနှစ်တစ်ဝက် ကျော်လောက် တိုက်ခဲ့ရတာ။ စစ်ပွဲနဲ့အထူးသဖြင့် သောင်းကျန်းသူတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို ဆယ်စုနှစ် ခြောက်စုလောက် တိုက်လာခဲ့ရရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့။ ခုပြောခဲ့တဲ့ ပြဿနာတွေထဲက တချို့ကို မဖြေရှင်းနိုင်သေးသရွေ့ ခိုင်မြဲတည်ငြိမ်တဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်မှာ မဟုတ်ဘူး။ ကုလသမဂ္ဂအနေနဲ့ ပိုပြီးနက်ရှိုင်းတဲ့ချဉ်းကပ်မှု နဲ့ ချဉ်းကပ်ပြီး နှစ်ခြောက်ဆယ်လောက် ကြာရှည်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ လက်နက် ကိုင်ပဋိပက္ခအကြောင်းကို စဉ်းစားစေချင်တယ်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေးတွေဟာ ချိတ်ဆက်နေတယ်လို့ ကုလသမဂ္ဂက အမြဲပြောနေတာပဲ။ ဒါပေမဲ့ပိုမိုရှုပ်ထွေးတဲ့ အဲဒီချဉ်းကပ်မှုက မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ဘယ်ရောက်သွားတာလဲ။

အပြောင်းအလဲဖြစ်လာဖို့ ခင်ဗျားပြောတဲ့  ပုသေနည်းက တစ်ချိန်က debate, engagement, and gradualism ‘ဆွေးနွေးငြင်းခုံအဖြေရှာ၊ ထိတွေ့ပူးပေါင်း၊ တစ်ဆင့်ချင်း သွား’ လို့ ဖော်ပြခံခဲ့ရတယ်။ ဒီပုံသေနည်းက မူဝါဒချမှတ်တဲ့အသိုက်အ၀န်းတွေ၊ ဥပမာ-ကုလသမဂ္ဂနဲ့ ၀ါရှင်တန်တို့မှာ နေရာရရဲ့လား။

ဒီသဘောတရားကို လေးလေး နက်နက်ထား စဉ်းစားကြပါတယ်။ ပိတ်ဆို့အရေးယူမှု အခြေခံတဲ့ ချဉ်းကပ်မှုတွေဟာ မြန်မာနိုင်ငံလို အခြေအနေ မျိုးမှာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့ အနောက်နိုင်ငံမူဝါဒချမှတ်သူတွေ လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ပိုများလာခဲ့တယ်။ လတ်လတ်ဆတ်ဆတ် နည်းလမ်းသစ်တွေ စဉ်းစားဖို့ စိတ်လိုလက်ရ ရှိကြပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ အမြင့်ဆုံးရလဒ်အနေနဲ့ မထိရောက်ဘူး။ ဒေသတွင်းကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလောက်နဲ့တင် အစိုးရဟာ ဆက်လက်ရှင်သန်နေ နိုင်တယ်။ ပိတ်ဆို့အရေးယူမှုတွေဟာအလွန့်အလွန် ပြောင်းပြန်ရလဒ်ကို ရစေပေမယ့် အဆိုးဆုံးကတော့ ကြီးမားတဲ့အားတစ်ခုဖြစ်တဲ့ Global Capitalization ကို ဆွဲထိန်းထားတာပဲ။ ဒါကိုသာ လွှတ်ပေးလိုက်ရင် အားလုံးပြောင်းလဲသွားနိုင်တယ်။ အရေးကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ လက်ရှိအနေအထားကို ပြောင်း ပစ်တာပဲ။ အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသည်ကဏ္ဍတွေမှာ အနောက်ကမ္ဘာရဲ့ ပါဝင်ပတ်သက်မှုတွေဟာ လက်ရှိအနေအထားကို ပြောင်းလဲရာမှာ ကြီးမားတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပိတ်ဆို့အရေးယူမှုတွေ၊ သပိတ်မှောက်မှုတွေသာမရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ Global Capitalism ကနေချိတ်ဆက်တဲ့နည်း အပါအ၀င် မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ရေး၊ ဒါတွေကိုသာ အာရုံစိုက်ခဲ့မယ် ဆိုရင် ဒီမိုကရေစီရေးဟာ ကနေ့ အချိန်မှာပိုအားကောင်းနေမှာ သေချာတယ်။

ဒီမိုကရေစီရေး လှုပ်ရှားမှု အပေါ် အမြင်လေး သိပါရစေ။

အလောင်းအစားတစ်ခု လုပ်တာပဲဗျ။ တကယ်လို့ ‘ဒီမိုကရေစီအစိုးရမနက်ဖြန် သန်ဘက်ခါဖြစ်ဖို့ အကူး အပြောင်းပေါ်လာပြီဆိုပါစို့။ ‘ဒါဆိုရင်သူ့ ( ဒေါ်အောင်ဆန်းစုကြည်) မဟာဗျူဟာရဲ့အောင်ပွဲပဲလို့ လူတိုင်းက ပြောကြမှာပဲ။ တကယ်လို့ ဒီအတိုင်းဖြစ်မလာရင် တခြားလမ်းကြောင်းတွေ မစမ်းလိုက်ရတဲ့အတွက် ပေးရတဲ့ အလျော်အစားက ကြီးလိမ့်မယ်။ ပေါ်လာတဲ့အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံး လိုက်ရတဲ့ အလျော်အစားကြီးမယ်။ အရေးယူပိတ်ဆို့မှုတွေနဲ့ အကူအညီ ဖြတ်တောက်မှုကြောင့် သာမန်ပြည်သူတွေ၊ အထူးသဖြင့် အဆင်းရဲဆုံးနဲ့အကာအကွယ်အမဲ့ဆုံးသူတွေ အပေလှိုင်းတံပိုးကြီးတစ်ခုလို ရိုက်ခတ်တယ်၊ အဲဒီအလျော်အစားလည်းကြီးမယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲက အစိုးရ ကတိပြုသလို ဒီမီမိုကုကရေစီအီအပြောင်းအလဲကဲကို ဆောင် ကြဉ်းပေးမှာလား။

အနည်း ဆုးံ အနေနဲ့ ၂၀၁၀ ဟာလွန်ခဲ့တဲ့ အနှစ်၂၀အတွင်း အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲပဲ။ အဆောက်အဦအသစ်အမျိုးစုံကို ဖန်တီးနေပြီ။ အရေးကြီးတဲ့ မျိုးဆက်လိုက် အကူးအပြောင်း တပ်မတော် ခေါင်းဆောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ ‘ဒါဟာ အနည်းဆုံးအနေနဲ့ကြီးမားတဲ့ အတွင်းပိုင်း အကူးအပြောင်းဖြစ်ပြီး အခွင့်အလမ်းသစ်တွေလည်း ဖြစ်နိုင်တယ်။ ထိပ်ပိုင်းက နိုင်ငံရေး အပြောင်းအလဲပေါ် အခြေခံတွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေကို ကျွန်တော် သိပ်အားမရဘူး။ တကယ့်အပြောင်း အလဲ ထွက်လာရမယ့်နေရာက ခုနက နိုင်ငံရေးအပြောင်းအလဲထက် အများကြီးပိုကြီးတဲ့ နှစ်နေရာက လာရမှာ။ လက်နက်ကိုင် ပဋိပက္ခကိုအဆုံးသတ်စေဖို့နဲ့ စီးပွားရေးအပြောင်းအလဲပဲ။ ကျွန်တော်က မာ့ခ်စ်ဝါဒီ မဟုတ်ပေမယ့် နိုင်ငံရေးဟာ စီးပွားရေးနောက်လိုက်တတ်တယ်လို့ ထင်တယ်။ အနောက်ကမ္ဘာဟာ စီးပွားရေးအခြေအနေကို ပုံဖော်ပေးဖို့ လုံးဝမကြိုးစားခဲ့တဲ့အပြင် ပိတ်ဆို့အရေးယူမှုတွေနဲ့ သူ့ကိုယ်သူကစားပွဲအပြင်ဘက် ထုတ်ပစ်ခဲ့တယ်။

မြန်မာနိုင်ငံ အနာဂတ်ကို ဘယ်လိုမြင်သလဲ။

နောင် နှစ် ၁၀၀ လောက်မှာ အခုခေတ် လက်ရှိ မြန်မာနိုင်ငံရဲ့ အကြောင်းကို စာတစ်အုပ်ရေးကြမယ် ဆိုရင် အဓိကအကြောင်းအရာက ရှေ့နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲလည်းမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အမှုလည်းမဟုတ်ဘူး၊ ဒီမိုကရေစီ လှုပ်ရှားမှုလည်းမဟုတ်ဘူး။ အဲဒီအချိန်လောက်ကျရင် ကနေ့ဖြစ်နေတဲ့အထဲမှာ အရေးအကြီးဆုံးက တရုတ်နိုင်ငံကို မြန်မာနိုင်ငံက တံခါးဖွင့်ပေးမှုနဲ့ ကမ္ဘာ့ဆူပါပါဝါတွေ ဖြစ်လာတဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားက သူ့နေရာကို ထိန်းသိမ်းနိုင်စွမ်း မထိန်းသိမ်းနိုင်စွမ်းတွေပဲ ဖြစ်လာမှာ။ မြန်မာနိုင်ငံဟာ နှစ်ဘီလီယံခွဲလောက်ရှိတဲ့ တရုတ်တွေနဲ့ အိန္ဒိယတွေကြားမှာ ညပ်နေတဲ့ လူဦးရေ သန်း ၆၀ ရှိ နိုင်ငံတစ်နိုင်ငံပဲ။ အနောက်ကမ္ဘာမှာ ကျွန်တော်တို့ ပြောကြတယ်။ အိန္ဒိယနဲ့တရုတ်တို့ အတက်ဆိုပြီးတော့လေ။ မြန်မာနိုင်ငံရဲ့အနာဂတ်အပေါ် အဲဒီဖြစ်စဉ်က ဘယ်လိုသက်ရောက်မယ်ဆိုတာ စဉ်းစားကြည့်ပါလား။ အရာအားလုံးပဲလေ။ ဒီနိုင်ငံ ၀ါးမျိုခံရမလား။ ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံး၊ အပြောင်း အလဲအမြန်ဆုံး နိုင်ငံနှစ်နိုင်ငံကြားထဲမှာ ရောက်နေတာကနေ အကျိုးခံစားရမလား။ တကယ်လို့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသား တွေအားလုံး အကျိုးအမြတ်ရရှိဖို့ နည်းလမ်းရှာနိုင်မယ်ဆိုရင် နိုင်ငံ့အနာဂတ်ဟာ ၂၁ ရာစုမှာလည်း ၀င်း လက်တောက်ပနေဦးမှာပဲ။

မင်းညိုစံ

About ahuntphonemyat

Journalist.

Discussion

3 thoughts on “ဦးသန့်မြင့်ဦးနှင့် မြန်မာပြည်အကြောင်း အင်တာဗျူး

  1. စိတ်မကောင်းစရာတစ်ခုက..နအဖရဲ့constitution ကိုထောက်ခံနေပုံရတယ်.. တကယ်တော့World Democratic Countries တွေမှာ constitutionဟာဘယ်လောက်အရေးကြီးတယ်ဆိုတာလူတိုင်းသိတယ်..

    Posted by koko | July 17, 2009, 3:16 pm
  2. ပညာတတ်ပြီး အသုံးမကျတဲ့သူတွေ ဒုနဲ့ဒေး ပညာတတ်တိုင်း လူကောင်းသူကောင်းလို့ဘယ်သူမှမပြောနိုင်ဘူး စစ်တပ်ထဲမှာ ပညာတွေတတ်ပြီး အသုံးမကျတဲ့သူတွေကြီးမို့ မြန်မာပြည်ဒီလိုဖြစ်နေတာ။ အဲဒီ့တော့ ပညာတတ်တိုင်း အသုံးကျမယ် မထင်နဲ့

    Posted by ဦးကုလား | July 20, 2009, 6:30 am
  3. ပြောကြားချက်အားလုံးဟာ တကယ်ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လေးလေးနက်နက်တွေးတောထားတယ်လို့ထင်ပါတယ်.. ကိုယ်ကိုတိုင်လည်း ဒီလိုဘဲ မြင်မိပါတယ်
    .. စိတ်မကောင်းစရာက..မြန်မာနိုင်ငံမှာ ပညာတက်လို့ခံယူထားသူ အများစုနဲ့ သာမန်ပြည်သူအများစုဟာ.. နိုင်ငံရဲ့တိုးတက်မှုနှေးကွေးရခြင်းအကြောင်းရင်းကို လျစ်လျူရှုပြီး..
    အနောက်နိုင်ငံတွေရဲ့ အလိုအတိုင်း ဒီမိုကရေစီကိုပဲ အာရုံစိုက်နေပြီး… လေးလေးနက်နက်တွေးတော သူနည်းနေပါတယ်..
    မိမိနိုင်ငံအတွက် မိမိဘယ်လောက်လုပ်ခဲ့သလဲ ဆိုတာမျိုးကို မစဉ်းစားပဲ.. အစိုးရကြောင့်လို့သာ အပြစ်တင်ချင်တဲ့သူတွေပဲ များနေတယ်လို့ထင်ပါတယ်..
    ကျွှန်တော့အမြင်အရတော့.. နိုင်ငံကို တစ်ကယ်တိုးတက်ချင်တယ်ဆိုရင်.. ဘယ်နိုင်ငံရေးမူဝါဒမဆိုလက်ခံပြီး… မိမိကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ပဲ လိုမယ်ထင်ပါတယ်..
    အကောင်းမြင်တယ်ဆိုတာ.. ကိုယ်ကိုတိုင်က ကောင်းမှမြင်မယ့်အရာပါ…

    Posted by ricky | September 30, 2010, 3:24 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: