အင်တာဗျူး, အနုပညာ

ဒါရိုက်တာ မောင်မျိုးမင်းအင်တာဗျူး


INTERVIE-PIC (1)

ကျွန်တော်ရဲ့ အင်တာဗျူးတွေထဲက အင်တာဗျူးတစ်ခုကို ဇော်ဂျီဖောင့်ပြောင်းပြီး ပြန်တင်ပေးလိုက်ရပါတယ်။ ဒီအင်တာ ဗျူးဟာ မြန်မာပြည်မှာတော့ စာပေစီစစ်ရေးက အပိတ်ခံခဲ့ရပြီး အခုမှ ပြန်တင်ဖြစ်တာပါ။ ပိတ်ခံထားရတဲ့ အင်တာဗျူးကို ပြန်တင်လိုက်လို့ ကာယကံရှင် ဦးမျိုးမင်းအနေနဲ့တော့ မကောင်းဘူးဆိုပေမယ့် သူနဲ့ကျွန်တော်နဲ့ရဲ့ အင်တာဗျူးမှာ တိုင်းပြည်ကိုကောင်းစေချင်တဲ့ စေတ္တာတွေ မြန်မာအနုပညာလောကကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတ္တာတွေ အပြည့်အ၀ ပါဝင်နေတယ်ဆိုတာကိုတော့ ကျွန်တော်ဝန်ခံအပ်ပါတယ်။ ဒီအမြင်တွေအပေါ်မှာ အမျိုးမျိုးကွဲပြားခြားနားစွာ ရှု့မြင်သုံးသပ်နိုင် ကြပါစေ။

ဒါရိုက်တာတစ်ယောက်လို့ဆိုတဲ့အခါမှာ သူဖန်တီးလိုက်တဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတစ်ကားရဲ့ အတွင်းမှာပါဝင်တဲ့ ဇာတ်လမ်း (plot) မှာ ဘယ်လိုနောက်ခံအခြေအနေနဲ့ ဖွဲ့စည်းထားတယ်၊ ဇာတ်ကောင် (character)တွေကို မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းက ဘယ်လိုလူတန်းစားတွေကို ဘယ်လိုဘယ်ပုံရွေးချယ်ပြီး အဲ့ဒီဇာတ်ကောင်တွေရဲ့အပြောအဆို (dialogue) ရဲ့ နောက်ကွယ်မှာ ဘယ်လိုအတွေးအခေါ် တွေကို လက်ခံယုံကြည်ကြတယ်။ ဘယ်လိုဘ၀နေထိုင်မှု ဟန်ပန်တွေနဲ့ ဘ၀တွေကို ဖြတ်သန်းနေကြတယ်။ ဒါတွေ အားလုံးရဲ့နောက်ကွယ်မှာဘယ်လိုအတွေးအခေါ် (thought) တွေရှိမယ်။ ဇာတ်လမ်းအခင်းအကျင်း (scenery) နဲ့ ပရိသတ်တွေအတွက် ဘယ်လိုဖျော်ဖြေမှုရသတွေကိုပေးစွမ်းမယ်။ ဇာတ်နောက် ခံတေး (melody) တွေနဲ့ ရှုမြင်နေရတဲ့ရသကို ပိုသရုပ်ပေါ်လွင်အောင် တွန်းပို့တယ် စတဲ့စတဲ့ပညာရပ်တွေနဲ့ ဖန်တီးနေ သူလည်းဖြစ်ပါတယ်။ သူတို့ဟာ အနုပညာနဲ့ပတ်သက်တဲ့ အထုံပါရမီရှင်တွေဖြစ်သလို သူတို့မှာရှိနေတဲ့ အနုပညာနဲ့ လောကအမြင်တွေကိုလည်း ပရိသတ်ထံကိုကျွမ်းကျင်နဲ့ နည်းစနစ်တွေနဲ့ ဖျော်ဖြေမှုရသကိုပေးရင်း ပညာပေးရတဲ့ လုပ်ငန်း တာဝန်ကို ရယူထားရသူတွေလို့ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။

INTERVIE-PIC (2)ဒါကြောင့် ကျွန်တော်မကြာသေးခင်ကမှ အကယ်ဒမီဆုကို ပူပူနွေးနွေး  ဆွတ်ခူး ထားတဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို ရွေးချယ်တွေ့ဆုံဖြစ်ပြီး အနုပညာနဲ့ ပတ်သက်တဲ့အကြောင်းတွေ၊ လတ်တလော မြန်မာဗီဒီယိုလောက အခြေအနေတွေနဲ့ မြန်မာ့ရုပ်ရှင်ဗီဒီယို လောကဒီထက်မက တိုးတက်စေဖို့အတွက် ဒါရိုက်တာတစ်ယောက်ရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာတွေ အားလုံးကို အပြု သဘောဆောင်ပြီး မေးမြန်း ဖြစ်ခဲ့ပါတယ်။

အခုလုလက်ရှိအိအခြေအနေမှာ မြန်မ်မာဗီဒီဒီယီယို ဇာတ်က်ကားတွေဟာ ပရိသတ်အကြိုက် ကိုလိုက်ရိုက်နေကြတယ်။ ပရိသတ်တွေအပေါ်မှာ မှီခို နေကြတယ်လို့ ဝေဖန်သူတွေကွကွက ဆိုကြပါတယ်။ ဒီအပေါ်ကို ဒါရိုက်တ် တာတစ်ယောက်အနေနဲ့ ဦးမျိုးမင်းရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာ ပထမဆုံး သိချင်ပါတယ်။

အမှန်တော့ ပရိသတ် အကြိုက်ရိုက်တယ်ဆိုတာတကယ်တော့ မဟုတ်ဘူးဗျ။ မှားနေတယ်။ ပရိသတ်က ကျွန်တော်တို့ထက်ကို အများကြီး မြင့်နေတယ်ဗျ။ သူတို့မြင့်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့လုပ်လို့ရတာက အရမ်းနည်းတာပါ။ အခုကျွန်တော်တို့ ရိုက်နေကြရတယ်ဆိုတဲ့ ဇာတ်ကားတွေက မူတွေ ဘောင်တွေ ကြားထဲက လုပ်နေကြရတာဆိုတော့ ဒီလို မူတွေနဲ့ဘောင်တွေနဲ့ကြားထဲက ရိုက်နေကြရတဲ့ဇာတ်ကားတွေလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ တကယ်တမ်းမှာက ပရိသတ်ကလည်း အခုကျွန်တော်တို့ ရိုက်နေတဲ့ဇာတ်ကားတွေကို မကြိုက်ကြ ပါဘူး။ သူတို့တွေမကြိုက်ကြလို့ပဲ အခုကျွန်တော်တို့ရဲ့ မြန်မာဗီဒီယိုအခြေအနေက တော်တော်နိမ့်သွားတာပါ။ မြန်မာဗီဒီယိုကိုမြန်မာအချင်းချင်းမကြည့်ဘူး။ ဘာ ကြောင့်လဲဆိုတော့ နိုင်ငံခြားကားကြည့်ရင် မြန်မာကားကိုကြည့်ရတာထက် ပိုအဆင့်မြင့်တယ်၊ ပိုကောင်းတယ်၊ ပိုပြီးတော့စိတ်ကူးစိတ်သန်းကောင်း တွေပါ တယ်ပေါ့။ ကျွန်တော်တို့လက်ရှိအခြေအနေက အနုပညာကိုဆန်းသစ်ဖို့ဆိုတဲ့ အခါမျိုးမှာ စိတ်ကူးကို စမ်းသစ် မှာလား။ အတက်ပညာတွေကိုဆန်းသစ်မှာလား။ နည်းပညာတွေကိုဆန်းသစ်မလား။ ဆိုတဲ့ အချက်သုံးချက်ရှိလာတယ်။ ဒီနေရာမှာ ကျွန်တော်တို့က နည်းပညာလည်း မစမ်းသစ်နိုင်ဘူး။ အတက်ပညာလည်း မဆန်းသစ်နိုင်ဘူး။ စိတ်ကူးလည်း မဆန်းသစ်နိုင်ဘူးဖြစ်နေကြတော့ ပရိသတ်က ကြိုက်ကိုမကြိုက်တော့တာပါ။ ကျွန်တော်တို့ကလည်း အဲ့ဒီလိုစည်းလေးတွေ ဘောင်လေးတွေကြားထဲက လုပ်လို့ရတာ လေးတွေလုပ်ပြကြတယ်။ ပရိသတ်ကလည်း ဒီလိုအခြေအနေတွေ ကြားထဲမှာရတဲ့ စိတ်ကူးလေးနဲ့ ရအောင်ဖောက်ထွက်ပြီး လုပ်ပြကြတဲ့ ကျွန်တော်တို့ရဲ့ ဖန်တီးမှုလေးတွေကို အားနာပါးနာနဲ့ အားပေးနေကြတဲ့သဘောမှာ ရှိနေပါတယ်။ တကယ် တမ်းမှာတော့ ပရိသတ်ဆိုတာ အားနာဖို့ကောင်းနေပြီ ကျွန်တော်တို့ အနုပညာသမားတွေအတွက်ကတော့ သနားဖို့ကောင်း နေတဲ့ အခြေအနေပါ။

ဒီလိုဖြစ်နေတဲ့အ့အခြေအနေမှာ ဦးမျိုးမင်းတို့အနေနဲ့ တစ်ခ်ခုခုခုကုကို ပြောင်းလဲတဲတိုးတက်လ်လာ စေဖို့ အဖြေရှာကြည့် တာမျိုးများရှိမိမလား။

ကျွန်တော်တို့ စဉ်းစားအဖြေရှာကြည့်တာမျိုးတွေ ရှိပါတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့က အနုပညာကို ပြည်ပကိုထိုးဖောက်ချင်တယ်၊ အနုပညာဖွံ့ဖြိုးချင်တယ်ဆိုရင် အနုပညာရဲ့သဘောသဘာဝကို နားလည် လက်ခံနိုင်ဖို့အရေးကြီးပါတယ်။ အနုပညာရဲ့ သဘောသဘာဝဆိုတာ ဘာလဲလို့ မေးစရာရှိလာပါတယ်။ အနုပညာဆိုတာဟာ လွတ်လပ်မှုကိုကြိုက်တဲ့သဘောရှိပါတယ်။ သူက လွတ်လပ်မှုရှိတဲ့နေရာမှာမှ ဖွံ့ဖြိုးမှုရှိတာပါ။ အဲ့ဒီအတွက် လွတ်လပ်ဖို့လိုတာပေါ့။ ဒီတော့ကျွန်တော်တို့ဟာ လွတ်လပ်ဖွံ့ဖြိုးအောင် လုပ်ယူကြဖို့လိုလာပြီလို့မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ မြန်မာဗီဒီယိုတွေ၊ မြန်မာရုပ်ရှင်တွေကို မြန်မာအချင်းချင်း ကတောင်မကြည့်ကြရင် ဘယ်နိုင်ငံကမှလည်း ကြည့်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော် တို့ဆီမှာ ပြည်ပကိုထိုးဖောက်ဖို့ရာအတွက် ကြိုးစားလာကြတာ နှစ်ဘယ်လောက်ကြာလာပြီလဲ၊ အခုအချိန်ထိ ဘာမှဖြစ်မလာသေးပါဘူး။ ဒီလိုဖြစ်လာဖို့ဆိုတာက ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအနေနဲ့ ပြန်သုံးသပ်ကြဖို့လိုလာပြီလို့ထင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်ဗျာ။ ကျွန်တော် သရဲကားတွေရိုက် လို့ရလာအောင် တော်တော်ကြိုးစားပြီးလုပ်ခဲ့တယ်။ ရိုက်လို့ရလာတဲ့အချိန်မှာ ကျွန်တော်တို့ရပ်တည်နေရတဲ့ ဈေးကွက်က တစ်မျိုးပြောင်းလဲသွားတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုကအစပေါ့၊ ပြောင်းလဲလာပြီး အရင်ဗီဒီယို တွေအပေါ်ထားတဲ့ စိတ်ဝင်စားမှုမျိုးထက်ပိုပြီးများလာခဲ့တယ်။ ဒီတော့ ဈေးကွက်ကအစကောင်းလာတယ်ပေါ့။ ဈေးကွက်ကောင်းလာတော့ ၀င်ငွေကောင်းလာတဲ့အတွက် ကျွန်တော်တို့မှာ ပိုပြီးလုပ်ကိုင်နိုင်တဲ့ အင်အားတွေ ပေါ်လာတယ်ပေါ့။ အခုနောက်ပိုင်း အဲ့ဒီသရဲကားတွေကို ခွင့်သိပ်မပြုတော့ပြန်ဘူးလေ။ ဒီတော့ ကျွန်တော်တို့ မြန်မာဗီဒီယိုတွေက ဒုံရင်းဒုံရင်းအရင်နေရာကို ပြန်ရောက်သွားမယ့်အခြေအနေကို ပြန်ဖြစ်နေပြန်ပါပြီ။ ဒါကြောင့် အနုပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့တင် ပြုပြင်ပြောင်းလဲနေ လို့မရပါဘူး။ ကျွန်တော်တို့မှာရှိနေတဲ့ မူတွေ၊ ဘောင်တွေကိုပါ အတိုင်းအတာတစ်ခုအထိ တိုးတက်တဲ့ပြုပြင် ပြောင်းလဲမှုမျိုးရှိဖို့ လိုအပ်လာပြီလို့ ကျွန်တော်ထင်ပါတယ်။

အခု ကျွန်တော်တို့ရဲ့ မြန်မာရုပ်ရှင်တွေ ဗီဒီဒီယီယိုေိတွေထဲမှာ တွေ့ရတာများလာတာက လူငယ် ဖန်စီဇာတ်လ်လမ်းတွေပေါ့။ ဒီထဲက လူငယ်တွေရဲ့ ခ့မေခေအနမ ပိုင်းမှာဆိုရင်လည်း ပေါ့ပေါ့နေပေါ့ပေါ့စား ပုံစုစံေံတွေ အချစ်မွှန်နေကြတဲ့ လူငူငယ်ေ်တွေရဲ့ ပုံစုစံမံမျိုးတွေနဲ့ ရေပေါ်ဆီ လူတန်းစားပုံစံမျိုးတွေပဲ များနေကြ တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုအိနုပညာတွေ တိုင်းပြည်တ်တစ်ပြည်မှာ အရမ်းများလာတဲ့အခါ အဲ့ဒီတိုင်းပြည်မှာနေထိုင်တဲ့လူငယ်တွေရွရဲ့စိတ်ဓာတ်တွေမှာ အဲ့ဒီလိုခံယူချက်မျိုးတွေ ငြိစွန်းလာနိုင်တ်တယ်ပေါ့။ ဒါကို ဒါရိုက်တာတစ်ယောက်အနေနဲ့ ဘယ်လြိုမင်မလဲ။

ရုပ်ရှင်ဆိုတာနဲ့ပတ်သက်ပြီး အနောက်တိုင်းနိုင်ငံတွေမှာတော့ ရုပ်ရှင်ဆိုတာ လူတွေအပေါ်ဘယ်အတိုင်း အတာအထိလွှမ်းမိုးမှုရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီးစိတ်ပညာရှင်တွေကသုတေသနလုပ်ကြတာမျိုးတွေရှိတယ်လေ။ သူတို့တွေက ဘာပြောကြလဲဆိုရင် ပစ်တဲ့ခတ်တဲ့ဇာတ်ကားတွေ၊ သတ်တဲ့ဖြတ်တဲ့ဇာတ်ကားတွေ သွေးဆာနေတဲ့ ဇာတ်ကားတွေကြောင့်တချို့တလေအမှုအခင်းတွေဖြစ်ရတယ်လို့ သုံးသပ်တာမျိုးတွေရှိပါတယ်။ အဲ့ဒီလိုသုံးသပ် တာတွေနဲ့ပတ်သက်ပြီးတော့လည်း တချို့နိုင်ငံကသူတွေက လက်ခံကြပြီးတော့ လိုက်အတုယူပြီးတော့ အဲ့ဒီလို သွေးထွက်သံယိုဇာတ်ကားတွေကိုခွင့်မပြုဘူးပေါ့။ တကယ်တမ်းမှာသာ အဲ့ဒီသုံးသပ်ချပ်ကမှန်ကန်တယ်ဆိုရင် အဲ့ဒီလိုဇာတ်ကားမျိုးတွေကို ဘယ်ကမ္ဘာ့ပရိသတ်ကမှ ကြည့်ကြမှာမဟုတ်ပါဘူး။ မကြည့်ကြဘူးဆိုရင်လည်း ဒီလို ဇာတ်ကားမျိုးကို ဘယ်သူကမှလည်း ရိုက်ကြတော့မှာမဟုတ်ပါဘူး။ ပရိသတ်တွေကလည်း သိပါတယ်။ သူတို့ရဲ့အကျိုးစီးပွားကို ပျက်ပြားစေမယ့် ဘယ်လိုဇာတ်ကားမျိုးကိုမဆိုအချိန်ကုန်ခံပြီး မကြည့်ကြတော့ပါဘူး။ ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာ ပေါ်လာပါတယ်။ ဘာလဲဆိုရင် ရုပ်ရှင်ဆိုတာဟာ လောကမှာ အဖြစ်အပျက်ရှိခဲ့ပြီးသားအရာတွေကိုပဲ ရိုက်ကြရတာပါ။ ရုပ်ရှင်ထဲက အကြောင်းအရာတွေကြောင့် အဖြစ်အပျက် တွေ ဖြစ်ပေါ်ရတာမျိုးမဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ခုသုံးသပ်ပြချင်ပါတယ်။ ဘာသာရေးဆိုတာ လူတစ်ယောက်ကိုသိမ်မွေ့နူးညံ့စေတဲ့အရာပါ။ လူတွေကို အဲ့ဒီလို သိမ်မွေ့နူးညံလာအောင်အတွက် ဘာသာ ရေးဆိုတာနဲ့ လူတွေကို ဆုံးမတာပေါ့။ ခရူးဆိတ်စစ်ပွဲဟာ ဘာသာရေးကြောင့်ဖြစ်ခဲ့ရတဲ့ စစ်ပွဲတစ်ပွဲဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ နှစ်အကြာဆုံးနဲ့ လူအသေအပျောက်အများဆုံး စစ်ပွဲတစ်ပွဲဖြစ် ခဲ့ရပါတယ်။ ဒီစစ်ပွဲအကြောင်းကိုပဲ ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ အခါမျိုးမှာ အဲ့ဒီစစ်ပွဲကြောင့် ရုပ်ရှင်ဆိုတာဖြစ်လာပြီးတော့ ရုပ်ရှင်ကြောင့် ခရူးဆိတ်စစ်ပွဲ ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ ဒါမျိုးတွေကြောင့် လက်ခံယူတဲ့ လူတွေရဲ့ ခံယူချက်နဲ့ပဲဆိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ခံထားတဲ့လူတွေ အနေနဲ့လည်း ကိုယ်လက်ခံထားတဲ့ ခံယူချက်တွေဟာ ဘယ်အတိုင်းအတာ အထိမှန်ကန်တယ်ဆိုတာ ပြန်သုံးသပ်ဖို့ လိုလာပြီ ထင်ပါတယ်။

ဒါပေမယ့်လ့လည်း ဦးမျိုးမင်းတို့အနေနဲ့က ဘယ်လ်လို အခြေအနေမျိုးကိုပဲ ရင်ဆိုနေကြရပါစေ၊ အနုပညာ အလုပ်တွေကို ဆက်လုပ်နေကြရတာပဲလေ။ ဒီအပေါ်မှာရော..

ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုအခြေအနေမျိုးကိုရင်ဆိုင်နေကြရပါစေ၊ ဒီအနုပညာတွေနဲ့ ဝေးရာကို ဘယ်တော့မှ ထွက်ပြေးမသွားပါဘူး။ တချို့အနုပညာသမားတွေဆိုရင် စိတ်ခံစားမှု အရမ်းကျဉ်းကျပ် လာတဲ့အခါမျိုးမှာဝေးရာကိုထွက်သွားတတ်ကြတဲ့ သဘောသဘာဝရှိတယ်လေ။ ထွက်ပြေးသွားကြပြီးတော့ အခြားတစ်နေရာရာမှာသွားပြီး ပုံစံတစ်မျိုးနဲ့ ကြိုးစားကြတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ကျွန်တော်ကတော့ ဒီလိုမလုပ်နိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင်ရသလောက် တိုးထွက်ပြီး အနုပညာအတွက် လုပ်လို့ရသလို အခြေအနေပေးလာတဲ့အတိုင်းလုပ်နေဦးမှာပါပဲ။ ကျွန်တော်တို့က သူတို့တွေလို အနုပညာကို စွန့်ခွာပြီးထွက် မသွားနိုင်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ ကျွန်တော်က အနုပညာကိုချစ်တယ်၊ တိုင်းပြည်ကိုချစ်တယ်၊ ကျွန်တော်တို့က နိုင်ငံရေးကိုစိတ်ဝင်စားကြတာမဟုတ်ပါဘူး။ အနုပညာကိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ် မလဲဆိုတဲ့ စိတ်တစ်ခုပဲရှိကြတာပါ။ဒါကြောင့်မို့လို့လဲ အနုပညာကို တန်ဖိုးထားကြတဲ့သူတွေအနေနဲ့ ကျွန်တော် တို့ကို ကူညီဝိုင်းဝန်းစေချင်ပါတယ်။ တကယ်လို့ မကူညီ မ၀ိုင်းဝန်းနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ဟာ လုပ်လို့ရသလောက်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေကြမယ့်သူတွေပဲဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

အနုပုပညာသမားမှာ ပရိသတ်နဲ့ထိတွေ့ဖို့ရာအကွက်ကြားခံမီဒီယာဆိုတာ ရှိတတ်ကြစမြဲပဲပါ။ ဒီကြားခံမံမီဒီယာဆိုတာရှိလာတာနဲ့တပြိုင်နက် ဒီမီယာကလက်ခံနိုင်မယ့်အခြေအနေကိုရောက်အောင် ခုနတုန်းကလို မူ၊ ဘောင်၊ စည်းမျဉ်းဆိုတာတွေပေါ်ပေါက်လာရတယ်။ ဒီတော့ အနုပညာကိုပဲ ဖန်တ်တီးချင်သူဟူဟာ အဲ့ဒီမူတွေ ဘောင်တွေစည်းမျဉ်းဆိုတာတဲ့ အရာတွေရွရှိနေတဲ့  မီဒီယာဆိုတဲ့အရာပေါ် ရှောင်လွှဲချင်လာကြတယ်လေ။ ဦးမျိုးမင်းရော ဒါတွေကိုစိတ်ကုန်ပြီး မိခင်အနုပညာဆီကီကို ပြန်သွားချင်တဲ့ စိတိတ်မျိုးဖြစ်ပေါ်ခဲ့ဘူးလား။

ဘယ်အနုပညာမဆို ပရိသတ်နဲ့ထိတွေ့ဖို့ ဆိုရင်တော့မီဒီယာဆိုတာ ရှိလာစမြဲပါ။ ဘယ်အနုပညာ ကိုပဲလုပ်လုပ်မီဒီယာဆိုတာရှိစမြဲဆိုတဲ့အတွက်ကြောင့်ခုနကပြောခဲ့တဲ့စည်းတွေဘောင်တွေဆိုတာတွေကတွေ ဘယ်နည်းနဲ့မဆို တွေ့နေကြုံနေရမှာပါပဲ။ ဒီတော့ မီဒီယာနဲ့အတူပါလာတတ်တဲ့ မူတွေဘောင်တွေဆိုတာ တွေကြောင့် ကျွန်တော်တို့ အနုပညာအလုပ်တွေ ဆက်မလုပ်ဘဲနေကြမယ်ဆိုရင်ဖြစ်မလား။ မဖြစ်ဘူးဗျ။ဘာကြောင့်ဆိုရင် ဒီအနုပညာအလုပ်ဆိုတဲ့ဟာက ကျွန်တော်တို့ရဲ့အသက်လိုဖြစ်နေပြီလေ။ ဒါကြောင့် ဆက်တော့လုပ်ရမှာပါပဲ။ ဒါကြောင့် မြန်မာဗီဒီယိုရုပ်ရှင်နဲ့ပတ်သက်လာရင်ကျွန်တော်တို့မှာ ပြောဖို့ဆိုဖို့ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်ကျွန်တော် ပြောသင့်တာလေးကို ပြောပြချင်တယ်ဗျ။ ဒါဘာလဲဆိုရင် ဥပမာဗျာ၊ ကျွန်တော်တို့ဆီမှာ ခိုးကူးခွေအန္တရာယ်ကြောင့် ဂီတလောကဆိုရင် ပျက်သလောက်နီးနီးရှိသွားပြီလေ။ ကျွန်တော်တို့ ဗီဒီယိုရုပ်ရှင်လောကကတော့ဒီလောက်မဆိုးသေးဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့် ရုပ်ရှင်ဗီဒီယို လိုင်းကလူတွေဟာ ကိုယ့်ရဲ့အနုပညာလုပ်ငန်း ဂီတလောကလို မပျက်စီးသေးခင်မှာ ပြင်ဆင်စရာရှိတာ တွေကိုပြင်ဆင်ကြမယ်ဆိုရင် ကျွန်တော်တို့ အချိန်တွေအများကြီးရှိပါတယ်။ တကယ်လို့ ပျက်စီးနေမှ ထပြီးပြုပြင် တာမျိုးထက်စာရင် သိပ်မဆိုးသေးခင်မှာ ပြင်ဆင်စရာရှိတာတွေကို ပြုပြင်ကြစေချင်ပါတယ်။ အခုအချိန်မှာကိုပဲ ကျွန်တော်တို့က ကမ္ဘာနဲ့ယှဉ်လိုက်ရင် နှစ်ခြောက်ဆယ်လောက် နောက်ကျနေတဲ့အခြေအနေမျိုးလေ။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် နှစ်တစ်ရာကျော်လောက် နောက်ကျသွားပါမယ်။ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပျက်စီး သွားမယ်ဆိုရင် နောက်တက်လာကြမယ့် မျိုးဆက်သစ်တွေအတွက် အရမ်းတာဝန်ကြီးသွားသလိုဖြစ်မှာပါ။ အဲ့ဒီတော့ အဓိကအနေနဲ့ ကျွန်တော်ပြောချင်တာက နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ဘယ်အတိုင်းအတာအထိဖွံ့ဖြိုးတိုးတက်တယ်ဆိုတာအဲ့ဒီတိုင်းပြည်နိုင်ငံရဲ့ အနုပညာအခြေအနေကို ကြည့်ရ တာပါ။ အနုပညာကိုကြည့်ပြီး အဲ့ဒီနိုင်ငံမှာဖွံ့ဖြိုးတိုးတက်မှုဘယ်လောက် ရှိသလဲဆိုတာ တိုင်းတာလို့ ရပါတယ်။ ဒီတော့ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ကိုယ့်ရဲ့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာဆိုတဲ့ အခန်းကဏ္ဍကိုချန်လှပ်ထားခဲ့လို့ မရပါဘူးလို့ အဓိကထားပြီး ပြောချင်ပါတယ်။

အနုပညာဟာ အနုပညာအတွက်ဖြစ်ရမယ်၊ အနုပညာဟာပြည်သူတွေ အတွက်ြဖစ်ရ မယ်တိုကြွေး ကြော်သံတွေကို ကျွန်တော်တို့ကြားဖူးခဲ့ပါတယ်။ ဒီအီအပေါ်မှာ မြန်မာဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ဦးမျိုးမင်းရဲ့ အနုပညာဆိုတဲ့အပေါ် သုံးသပ်ချက်ကဘယ်လိုရိုမလဲ ဆိုတာသိချင်ပါတယ်။

ခုနကပြောခဲ့တဲ့ အနုပညာဟာ အနုပညာအတွက်၊ အနုပညာဟာ ပြည်သူ့အတွက်ဆိုတဲ့ Art For Art  တို့ Art For eople  တို့ဆိုတာမျိုးတွေက အဲ့ဒီခေတ်အခြေအနေမှာပေါ်ပေါက်ခဲ့တဲ့ ဆိုရှယ်လစ်အတွေး အခေါ်တွေကြောင့် ပေါ်ပေါက်လာခဲ့ရတယ်လို့ ကျွန်တော်မြင်တယ်။ ဟိုးတုန်းကဆိုရင် ဇာတ်ကားတစ်ကား ရိုက်ဖို့အတွက် ဖလင်ချပေးဖို့ဆိုတဲ့အခါမှာ အကျိုးပြုဘယ်လောက်ရာခိုင်နှုန်း ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှ ချပေးတာမျိုးတွေတောင် ရှိခဲ့ဖူးပါတယ်။ အဲ့ဒီလိုတွေလုပ်လိုက်တဲ့အတွက် ဘာဖြစ်သွားလဲဆိုရင် အနုပညာ ဆိုတဲ့အရာကို အကျိုးပြုအတွက် အသုံးချလိုက်တဲ့အခါမှာ အနုပညာဟာပျောက်ဆုံးလာတဲ့သဘောကို ရောက်သွားခဲ့တယ်။ အနုပညာဟာ အကျိုးပြု ပြိုင်သလိုဖြစ်သွားတယ်။ ၀ါဒဖြန့်ချိရေး ပြိုင်သလို ဖြစ်သွားတယ်။ အဲ့ဒီမှာ Art For Art တို့၊ Art For People  တို့ဆိုတာမျိုးတွေ အများကြီးဖြစ်လာတယ်။ အခုခေတ်အခြေအနေကိုရောက်တဲ့အခါမှာ ဘယ်အတွက်မှ မဟုတ်ပါဘူး၊ အားလုံးအတွက်ကို ရည်ရွယ်တဲ့သဘောကို ဆောင်လာပြီလို့မြင်ပါတယ်။ ခံစားနိုင်တဲ့လူခံစား၊ မခံစားနိုင်တဲ့လူ မခံစားဘဲနေ တဲ့ပုံစံမျိုးဖြစ်လာပါပြီ။ ဒါကို ဘာကသက်သေခံနေလဲဆိုရင် အော်စကာဆုစံကာတင်အဆင့်ကိုရောက်ပြီးမှ ပြုတ်သွားတဲ့ဇာတ်ကားတွေအများကြီးရှိနေတာကို ပြရမယ်ထင်ပါတယ်။ ဘာဖြစ်လို့အဲ့ဒီလိုဇာတ်ကားတွေ ပြုတ်သွားရလဲဆိုရင်တော့ ခုနကပြောခဲ့သလိုဝါဒဖြန့်ချိရေးသဘောကိုဆောင်သွားတဲ့အတွက်ပြုတ်ကုန်ကြတာပါ။ အမှန်တော့ အနုပညာမှာ အနုပညာအရောင်အသွေးကလွဲရင် အခြားဘာအရောင်အသွေးမှမရှိရပါဘူး။

အနုပညာဟာ အနုပုပညာအတွက်ဆိုတဲ့ အရာဟာ အနုပုပညာအတွက်ကောင်းတယ်ဆိုပေမယ့် အဲ့ဒီအနုပညာသည်ရဲ့ ဘ၀ရပ်တည်မှုမှာတော့ သိပ်ပြီးအဆင်ပြေလှမယ် မထင်ပါဘူး။ ဒီအခါမှာ အနုပညာသည်ဟာ သူတတ်တဲ့ အတတ်ပညာကို အသုံးပြုပြီး craft   လို့ခေါ်လို့ရမယ့် commercial art တွေကိုဖန်တီးလာကြရပါတယ်။ ဘ၀ရပ်တည်မှုဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ပါ။ ဒီအပေါ်ကို ဒါရိုက်တာတစ်ယောက်အမြင် ဘယ်လိုရှိမလဲဗျ။

ဒီလိုဆိုရင်တော့ ကျွန်တော်အနုပညာတွေ ဘက်ကပဲရပ်တည်ပြီးပြောချင်တယ်ဗျ။ ဗန်းဂိုး အနုပညာတွေ ကိုဖန်တီးနေတဲ့အချိန်အခါတုန်းက သူ့ရဲ့ပန်းချီကားကို ဘယ်သူကမှမကြိုက်ကြဘူး။ ဒါဆိုရင် အဲ့ဒီတုန်းက လူ့အဖွဲ့အစည်းကလက်မခံတဲ့အတွက်ကြောင့် အဲ့ဒီပန်းချီဆရာဟာ ဘာမှသုံးစားလို့မရတော့ဘူး။ မဟုတ်ဘူး လား။ ညစာလေးတစ်ပွဲနဲ့ပန်းချီကားကို သွားလဲတာတောင် ဘယ်သူကမှ အလဲမခံတဲ့အတွက်ကြောင့် နောက်ဆုံး အမှိုက်ပုံးထဲကဟာကိုကောက်စားပြီးတော့…ကျွန်တော်ကတော့ ဒါကိုပဲ ယုံကြည်တယ်၊ဒါကိုပဲရေးမယ်ဗျာ၊ခင်ဗျား ကျွန်တော့်ပန်းချီကားကို ညစာတစ်ပွဲနဲ့လဲချင်လဲ၊ မလဲချင်နေဆိုပြီးတော့ အငတ်ခံပြီး ပန်းချီကားတွေ ရေးသွားခဲ့တယ်။ ဒါပေမယ့် အားလုံးဟာအချိန်နဲ့နေရာကိုလိုက်ပြီး ပြောင်းလဲနေကြတာလေ။ အချိန်ကာလ တစ်ခုကို ရွေ့သွားတဲ့အခါ လူကိုလူနဲ့တူအောင်ရေးထားတဲ့ န်းချီတွေကို ငြီးငွေ့လာကြတဲ့အခါ လူ တစ်ယောက်ကို ဖျတ်ခနဲ မြင်လိုက်ရတဲ့အချိန်မှာ၊ မြင်လိုက်ရ ခံစားလိုက်ရတဲ့အမြင်မျိုးနဲ့ ရေးထားတဲ့ပန်းချီကားတွေ ခေတ်စားလာတဲ့အခါ ဗန်ဂိုးရဲ့ ပန်းချီကားတွေဟာ ဒေါ်လာသန်းချီပြီးတန်လာပြီး ပြင်သစ် နိုင်ငံရဲ့ရတနာဆိုပြီး သတ်မှတ်လာကြပါတယ်။ သူ့ရဲ့ပန်းချီကားအတွက် တိုက်ကြတယ်၊ခိုက်ကြတယ်၊လုကြတယ်ယက်ကြတယ်ပေါ့။ သေကြတာတွေဆိုလည်းအများကြီးပဲ။ ဒီနေမှာပြန်ဆွဲလိုက်ရင် အဲ့ဒီတုန်းကဗန်ဂိုးကြီးဟာ အဲ့ဒီ အသိုင်းအ၀ိုင်းက လက်မခံလို့ ဘ၀ရပ်တည်မှုကလည်း အရေးကြီးပါသေးတယ်လေဆိုပြီး ငါကတော့ ခသာာနမခငေူ ပဲကွာ ဆိုပြီး ပြောင်းရေးခဲ့ရင် အခုတန်ဖိုးထားနေကြတဲ့ အနုပညာဆိုတာ ပေါ်လာစရာအကြောင်း မရှိတော့ပါဘူး။ အဲဒါက ဗန်ဂိုးရဲ့တန်ဖိုး မဟုတ်ပါဘူး။ ဒီတုန်းကသူ ညစာတစ်ပွဲနဲ့ သွားလဲခဲ့တယ်။ ဒါပေမယ့်သူ့တန်ဖိုးနဲ့ တခြားစီပဲ။ သူ့ရဲ့ ပန်းချီကားတွေ ဒေါ်လာသန်းပေါင်းများစွာတန်လာတဲ့အကျိုးကိုတော့ သူမခံစားသွားရပါဘူး။ နောက်ဆုံးမှာတော့ သူယုံကြည်တဲ့အနုပညာကို မပြောင်းလဲနိုင်တဲ့အတွက် သူ့ရဲ့အသက်ကိုပြောင်းလဲပြီး သူ့ရဲ့ဘ၀ကို ပြောင်းလဲပစ် လိုက်တယ်။ ဒါကြောင့် ကျွန်တော်မြင်တာက လူ့အဖွဲ့အစည်းတစ်ခုက လက်မခံတာနဲ့ အနုပညာဟာ ကျဆုံးတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအနုပညာကိုလူ့အဖွဲ့အစည်းက လက်မခံခြင်းဟာ အနုပညာကပဲမှားနေတာလား၊ လူ့အဖွဲ့အစည်းကပဲမှားနေတာလား ဆိုတာကိုတော့အချိန်ကာလက စကားပြောသွားပါလိမ့်မယ်။

ဟုတ်ကဲ့ပါ။ တကယ်လ်လို့သာပေါ့၊ ဗန်ဂိုးကြီးဟာ အခုကျွန်တော် ခေတ်မှာရှိနေမယ်။  သူဖန်တီးတဲ့အနုပညာတွေကိုလည်း လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက လက်ခံတယ်။ သူကိုယ်တိုင်ကလည်း အနုပညာတွေကို ဆက်ပြီး ဖန်တီးချင်နေတယ်ပေါ့။ ဒါပေမယ့် သူ့ပန်ချီကားတွေကို ပရိသတ်ဆီချပြမယ်ဆိုတဲ့အခါမှာတော့ ခုနကပြောတဲ့ မီဒီယာကြားခံထားတဲ့အတွက် မီဒီယာကလက်ခံမယ့် မူတွေဘောင်တွေနဲ့ လုပ်ရမယ့် အခါမျိုးမှာဆိုရင် သူဘာလုပ်မယ်လို့ ဦးမျိုးမင်းထင်လဲ။

သေချာတာတစ်ခုကတော့ သူ performance art  တွေလုပ်နေလိမ့်မယ်ဆိုတာပဲဗျ။ (ရယ်လျက်…)

အရင်ခေတ်တွေတုန်းက အနုပညာသမားတွေ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာတွေ စသဖြင့်ပေါ့ဗျာ။ သူတို့တွေက သူနဲ့ခေတ်ပြိုင်အဖြစ်တည်ရှိခဲ့တဲ့ လူ့ဖွဲ့အစည်းရဲ့ ခေတ်ပြိုင်အထောက်အထား သူတို့တတွေရဲ့ အနုပညာလက်ရာ အနုပညာပစ္စည်းတွေမှာ ပါဝင်ကျန်ရှိနေအောင် လုပ်ခဲ့ကြတာမျိုးတွေရှိပါတယ်။  ဦးမျိုးမင်းတိုမျက်မှောက်ခေတ် အနုပညာရှင်တွေအနေနဲ့ရော ဒါမျိုးတွေ လုပ်နေကြပါသလား။

ဟုတ်ပါပြီ။ ဒါဆိုရင် ရှေ့မှာကျန်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုတစ်ချက်ကြည့်ရအောင်ဗျာ။ သူတို့တွေရဲ့ အနုပညာပစ္စည်းတွေထဲမှာ အခုအချိန်ထိ သမိုင်းဝင်ပြီးကျန်ရစ်နေတဲ့ စကားလုံးတွေရှိမယ်၊ နောက်သမိုင်းဝင်ပြီးကျန်ရစ်ခဲ့တဲ့ အနုပညာလုပရပ်တွေရှိကြတယ်ပေါ့။ ဒါပေမယ့် သူတို့ဖန်တီးခဲ့စဉ်အခါတုန်းကတော့ ငါသမိုင်းတွင်အောင်ကြံစည်ပြီး ထားထားခဲ့လိုက်မယ်ဆိုတဲ့စိတ်နဲ့ ဖန်တီးခဲ့ကြတဲ့လူ မရှိပါဘူး။ အနုပညာသမားတွေ ရိုးရိုးသားသားဖန်တီးလိုက်ကြရင်းကနေ သမိုင်းဝင်သွားခဲ့ကြတာပါ။ အဲ့ဒီတော့ အခုခေတ်မှာ ကျွန်တော်တို့ဖန်တီးခဲ့တဲ့ အရာတွေမှာလည်း ကျွန်တော်တို့ဘာသာကျွန်တော်တို့ ရိုးရိုးသားလုပ်သွားကြမှာပါပဲ။ အဲ့ဒီ သမိုင်းတွင် အောင် ကျန်ခဲ့တယ်၊ မကျန်ခဲ့ဘူးဆိုတဲ့ကိစ္စကိုတော့ ကျန်ခဲ့တဲ့ နောက်လူတွေရဲ့ ဆုံးဖြတ်သုံးသပ်မှုပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဒီအတွက် ကျွန်တော်တို့မှာတာဝန်မရှိဘူးလို့လည်းထင်မိတယ်လေ။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာလုပ်စရာရှိတာကို ရိုးရိုးသားသားနဲ့အကောင်းဆုံးဖြစ်အောင်လုပ်နေမှာပါပဲ။ အဲ့ဒီလို ဘာဖြစ်ရကောင်းစေ၊ ညာဖြစ်ရကောင်းစေဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တယ်ဆိုတာကိုတော့ကျွန်တော် မသန့်စင်ဘူးလို့ ခံယူပါတယ်။

ဟုတ်ကဲ့ပါ။  နောက်ဆုံးအနေနဲ့ သိချင်တာက အနုပညာဆိုတဲ့အရာမှာလည်း မျိုးဆက်တစ်ခုနဲ့တစ်ခုအပြန်အလှန်ပြုစုပုပျိုးထောင်မှုသဘောတရားတွေပါဝင်နေတော့ ဦးမျိုးမင်းတို့လို အနေနဲ့ ကိုယ့်နောက်က ပေါ်ပေါက်လာမယ့် မျိုးဆက်တွေကို တစ်ခုခုပြောပြပေးစေလိုပါတယ်။

နောက်မျိုးဆက်တွေအတွက်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာနဲ့ ဆုတ်ယုတ်မှုဆိုတာက ဒွန်တွဲပြီး လာတာလေ။ ကျွန်တော်တို့တုန်းက တယ်လီဗေးရှင်းပဲရှိသေးတာ။ ဗီဒီယိုတောင်မှ တစ်လနေမှ တစ်ကြိမ်လောက်ငှားကြည့်နိုင်တာလေ။ ဒီလိုကြည့်တဲ့အခါမျိုးမှာလည်း ရှားပါးတော့ သေချာ ဂရုစိုက်ပြီးကြည့်ခဲ့ရတယ်။ ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာတော့ စလောင်းရှိတယ်၊ Movies 5 တို့ ဘာတို့ရှိတယ်၊ အင်တာနက်တွေရှိတယ်၊ Website တွေအများကြီးရှိပြီးကြိုက်တာကို ၀င်ကြည့်လို့ရတဲ့အခြေအနေပါ။ အဲ့ဒီမှာ သူတို့တွေအတွက် ဒါတွေဟာ အလွယ်တကူရတဲ့အရာတွေဖြစ်နေတော့ လူငယ်တွေက ဒါတွေကိုတန်ဖိုးမထားတတ်ကြပါဘူး။ဒီအချိန်မှာပဲ တစ်ဖက်မှာက စာဖတ်တဲ့လူ အရမ်းကိုနည်းသွားပြီဆိုတာကျွန်တော်တို့တွေ့လိုက်ရပါတယ်။စာဆိုတာကိုတော်တော်များများက မဖတ်ကြ သလောက်ပဲ လို့တောင်ပြောလို့ရတယ်။ သူတို့မှာက မီဒီယာတွေအရမ်းများလာတော့ စာဆိုတာဖတ်စရာ မလိုတော့ဘူး လို့တောင်ထင်နေကြတယ်တူပါတယ်ဗျာ။ ဒါကြောင့် ဒီလိုအင်တာနက်တွေဘာတွေထဲမှာ ရှာလို့မရတဲ့အရာတွေဟာ စာတွေထဲမှာပဲရှိတယ်ဆိုတာသူတို့ကို သိစေချင်တယ်။ နောက်အနုပညာကို ၀ါသနာပါတဲ့သူတွေအတွက်ဆိုရင်တော့ စာထဲမှာပါတဲ့ အကြောင်းအရာလောကအမြင်တွေကို ကိုယ်နဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဘယ်အရာတွေကိုမဆို လေ့လာသင့်တယ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။

အံ့ဘုန်းမြတ်

About ahuntphonemyat

Journalist.

Discussion

2 thoughts on “ဒါရိုက်တာ မောင်မျိုးမင်းအင်တာဗျူး

  1. ကျွန်တော်တို့လက်ရှိအခြေ အနေက အနုပညာကိုဆန်းသစ်ဖို့ဆိုတဲ့ အခါမျိုးမှာ စိတ်ကူးကို စမ်းသစ် မှာလား။ အတက်ပညာတွေကိုဆန်းသစ်မှာလား။ နည်းပညာတွေကိုဆန်းသစ်မလား။ ဆိုတဲ့ အချက်သုံးချက်ရှိလာတယ်။ ဒီနေရာမှာကျွန်တော်တို့က နည်းပညာလည်း မစမ်းသစ်နိုင်ဘူး။ အတက်ပညာလည်း မဆန်းသစ်နိုင်ဘူး။ စိတ်ကူးလည်း မဆန်းသစ်နိုင်ဘူးဖြစ်နေကြတော့ ပရိသတ်က ကြိုက်ကိုမကြိုက်တော့တာပါ။

    စိတ်ကူးရယ်၊ အတတ်ပညာရယ်၊ နည်းပညာရယ် ဆိုတဲ့အထဲမှာ စိတ်ကူးကိုဆန်းသစ်တာအခြေခံအကျဆုံးနဲ့ ပြောင်းလဲပစ်ဖို့ အဓိကအကျဆုံးပဲလို့ထင်တယ်။ ကိုရီးယားကားတွေ ကိုမြန်မာတွေဘာကြောင့်လက်ခံလာရသလဲဆိုရင်။ ဇတ်ကားစဖွင့်တာနဲ့ သားသမီးကို အိမ်ထောင်ချပေးဖို့ နဲ့ဇတ်စဖွင့်တာမျိုးစသည်ဖြင့် ဆိုတဲ့ သေးသိမ်တဲ့ဇတ်ကွက်မျိုးမတွေ့ရဘူး။ သူတို့ရဲ့ကားတိုင်းကားတိုင်းကိုကြည့်ပါ။ struggling လုပ်တာတွေနဲ့ ပဲဇတ်ကိုဆွဲခေါ်ယူသွားတယ်။ အချစ်ကားကိုကြည့်ရင်တောင် ဘ၀ထဲက အချစ်ကိုဖော်ကျူးထားတာတွေ့ရတယ်။ လူတွေရဲ့နေ့စဉ်လှုပ်ရှားမှု့ဘ၀ကိုထင်ဟပ်နိုင်တယ် ဘ၀ဆန်တယ်။ ဆင်းရဲသား မုန့်ဟင်းခါးရောင်းတာကို ရိုက်ပြမှ ဘ၀ဆန်တာမဟုတ်ဘူး။ ကွန်ပြူတာပညာရှင်တစ်ယောက်ရဲ့နေ့စဉ်ရုန်းကန်မှု့ ဘ၀၊ လောကဓံတွေကိုရိုက်ပြနိုင်လည်း ဒါဟာဘ၀ပဲ။ ကြည့်လိုက်လေ ပရိတ်သတ်က မြန်မာပြည်မှာ ကိုရီးယားကားမကြိုက်တဲ့ သူဆိုတာခပ်ရှားရှား။ ကျွန်တော်ဆို ကိုရီးယားကားကိုသိပ်စွဲစွဲလမ်းလမ်း ကြည့်တာမဟုတ်ဘူး ရှင်းရှင်းပြောရရင် မကြိုက်ဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် ခုခေတ်ပေါ် ကိုရီးယားကားထဲမှာ သမားတော် လိုကားမျိုး၊ လီဟန်နီဆိုပြီးနာမည်ကြီးလာတဲ့ ဖိနပ်ဒီဇိုင်းဆွဲတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇတ်လမ်းမျိုး မြန်မာမှာရောရိုက်ပြလို့မရဘူးလား။ ထွင်ထွင်ပြီးတော့ တော့ ရိုက်ကြပါရဲ့လေ။ ဖလက်ရှ်တွေများနေလေရဲ့ လူတွေက အထူးပြုလုပ်ချက်တွေကိုကြိုက်တာမဟုတ်ဘူးဆိုတာလည်း သိသင့်တယ်ထင်တယ်။ အလင်းအမှောင်ခပ်ကောင်းကောင်းတွေမလိုဘူးမဟုတ်ဘူး လိုတယ်။ အဲ့လိုနည်းပညာတွေ ကဇတ်ကားတစ်ကားကောင်းဖို့အတွက်က 20 ရာခိုင်နှုန်းလောက်ပဲ အရေးပါတာ။ တစ်ကယ်က ဇတ်လမ်း ဇတ်လမ်းကောင်းမှ ရုပ်ရှင်ကကောင်းလားမှာ။ ဇတ်အိမ်ခိုင်ခံ့မှု့၊ လူတွေရဲ့နေ့စဉ်ဘ၀ကိုထင်ဟပ်မှု့တွေရှိမှ လူတွေကခံစားနိုင်မှာ။ အဲ့ဒိလိုဆိုရင် အနုပညာဟာ လူတွေအတွက်ဟုတ်လား မဟုတ်လား ပြောစရာမလိုတော့ပါဘူး။
    နောက်တစ်ခုက လူတွေရဲ့ကိုယ်ချင်းစာမှု့ဆိုတာ ကိုယ်တိုင်ကြုံတွေ့ရမှ ကိုယ်ချင်းစာတတ်တာ
    ကိုယ့်ဘ၀ရဲအခက်အခဲရှိရင် သူများရဲ့အခက်အခဲကိုလည်းကိုယ်ချင်းစာနိုင်မှာပဲ။ ပရိတ်သတ်တွေရဲ့ ဒရာမာကားတွေပေါ်ကြည့်တဲ့အကြည့်ရ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ကြည့်ရှု့ခံစားတာ။ ကိုယ်ချင်းစာလို့မရရင် ခံစားလို့လဲမရတော့ဘူးလေ။

    Art for Art တို့ Art for People ဆိုတာတွေကတော့ အားလုံးကိုသိမ်းကျုံးပြီးပြောလို့ရမယ်မထင်ဘူး။ ကိုယ်လုပ်တဲ့ အနုပညာအမျိုးအစားပေါ်မှာမူတည်သေးတယ်လေ။ ကိုယ်ကပန်းချီလား၊ ဓါတ်ပုံလား၊ ရုပ်ရှင်လား၊ ဂီတလားဆိုတဲ့အပေါ်မှာ မူတည်သေးမယ်ထင်တယ်။ ရုပ်ရှင်တို့ ဂီတတို့ မှာလာပြီး Art for Art ဆိုတာမျိုးလာလုပ်နေရင်တော့ အဲ့ဒိအနုပညာဟာ underground အနုပညာဖြစ်နေမှာသေချာသလောက်ရှိတယ်ထင်ရဲ့လေ။

    အနုပညာဟာ ရောင်းကုန်တစ်ခုများဖြစ်မယ်ဆိုရင် ပိုပြီးတော့တောင် လူတွေအတွက် ဖြစ်နေသင့်သေးတယ်။ လူတွေအတွက်ဆိုတ ၀ါဒဖြန့်ဖို့တစ်ခုတည်းတင်မကပါဘူး။ အားပေးဖို့၊ စိတ်အာဟာရပြည့်ဝဖို့ဆိုတဲ့ အကြောင်းတွေလည်းအများကြီးရှိသေးတယ်။

    ဆေးလိပ်ထုတ်တဲ့သူက ဆေးလိပ်သောက်သူမှအဆင်ပြေမယ်။ အဲ့လိုပဲ ကော်ဖီမသောက်ဖူးပဲ မကြိုက်တတ်ပဲ ကော်ဖီထုတ်လို့ရင်တော့ ကိုးလို့ကန့်လန့်တွေဖြစ်သွားမှာပါပဲ။ ကိုယ်ကိုယ်တိုင် စားသုံးသူအဖြစ်ခံစားနိုင်မှ လိုက်လျောညီထွေဖြစ်တဲ့ အရာတွေထုတ်လွှတ်နိုင်လိမ့်မပေါ့။
    ပြောချင်တာက ရုပ်ရှင်သမားတွေဆိုတာက ဇတ်လမ်းပေါ်မူတည်ပြီး ရိုက်ကူး ရတာ သရုပ်ဆောင်ရတာ။ ဇတ်လမ်းဖန်တီးသူကတော့ အဓိကကျောရိုးပါပဲ။ ဇတ်လမ်းမကောင်းရင် ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း၊ ဘယ်လိုပဲစက်ပစ္စည်းတွေကောင်းနေပါစေအလကားပါပဲ။

    ပရိတ်သတ်တစ်ယောက်အနေနဲ့တော့ ကိုယ်သိသလောက် ပြောကြည့်တာ။ မှန်တယ်ထင်တယ်။
    ပြောချင်တာပြောပြီးမှတော့ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်လို့တော့ မပြောပါဘူး။ :)

    Posted by ကျော်ညိုသွေး | July 17, 2009, 6:30 am
  2. ဘက်မလိုက် … အနုပညာဘက်တော်သားစစ်စစ် ဦးမျိုးမင်း ရဲ့ရပ်တည်ချက်နဲ့ ယူဆချက်တွေကို တကယ်ဘဲလေးစားမိပါတယ်..
    အင်တာဗျူရာ ရဲ့ထိမိတဲ့ မေးကွက်လှလှ စိပ်စိပ်လေးတွေကို လဲ သဘောကျမိပါတယ်…

    ကျနော့်ရဲ့စိတ်ထဲ မှာရှိတာလေး လဲပြောချင်ပါတယ်…
    အားပြိုင်မှုတွေ ဆန့်ကျင်ဘက် အတိုက်အခံတွေ ကြားမှာနစ်မွန်းနေကြရတာ..အနုပညာတင် မဟုတ်ပါဘူး…ဘက်စုံ ထောင့်စုံ အခန်းစုံ နေရာ ဋ္ဌာနစုံကနေ ပါ..ပညာရေးကို ကြည့်မလား..ကျန်းမာရေးကို ကြည့်မလား..ဒါတွေကို အချိန်မှီ ပြင်ဆင်နိုင်ဖို့…ဦးမျိုးမင်းလို ဘက်မလိုက်ဘက်တော်သား..(neutral technical genius) လူချွန်လူကောင်း များ အများကြီးလိုအပ်နေပါတယ်…
    လက်ရှိတာဝန်ရှိ အချုပ်အခြာ အာဏာ ပိုင်တာဝန်ရှိသူများက…ထိုလူချွန်လူကောင်းများကိုတန်ဖိုးထား လေးစားနားလည်ဖေးမ ပေးစေလိုပါကြောင်း..

    Posted by ကိုဂျစ်တူး | August 4, 2009, 10:27 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: