စာနယ်ဇင်း, ဆောင်းပါး

ဗုဒ္ဓဘာသာနှင့်လူမှူရေး


ဗုဒ္ဓဘာသာနှင့်လူမှူရေး

မြန်မာလူငယ်များ စုစည်းရေးသားသည်

တနေ့က ကျွန်တော်ညီတစ်ယောက်က ဒီဆောင်းပါးလေးကို ကျွန်တော်ဆီကို ပို့လာပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုး အများစု ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမယ့် မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို မေ့လျှော့နေကြသူတွေများနေတာကို တွေ့ရတဲ့အတွက် ကျွန်တော်ဘလော့ခ်လေးမှာ ပြန်ပြီးတင်ပေးလိုက်ရပါတယ်။ ဒီဆောင်းပါးထဲမှာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ နေထိုင်ရှင်သန် ကျင်လည်လျှက်ရှိကြတဲ့ မြန်မာမျိုးဆက်သစ်လူငယ်တွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ခံယူချက်နဲ့ အမြင်တွေ ကိုတွေ့ရှိနိုင်ကြမှာဖြစ်ပါတယ်။

တရားအလုံးစုံသိမြင်သော သဗ္ဗညုတဘုရားရှင်ကို`ဗုဒ္ဓ´ဟုခေါ်သည်။မြတ်စွာဘုရားဟောကြား ညွှန်ပြဆုံးမတော်မူခဲ့သော  တရားတော်များကို ( အပါယ်ဆင်းရဲ၊  သံသရာဝဋ်ဆင်းရဲသို့မကျရောက်အောင်  ကယ်တင်နှိင်သော) `ဗုဒ္ဓဘာသာ´ ဟုခေါ်သည်။ ထိုတရားတော်များ  အတိုင်းလိုက်နာကျင့်ကြံနေထိုင်သူများကို` ဗုဒ္ဓဘာသာဝင်´ ဟုခေါ်သည်။ သို့သော်ဘုရား၊တရား၊သံဃာဟူသော ရတနာမြတ်သုံးပါးကိုကိုးကွယ်ရာ အားကိုးရာစစ်စစ်ဟု ယုံကြည်ဆည်းကပ်ခြင်းရှိမှသာ  အမှန်တကယ်ဗုဒ္ဓဘာသာဝင်ဖြစ်ပါသည်။

Buddhaကမ္ဘာပေါ်ရှိလူသားများကို ကိုးကွယ်ရာဘာသာအလိုက်      ခွဲခြားကြည့်မည်ဆိုလျှင် အဓိကအားဖြင့်  ခရစ်ယာန်ဘာသာဝင်များ၊ မူစလင်ဘာသာဝင်များ၊           ဗုဒ္ဓဘာသာဝင်များ၊  ဟိန္ဒူဘာသာ ၀င်များအပြင် မဟာမေဒင်ဘာသာဝင်များ၊ နတ်ကိုး ကွယ်သူများနှင့် မည်သည့်ဘာသာကိုမျှ မကိုးကွယ်သည့်ဘာသာမဲ့များဟူ၍ခွဲခြားတွေ  ရှိနိုင်မည်ဖြစ်ပါသည်။      အထူးသဖြင့် ဗုဒ္ဓဘာသာကိုလေးစားလိုက်နာကြည်ညိုကြသူများမှာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် မှီတင်းနေ ထိုင်ကြသူများဖြစ်ကြပါသည်။

ယနေ့ကမ္ဘာတွင်ဗုဒ္ဓဘာသာဝင်သန်း၃၀၀ကျော်၊ဗုဒ္ဓစေတီတော်ပေါင်း နှစ်သန်းကျော်၊ သာသနာ့ဝန်ထမ်းရဟန်းတော်နှင့် သီလရှင်ပေါင်း၈သိန်းကျော်ရှိပါသည်။ ကျွန်ုပ်တို့ကိုးကွယ်သော ဗုဒ္ဓဘာသာကိုဘီစီ (၅၈၈)တွင် ဂေါတမမြတ်စွာဘုရားက စတင်တည်ထောင်ခဲ့ပါသည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဘီစီ (၆၂၃)တွင်ဖွားမြင်၍ ဘီစီ(၅၈၈)တွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အားလုံးအပေါ်ညီမျှသော မဟာဂရုဏာတော်နှင့် ဥပါယကောသလ္လဥာဏ်တော်နှစ်ပါးကို အခြေခံကာ မြတ်စွာဘုရား အဖြစ်သို့ရောက်ရှိခဲ့ ခြင်းဖြစ်ရာမိမိ၏ဗုဒ္ဓစက္ခုနှစ်ပါးဖြင့် မြင်တော်မူသည့်အတိုင်း သတ္တ၀ါတို့၏ အကျိုးစီးပွားကို၄၅၀ါလုံးလုံး ဆောင်ရွက်တော်မူပြီးဘီစီ(၅၄၃)တွင်ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။ ထိုအချိန်မှစ၍နှစ်ပေါင်း ၂၅၀၀ ကျော်ကြာ ယနေ့ခေတ်တိုင်အောင်ခေတ်အဆက်ဆက် ရဟန်းသံဃာတော်များမှ ထိန်းသိမ်းစောင့်ရှောက်လာ၍သာ ကျွှန်တော်တို့ကိုး ကွယ်ရခြင်းဖြစ်ပါသည်။

အမိမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပါသည်။  ဦးချပူဇော်၍ ကုသိုလ် ကောင်းမှုအမျိုးမျိုးပြုကာ အမျှဝေနိုင်သည့် စေတီပုထိုးပေါင်းများစွာရှိပါသည်။ မှန်ကန်ခြင်းဟူသော သစ္စာတရား၊တန်ဆောင်ဆီမီးကဲ့သို့သော ပညာအလင်းရောင်တို့အစဉ်ထွန်းလင်းလျှက်ရှိပါသည်။ ၀ိပဿနာ တရားကျင့်ကြံ့ရန်အတွက်လည်း နည်းမှန်လမ်း မှန်ညွှန်ပြပေးမည့် ရဟန်းသံဃာတော်ဆရာသမားများ   တရားရိပ်သာများအမြောက်အများရှိသည်။ မိမိတို့သေဆုံးသွား ချိန်တွင်သာသနာဂုဏ်ရောင်နှင့် သစ္စာတရား တို့ဆက်လက်ထွန်းလင်းတောက်ပအောင်၊ သာသနာတော်ကြီးဆက် လက်ပြန့်ပွား တည်တံ့အောင်တတ်နိုင် သမျှကြံဆောင်သင့်ပေသည်။

လူ့ဘောင်လူ့လောကသည် သစ်ပင်ပန်းမန်တိုနှင့်တူသည်။သစ်ပင်တစ်ပင် ပေါက်ဖွားရန်မြေ၊ ရေ၊ လေ၊ နေ စသည့်အခြေခံ လိုအပ်ချက်တို့လိုပါသည်။  ထို့ပြင်ရေလောင်းပေါင်းသင်မှု ပတ်ဝန်းကျင်၏     လှုံဆောင်မှုတို့လည်းလ်ုအပ်သည်။ သို့မှသာ လှပါစွာဖူးပွင့်လာသော သစ်ပင်ပန်းမန်အားလုံးပေါင်းစည်းခြင်းအားဖြင့် နေပျော်ဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်လာသည်။ ဤသို့ပင်မိခင်လောကကြီးထဲသို့  ကံအကြောင်း     ကိုယ်စီဖြင့်ရောက်လာကြသော  ကျွန်တော်တို့လူသားများအနေဖြင့်လည်း မိမိတွင်ရှိသောအရည်အသွေးတို့  ဖြင့်လောကကိုပြန်လည်ကာ စောင့်ရှောက်အလှဆင်သင့်ပေသသည်။

လူဆိုသည်မှာတဦးတစ်ယောက်တည်းနေ၍မရသောကြောင့် လူမှုပတ်ဝန်းကျင်လိုအပ်သည်။          ထိုမှနေ၍ လူအချင်းချင်း ကူးလူးဆက်ဆံခြင်းဖြင့် `လူမှုရေး ´ဟုဖြစ်လာသည်။ ကူးသန်းရောင်းဝယ်ကြရာမှ `စီးပွာ;a&;ဟုဖြစ်လာသည်?/ နေထိုင်ရာနိုင်ငံပတ်ဝန်းကျင်ဒေသနှင် ဓလေ့ထုံးတမ်း အစဉ်အလာတို့အပေါ်မူတည်၍ ယဉ်ကျေးမှု´ ဟုဖြစ်လာသည်။ ထိုအရာအားလုံးတို့ကို အနားကွပ်ထိမ်းချုပ်ထားသောအရာမှာ ဘာသာရေးပင်ဖြင်သည်။ ဘာသာရေးသည်အားလုံး၏ အခေါင်အချုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လောကတွင် လူသားတို့ဆုံးဖြတ်ကြသောအမှားနှင့်အမှန်၊ ပြုလုပ်ကြသော  အမှုကိစ္စမှန်သမျှဟူသည် ဘာသာတရားက ပေးသော သွန်သင်ဆုံးမချက်များအပေါ် အားကိုး၍ဆုံးဖြတ်လုပ်ကိုင်ကြရပြီး၊ မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့်  မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ဘာသာရေးသည် ပစ္စုပ္ပန်နှင့်တမလွန်ကို မျှော်မှန်းကာ ပြုလုပ်ရခြင်းဖြစ် သဖြင့်မှားယွင်းသွားပါက သံသရာတစ်လျှေက်လုံးရှူံးနိုင်သောလုပ်ငန်းဖြစ်သည်။ ထို့ကြောင့်ကျွန်တော်တို့ အနေဖြင့်မိမိတို့ရွေးချယ်တတ်သော၊ ကိုးကွယ်သောဘာသာ၏အကြောင်းကို ခြေခြေမြစ်မြစ်နားလည်သိရှိ ထားရပါမည်။ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်နှင့်အမြင့်ဆုံးပန်းတိုင်ကိုသိရှိဖို့လိုပါသည်။ ကိုယ်ဘာကြောင့်ကိုးကွယ်သလဲ မိမိသည် အစဉ်အလာကို လိုက်ခဲ့ခြင်းလား၊ သက်ဝင်ယုံကြည်မှုရှိရဲ့လား မိမိ ကိုယ်ကိုမညှာတမ်းမေးစစ်ဖို့လိုပါလိမ့်မည်။

ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်ဝတ်များထဲတွင်ကံငါးပါးသည် အခြေခံအကျဆုံးကျင့်ဝတ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် သည် ထိုသိက္ခာပုဒ်များ(ငါးပါးသီလ)ကို သို့မြဲမြံစွာ ဆောက်တည်ရပါမည်။

ပါဏာတိပါတ – သူတပါး၏အသက်ကိုသတ်ခြင်းဆိုရာတွင်သက်ရှိသိတ္တ၀ါအားလုံးတို့ကိုသတ်ခြင်းမှ ရှောင်ကြင်ရပါမည်။ ထိုသီလကိုစောင့်ထိန်းခြင်းဖြင့် မိမိအတွက်သံသရာအဆက်ဆက အကုသိုလ်မှ ကင်းဝေးစေသလို သတ္တ၀ါတို့အား ကူညီရာ မေတ္တာဖြန့်ကျက်ရာရောက်ပါသည်။ လူတို့တွင်ဒေါသ၊ မောဟ၊ လောဘတရားများကိန်းအောင်းနေသရွေ့ ကမ္ဘာပေါ်တွင် စစ်မက်များ၊ ကြီးနိုင်ငယ်ညှင်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပါသည်။ ကူညီသူမဲ့ကာငိုကြွေးမှု များနှင့် ၀မ်းနည်ပူဆွေးမှုများ  ဘယ်အခါမှပြီးဆုံးတော့မည်မဟုတ်ပါ။ ထို့ကြောင့်မြတ်ဗုဒ္ဓကပါဏာတိပါတကို ရှောင်ကြည်စေ ခဲ့ခြင်းဖြစ်ပါသည်။

အဒိန္တွာဒါန – သူတပါးပစ္စည်းဥစ္စာကိုခိုးယူခြင်းဆိုရာတွင်၊ သူတပါးဟူသည်မိမိမှတပါးအခြားသော လူနတ်တိရိစ္ဆာန်အားလုံး ကိုခေါ်သည်။ ခိုးယူခြင်းတွင်မပေးဘဲယူငှင်ခြင်း၊ ဓါးပြတိုက်ခြင်း၊ လိမ်ညာလှည့်ပတ် ယူခြင်းကူသန်းရောင်းဝယ်ခြင်းရာတွင်  တင်းတောင်း၊အလေးစသည်တို့မပြည့်ခြင်း၊ မရိုးမသားယူခြင်း၊ အသား၊ငါးစသည်တို့ရေထိုးခြင်း စသည်ဖြင့်အားလုံးပါ ၀င်သည်။ ဤအကုသိုလ်ကံသည်ယခုဘ၀တွင်လည်း လက်ငှင်းအကျိုးပေးသည်။ လူမိလျှင်ထိုးနှက်ရိုက်ပုတ်ခံရခြင်း၊ ထောင်တန်း အကျဉ်းကျခံရခြင်းများ၊အများ၏  ယုံကြည်မှုကင်းမဲ့ကာ စီးပွားပျက်သွားသော အခြေနေများ များစွာရှိပါသည်။

ကာမေသုမိစ္ဆာစာ – ဆိုရာ၌ဇနီးမောင်နှံနှစ်ဦးမှတစ်ပါး အခြားသောသူများနှင့်ကာမဂုဏ်အရ ဖောက်ပြန်ခြင်းများမပြု လုပ်ရန်တားမြစ်ထားသော  အ၇ာဖြစ်ပါသည်။ ဤသီလကို မစောင့်ထိန်းနှိင်ပါ ရရှိလာမည့် စိတ်ဒုက္ခများ၊ လူမှုရေးပြဿနာ များကားဆိုးဝါးလှပါသည်။  ပတ်ဝန်းကျင်မှ လူမှုရေးဖောက်ပြန်သူဖြစ်ကဲ့ရဲ့  ရှုတ်ချများဖြင့်လူတောမတိုးဝင့်လောက်အောင် မျက်နှာငယ်ရပါလိမ့်မည်။ မိမိသာမက မိမိ၏မိသားစု သားသမီးရှိခဲ့လျှင်၎င်းတိုပါကြားက မြေစာပင်ဖြစ်ကြရပါသည်။  မျက်မှောက်ဘ၀ထက် သံသရာတွင် ပေးဆပ်ရမည့် အပြစ်က အဆများစွာကြောက်စရာကောင်းလှပါသည်။ သာဓကအားဖြင့်`ဒု၊ ဿ၊ န ၊သော´ဇာတ်အကြောင်း  ကိုအောက်မေ့ကာသံဝေဂ ယူကာမိမိတို့စိတ်ကို စောင့်ထိန်းရာ၏။

မုသာဝါဒ –         မုသာဝါဒတွင် ၀စီဒုစရိုက်လေးပါးလုံးကိုစောင့်ထိန်းနိုင်ပါမှပြည့်စုံပေမည်။ —           မဟုတ်မှန်သောစကားကို ပြောဆိုခြင်းစာဖြင့်ရေး၍လည်းကောင်း၊ကိုယ်လက်စသည်တို့ကို လှုပ်ရှားပြခြင်းခြင့် လည်းကောင်းလိမ်လည်လည့်ဖြားခြင်း၊

ကုန်းချောစကားပြောဆိုခြင်း

-ရုန်းရင်းကြမ်းတမ်းသောစကားပြောဆိုခြင်း

-ပြိန်းဖျင်းသောစကားပြောဆိုခြင်း အားလုံးပါဝင်ပါသည်။

လိမ်လည်ပြောသောသူသည် ကြာလာပါက မည်သူကမျှယုံကြည်မှုမရှိတော့ဘဲ နောက်ဆုံးတွင်လူမှုေ၇း အသိုင်းအ၀ိုင်းမှ ဖယ်ကျင်ခြင်းကိုပါခံရလိမ့်မည်။နောင် သံသရာတွင်လည်း၎င်း၏ အကျိုးအပြစ်များကို ခံစားရပါလိမ့်မည်။ မုသာဝါဒနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာအား`ရေတွေသွန်ချပြီး  မှောက်ထားတဲ့ ခွက်ထဲမှာ ရေကြွင်းရေကျန် မရှိနိုင်တော့သလို မုသားပြောသူရဲ့ သန္တာန်မှာလည်း  သီလ၊ သမာဓိ၊ပညာဆိုတဲ့ သိက္ခာတွေမရှိနိုင်တော့ပါဘူး။ ဒါကြောင့်မုသားဆိုရင်ရယ်စရာတောင်မပြောနဲ့´ မိန့်တော်မူသည်မှာ နှလုံးသွင်းဖွယ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် နီတိလာ၊ ဒေသနာတော်လာ တရားတော်များကိုကြားနာခြင်းဖြင့်မိမိ၏စိတ်ကို ယဉ်ကျေးသိမ့်မွေ့စေရမည်။

မိမိကိုကိုယ်အလေးထားတတ်သူတယောက်ဖြစ်အောင်၊ စိတ်ကိုနိုင်နင်းစွာ ဆုံးမနိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်အောင် ပြုလုပ်ရမည်။ ယဉ်ကျေးသိမ့်မွေသောစိတ်သည် ချမ်းသာကိုဆောင်တတ်၏။ အရာရာကိုမေတ္တာဖြင့်ရှုမြင်စေတတ်သည်။ မိမိ အတွက်ဗဟုသုတရှာမှီးခြင်း၊ အတတ်ပညာသင်ယူခြင်း၊ စီးပွားဥစ္စာရှာဖွေစုဆောင်းခြင်းတို့ကို ပြုလုပ်ရင်း မိဘ၊ ဆွေမျိုး၊ မိသားစုနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်အတွက် တတ်နှိင်သမျှအကျိုးဆောင်သင့်ပေသည်။  ရှာဖွေစုဆောင်းထားသောပညာ၊ ဗဟုသုတ၊   ပစ္စည်းဥစ္စာများ၊ ကောင်းမှုကုသိုလ်များသည် ကိုယ်တစ်ယေက်တည်းခံစားဖို့မဟုတ်၊ အများအတွက် လောက အတွက်ပါ ခံစားစေဖို့ ဖြစ်ရမည်ဟု နှလုံးသွင်းအပ်ရာ၏။`  လောကချမ်းသာလျှင် မိမိလည်းချမ်းသာ၏ ´ဟုယူမှတ်ကာ အတ္တဟိတနှင့် ပရဟိတကို ပူးတွဲကျင့်ကြံရာ၏။

ဤသို့ရဟန်းသံဃာ၊မိဘ၊ ဆရာ၊ ဆွေမျိုးမိတ်ဆွေ၊ သားသမီး၊လက်အောက်ငယ်သား  တပည့်များနှင့်ပတ်သက်၍ `သင်္ဂါလောဝါဒသုတ်´ တွင်မြတ်စွာဘုရားက အရပ်မျက်နှာနှင့်ဥပမာပေးကာ ဟောကြားညွှန်ပြထားပါသည်။ တစ်ခါက ရာဇဂြိုလ်ပြည်တွင်  ဘိုးဘွားဆွေစဉ်မျိုးဆက် ချမ်းသာသောသူဌေး   အဖသင်္ဂါလနှင့်သား သင်္ဂါဟူသောနာမည်တူ သားအဖနှစ်ဦးရှိခဲ့သည်။ ဖခင်သည်သားဖြစ်သူကို ရတနာ သုံးပါးကိုကြည်ညိုသော လိမ္မာယဉ်းကျေးသောသားတစ်ယောက် ဖြစ်စေချင်သည်။ ထိုကြောင့်မြတ်စွာဘုရား  ကျောင်းတော်သို့သွားသည့်အခါတိုင်း သားဖြစ်သူအားလိုက်ခဲ့ဖို့ခေါ်သည်။ သို့သော်သားသင်္ဂါလသည် ဘုရားတရားကိုကြည်ညိုလေးစားခြင်း၊ စိတ်ဝင်စားခြင်းအလျင်းသည့်အပြင် မိဘပြောဆိုစကားကိုပင် အကောင်းမထင်ခဲ့ပေ။သားဖြစ်သူက ကျွန်တော် အဖေ့ဆရာထံသို့မလိုက်လိုခြင်းမှာ ကျောင်းသို့ရောက်ပါက သူတို့ကိုရှိခိုးရမည်။ ကျွန်တော်လိုသူဌေးသားတစ်ယောက်အနေဖြင့် သူတို့ကိုမ၇ှိခိုးနှိင်ပါ။ ပြီးလျှင်သူတို့ ဟောသမျှကို စိတ်မ၀င်စားသော်အားနာသမှုဖြင့်နားထောင်ရမည်။ နောက်သူတို့ ကအလှူခံလိမ်မည်။    ထိုသို့ဖြင့်အကြောင်းအမျိုးမျိုးပြကာငြင်းဆန်နေခဲ့သည်။ဤသို့ဖြင့်ဖခင်သင်္ဂါလသည်သားအတွက်စိတ်မဘဲ  သေဆုံးသွားခဲ့သည်။ ဖခင်သည် သားအတွက်စာတစ်စောင် ရေးထားခဲ့သည်`သား သင်္ဂါလ အဖေ စကား ကိုနားထောင်ပါ၊ အရပ်ခြောက်မျက်နှာကိုမမေ့ပါနှင့်၊ နံနက်တိုင်းစောစောထ၍ရှိခိုးပါလေ၊ ဤသို့ ရှိခိုးခြင်းဖြင့်သားအတွက် အကျိုးများစွာဖြစ်ထွန်းပါလိမ့်မည် ဟုရေးထားသည်။ သားဖြစ်သူကဖတ်မိကာ   ငါသည်ဖခင်ကဆုံးမစကားပြောသည်ကို  ငါအားချုပ်ချယ်သည်ဟူ၍အထင်လွဲခဲ့သည်။ ယခုမူ ငါ့ကို ဆုံးမမည်သူ၊နည်းပေးလမ်းပြလုပ်မည်သူမရှိတော့၊ငါသည်ဖခင်သက်ရှိထင်ရှားရှိစဉ်က စိတ်ဆင်းရဲအောင် ပြုလုပ်ခဲ့မိသည် ဟုတွေးတောကာ နောင်တကြီးစွာဖြစ်လေသည်။ ဤအခ်ျိန်မှစ၍ ငါသည်ဖခင်ပြောခဲ့သည့်  အတိုင်းနားထောင်ပါတော့မည်ဟု နှလုံးသွင်းကာ နေ့ စဉ်နံနက်တိုင်း လမ်းမသို့ ထွက်၍အရှေ့-အနောက်- တောင်-မြောက်-အထက်-အောက် စသည်ဖြင့်  အရပ်မျက်နှာတို့ ကို ရှိခိုးလေသည်။တစ်နေ့ သောအခါ     မြတ်စွာဘုရားဆွမ်းခံကြွလာစဉ်သင်္ဂါလကို တွေ့မြင်၍မေးတော်မူသည်။ သင်္ဂါလက…တပည့်တော်ဖခင် မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာကို ရှိခိုးနေပါသည်ဟုလျှေက်ထားသည်။ မြတ်စွာဘုရားက အသင် ဖခင်စကားကိုနားထောင်ခြင်းသည်မွန်မြတ်လှ၏။ သို့ သော်လည်း သင့်ဖခင်အားဤသို့ ရှိခိုးရန်

ငါဘုရားတခါမျှမသင်ဖူးပါဟုမိန်တော်မူသည်။ ထိုအခါသင်္ဂါဟက အရှင်ဘုရား ဖခင်မှာခဲ့သော အရပ်ခြောက်  မျက်နှာမှာ ဘယ်အရာများကိုခေါ်ပါသနည်းဟုမေးလျှေက်သည်။ ချစ်သား ငါ၏သာသနာတော်တွင် ဤအရပ်မျက်နှာခြောက်ပါးအပြင် အခြားသောအရပ်မျက်နှာခြောက်ပါးလည်းရှိသည်။ မိဘကိုအရှေ့အရပ်၊ ဆရာကိုတောင်အရပ်၊ သားမယားကို အနောက်အရပ်၊မိတ်ဆွေကိုမြောက်အရပ်၊ တပည့် လက်အောက် ငယ်သားများကိုအောက်အရပ်နှင် ရဟန်းတော်များကိုအထက်အရပ်ဟူ၍ရှိသည် ဟုမိန့်တော်မူသည်။ အရှင်ဘုရားထိုသူတို့ကိုမည်သို့ ပူဇော်ရမည်နည်း ဟုထပ်၍မေးလျှောက်သည်တွင်`သင်္ဂါလ မိဘတို့သည်    မိမိတို့သားသမီးများအပေါ်၌ ရှေးဦးစွာကျေးဇူးပြုတတ်သောသောကြောင့် အရှေ့အရပ်မည်သည်။   မိဘတို့သည်ငယ်စဉ်မှစ၍ နို့ချိုတိုက်နေကျွေး၊ အစားအစာရှာဖွေကျွေးမွေးခြင်း၊ အညစ်အကြေးတို့ကို မရွံမရှာသုတ်သင်ပေးခြင်း၊ အသက်မွေးမှုပညာများကိုသင်ကြားစေခြင်း၊ သူတကာထက်နောက်မကျအောင်  ၀တ်စားဆင်ယဉ်စေခြင်း၊ မည်မျှပင်ဆိုးသွမ်းနေစေကာမူ အပြစ်မမြင်ဘဲ ခွင့်လွတ်နိုင်ခြင်း၊ အရေးကြုံလာပါက မိမိအသက်ကိုပင် ပဓာန မထားဘဲကာကွယ်စောက်ရှောက်ခြင်းစသည်များ ကြောင့် မိဘတို့၏ကျေးဇူးသည်ဆပ်မကုန်အောင် များပြားကြီးမားသောလွန်းလှသည်။ ထို့ကြောင့်မိဘတို့ကိုအရှေ့ အရပ်  ဟု ခေါ်ထိုက်သည်´ဟုမိန့်တော်မူခဲ့သည်။

ကျွန်တော်တို့အနေဖြင့် လိမ်မာယဉ်ကျေးသော သားသမီးများပီသအောင် မိဘများ၊ သက်ကြီးရွယ်အိုများကို တဖန်ပြန်ယုယုယယပြုစုစောင့်ရှောက်ကာ ကျေးဇူးဆပ်ရပေမည်။   သို့သော် တချို့သူများတွင် မိဘနှစ်ဦးရှိသည့်အနက်တစ်ဦးသေဆုံးပါက ကျန်ရစ်သောမိဘကို နှစ်သိမ့်ပေးရမည့်အစား အမွေခွဲယူခြင်းကိစ္စ၊ အခြားသောအကြောင်းများ၊ စိတ်ဝမ်းကွဲမှုများကြောင့်ကျန်ခဲ့သည့်မိဘတစ်ဦးမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေရသည့်များကို မိမိတို့ပတ်ဝန်းကျင်၌်ဝမ်းနည်းဖွယ်ကြားသိနေရပါသည်။  ကျွန်တော်တို့အလှည့်တွင် ထိုသို့မဖြစ်အောင်ကြိုးစားကြရမည်။

ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားဟောကြားထားသော မင်္ဂလသုတ်တော်လာ ၃၈ဖြာ မင်္ဂလာတရားတော်များအတိုင်းကျင့်ကြံနေထိုင်ခြင်းဖြင့်လူမှုရေးနယ်ပယ[i]်တွင်ပြီးပြည့်စုံသောသူတစ်ယောက် အဖြစ်ဖြတ်သန်းနိုင်ပါလိမ့်ပါမည်။ ဆရာကလည်းဆရာကျင့်ဝတ်၊ မိဘကလည်းမိဘကျင့်ဝတ် လိုက်နာကာ၊ ကျွန်တော်တို့လူငယ်တပည့်သားသမီးများမှလည်း မိမိတို့ဆိုင်ရာလူမှုရေးကျင့်ဝတ်များကိုပြည့်စုံစေအပ်  ပါသည်။

ယနေ့ကမ္ဘာကြီးသည်စစ်ပွဲများ၊အကြမ်းဖက်မှုများ၊ သဘာဝဘေးအန္တရယ်များ၊ ရောဂါကပ် ဘေး ဆိုးများနှင့်အချို့ဒေသများတွင် အစာရေပြတ်လတ်မှုများဖြင့်ရင်ဆိုင်နေရသလို တဖက်ကလည်း နိုင်ငံတကာမှအစိုးရအဖွဲ့အစည်းများ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊   လူမှုရေးအသင်းအဖွဲ့များ၊ မိဘမဲ့ကလေးကျောင်းများ၊အခြားခြားသောအသင်းအဖွဲ့များစသည်တို့မှလည်းဝိုင်းဝန်းကူညီကာ ဖေးမမှုကို ရရှိနေပါသည်။                              ဤသည်တွင်  ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များအတွက်      မြတ်စွာဘုရားရှင်၏ လူမှုရေး

ဆောင်ရွက်မှုများ၊ သတ္တ၀ါအပေါင်း တို့၏ဒုက္ခတို့ကိုမေတ္တာဖြင့် အေးငြိမ်းစေခြင်းတို့ကို ကြည်ညိုလေးစား အတုယူရပေမည်။ ဗုဒ္ဓဘာသာသည်  လူမှုရေးလုပ်ငန်းများကို  ရှေ့တန်းကဦးတင်သည်။ မြတ်စွာဘုရား ပွင့်တော်မူခြင်းကပင်`ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ´ -သတ္တ၀ါအပေါင်တို့ ၏အစီးအပွားအလို့ ငှာ၊ သတ္တ၀ါအပေါင်းချမ်းသာခြင်းငှာ ဟူသောရည်ရွယ်ချက်ဖြင့်ဖြစ်ပါသည်။ ထို့ကြောင့်အသေင်္ချေယျသတ္တ၀ါ အုပ်စုတွင်တစ်စုအနေဖြင့် ပါဝင်ခဲ့ရသောလူတို့သည် လောက၏အကျိုးစီးပွားကို တကယ်တမ်း ရိုးရိုးသားသားဆောင်ရွက်ချင်ရိုးမှန်လျှင်`ငါ´ကိုရှေ့တန်းတင်မည်လား၊ `လောက´ ကိုရှေ့တန်းတင်မြင်လား ထိုမေးခွန်းကိုမိမိကိုယ်တိုင်သေချာဖို့လိုပါသည်။ မိမိ၏အတ္တနှင့် မာနကိုပယ်သတ်ပြီး အရာရာကိုစွတ်လွတ်၍ လုပ်ကိုင်နိုင်မှသာလျှင်စွန့််လွတ်ခြင်း၌ရှိသော ပီတိနှင့်သုခကိုတွေ့ရှိပါလိမ့်မည်။ လောဘကို ပယ်သတ် နှိင်အောင်ကြိုးစားမှသာလျှင်မြတ်စွာဘုရားဟောကြားထားသော ချမ်းသာအစစ်ကိုရရှိနိုင်မည်ဖြစ်ပါသည်။
မေတ္တာသုတ်တော်လာ `အမိနှင့်တဦးတည်းသောသား´ဥပမာဖြင့် လောက တစ်ခုလုံးငြိမ်းချမ်းသာရာရေး အတွက်ကိုယ်ကျိုးမျှော်ကိုးခြင်းမရှိဘဲ မေတ္တာထားဆောင်ရွက်သင့်ပေသည်။ စစ်မက်များကင်ုးမဲ့သော၊ ညှင်းပန်းနှိပ်စက်မှူကင်းသော၊ ငြိမ်းချမ်းသည့်ကမ္ဘာကြီးကိုဖန်တီးကြရပုါမည်။

ဒုက္ခရောက်သူကိုကူညီရာတွင်နယ်ပယ်အကန့်အသတ်မထားသင့်ပါ။ဘယ်သူဘယ်ဝါမခွဲခြား၊    အယုတ်အလတ် အမြတ်မရွေးကူညီသင့်ပါသည်။ မြတ်စွာဘုရား၏ဆောင်ရွက်မှုကိုပြန်လည်အောက်မေ့ကာ  ကည်ညိုမိပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားလောကကိုကြည့်တော်မူစဉ်အမှိုက်ပုံပေါ်ကအစားအစာတွေ   ကောက်ပြီးစားနေတဲ့မိဘမဲ့ ကလေးတစ်ယောက်ကို တွေ့ တော်မူသည်။ ထိုကလေးကို ကယ်တင်ရာေ၇ာက် မေ၇ာက်ဆက်ကြည့်တော်မူရာကယ်တင်ရာရောက်တော်မူသည့်အတွက် ရှင်သာရိပုတ္တရာမထေရ်မြတ်ကို လွှတ်ပြီးခေါ်ဆောင်စေခဲ့ပါသည။် ထို့နောက်ကလေးကိုရေမိုးသန့်စင်ပေးကာ သာမဏေပြုပေးတော်မူခဲ့ ပါသည်။ ထိုသူငယ်သည် သာမဏေ၀တ်ရန် အတွက်ဆံချစဉ်မှာပင် ရဟန္တာဖြစ်သွားခဲ့ပါသည်။  ထို့ကြောင့် ယခုအခါလိုမိဘမဲ့ကလေးများကိုစောက်ရှောက်ပေးသော လုပ်ငန်းများသည်မြတ်စွာဘုရား လက်ထက်တော် ကတည်းကရှိခဲ့ စတင်ခဲ့ပါသည်ဟုယူမှတ်ရာ၏။အခြားသာဓကများအားဖြင့် လည်း ထောက်ပြ၍ ရပါသည်။   တစ်ခါကကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် နေ့စေ့လစေ့ဖြစ်နေချိန်တွင် သေဆုံးသွားခဲ့ပါသည်။  ကျန်ရစ်သူမိသားစုများက ကလေးကိုခွဲထုတ်ယူခြင်းမပြုဘဲ မိခင်ကိုမီးသဂြိုလ်လိုက်ကြပါသည်။ ကလေးငယ်သည်ရဟန္တာဖြစ်လာမည့်သူဖြစ်သောကြောင့်အသက်မသေဘဲကျန်ခဲ့သည်။သုဘရာဇာတို့သည် ကလေးကိုဆောင်ယူ၍ ဆွေမျိုးတွေထံပို့ဆောင်ခဲ့သော်လည်း ဆွေမျိုးတို့သည် ဗေဒင်ဆရာ၏ ဒုက္ခ ပေးမည့်ကလေးဟူသောဟောကြားချက်ကြောင့် ဘုန်းကြီးကျောင်းကိုပို့ပစ်ခဲ့ပါသည်။  ထိုသို့ဆွေမျိုးများက စွန့်ပစ်ထားသောကလေးငယ်ကို မြတ်စွာဘုရား ၏တပည့် အရှင်အနုရုတ္တရာ ကထိန်းသိမ်းစောက်ရှောက်ပြီး သာမဏေပြုပေးခဲ့ပါသည်။ နောက်သာဓကတစ်ခုမှာ  ဇနီးမောင်နှံနှစ်ဦးသည် မြတ်စွာဘုရား၏ တရားပွဲကိုလာရောက်ပြီးတရားနာကြပါသည်။ နှစ်ဦးသားတရားနာပြီးအိမ်အရောက်တွင် ဇနီးဖြစ်သူက သာသနာ့ဘောင်သို့ဝင်ရောက်ချင်ကြောင်း ခင်ပွန်းဖြစ်သူထံ ပြောပြခွင့်တောင်းပါသည်။ ခွင့်ပြုသည့်အတွက် သာသနာ့ဘောင်ထဲဝင်ရောက်ပြီး၃-၄လအကြာတွင်     ကိုယ်ဝန်ရှိသည်ကို အများကသတိထား မိကြသည်။ ထို့ကြောင့်တစ်ယောက်စကားတစ်ယောက်နားဖြင့်အကုန်ပျံ့နှံသွားပြီး ၊ ဒိဌိဆရာကြီးများနှင့်ဒေ၀ဒတ်တို့က မြတ်စွာဘုရားအားပြစ်တင်ရှုတ်ချကြပါသည်။             မြတ်စွာဘုရားသည် ထိုအမှုကိစ္စကိုမိထွေးတော် ဂေါတမီနှင့်

ဝိသာခါကျောင်းအမကြီးတို့ထံအပ်နှံ၍ စုံစမ်းစစ်ဆေးစေခဲ့ပါသည်။ နောက်မှဤကိုယ်ဝန်သည် လူဝတ်ဘ၀ကပါလာခဲ့သော ကိုယ်ဝန်ဖြစ်ကြောင်းကိုစုံစမ်းသိရှိရ၏။ ထိုအခါမြတ်စွာဘုရားရှင်က လက်ခံပြီး လူမထွက်စေဘဲ မီးဖွားစေခဲ့ပါသည်။ ဝေဖန်မှုအတိုက်အခိုက်များကြားမှပင် သားအမိနှစ်ဦးအတွက် မျက်နှာမငယ်စေရန် ကူညီတော်မူခဲ့သည်။ကလေးငယ် ကို အရွယ်ရောက်လာသည်  အထိပြုစုစောင့်ရှောက်  ပေးတော်မူခဲ့ပါသည်။ နောက်အခါတွင်ထိုကလေးငယ်သည် မြတ်စွာဘုရား၏သာသနာတော် ၌ အရှင်ကုမာရကဿဖ ဟူ ၍  ဖြစ်လာပြီး စကားအရာတွင်ကျွမ်းကျင်လိမ်မာသူအဖြစ်ကျော်ကြားပါသည်။ ထိုသို့ကလေးများအပြင် အင်္ဂုလိမာလကဲ့သို့လူဆိုးကြီး၊ အပ္မပါလကဲ့ပြည့်တန်ဆာတို့ကိုလည်းကာင်း၊ အခြားခြားသောသတ္တ၀ါအသင်္ချေတို့ကို မဟာဂရုဏာတော်ဖြင့်ကယ်တင်ခဲ့သည်မှာဖော်ပြ၍ပင်ကုန်နိုင်မည် မထင်ပါ။

ယနေ့အချိန်တွင်လူမှုရေးလုပ်ငန်းအများအပြားသည်  အရှိန်ဟုန်းကောင်းစွာဖြင့်လည်ပတ် နေကြပြီဖြစ်ပါသည်။ သို့သော် မည်သည့်အရာတွင်မဆို လိုအပ်ချက်ကတော့ ရှိစမြဲဖြစ်ပါသည်။  ထို့ကြောင့် နောင်တချိန်တွင်လူကြီးများအဖြစ်ပုခုံးပြောင်းတာဝန်ယူရမည့် ကျွန်တော်တို့လူငယ်တို့အနေဖြင့် ထိုသို့သော လူမှုရေးလုပ်ငန်းများတွင်တတ်နှိင်မျှပါဝင်လုပ်ကိုင်သင့်ပါသည်။ သို့မဟုတ် သူငယ်ချင်းများစုပြီး ကိုယ်စားမည့်မုန့်ဖိုး(သို့)ကိုယ်ရှာဖွေလို့ရရှိလာသောငွေကြေးများထဲမှ တတ်နှိင်သလောက်မျှဝေစုဆောင်းပြီး မိဘမဲ့ဂေဟာများ၊ဘိုးဘွားရိပ်သာများသို့သွားရောက်လှုဒါန်းခြင်း၊ ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေသော ကလေးများကိုမိမိတို့တတ်နှိင်သမျှစုပြီးထောက်ပံ့ပေးခြင်း၊စာပြပေးခြင်း၊ စာကျက်ဝိုင်းကလေးများပြုလုပ်ပေး ခြင်းတို့ကို အခါအားလျော်စွာပြုလုပ်သင့်ပါသည်။ ဘာသာရေးလုပ်ငန်းများတွင်လည်း မိမိတတ်နိုင်သမျှ အုတ်တချပ်၊သဲတပွင့်ပါဝင်သင့်ပါသည်။  ကျွန်တော်တို့ယခုချိန်မှစ၍ဆောင်ရွက်သင့်ပါသည်၊ တစ်ချို့လဲ ပါဝင်လုပ်ကိုင်နေကြပါပြီ။  အဲဒီအတွက်လည်းဝမ်းမြောက်မိ၊ အားတက်ဂုဏ်ယူမိပါသည်။

လူမှုရေးအသင်းအဖွဲ့အသေးစားလေးများမှစကာနောက်တချိန်တွင်အကြီးစားအသင်းအဖွဲ့များ  ထိဖြစ်အောင်ကြိုးစားကြရပါမည်။ညောင်ပင်ကြီးဖြစ်အောင်ညောင်သီးလေးမှ၊     ပင်လယ်သမုဒ္ဒရာကြီးဖြစ်ဖို့   ရေစက်ရေပေါက်များမှ စတင်ခဲ့ရသလို၊ အေးချမ်းသော လောဘ ဒေါသ အငြိုးအတေးများကင်းသော လူဘောင်ကိုထူထောင်ရန်ကျွန်တော်တို့တစ်ဦးချင်းတစ်ဦးချင်းစီမှာရှိတဲ့ကိုယ်ရည်ကိုယ်သွေး၊ အတတ်ပညာ၊ လုပ်ကိုင်နှိင်မှုအစွမ်းအစများ၊ ပိုင်ဆိုင်မှုများ(ငွေကြေး၊ပစ္စည်းဥစ္စာ) အားလုံးစုပေါင်းကာဆောင်ရွက် ကြရပါမည်။ ထို့သို့လုပ်ကိုင်မည့် သူကျွှန်တော်တို့အနေဖြင့် အခြေခံကူညီစိတ်ကိန်အောင်းပြီးသား စိတ်ထားများထဲသို့သည်းခံခြင်း (patient)၊ ဇွဲကောင်းခြင်း(perseverance)၊ သတ္တိရှိခြင်း(brave)၊ လျင်မြန်သောဥာဏ်ရှိခြင်း (quickintellect)၊ သွက်သွက်လက်လက်နားလည်တတ်ခြင်း(quick learning)၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်း(energetic will)၊ အရာရာကိုစုံစမ်းစစ်ဆေးတတ်ခြင်း(observative mind)တို့ရှိအောင်

လေ့ကျင့်ပျိုးထောင်မွေးမြူရမည်။ အသိဥာဏ်ပညာဖြင့်မိမိကိုကိုယ် ထိန်းသိမ်းစောက်ရှောက်သွားရမည်။   ထိုမှသာ ကျွန်တော်တို့လုပ်ဆောင်ရာတွင်လည်းအဆင်ပြေ၊ လုပ်ငန်းလည်းအောင်မြင်ပါလိမ့်မည်။

ဤသို့လူမှုရေးလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့်ပင် ဂရုဏာပါရမီ၊ မေတ္တာပါရမီ၊ ခန္တီပါရမီ၊ ဒါနပါရမီစတဲ့ပါရမီတွေကိုဖြည့်ကျင်ပြီးသားဖြစ်နေပါသည်။လူတွေစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေကြတာ အဆင်မပြေကြတာကိုမြင်ပြီး ဂရုဏာသက်မိမယ်၊ နောက်ကျန်းမာချမ်းသာပါစေဆိုပြီး မေတ္တာ ပေးဝေ တာ၊ စိတ်ထားလေး မွန်မွန်မြတ်မြတ်ထားလိုက်မိရာက  ကိုယ်ချင်းစာတရားလေးတွေပေါ်လာပြီး ပစ္စည်းအား လူအားစိုက်ထုတ်ပြီးကူညီလိုက်တွေဖြစ်လာကာပါရမီတွေကိုတသီကြီးဖြည့်ကျင့်ပြီးသားဖြစ်သွားပါလိမ့်မည်။

နောက်ဆုံးအနေဖြင့်ကျွန်တော်တို့လိုဗုဒ္ဓဘာသာဝင်လူငယ်များအနေဖြင့်  လက်ရှိဘ၀အတွက် အတတ်ပညာရပ်များဆည်းပူးခြင်း၊ စီးပွားဥစ္စာများရှာဖွေခြင်း၊ မြတ်ဗုဒ္ဓဆုံးမဟောပြခဲ့သောလူမှူရေး ကျင့်ဝတ်များ၊ တရားတော်များကိုလိုက်နာကျင့်ကြံ့ကြိုးစားအားထုတ်ရင်း တဖက်တလမ်းမှနေ၍လည်း မိမိတို့တတ်အားသမျှလူဘောင်လောကနှင့်ပတ်ဝန်းကျင်အကျိုး သာသနာတော်၏အကျိုးကိုဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်းပြောကြာရင်း ဗုဒ္ဓဘာသာနှင့် လူမှုရေးအဆိုပြုလွှာကို နိဂုံးချုပ်အပ်ပါသည်။


အဓိဌာန်

ငါတို့ဖြစ်ရ

ဤလောက၀ယ် ဘ၀သမိုင်း

မရိုင်းစေရန်   စိတ်မာန်မ ချ

မာနမပါ  တို့စွမ်းရာဖြင့်

တို့သာသနာ  တို့ပြည်ရွာကို

သာယာစေမှု  လုံလပြုအံ့။  ။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: