စာနယ်ဇင်း, အနုပညာ, ဆောင်းပါး

ဘလော့ခ်ဂါ တစ်ယောက်အတွက် အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား


Ahunt Phone Myatဘလော့ခ်ဂါ တစ်ယောက်အတွက်

အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား

အံ့ဘုန်းမြတ် (2009.MARCH 11)

ကျွန်တော်ကတော့ စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ ထပ်ပြီးပေါက်ပြန်ပြီလို ထင်ကြပါဦးမယ်။ ကျွန် တော် အဲ့ဒီလိုပေါက်ချင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တောင်မရောက် မြောက်မရောက် ဖတ်မှတ်ထားတဲ့ အရာတွေကို အကျိုးရှိအောင်လုပ်ချင်လို့ဖြစ်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်လို ဘလော့ခ်ရေးသား နေကြတဲ့သူတွေအတွက်ကိုလည်း အကျိုးရှိစေချင်လို့ပါ။ အထူးသဖြင့် ကျွန်တော်ပြောလိုတာက အနုပညာတွေကို ဖန်တီးမယ်လို့ စိတ်ကူးထားကြတဲ့ ဘလော့ခ်ဂါတွေအတွက် ပြောချင်တာဖြစ်ပါတယ်။ ဒီပို့စ်ကိုရေးတာက ကျွန်တော်ထက် စာပိုပြီးဖတ်ထားတဲ့သူတွေ ၀ိုင်းဝန်းစဉ်းစားနိုင်စေဖို့နဲ့ ကျွန်တော်လောက် စာဖတ်မထားတဲ့သူတွေ ဗဟုသုတရစေလိုတဲ့ ဆန္ဒတစ်ခုသာရှိပါတယ်။

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

ဒီလိုပါ။ ဘလော့ခ်ဂါတစ်ယောက်အတွက် ဆိုတာ ထက် ကျွန်တော် အနုပညာဆိုင်ရာအညမညဖြစ်စဉ် တရာဆို တာကို အရင်ရှင်းပြချင်ပါတယ်။ ကျွန်တော်မနေ့က တင်ခဲ့ပို့စ် ထဲကလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုး တွေအနုပညာအပေါ် ခံစားတဲ့အမြင်ဟာ အနောက်တိုင်း၊ အရှေ့တိုင်းတိုရဲ့ ရသအမြင် တွေနဲ့သာမကပဲ မြန်မာစစ်စစ်ရသခံစားမှုအသိတွေကိုပါ ပိုင်ဆိုင်ထားကြလို့ပါ။ ဒီနေရာမှာ ခေတ်နောက်ကျတယ်ပဲဆိုဆို ခေတ်နောက်ပြန်ဆွဲတယ်ပဲပြောပြော ကျွန်တော် ဆရာဇော်ဂျီ တို့ခေတ်ကတင်ပြခဲ့တဲ့ မြန်မာပီသတဲ့ အနုပညာဆိုင်ရာ အည မညဖြစ်စဉ်တရား ( Dialectic View Of Art ) အမြင်တစ် ခုကို ပြောချင်ပါတယ်။

အနုပညာလက်ရာတစ်ရပ်နှင့် စပ်လျင်းပြီးစဉ်း စားရာမှာ အဲ့ဒီလက်ရာနဲ့ ဆကစပ်လျက်ရှိတဲ့ အစိတ် အပိုင်းအားလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။ အနုပညာလက်ရာတစ်ခုနဲ့ ဆက်စပ်နေတဲ့ အစိတ် အပိုင်းတွေအားလုံးဟာ လက်ရာမှာ အကျုံးဝင်းနေတဲ့ ပုံသဏ္ဍာန်နဲ့ အတွင်းသရုပ်တွေက အဲ့ဒီအနုပညာ လက်ရာကို ခံယူသူပရိသတ်၊ ပရိသတ်မှတစ်ဆင့် အကျိုး ပြုရာလူနေမှုအဖွဲ့အစည်း၊ အဲ့ဒီလူမှုအဖွဲ့ အစည်းထဲက လူမှုအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနုပညာရှင်တို့ အပြန်အလှန် ကြောင်းကျိုးဆက်စက်နေပါတယ်။ ဒါဟာ အနုပညာရဲ့ အညမညဖြစ်စဉ်လို့ အကြမ်းပြင်းပြောကြပါတယ်။ ဒါဟာ မြန်မာလူမှုဘ၀မှာ အမှန်တကယ် တည်ရှိနေတဲ့ ဘဘောတရားတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်ကိုလည်း ခေတ်ပညာတက်ဆိုသူတွေ ထပ်မံပေါင်း စပ်တွေးခေါ်သင့်ပါတယ်။ ကျွန်တော်ကတော့ လတ်တလောမှာ ဒီအမြင်ကိုပဲ လက်ခံထားပါတယ်။ ဒါကြောင့် ကျွန်တော် အနုပညာသမား ဘလော့ခ်ဂါအနေနဲ့ ချိတ်ဆက်စဉ်းစားကြည့်မိပါတယ်။ ဘလော့ခ်ရေးသားခြင်းဟာ အနုပညာလက်ရာတစ်ခုကို ဖန်တီးတယ်ဆိုတယ်ဆိုကြပါစို့. အဲ့ဒီဘလော့ခ်မှာရေးသားထားတဲ့ ပို့စ်တွေတစ်ခုချင်းစီရဲ့ အစိတ်အပိုင်းအား လုံးကို ထည့်သွင်းစဉ်းစားကြည့်ကြရပါမယ်။ ဒါအပြင် ပို့စ်တစ်ခုချင်းစီရဲ့ ပုံသဏ္ဍာန်လို့ဆိုရမယ့် ရေးသားပုံ ရေးသားဟန်၊ တင်ပြတဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။ ဒီလိုပါပဲ အတွင်းသရုပ်လို့ဆိုရရင် ရည်ရွယ်ချက် အပါအ၀င် ဘလော့ခ်ဂါတစ်ယောက်ရဲ့ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု စေတနာတွေဟာ ဘလော့ခ်တစ်ခုကို ၀င်ရောက်ဖတ်ရှု့တဲ့ စာဖတ်သူ (၀ါ) ပရိသတ် (၀ါ) ဘလော့ခ်ကွန်မြူနတီတွေဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီဘလော့ခ်ကွန်မြူနတီတွေရဲ့ ရောင်ပြန်ဟပ်မှုတွေကနေတဆင့် ဘလော့ခ်ရေး သားသူ ဘလော့ခ်ဂါဆီသို့ ရောင်ပြန်ဟပ်မှုတွေ ပြန်လည်ရောက်ရှိလာမယ်လို့ ယူဆလို့ရနိုင်မယ်ထင်ပါတယ်။ ဒီအပေါ်ကိုလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ဥရောပမှာ ကာမက်စ်နဲ့ အိန်ဂျယ်တို့ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ ရှုပ်ရှပ်ခက်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ် ကဗျာခေတ်ကို ထူထောင် နေချိန်ဖြစ်တယ်လို့ ကိုရဲ (ဆရာသစ္စာနီ) က ဆိုပါတယ်။ ဒီလိုပါပဲ ဥရောပရဲ့ စိတ်ကူးယဉ်အနုပညာလှုပ်ရှားမှုတွေ ဆီကနေထွက်ကျလာတဲ့ ကြွေးကျော်သံတစ်ခုဟာလည်း အခုအချိန်ထိ ကျွန်တော်တို့ နားထဲမှာကြားနေရတုန်းပါ။ ဘာလဲဆိုလိုရင် အနုပညာဟာ အနုပညာအတွက် ဆိုတဲ့အရာကို ဆွဲငင်ယူဆောင်ရင်း စံနှုန်းသတ်မှတ်ချက်တွေ ကနေ လျှောင်ခွာချင်သူတွေ ဒီစကားလုံးကို အသုံးများလာကြတယ်။ ဒါပေမယ့် အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာလက်ရာတွေဟာ ခေတ်တစ်ခေတ်ထဲမှာ ပြီးဆုံးသွားတာမျိုး မဟုတ်ဘူးလို့ထင်ပါတယ်။ ခေတ်အဆက်ဆက်မှာ ယဉ်ကျေးမှုအဖြစ် မှတ်ကျောက်တင် ကျန်ရစ်ခဲ့ကြ တာမျိုးတွေပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုကျော်စိုး (မင်းခိုက်စိုးစန်) ကို မေးခွန်းအချို့မေးခဲ့ဘူးတယ်။ သူက ကိုယ်ဖန်တီးတဲ့အနုပညာ ပစည်းတွေရဲ့ တန်ဘိုးကို နောင်တစ်ခေတ်မှာ ဘယ်လိုဖြစ်ပါစေတော့လို့ ရည်ရွယ်ပြီးလုပ် တာမျိုးမဖြစ်သင့်ဘူး။ ဘာလို့လည်းဆိုတော့ ဘာသာစကားတွေတောင် မသေခြာတော့တဲ့ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲနိုင်ဘူး။ ဒီတော့ ကိုယ်က ဘယ်လောက်ပဲ အကောင်းမြင်စိတ်နဲ့ ပြောပြော ဖြစ်လာမယ့် ခေတ်မှာ ကိုယ့်ရဲ့ အကောင်းမြင်တဲ့ အတွေးအခေါ်တွေကို အဲ့ဒီခေတ်လူတွေ လက်ခံနိုင်မှ လက်ခံတော့မယ်။ ဒီတော့ ကျွန် တော်တို့ဟာ အခုဖြစ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိစေမယ့် အနုပညာဖန်တီးမှုမျိုးကို စေတနာသန့်သန့်နဲ့ လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်း မြင်စိတ် စေတနာသန့်သန့်နဲ့ လုပ်သင့်တယ်။ လို့ ကျွန်တော်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဘူးတာကို သတိရမိပါတယ်။

ဒီတော့ ကျွန်တော်နိဂုံးချုပ်လိုက်ရင် ကျွန်တော်တို့ ဘလော့ခ်ဂါတွေရဲ့ ပို့စ်တွေတိုင်း ပို့စ်တွေတိုင်းဟာ ကျွန်တော်တို့ကိုယ်တိုင် လက်ခံယုံကြည်ထားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခံယူချက်၊ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှုနဲ့ စေတနာစတာတွေနဲ့ ရေးသားမှုတွေတိုင်းဟာ ကျွန်တော်တို့ဘလော့ခ်တွေရဲ့ စာဖတ်သူ၊ ဘလော့ခ်ကွန်မြူနတီဆီကို အကျိုးသက်ရောက်မှုတွေ တစ်စုံတစ်ရာအနေနဲ့ ရောက်ရှိသွားမှာဖြစ်ပြီး အဲ့ဒီအကျိုးသက်ရောက်မှုတွေရဲ့ ဆက်စပ်တန်ပြန်အကျိုးသက်ရောက်မှုတွေဟာ ကျွန်တော်တို့ ဘလော့ခ်ဂါတွေ ရဲ့ လက်တွေ့လူမှုဘ၀ကို ပြန်လည်အကျိုးသက်ရောက်စေမှာဖြစ်ပြီး အဲ့ဒီအကျိုးသက်ရောက်မှုတွေကမှတစ်ဆင့် ကျွန်တော်တို့ နေထိုင်ကျင် လည်နေကြတဲ့ လူမှုအဖွဲ့အစည်းကို မြင့်မားတဲ့ လောကအမြင်၊ ရသအမြင်တွေကိုပေးစွမ်းရင်း တိုးတက်ဖွံ့ဖြိုးတဲ့ လူဘောင်တစ်ရပ်ကို သွားနိုင်ကြ လိမ့်မယ်လို့ ယူဆရင်း ဒီပို့စ်ကို အဆုံးသက်လိုက် ချင်ပါတယ်။ ဒီအပေါ်ကို လွတ်လပ်စွာ သဘော ထားကွဲလွဲနိုင်ကြပါတယ်။

အံ့ဘုန်းမြတ်

(2009.MARCH 11)

(မှတ်ချက်။ ။ မှတ်တမ်းစာအုပ်တွင် မှတ်သားထားတဲ့အရာတွေကို ပြန်လည်ကိုးကားပြီး ရေးသားထားခြင်းသာဖြစ်သဖြင့် ကိုးကားစာရင်းကို မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါတယ်။)

About ahuntphonemyat

Journalist.

Discussion

7 thoughts on “ဘလော့ခ်ဂါ တစ်ယောက်အတွက် အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား

  1. ဘာမှဖြည့်ပြောစရာမလိုတော့ပါဘူး
    စာဖတ်နာသူနဲ့နည်းနည်းဖတ်ပြီးများများသိချင်ယောင်ဆောင်သူ အဲဒီမှာကွာတာပါပဲ

    Posted by မနော်ဟရီ | March 11, 2009, 5:13 am
  2. ဟုတ်ကဲ့….. တင်ပြချက် ကောင်းပါ၏….

    “လော့ခ်ရေးသားခြင်းဟာ အနုပညာလက်ရာတစ်ခုကို ဖန်တီးတယ်ဆိုတယ်ဆိုကြပါစို့…. အဲ့ဒီဘလော့ခ်မှာရေးသားထားတဲ့ ပို့စ်တွေတစ်ခုချင်းစီရဲ့ အစိတ်အပိုင်းအား လုံးကို ထည့်သွင်းစဉ်းစားကြည့်ကြရပါမယ်။ ဒါအပြင် ပို့စ်တစ်ခုချင်းစီရဲ့ ပုံသဏ္ဍာန်လို့ဆိုရမယ့် ရေးသားပုံ ရေးသားဟန်၊ တင်ပြတဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။ ဒီလိုပါပဲ အတွင်းသရုပ်လို့ဆိုရရင် ရည်ရွယ်ချက် အပါအ၀င် ဘလော့ခ်ဂါတစ်ယောက်ရဲ့ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု စေတနာတွေဟာ ဘလော့ခ်တစ်ခုကို ၀င်ရောက်ဖတ်ရှု့တဲ့ စာဖတ်သူ (၀ါ) ပရိသတ် (၀ါ) ဘလော့ခ်ကွန်မြူနတီတွေဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီဘလော့ခ်ကွန်မြူနတီတွေရဲ့ ရောင်ပြန်ဟပ်မှုတွေကနေတဆင့် ဘလော့ခ်ရေး သားသူ ဘလော့ခ်ဂါဆီသို့ ရောင်ပြန်ဟပ်မှုတွေ ပြန်လည်ရောက်ရှိလာမယ်လို့ ယူဆလို့ရနိုင်မယ်ထင်ပါတယ်။ “

    Posted by လင်းဦး(စိတ်ပညာ) | March 11, 2009, 12:53 pm
  3. စာရေးကောင်းတယ်။ အရမ်းမိုက်ပါတယ်။
    ဆက်ဖတ်ဖြစ်နေမှာပါ။

    Posted by kalyar | March 11, 2009, 1:26 pm
  4. မှတ်သားသွားပါသည်

    Posted by ဖိုးစိန် | March 11, 2009, 9:23 pm
  5. စေတနာသန့်သန့်နဲ့ လုပ်သင့်တယ်

    Posted by ကိုဂစ်တာ | March 12, 2009, 5:35 am
  6. “တိုးတက်ဖွံ့ဖြိုးတဲ့ လူဘောင်တစ်ရပ်ကို သွားနိုင်ကြလိမ့်မယ်လို့ ယူဆရင်း” ဆက်လက်အားပေးလျက်ပါ…

    Posted by Daywalker | March 13, 2009, 8:26 pm
  7. Nice post bro.

    Posted by MYO HAN HTUN | March 15, 2009, 2:54 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: