Archive for

Protected: Myanmar Artists U Aung Myint


This content is password protected. To view it please enter your password below:

Protected: ငြိမ်းချမ်းစုရဲ့လက်ရာ အနုပညာဖန်တီးမှု


This content is password protected. To view it please enter your password below:

ဘလော့ခ်ဂါ တစ်ယောက်အတွက် အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား


Ahunt Phone Myatဘလော့ခ်ဂါ တစ်ယောက်အတွက်

အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား

အံ့ဘုန်းမြတ် (2009.MARCH 11)

ကျွန်တော်ကတော့ စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ ထပ်ပြီးပေါက်ပြန်ပြီလို ထင်ကြပါဦးမယ်။ ကျွန် တော် အဲ့ဒီလိုပေါက်ချင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တောင်မရောက် မြောက်မရောက် ဖတ်မှတ်ထားတဲ့ အရာတွေကို အကျိုးရှိအောင်လုပ်ချင်လို့ဖြစ်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်လို ဘလော့ခ်ရေးသား နေကြတဲ့သူတွေအတွက်ကိုလည်း အကျိုးရှိစေချင်လို့ပါ။ အထူးသဖြင့် ကျွန်တော်ပြောလိုတာက အနုပညာတွေကို ဖန်တီးမယ်လို့ စိတ်ကူးထားကြတဲ့ ဘလော့ခ်ဂါတွေအတွက် ပြောချင်တာဖြစ်ပါတယ်။ ဒီပို့စ်ကိုရေးတာက ကျွန်တော်ထက် စာပိုပြီးဖတ်ထားတဲ့သူတွေ ၀ိုင်းဝန်းစဉ်းစားနိုင်စေဖို့နဲ့ ကျွန်တော်လောက် စာဖတ်မထားတဲ့သူတွေ ဗဟုသုတရစေလိုတဲ့ ဆန္ဒတစ်ခုသာရှိပါတယ်။

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

ဒီလိုပါ။ ဘလော့ခ်ဂါတစ်ယောက်အတွက် ဆိုတာ ထက် ကျွန်တော် အနုပညာဆိုင်ရာအညမညဖြစ်စဉ် တရာဆို တာကို အရင်ရှင်းပြချင်ပါတယ်။ ကျွန်တော်မနေ့က တင်ခဲ့ပို့စ် ထဲကလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုး တွေအနုပညာအပေါ် ခံစားတဲ့အမြင်ဟာ အနောက်တိုင်း၊ အရှေ့တိုင်းတိုရဲ့ ရသအမြင် တွေနဲ့သာမကပဲ မြန်မာစစ်စစ်ရသခံစားမှုအသိတွေကိုပါ ပိုင်ဆိုင်ထားကြလို့ပါ။ ဒီနေရာမှာ ခေတ်နောက်ကျတယ်ပဲဆိုဆို ခေတ်နောက်ပြန်ဆွဲတယ်ပဲပြောပြော ကျွန်တော် ဆရာဇော်ဂျီ တို့ခေတ်ကတင်ပြခဲ့တဲ့ မြန်မာပီသတဲ့ အနုပညာဆိုင်ရာ အည မညဖြစ်စဉ်တရား ( Dialectic View Of Art ) အမြင်တစ် ခုကို ပြောချင်ပါတယ်။

အနုပညာလက်ရာတစ်ရပ်နှင့် စပ်လျင်းပြီးစဉ်း စားရာမှာ အဲ့ဒီလက်ရာနဲ့ ဆကစပ်လျက်ရှိတဲ့ အစိတ် အပိုင်းအားလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။ အနုပညာလက်ရာတစ်ခုနဲ့ ဆက်စပ်နေတဲ့ အစိတ် အပိုင်းတွေအားလုံးဟာ လက်ရာမှာ အကျုံးဝင်းနေတဲ့ ပုံသဏ္ဍာန်နဲ့ အတွင်းသရုပ်တွေက အဲ့ဒီအနုပညာ လက်ရာကို ခံယူသူပရိသတ်၊ ပရိသတ်မှတစ်ဆင့် အကျိုး ပြုရာလူနေမှုအဖွဲ့အစည်း၊ အဲ့ဒီလူမှုအဖွဲ့ အစည်းထဲက လူမှုအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနုပညာရှင်တို့ အပြန်အလှန် ကြောင်းကျိုးဆက်စက်နေပါတယ်။ ဒါဟာ အနုပညာရဲ့ အညမညဖြစ်စဉ်လို့ အကြမ်းပြင်းပြောကြပါတယ်။ ဒါဟာ မြန်မာလူမှုဘ၀မှာ အမှန်တကယ် တည်ရှိနေတဲ့ ဘဘောတရားတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်ကိုလည်း ခေတ်ပညာတက်ဆိုသူတွေ ထပ်မံပေါင်း စပ်တွေးခေါ်သင့်ပါတယ်။ ကျွန်တော်ကတော့ လတ်တလောမှာ ဒီအမြင်ကိုပဲ လက်ခံထားပါတယ်။ ဒါကြောင့် ကျွန်တော် အနုပညာသမား ဘလော့ခ်ဂါအနေနဲ့ ချိတ်ဆက်စဉ်းစားကြည့်မိပါတယ်။ ဘလော့ခ်ရေးသားခြင်းဟာ အနုပညာလက်ရာတစ်ခုကို ဖန်တီးတယ်ဆိုတယ်ဆိုကြပါစို့. အဲ့ဒီဘလော့ခ်မှာရေးသားထားတဲ့ ပို့စ်တွေတစ်ခုချင်းစီရဲ့ အစိတ်အပိုင်းအား လုံးကို ထည့်သွင်းစဉ်းစားကြည့်ကြရပါမယ်။ ဒါအပြင် ပို့စ်တစ်ခုချင်းစီရဲ့ ပုံသဏ္ဍာန်လို့ဆိုရမယ့် ရေးသားပုံ ရေးသားဟန်၊ တင်ပြတဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။ ဒီလိုပါပဲ အတွင်းသရုပ်လို့ဆိုရရင် ရည်ရွယ်ချက် အပါအ၀င် ဘလော့ခ်ဂါတစ်ယောက်ရဲ့ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု စေတနာတွေဟာ ဘလော့ခ်တစ်ခုကို ၀င်ရောက်ဖတ်ရှု့တဲ့ စာဖတ်သူ (၀ါ) ပရိသတ် (၀ါ) ဘလော့ခ်ကွန်မြူနတီတွေဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီဘလော့ခ်ကွန်မြူနတီတွေရဲ့ ရောင်ပြန်ဟပ်မှုတွေကနေတဆင့် ဘလော့ခ်ရေး သားသူ ဘလော့ခ်ဂါဆီသို့ ရောင်ပြန်ဟပ်မှုတွေ ပြန်လည်ရောက်ရှိလာမယ်လို့ ယူဆလို့ရနိုင်မယ်ထင်ပါတယ်။ ဒီအပေါ်ကိုလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။

Continue reading

ရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်…


Ahunt Phone Myatရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်

အံ့ဘုန်းမြတ် (2009.MARCH 10)

ဒီလိုပြောလိုက်လျှင် ဒီကောင်းကြီးကြီးကျယ်ကျယ်နဲ့ကွာလို့ အထင်ခံရနိုင်ပါတယ်။ အထင်လည်းမတက်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လူငယ်တွေ ကြီးကြီးကျယ်ကျယ်တွေး မြင့်မြင့်မားမားကြံစည်မှ ကျွန်တော်နေထိုင်တဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့လူမျိုးရဲ့ အတွေးအခေါ်တွေဟာ အမြင့်ကိုရောက်နိုင်မယ်လို့ ထင်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့လူငယ်တွေဟာ ကြီးကြီးကျယ်ကျယ်မတွေး မြင့်မြင့်မားမားမကြံစည်ပဲ နေနေကြမယ်ဆိုရင် ဘယ်လိုအမြင့်မျိုးကိုမှ ရောက်နိုင်မယ်လို့မထင်မိပါဘူး။ ဒီအပေါ်ကိုတော့ အားလုံးနားလည် လက်ခံကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီအနေရာမှာလည်း ကြီးကျယ်မြင့်မြတ်ချင်စိတ်နဲ့ ၀မ်းစာမပြည့်ဝပဲ ရေးသားလို့ အမှားအယွင်းတွေ ပါနေခဲ့မယ်ဆိုရင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။

ဆရာဇေယျ

ဆရာဇေယျ

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းတွေကို အခြေခံပြီး တိုးတက် မြင့်မားလာတဲ့ နည်းပညာရပ်တွေကြောင့် ကိုယ်စာကိုယ်ရေး၊ ကိုယ်သီချင်းကိုယ်ဆို၊ ကိုယ့်ပန်းချီ ကိုယ်ဆွဲပြီး ဘလော့ခ်စာမျက်နှာတွေထက်ကို အနုပညာပစည်းတွေ ရောက်လာကြတာတွေ့ရပါတယ်။ ကျွန်တော်တို့အပါအ၀င် လူငယ်တော်တ်ာများများဟာ စက်တင်လူထုလှုပ်ရှား မတိုင်မှီပတ်ဝန်း ကျင်တွေမှာ လုပ်ချင်ရာကို အာရုံစူးစိုက်လုပ်မိရင် ဘလော့ခ်ဂါဆိုတဲ့ဘ၀ကို ဖြစ်မှန်းမသိဖြစ်လာရတယ်။ ဒီမျိုးဆက်လူငယ်တွေမှာ တူညီတဲ့ခံယူချက်ကိုယ်ဆီ ရှိကြလိမ့်မယ်လို့လည်း ထင်မိပါတယ်။ ဒီခံယူချက် တွေကတော့ အမှန်တရားကိုမြတ်နိုးတယ်။ မဟုတ်တာကိုမခံချင်ဘူး။ ခေတ်မှီချင်တယ်။ ပညာတက် ချင်တယ်။ လူနေမှုအဆင့်အတန်းမြင့်မားချင်တယ် စသဖြင့်ပေါ့လေ။ ဒီလိုဆန္ဒကိုယ်ဆီကို ပိုင်ဆိုင်ထား ကြတဲ့တွေ့ဘ၀တွေထဲက အရာတွေကိုထင်ဟပ်ပေါ်လွင့်နေစေဖို့အတွက် စာသားအကြောင်းအရာတွေ ကိုရေးသားရင်း မြန်မာစာပေခေတ်တစ်ခေတ်ကို အင်တာနက်စာမျက်နှာတွေပေါ်မှာ စတင်ဖွင့်ဆိုခဲ့ကြ ပါတယ်။

တချို့က ခံစားချက်နဲ့ လက်တွေဘ၀တွေကို ရေးသားပုံဖော်ကြတယ် တချို့ကတော့ မကြေနပ် ချက်တွေကို ဖောက်ခွဲရာအဖြစ် အင်တာနက် ဘလော့ခ်စာမျက်နှာတွေကို အသုံးပြုလာကြတယ်။ တချို့ကတော့ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ဖော်ညွှန်းပြောဆိုလာကြတယ်ပေါ့လေ။ အမျိုးမျိုးအဖုံဖုံပါပဲ။ အကောင်းတွေလည်းရှိသလို အဆိုးတွေလည်းရှိတယ်။ အများကောင်းကြိုးအတွက် ရေးသားနေကြတာ တွေရှိသလို လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို ချို့နှိမ်ရေးသားကြတာတွေလည်းရှိတယ်ပေါ့။ အကောင်းနဲ့အဆိုးဆိုတာ လောကကြီးထဲမှာ ရှိနေကျ အရာတွေပဲလေ။ ဒီနေရာမှာ ကိုယ်ကျင့်တရားကို အခြေခံတဲ့ ရှုမြင်သုံးသပ်မှုတွေ စံလွဲလာကြတာမျိုးတွေလည်းရှိပါတယ်။ ဒီပို့စ်မှာတော့ ကျွန်တော် က ခံစားချက်တွေကို အနုပညာအသွင်ဆောင်ပြီး ရသအဖြစ်ပုံဖော်တဲ့နေရာမှာ ကိုယ်တိုင်ခံယူထားတဲ့ စာပေအနုပညာပိုင်းဆိုင်ရာ အမြင်လေး တွေကို ပြောပြချင်ပါတယ်။ ဒီအပေါ်ကို အမျိုးမျိုး အဖုံဖုံသဘောထားကွဲလွဲနိုင်ကြတယ်။

ကျွန်တော်တို့က ဘလော့ခ်တွေကို မြန်မာစာနဲ့ ရေးသားနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ရသစာပေကို ဖန်တီးတဲ့နေရာမှာ မြန်မာပီပီ မြန်မာဟန်ပါဖို့လိုတယ်မြင်မိတယ်ဗျ။ တစ်နေက နားထောင်မိတဲ့ တွံတေးသိန်းတန်းသီချင်းတစ်ပုဒ်လိုပေါ့ ကိုယ့်အမေ့ပါးက သနပ်ခါးဘယ် လောက်မွှေးတယ်ဆိုတာ သိထားတော့ မြန်မာပီသတဲ့ လူမှုနီတိနဲ့ မြန်မာမှုတွေကိုတော့ ကျွန်တော် နည်းနည်းပြန်ပြောချင်ပါတယ်။

ရသပညာဆိုတဲ့စကားလုံးကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောရမယ်ဆိုရင် Aesthetics လို့ ဆိုရမှာဖြစ်ပြီး ဂရိဝေါဟာရ Aesthetikos က ဆင်းသက်လာတယ်လို့ ဆိုရမှာပါ။ ဒီ Aesthetics ရသပညာဆိုတဲ့ ပညာရပ်ကို အနောက်တိုင်းမှာတောင် (၁၈) ရာစုမတိုင်မီအထိ ပြည့်ပြည့်စုံစုံ လေ့လာချင်းမရှိခဲ့ကြသလို ပညာရပ်တစ်ခုအနေနဲ့တောင် သတ်မှတ်ခြင်းမရှိခဲ့ကြပါဘူး။ 1750 ပြည့်နှစ်ကိုရောက်တဲ့အခါမှ ဂျာမန်အတွေး အခေါ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဘောမ်ဂါတင်က Aesthetics နာမည်နဲ့ ကျမ်းတစ်စောင်ကို စတင်ရေးသားပြုစုလိုက်မှ ပညာရပ်တစ်ခုအနေနဲ့ သီးသန့်ပညာရပ်တစ်ခုအနေနဲ့ လေ့လာအသိအမှတ် ပြုခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Aesthetics ဆိုတဲ့ အင်္ဂလိပ်ဝေါ ဟာရကို အလှပညာအလှဗေဒသုခုမပညာ နဲ့ ရသပညာ ဆိုပြီး အမျိုးမျိုးခေါ်ဝေါခဲ့ကြပေမယ့် မြန်မာပညာရှင်အများစုကတော့ Aesthetics ကို ရသပညာ လို့ လက်ခံအသုံးပြုခဲ့ကြပါတယ်။ Continue reading

ဗုံလုံသီး သို့……………


bolonဗုံလုံသီး သို့……………

အံ့ဘုန်းမြတ်

မျှော်လင့်ချက်တွေကို
ခံစားချက်တွေနဲ့ မြှားယူနေကြရတဲ့အချိန်တွေမှာ
မင်းနှလုံးသားဟာ
မာကြောနေလိမ့်မယ်ဆိုတာ
မင်းမျက်ဝန်းတွေက
သက်သေထူပြီးသားပါ ဗုံလုံသီးရေ…….။။

ခရမ်းနုရောင် ပျဉ်းမပန်းတွေ ကြွေကျနေတဲ့
အဲ့ဒီပေတရာလမ်းပေါ်က
မင်းရဲ့ အသက်ရှူသံမျှင်မျှင်လေးကို
ငါ့နားမှာ ကြားယောင်နေမိပါသေးရဲ့…
ငါ့အလွမ်းတွေ ပန်းအဖြစ်တောင် မပွင့်နိုင်သေးဘူး….။
Continue reading

Categories

%d bloggers like this: