ဒုတိယမြောက် တောင်ပံခက်သံ
အံ့ဘုန်းမြတ်
တောင်ပံဆိုတာ ကောင်းကင်ရှိမှ အဓိပ္ပါယ်ပြီးပြည့်စုံမယ်လို့ ထင်ပါတယ်… ကောင်းကင်မရှိတဲ့ အချိန် တွေမှာတော့ တောင်ပံဆိုတာဟာလည်း ဘာအဓိပ္ပါယ်မှရှိတော့မယ် မထင်ပါဘူး။ ဒီလိုပါပဲ.. ကျွန်တော်မှာ ကောင်းကင်နဲ့အတူ တွဲဖက်နေချင်တဲ့ တောင်ပံတစ်စုံရှိချင်ခဲ့ပါတယ်..။ ဒီတောင်ပံတစ်စုံကိုအားပြုရင်း ဟိုး…လူ တွေမမြင်နိုင်တဲ့ အမြင့်အမြင့်ဆုံးတစ်နေရာကို ရောက်သွားချင်ခဲ့ဘူးတယ်… ဒီလိုပါပဲ ဘ၀ရဲ့မွန်ကြပ်မှုတွေအား လုံးကို တောင်ပံတစ်စုံနဲ့ ကျော်ဖြတ်သွားချင်ခဲ့တဲ့ မျှော်လင့်ချက်တွေ မွေးဖွားခဲ့ပါတော့တယ်.. ဒီလိုနဲ့ကျွန်တော် ကောင်းကင်ပြင်ကြီးရှိရာကို ခုန်ထွက်မိတယ်..။ မွန်းကြပ်ပိတ်လောင်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွေ ဆိုတော့ ကျွန်တော်ရောက်သွားချင်တဲ့ ကောင်ကင်ပြင်ကြီးမှာ လွတ်လပ်မှုတွေအပြည့်ရှိနေလိမ့်မယ်.. မျှော်လင့်ချက် အိပ်မက်အသစ်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်တွေးထင်ခဲ့ဘူးတယ်… အမှန်တကယ် ကောင်း ကင်ပြင်ကြီှးဆီကို ကျွန်တော် တောင်ပံတစ်စုံရဲ့ခွန်အားနဲ့ ပျံသန်းမိလိုက်ချိန်မှာတော့ အပြောကျယ်တဲ့ ဒီကောင်းကင်ပြင်ကြီးမှာလည်း မိုးကုတ် စက်ဝိုင်းတို့ရဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေ… လေဖိအားတွေရဲ့ အကာ အကွယ်အတားအဆီးတွေ ရှိတယ်ဆိုတာကို သိလိုက်ရတော့တယ်…။
ခက်တာ ကျွန်တော်က အသိုက်အမြုံထဲကနေ စထွက်လာကတည်းက ပြန်လမ်းမဲ့ အရပ်ဆီ ခြေဦးတည့် ခဲ့ရတယ်ဆိုတာ မေ့လျှော့နေခဲ့မိလို့ပဲလေ..။ ကျွန်တော် စွန့်လွှတ်ခဲ့ရတဲ့အရာတွေ ဘယ်လိုမှ ပြန်မရ နိုင်တော့ဘူး ဆိုတာသိသိကြီးနဲ့ပဲ ကျွန်တော် ကောင်းကင်ပြင်ကြီးရှိရာကို အရဲစွန်ထွက်ခွာလာခဲ့တယ်.. အသိုက် အမြုံထဲကလို မွန်းကြပ်တဲ့ခံစားချက်တွေကနေ လွတ်မြောက်ခွင့်ရခဲ့တယ်ဆိုပေမယ့်လည်း မိခင်ရဲ့အငွေ့အသက်တွေ.. ကြင် လည်ရာပတ်ဝန်းကျင်က အဆွေခင်ပွန်းတွေ အားလုံးကို ထားခဲ့ပြီး.. လွတ်လပ်ခွင့်ဆိုတာ တစ်ခုတည်း အတွက် ဒီခရီးကို ရွက်လွှင့်တာပဲလေ…။
မှားနေလား .. မှန်နေလားဆိုတာ မှန်ချင်မှန်မယ်.. မှားချင်မှားမယ်ဆိုတဲ့ အဖြေမသိရတဲ့ ပုဒ်စာတစ် ပုဒ်လိုပါပဲ…။ သေခြာတာကတော့ ကျွန်တော်စွန့်ခွာခဲ့တဲ့ အသိုက်အမြုံလေးတစ်ခုဆီကိုတော့ ဘယ်တော့မှ ပြန်မ ရောက်နိုင်တော့ဘူးဆိုတာပါပဲ… ဒီလိုနဲ့ကျွန်တော် “အားလုံးကိုစွန့်လွှတ်ခဲ့ရတောင် သတိရခြင်းကိုတော့ ပိုင်ဆိုင် ခွင့်ရှိတယ်” ဆိုတဲ့ စကားလုံးကို တေးသံအဖြစ် ကျူးရင့်ရင်း… ဟိုး လူတွေမြင်နိုင်သေးတဲ့ အနာဂတ်မိုးကောင်း ကင်ထဲကို သူများတကာတွေရဲ့ ရှေ့ကရောက်အောင် တောင်ပံတစ်စုံအားပြုရင်း.. ဆက်ပျံသန်းလိုက်တော့ မယ်.. ဒီလိုနဲ့ကျွန်တော်.. လည်ဆန်မွှေးတွေကို နှုတ်သီးနဲ့ပြန်စွ အားပေးနှစ်သိမ့်ရင်း… ဘယ်အချိန်နိဂုံး ချုပ်မယ်ဆိုတာ မျှော်လင့်ရခက်တဲ့ အနာဂက်ဆီကို မိုးကုတ်စက်ဝိုင်းတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်.. လေဖိအားတွေကို ရုန်းကန်ရင်း… တောင်ပံတွေ ဆက်ခက် လိုက်တော့တယ်… တောင်ပံခက်သံတွေက ခွန်းအားအဖြစ် ပြောင်းစေသား…။
အံ့ဘုန်းမြတ်
2009 FEB (9)
Leave a Reply