ဆောင်းပါး

နေခြည်ထဲတွင် ရွှေကိုမြင်သည်


ဇော်ဇော်အောင်

နေခြည်ထဲတွင်….ရွှေကိုမြင်သည်… (မင်းသုဝဏ်)

HERBEAT MARCUSE (1898-1978) ဟားဘတ်မာကျူကို “လက်ဝဲသစ်” (New Left) ရဲ့ ဖခင်ကြီးလို့ တင်စား နိုင်ပါလိမ့်မယ်။ ဖခင်ကြီးလို့ မပြောချင်ရင်တောင်မှ သူ့သြဇာဟာ “လက်ဝဲသစ်” တွေအပေါ်မှာ အလွန်ကြီးမားခဲ့တယ်လို့ တော့ အသေအချာပြောနိုင်ပါတယ်။ နှောင်းလူများ အထူးသဖြင့် ပို့စ်မာ့ကစ်ဝါဒီ (Post Marxist) တွေရဲ့ လောကမှာ သူ့ကို လွန်စွာလေးစားကြတယ်။ သူဟာ မူလကတော့ ကျော်ကြားလှတဲ့ “ဖရင့်ဖက်ဂိုဏ်” (FRANKFURT SCHOOL) က ဖြစ် တယ်။ သူရဲ့အရေးအပါဆုံး အတွေးခေါ်လည်းဖြစ်၊ နှောင်းလူများအပေါ် သြဇာအသက်ရောက်ဆုံးလည်းဖြစ်တဲ့ အတွေး အခေါ်ကတော့ အရင်းရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ ပစည်းမဲ့လူတန်းစားဟာ အချက်အချာနေရာမှာ မရှိတော့ဘူး။ တစ်နည်းပြောရရင် တော်လှန်ရေးရဲ့ အသည်းနှလုံးဟာ ပစည်းမဲ့လူတန်းစားမဟုတ်တော့ဘူးဆိုတဲ့ အတွေးအခေါ်ဖြစ် တယ်။ ကျမ်းရိုးမာ့ကစ်ဝါဒက ဟောညွှန်ပြခဲ့သလို တော်လှန်ရေးတွေဖြစ်မလာဘူး။ ပစည်းမဲ့လူတန်းစားကလည်း အောင်ပွဲ မခံနိုင်ဘူး။ အရင်းရှင်ဝါဒဟာလည်း ဗုန်းဗုန်းလည်းပြိုပျက်မသွားဘူး။ သိပ္ပံနဲ့နည်းပညာတိုးတက်လာတာနဲ့အမျှ စက်မှုလွန် လူ့အဖွဲ့အစည်းမှာ အရင်းရှင်စနစ်ဟာ ပိုခိုင်မာလာတယ်။ ဒါပေမယ့် လက်ဝဲသစ်တို့ရဲ့ ဂုရုကြီးမာကျူ ယုံကြည်ထားတာရှိပါ တယ်။ အဲ့ဒီတစ်ခုကတော့ နိုင်ငံရေးပုံသဏ္ဍာန်အသစ်တွေ (New Forms Of Politics) မုချမသွေ ပေါ်ထွန်းလာလိမ့်ဦးမယ် ဆိုတာပါပဲ။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ပို့စ်မော်ဒန်တွေရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ လာတူနေတယ်ဆိုတဲ့အချက် ပါပဲ။ ပို့စ်မော်ဒန်တို့ရဲ့ နိုင်ငံရေးအမြင်ကို ဆက်ကြည့်ရပါမယ်။

HERBEAT MARCUSE

HERBEAT MARCUSE

ပို့စ်မော်ဒန်ဆိုတာဘာလဲလို့ ပြောကြစတမ်းဆိုရင် တုတ်ထမ်းဓားထမ်းပြောကြရမှာပါ။ ပြောမဆုံးပေါင် တောသုံး ထောင်ကမယ်မထင်ပါဘူး။ အဲ့ဒီအထဲက အဓိကလကခဏာကြီးတစ်ရပ်ကို ထုတ်ပြပါဆိုရင် မက်တာနရေးတစ် (METANARRATIVE) ဆိုတဲ့ “မဟာဒသနမဟာပုံပြင် မဟာစီမံကိန်းကြီး” တွေကို မယုံစားခြင်း၊ ငြင်းပယ်ခြင်းပါပဲ။ မက်တာ နရေးတစ်ဆိုတာ ဘယ်သို့ဘယ်ညာ မူးတင်ပဲတင်ဝိုက်နေတာတွေကို ကျွန်တော်တို့ နားငြီးလှပါပြီ။ ကျွန်တော်တို့အခြေ အနေနဲ့ လက်တွေ့ကျကျသက်ဆိုင်တဲ့ကိစတွေသာ အရေးကြီးပါတယ်။ ဆိုင်ရာဆိုင်ရာ ပြသနာတွေကို ငါတို့သာလျှင် ဖြေရှင်းဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဒသနတွေ၊ အစုအသင်းအဖွဲ့အစည်းတွေဟာ မက်တာနရေးတစ်တွေ ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကို ပို့စ်မော်ဒန်တွေ (ပို့စ်မော်ဒန်ကို လက်ခံနှစ်ခြိုက်တဲ့ကျွန်တော်တို့) က ငြင်းပယ်တယ်။ ရိုးရိုး ရှင်းရှင်းကလေးပါပဲ။ အဲ့ဒီမဏ္ဍိုင်အယူအဆအပေါ်မှာ အခြေပြုတဲ့ ပို့စ်မော်ဒန်နိုင်ငံရေးဟာ ရှေးရိုးစဉ်လာ စွဲမှတ်လက်ခံလာ ခဲ့ကြတဲ့ “အကြီးစားပါတီနိုင်ငံရေး” (Large Scale Party Politics) ကို မနှစ်သက်ဘူး။ အသစ်ဖြစ်ပေါ်လာနိုင်တဲ့ “နိုင်ငံရေး ပုံသဏ္ဍာန်သစ်များ” (New Forms Of Politics) ဆိုတာဟာ ပို့မော်ဒန်အတွေးအခေါ်အပြောရှိတဲ့ (Micro Politics) အနု နိုင်ငံရေးဆိုတာပဲဖြစ်ပါတယ်။ မိုက်ကရိုနိုင်ငံရေးလို့လည်း ခေါ်နိုင်ပါတယ်။

“ပို့စ်မော်ဒန် အနုနိုင်ငံရေး” (Postmodern Micro Politics) လို့ ခေါ်ကြပါတယ်။ အနုဆိုတာ အသေးကလေး ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။ အထက်ကပြောခဲ့တဲ့ အကြီးစားပါတီနိုင်ငံရေးမဟုတ်ဘူးဆိုတာ ပထမဆုံးပြောရပါပြီ။ တစ်လော ကလုံး၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရည်ရွယ်ပြီးလုပ်တာမျိုး မဟုတ်ဘူး။ ဒေသအလိုက် အစုအဖွဲ့အသင်းအပင်း အစုအဝေးကလေးတွေအတွက် ရည်ရွယ်ပြီး လုပ်တာမျိုးဖြစ်ပါတယ်။ ဒေသအလိုက် (Local) အစုအဝေးတွေ (Community) ဆိုတဲ့ သဘောတွေကို အလေးပေးပါတယ်။ တစ်လောကလုံး လူ့အဖွဲ့အစည်းအားလုံးအတွက်၊ လူသား အားလုံးအတွက် ဆောင်ရွက်တဲ့ကိစမျိုးမဟုတ်ပါဘုး။ ကျွန်တော်တို့စကားမှာ ရပ်ရေးရွာရေး၊ သာရေး၊ နာရေးဆိုတဲ့ စကား ရှိတာကို သတိပြုမိစေချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေ၊ ကိုယ့်အစုကလေးအတွက် “ရပ်ရေးရွာရေး၊ သာရေးနာရေး” ဆောင်ရွက်ကြတာဟာ ပို့စ်မော်ဒန်အမြင်အရ “နိုင်ငံရေး/အနုနိုင်ငံရေး” လုပ်တာပဲလို့ အသေအချာပြောခဲ့ပါတယ်။ ဒီမှာ အရေးတကြီးဂရုပြုမိဖို့ကတော့ ၁-အများကောင်းကျိုးအတွက်ဖြစ်ရမယ်၊ ၂-အများကိုညှိနှိုင်းတိုင်ပင်ဆောင်ရွက်တာဖြစ်ရ မယ်။ ၃-အများစိတ်ဝမ်းညီစွာ စုပေါင်းဆောင်ရွက်ကြတာဖြစ်ရမယ်။

အရင်ရေးခဲ့တဲ့ဆောင်းပါတွေ၊ စာအုပ်တွေမှာလည်း ကြိမ်ဖန်များစွာပြောခဲ့ပြီးပါပြီ။ (လောလောဆယ်၊ ကျွန်တော် ရဲ့ “စည်းဆာဖြူ” ပို့စ်မော်ဒန် မှတ်စုဆောင်းပါးများ စာအုပ် ၂၀၀၆ ကိုကြည့်ပါ။) အထက်ပါသဘောကို ဒီလိုပြောခဲ့ပါတယ်။ အရေးကြီးတယ် ယူဆတာမို့ ထမံဖော်ပြပါရစေ။

“လူ့အရေးအရာကိစတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ လူ့အသင်းအဖွဲ့ အစုအဝေးသေးသေးငယ်ငယ်ကလေး တွေ (၀ါ) အုပ်စုကလေးတွေဟာ မိမိတို့ဒေသအလိုက်၊ မိမိတို့ဝန်းကျင်အလိုက် မိမိတို့နဲ့သက်ဆိုင်ရာကိစကလေးတွေကို စုပေါင်းဆွေးနွေးတိုင်ပင်ညှိနှိုင်း အဖြေရှာဆောင်ရွက်ကြတယ်။ (အဲ့ဒါမျိုးတွေကို Micro Narrative လို့ခေါ်ပါတယ်။ Little Narrative လို့လည်းခေါ်ပါတယ်။ Local Narrative လို့လည်း အခေါ်အပြောရှိပါတယ်။)

အခုလောလောဆယ် ထင်သာမြင်သာတဲ့ပုံစံတွေပြရမယ်ဆိုရင် ရုပ်ရှင်မင်းသားကျော်သူတို့ဆောင်ရွက်နေတဲ့ နာရေးကူညီမှုလုပ်ငန်းဟာ ပို့စ်မော်ဒန်အမြင်အရပြောရရင် “မိုက်ကရိုနိုင်ငံရေး/အနုနိုင်ငံရေး” ဆောင်ရွက်တောပါပဲ။ ကဗျာ ဆရာတွေ၊ ကွန်လွန်တဲ့ကဗျာဆရာတွေအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီနိုင်အောင် လှုပ်ရှားဆောင်ရွက်နေတာဟာ လည်း ပို့စ်မော်ဒန်အမြင်အရပြောရရင် “မိုက်ရိုနိုင်ငံရေး/အနုနိုင်ငံရေး” ဆောင်ရွက်တောပါပဲ။ အလားတူပဲ ကဗျာအောင် ဝေးတို့၊ စောဝေတို့ ဇော်သက်ထွေးတို့ စန်းဦးတို့ ပန်းချီဆရာတွေ၊ ဂီတရုပ်ရှင်ပညာရှင်တွေ၊ မော်ဒယ်ကလေးတွေနဲ့ပေါင်းစု ပြီး ကဗျာတွေရွတ်ကြ သီချင်းတွေဆိုကြ ပါဖောမင့်လုပ်ကြတာ ခုခံအားကျဆင်းတဲ့ဝေဒနာရှင်တွေကို ကူညီတဲ့ရန်ပုံငွေပွဲဖြစ် လို့ ပို့မော်ဒန်အမြင်အရ “မိုက်ကရိုနိုင်ငံ/အနုနိုင်ငံရေး” ဆောင်ရွက်တာပါပဲ။ ဒါကလောလောဆယ်မြင်သာတဲ့ ဥပမာတွေ အဖြစ်ပြရတာပါ။ တကယ်တမ်းကျတော့ ဒီလိုရပ်ရေးရွာရေး၊ သာရေး၊ နာရေးဆောငင်ရွက်ကြတာတွေဟာ တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။ သမိုင်းနဲ့ချီပြီးရှိနေပါတယ်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်အစဥအဆက်တည်ရှိခဲ့တဲ့ မြန်မာ့တန်ဘိုး Myanmar Values တွေပါပဲ။

ကျွန်တော်တို့ ဘာသာစကားမှာ ကုသိုလ်ဖြစ်ဆိုတဲ့စကားရပ်ရှိပါတယ်။ ပရဟိတဆိုတာရှိပါတယ်။ စေတနာ့ဝန် ထမ်းဆိုတာရှိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ခွဲခြားမရတဲ့တန်ဖိုးတွေဖြစ်ပါတယ်။ ခွဲခြားမရတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုရာမှာလည်း ဗုဒ္ဓဘာသာတစ်ခုတည်းမဟုတ်ပါဘူး။ ခရစ်ယာန်၊ အစ လာမ်ဆိုတဲ့ ဘာသာကြီးတွေမှာလည်း အစုအသင်းအဖွဲ့အစည်းတွေဟာ ဒီလိုကုသိုလ်ဖြစ်၊ ပရဟိတ၊ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေ (စကားပမာ-မိဘမဲ့ဂေဟာတွေ၊ ဆေးပေးခန်းတွေ၊ ဆေရုံတွေ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေ) ကို လုပ်ကိုင်ဆောင်ရွက်နေကြတာ ရှိပါတယ်။ အခုလည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိနေတာပါပဲ။ အခု (ဒီနေ့) ခေတ်မှာ ကြားသိနေကြတာမှာ NGO (Non Governmental Organization) အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတာရှိပါ တယ်။ INGO-International (Non Governmental Organization) နိုင်ငံတကာ အစိုးရမဟုတ်သော ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဆိုတာမျိုးတွေရှိတယ်။ GONGO (Government Organized, Non Governmental Organization) အစိုးရ ဖွဲ့စည်းပေးထားသော အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတာမျိုးလည်းရှိပါတယ်။ တခြားအဖွဲ့အစည်း အမျိုးအစားတွေ လည်း ရှိပါလိမ့်ဦးမယ်။ ဒါတွေမှာ ပို့စ်မော်ဒန်တို့ရဲ့ မိုက်ကရိုနိုင်ငံရေး/အနုနိုင်ငံရေးသဘောတွေ ကိန်းဝယ်တည်ရှိနေပါ တယ်။ ဆင်ခြင်ပွားများ ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ အဘိုးအဘွား၊ ဘိုးဘေးဘီဘင်အစဉ်အဆက်က ကြားနာမှတ်သားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာလဲဆိုတော့ ဒီလို ရပ်ရေးရွာရေး သာရေးနာရေး (ပို့စ်မော်ဒန်အနုနိုင်ငံရေး) လုပ်ငန်းတွေဟာ လူသာဓုခေါ်၊ နတ်သာဓု ခေါ်တဲ့ လုပ်ငန်းတွေဖြစ်တယ်ဆိုတဲ့စကားပါပဲ။ ဒါတွေဟာ တစ်နည်းပြောရင် “နိုင်ငံရေးပုံသဏ္ဍာန်အသစ်” တွေပါပဲ။

“နေခြည်ထဲတွင်… ရွှေကိုမြင်သည်…” (မင်းသုဝဏ်)

ဇော်ဇော်အောင်

(မှတ်ချက်။ ။ ၂၀၀၇ ခုနှစ်၊ ဇွန်လထုတ် မဟေသီမဂ္ဂဇင်း အမှတ် ၂၇၀ တွင် ဖော်ပြပါရှိခဲ့သော ဆရာဇော်ဇော်အောင်၏ “နေခြည်ထဲတွင်ရွေကိုမြင်သည်” ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်း ပြောချင်ပါတယ်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: