Archive for

ဆင်ခြင်တုံတရား၏ လက်တံများ (၃)


ကျော်ဝင်း

ယဉ်ကျေးမှုဓလေ့ဆိုင်ရာအမြင်

ဆင်ခြင်တုံတရား၏ သက်ရောက်ခွင်ကို မထူးခြားနားသော ယဉ်ကျေးမှုဓလေ့များဖြင့် ကန့်သတ်ထား သည်။” ဆိုသော သံသယအမြင်တစ်ခုရှိသည်။ ဒီသံသယအမြင်ကို ကျော်လွှားနိုင်ဖိုဆိုလျှင် တစ်ခုနှင်တစ်ခု သီး ခြားဖြစ်နေသည့်တိုင် ဆက်စပ်နေသော အခက်အခဲနှစ်ခု အမှန်ပင်ရှိပါသည်။

ပထမအခက်အခဲမှာ “ဆင်ခြင်တုံတရားနှင့်ဆင်ခြင်မှုကို အားပြုခြင်းမှာ အနောက်တိုင်း၏ လူမှုပြသနာ များအပေါ် ချည်းကပ်နည်းမျှသာဖြစ်သည်။” ဆိုသော အယူအဆမှ လာသည်။ “လွတ်လပ်မှု” ၊ “ဆန့်ကျင့်ဘက် အယူအဆများအပေါ် သည်းခံမှု” စသည်တို့မှာ အနောက်တိုင်း လူ့အဖွဲ့အစည်းများ၏ ဗဟိုအချက်အခြာနေရာ တွင်ရှိနေပြီး၊ အီမာနျူယယ်ကန့်မှ ဂျွန်ရာဝဲ(လ) အထိ အနောက်တိုင်းဒသနဆရာ အဆက်ဆက်ဖွံ့ဖြိုးစေခဲ့သော တရားမျှတမှုအိုင်ဒီယာ၏ အခြေခံများလည်းဖြစ်ပေသည်။ အနောက်မဟုတ်သော ယဉ်ကျေးမှုများအနေနှင့် ဆိုခဲ့ပါတန်ဖိုးများကို မျှဝေလက်ခံကောင်းမှ လက်ခံပါလိမ့်မည်။ ဒီအတွက် ဥပမာပြရလျှင် မကြာသေးခင်ကာလ လောက်အထိ အလွန်ရေပန်းစားလှသော “အာရှတန်ဖိုး” အယူအဆဖြစ်ပါသည်။ ဆိုခဲ့ပါ “လွတ်လပ်မှု”၊ “ဆန့် ကျင်ဘက်အယူအဆများအပေါ် သည်းခံမှု” စသည့်တန်ဘိုးများကို အနောက်တိုင်းယဉ်ကျေးမှုဘောင်အတွင်းတွင် သာ ကန့်သတ်ထားသော “အခိုင်အမာယဉ်ကျေးမှုဓလေ” အယူအဆဖြစ်သည်။ ဒီအယူအဆသည်ပင် ဆင်ခြင်တုံ တရားနှင့်ပတ်သက်သော သံသယအမြင်များကို ကျော်လွှားနိုင်ရေးတွင် ခလုတ်ကန်သင်းဖြစ်နိုင်သည့် အခုအခံ အတားအဆီးတစ်ခုဖြစ်ပါသည်။


ကပ္ပတိန်ကုတ်ကို သတ်ဖြတ်လိုက်သူများအနေနှင့် မိမိတို့ အရိုးစွဲနေသော ယဉ်ကျေးမှုဓလေ့ဆိုင်ရာ တုပ်နှောင်မှုများမှ ချက်ချင်း ရုန်းမထွက်နိုင်ဖို့ မဖြစ်နိုင်သလို ကပ္ပတိန်ကုတ်ကိုယ်တိုင်ကလည်း လက်ထဲမှ ပစတိုကို မပစ်ဘဲ  ကိုင်ရုံကိုင်ထားဖို့လိုကြောင်း ရုတ်တရက် သဘောမပေါက်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဒုတိယအခက်အခဲမှာ မတူခြားနားသော ယဉ်ကျေးမှုဓလေ့များအောက်တွင် အရွယ်ရောက်ကြီးပြင်းရသူ များကြား၊ အပြန်အလှန်လေးစားမှု၊ စာနာမှုတို့လုံလောက်အောင် မဖွံ့ဖြိုးသေးခြင်းနှင့် ဆက်စပ်နေပါသည်။ သူတို့ အတွက် အပြန်အလှန်နားလည်မှုပင် မလုံမလောက်ဖြစ်နေရသည်။ ဒါကို “ယဉ်ကျေးမှုဓလေ့ဆိုင်ရာ သဟဇာတ မဖြစ်မှု” ဟု ဆိုရပါလိမ့်မည်။ ကွန်မြူနတီတစ်ခု၏ အဖွဲ့ဝင်များက အခြား ကွန်မြူနတီတစ်ခု၏အဖွဲ့ဝင်များအပေါ် ကျူးလွန်သော မျိုးဖြုတ်စစ်ပွဲများ၊ ရက်စက်ကြမ်းကြုတ်သော အပြုအမူများ အမှန်ပင်ရှိနေသေးသည်ဖြစ်ရာ ကွန်မြူနတီများကြား အပြန်အလှန် စာနာနားလည်နိုင်ရေးဆိုသည်ကို ပိုတွက်လို့ မဖြစ်နိုင်ပါ။ ထိုသို့သော အပြန် အလှန်နားလည်စာနာနိုင်မှု ခေါင်းပါးနေခြင်းသည်ပင် ပဋိပကများ၏ ရေခံမြေခံဖြစ်နိုင်ပါသည်။ ဆာ့ဗများ၊ အယ်လ ဘေးနီးယန်းများအနေနှင့် မိမိတို့ကိုယ်စီတွင်ရှိနေကြသော အမုန်းမီးပွားများကို ငြိမ်းသတ်နိုင်ကြပါမည်လော။ ဟူတူနှင့် တုဆစ်များကြား၊ ဟိန္ဒူနှင့် မွတ်စလင်များကြား၊ ဂျူးများနှင့် အာရပ်များအကြား၊ သမိုင်းအဆက်ဆက် လောင်မြိုက်ခဲ့ရသော အမုန်းများကို တစ်ခါတည်း ခ၀ါချနိုင်ပါမည်လော။ “မလွယ်လှသေး” ဟုသာ ရိုးရိုးသားသား  အဖြေပေးရပါလိမ့်မည်။ စင်စစ်ထိုသို့သော အဆိုးမြင်မေးခွန်းများရှိနေခြင်းသည်ပင် လူသား၏ သံသယသဘာဝ ကို လှစ်ပြသလိုရှိပြီး ဆင်ခြင်တုံတရားနှင့် လူ့နားလည်နိုင်စွမ်း၏ အကန့်အသတ်များကို ဖော်ပြရာလည်း ရောက်ပါသည်။

9261

ပြောရလျှင် ဆိုခဲ့ပါ “ယဉ်ကျေးမှုဓလေ့ဆိုင်ရာ သဟဇာတမဖြစ်မှု” မှာ ယနေ့ထက်တိုင် အားကောင်းရှင် သန်ဆဲဟု ဆိုရပါလိမ့်မည်။ ယဉ်ကျေးမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စူးစမ်းလေ့လာချက်များကိုကြည့်လိုက်ပါ။ စစ် မြေပြင်မှာလာသော သတင်းတွေများလာ ထင်မှတ်မှားလောက်ပါပေသည်။ မတူသော သစာခံမှုကိုယ်စီရှိကြ သည်။ စစ်သတင်းထောက်များ၏ သတင်းပေးပို့ချက်များလို ခါးသီးကြမ်းရှလွန်းလှသည်။ “ယဉ်ကျေးမှုများ တိုး တိုက်မိခြင်း”၊ “ယဉ်ကျေးမှုနယ်ချဲ့ဝါဒ” စသောအသံများကို မကြားချင်အဆုံးရှိပါလိမ့်မည်။ ယနေ့ခေတ်လူ့အဖွဲ့ အစည်းအများစုမှာ ပဒေသာစုံ ယဉ်ကျေးမှုဓလေ့များရှိကြသည်ဖြစ်ရာ အဆိုပါ ထိပ်တိုက်တွေ့မှုများမှာ ကမ္ဘာလုံ ချီ အခြင်းအရာများသာမက ပြည်တွင်းနယ်နိမိတ်များအတွင်းသို့ပါ ရောက်ရှိလာခဲ့ပါသည်။ နောက်ဆုံးပါမောခ ဆယ်မျူရယ်ဟန်တင်တန်လို ပုဂ္ဂိုလ်မျိုးကပင် “အနောက်တိုင်းအမှတ်အသားသရုပ်ကို ပြန်သကြ” ဆိုသည်မျိုး တပ်လှန့်လာသည် အထိဖြစ်လာရသည်။

Continue reading

Advertisements

ဆင်ခြင်တုံတရား၏ လက်တံများ (၂)


ကျော်ဝင်း

ဆင်ခြင်တုံတရားနှင့် ဥာဏ်အလင်းခေတ်အမြင်

မထိတ်သာ မလန့်သာ လုပ်ရပ်များကြောင့် အမှောင်လွှမ်းနေသော ကမ္ဘာကြီးတွင် ဆင်ခြင်တုံတရားမှာ မျှော်လင့်ချက်နှင့် ယုံကြည်မှုများအတွင်း သန်စွမ်းသော ရေခံမြေခံတစ်ခု ဖြစ်နိုင်စရာရှိပါသည်။ ဘာကြောင့် ဒီလိုဖြစ်နိုင်သည်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ ကျွန်တော်တို့အနေနဲ့နှင့် စိတ်မချမ်းသာစရာ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်စုံတစ်ခုနှင့် ရုတ်တရက်တွေ့ရသည့်အခါတိုင်း တစ်စုံတစ်ရာတုံ့ပြန်မိကြပါ လိမ့်မည်။ ဒီလိုတုံ့ပြန်သည့်အခါမျိုးမှာပင် ကျွန်တော်တို့၏ တုံပြန်ပုံမှာ လျော်ကန်သင့်မြတ်ပါ၏လော၊ အလုပ်လမ်း ညွှန်ဖြစ်နိုင်ပါမည်လော…စသဖြင့် ဆင်ခြင်တုံ တရားဖြင့် မေးခွန်းထုတ်မိကြပါလိမ့်မည်။

The Theory Of Moral Sentiments

The Theory Of Moral Sentiments

အခြားသောသူများ၊ အခြားသောယဉ်ကျေးမှုများ၊ အခြားသောပြောဆိုချက်များနှင့်ပတ်သက်လျှင်လည်း မှန်မှန် ကန်ကန်လည်း သဘောပေါက်စေရန်၊ တုံ့ပြန်ဆက်ဆံနိုင်ရန်၊ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်ကြရပါသည်။ မိမိ အမြင်၊ မိမိအယူအဆနှင့် မတူညီသည်ပင်ဖြစ်စေ၊ တန်ဖိုးထား လေးစားဖို့ သဘောထားကြီးစွာ ခွင့်ပြုဖို့အတွက် မတူသော အကြောင်းအခြင်းအရာများကို ဆင်ခြင်သုံးသပ်ကြရပါသည်။ အလားတူပင် မိမိတို့ကိုယ်တိုင် ကျူးလွန်မိသော အမှားများနှင့် ပတ်သက်လျှင်လည်း ဆင်ခြင်တုံတရားနှင့်ပင် ပြန်လည်စိစစ်ကြ ရပါသည်။ ထိုကဲ့သို့သော အမှားမျိုး နောင်တစ်ကြိမ် ထပ်မမှား မိစေရန် ကြိုးစားလေ့လာကြရခြင်းဖြစ်သည်။

ထိုသဘောကို အမြောအမြင်ကြီးသော ဂျပန်စာရေး ဆရာကြီးနှင့် ဒသနပညာရှင်ဖြစ်သူ “ကင်ဇာဗျူရို အိုအဲ” ၏ စကားတစ်ခွန်တွင်တွေ့နိုင်သည်။ စစ်ပြီးခေတ် ဂျပန်နိုင်ငံ၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး မစတာအိုအဲက ယခုလို ချင့်ချင့်ချိန် ချိန်ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့အနေနှင့် နယ်ပယ်သိမ်းပိုက် ကျူးကျော်ရေး စစ်သမိုင်းကို ဖြတ်သန်းခဲ့ရဖူးချေပြီ။ ဒီသမိုင်းမှာ မလှပသော အကျိုးဆက်များကိုလည်း နာလည်သိရှိခဲ့ကြပြီး ဖြစ်သည်။ ဂျပန်၏ အနာဂတ်ကို ဘယ်ပုံတည်ဆောက် ကြမည်နည်း။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွဲမြဲရန် နောက်ထပ် စစ်ပွဲတစ်ခု မကျူးလွန်မိစေရန် လုံလောက်သော အကြောင်း ပေါင်း အမြောက်အများရှိနေပြီဖြစ်ပါသည်။ ဆင်ခြင်တုံတရား ဖြင့် အတိတ်ကိုကြည့်ပြီး ဆင်ခြင်တုံတရားဖြင့်ပင် အနာဂတ်ကို တည်ဆောက်ရပေမည်။” ဟူ၏။

အချို့သော အပြုအမူနှင့်ပေါ်လစီများမှာ မြင်သာထင်သာ ထိခိုက်နစ်နာမှုမျိုး မရှိသော်လည်း ဆိုးဝါးလှ သော အကျိုးဆက်များကား အမှန်ပင်ရှိတတ်ပါသည်။ ထိုကဲ့သို့သောကိစများကို ရင်ဆိုင်ဖြေရှင်ရာတွင်လည်း ကျွန်တော်တို့အနေနှင့် ဆင်ခြင်တုံတရားကိုသာ အားပြုကြရပါလိမ့်မည်။ ဒါကြောင့် အကောင်းဆုံးဥပမာကို ကပ်ဆိုးများနှင့်ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားတုံ့ပြန်ပုံတွင် တွေ့နိုင်ပါသည်။ ဒီကပ်ဆိုးများကို ပေါ်လစီတစ် ရပ်ရပ်နှင့် ချက်ချင်းလက်ငင်းတားဆီးနိုင်သည်မဟုတ်။ သူဟာနှင့်သူ မီးဇာကုန်လျှင် ရပ်သွားလိမ့်မည်။ ဘာမျှ မတက်နိုင် စသည်ဖြင့် လွဲလွဲမှားမှား မှတ်ယူခဲ့ကြသည်က များသည်။ ထိုသို့သော အမှတ်မှား အယူမှားကြောင့်ပင် ကပ်ဘေးတော်တော်များများမှာ တားဆီပိတ်ပင်မှု အလျဉ်းမရှိဘဲ သက်ဆိုးရှည်ကြာခဲ့ရသည်။ ဒီပြသနာကို လေးနက်သော ဆင်ခြင်တုံတရားနှင့် ချဉ်းကပ်နိုင်ကြမည်ဆိုလျှင် အခြေအနေမှာ ယခုကဲ့သို့ မဆိုးနိုင်ဟု ထင်သည်။

Continue reading

ဆင်ခြင်တုံတရား၏ လက်တံများ (၁)


ကျော်ဝင်း

ဒဗလှူဘီယိ(ထ်စ်) က သူ၏ ကျင့်ဝတ်များ၏ မျိုးဗီဇပညာ စာအုပ်တစ်နေရာတွင် ဒီလိုရေးခဲ့ဖူးသည်။ “ညမှာ ကြယ်တွေမရှိ၊ လင်းနို့များ၊ ဇီးကွက်များနှင့် ရူးသွပ်နေသောလမင်းမှလွဲပြီး ဘာမှမရှိ…ဟု နစ်ရှေးတစ်ယောက် ဘာကြောင့် တွေးခဲ့သနည်း..” လူတစ်ယောက်၏ ခေါင်းထဲသို့ ဒီလို ခါးသီးသော အတွေးများရှိနေသည်ကို သူ အံ့သြနေဟန်တူပါသည်။ စင်စစ် နစ်ရှေးအနေနှင့် လူ့အကြင်နာတရားဆိုသည့်အပေါ် သူ့၏ မယုံကြည်မှုနှင့် မထိတ်သာမလန့်သာ အနာဂတ်အမြင် များကို ဖော်ပြခဲ့သည်မှာ ပြီးခဲ့သောရာစု မစမီကတည်းကဖြစ်ပါသည်။ ၁၉၀၀ ပြည့်နှစ်တွင် နစ်ရှေးကွယ်လွန်ခဲ့သည်။ သူမရှိ တော့သည့်နောက်ပိုင်း နှစ်ပေါင်း တစ်ရာအတွင်း ကြုံခဲ့သော ကမ္ဘာစစ်ကြီးများ၊ ကပ်ဘေးကြီးများ၊ မျိုးဖြုတ်သုတ်သင်ပွဲများ နှင့် စနစ်တကျပြင်ဆင်ဖန်တီးခဲ့ကြသော ရက်စက်ကြမ်းကြုတ်မှုမျိုးစုံက နစ်ရှေး၏ သံသယအမြင်များကို ချေဖျက်နိုင်ဖို့ အတော်ခက်ပါလိမ့်မည်။

ပဋိသန္ဓေစိတ်နှင့် လူ့အကြင်နာတရား

အောက်စဖိုဒ်တကသိုလ်မှ ဒသနပညာရှင် “ဂျော်နသန်ဂလိုဗာ” ၏ “၂၀ ရာစုကျင့်ဝတ်သမိုင်း” အမည်ရှိ စာအုပ် တစ်အုပ်မကြာခင်ကထွက်သည်။ သူ့စာအုပ်မှာ အထူးစိတ်ဝင်စားစရာကောင်းလှသည်။ ဒီစာအုပ်တွင် ပါမောက ဂလိုဗက ယခုလို အဆိုပြုထားသည်။ “ကျွန်တော်တို့အနေနှင့် ပြီးခဲ့သောရာစုက အဖြစ်အပျက်များကို အလေးထားဆင်ခြင်ကြရုံမျှနှင့် မလုံလောက်။ ကျွန်တော်တို့၏ အဇျတ္တတွင် ကိန်းနေသော အဟိတ်တိရစ္ဆာန်စိတ်ကို လှောင်ချိုင့်သွင်းပြီး ယဉ်ပါးအောင် ဘယ်လိုလုပ်ကြမည်ကို ကျကျနနစဉ်းစားကြဖို့လိုပါပြီ” ဟူ၏။

ပြောရလျှင် ပါမောကဂလိုဗာ၏အဆိုမှာ ယနေ့မျက်မှောက်လူသားအားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ ရာစု နှစ်တစုအကုန်နှင့် ထောင်စုနှစ်တစ်ခုအကုန်တို့ ချိန်ခါသင့်တိုက်ဆိုင်နေသော ယခုလိုကာလမျိုးတွင် လူသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အဆိုပါပြသနာမျိုးကို ဝေဖန်ဆန်းစစ်ကြသည်မှာ လျော်ကန်သင့်မြတ်သည်ဟု ဆိုချင်သည်။ မွတ်စလင် ဟီဂျရီပြကဒိန်အရ ပထမထောင်စုနှစ်ကုန်ဆုံးချိန် ၁၅၉၁ ခုနှစ်လောက်ကလည်း သူ့ခေတ်သူ့အခါ အရေးကြီးသော ပြသနာ များကို အကျယ်အပြန့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစဉ်အလာရှိသည်။ အိန္ဒိယနိုင်ငံ၊ မဂိုအင်ပါယာမှ အကဗာဘုရင်ကြီး၏ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးများ ဖြစ်ပါသည်။

ထိုစဉ်က အကဗာဘုရင်ကြီး၏ အိန္ဒိယမှာ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဂျိမ်း၊ ဗုဒ္ဓ၊ ဆစ်ခ်၊ ဖရာဆီ၊ ဂျူးစသဖြင့် ဘာသာတရား မျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ စုစည်းနေထိုင်ကြသော ဗဟုလူ့အဖွဲ့အစည်းဖြစ်သည်။ သို့နှင့်အမျှ အကဗာတို့ ခေတ်၏ စိန်ခေါ်ချက်မှာ ဘာသာ တရားမျိုးစုံ၊ ယဉ်ကျေးမှုဓလေ့မျိုးစုံ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဖြစ်လာသည်။ ဒီစိန်ခေါ်ချက်ကို အမြှော်အမြင်ကြီးသော အကဗာဘုရင်ကြီးက လှလှပပတုန့်ပြန်နိုင်ခဲ့ပါတယ်။ သူ၏နန်းတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဘာသာတရားပေါင်းစုံ၊ လွတ်လပ်ပွင့် လင်းစွာ နှီးနှောဖလှယ်ပွဲများဖြင့် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှုကို အရယူနိုင်ခဲ့သည်။ “လောကီသီးသန့်ဝါဒ” နှင့် “ဘာသာရေး ဘက်မလိုက်ဝါဒ” တို့၏ အခြေခံကို အကဗာ ကစခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။

Continue reading


ရသဆိုတာ အနုပညာပစည်းတစ်ခု/အနုပညာဆောင်ရွက်မှုတစ်ခုမှာ

နဂိုကတည်းကရှိနေတဲ့ဂုဏ်အင်္ဂါတစ်ရပ်မဟုတ်ဘူး။ ဖတ်သူ၊ ကြည့်သူ၊ ခံစားသူ

(ပရိသတ်)က သူ့ဖာသာတည်ဆောက်ယူလိုက်တဲ့ ဆုံးဖြတ်ချက်

သဘောတစ်ခုသာဖြစ်တယ်။ တစ်နည်းပြောရရင် ရသဆိုတာ တုန့်ပြန်မှုတစ်ခုပဲ။

ရှိနှင့်ပြီးဖြစ်တဲ့ အတွင်းသားဂုဏ်ရည်တစ်ခုမဟုတ်ဘူး။

ဇော်ဇော်အောင်

နေခြည်ထဲတွင် ရွှေကိုမြင်သည်


ဇော်ဇော်အောင်

နေခြည်ထဲတွင်….ရွှေကိုမြင်သည်… (မင်းသုဝဏ်)

HERBEAT MARCUSE (1898-1978) ဟားဘတ်မာကျူကို “လက်ဝဲသစ်” (New Left) ရဲ့ ဖခင်ကြီးလို့ တင်စား နိုင်ပါလိမ့်မယ်။ ဖခင်ကြီးလို့ မပြောချင်ရင်တောင်မှ သူ့သြဇာဟာ “လက်ဝဲသစ်” တွေအပေါ်မှာ အလွန်ကြီးမားခဲ့တယ်လို့ တော့ အသေအချာပြောနိုင်ပါတယ်။ နှောင်းလူများ အထူးသဖြင့် ပို့စ်မာ့ကစ်ဝါဒီ (Post Marxist) တွေရဲ့ လောကမှာ သူ့ကို လွန်စွာလေးစားကြတယ်။ သူဟာ မူလကတော့ ကျော်ကြားလှတဲ့ “ဖရင့်ဖက်ဂိုဏ်” (FRANKFURT SCHOOL) က ဖြစ် တယ်။ သူရဲ့အရေးအပါဆုံး အတွေးခေါ်လည်းဖြစ်၊ နှောင်းလူများအပေါ် သြဇာအသက်ရောက်ဆုံးလည်းဖြစ်တဲ့ အတွေး အခေါ်ကတော့ အရင်းရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ ပစည်းမဲ့လူတန်းစားဟာ အချက်အချာနေရာမှာ မရှိတော့ဘူး။ တစ်နည်းပြောရရင် တော်လှန်ရေးရဲ့ အသည်းနှလုံးဟာ ပစည်းမဲ့လူတန်းစားမဟုတ်တော့ဘူးဆိုတဲ့ အတွေးအခေါ်ဖြစ် တယ်။ ကျမ်းရိုးမာ့ကစ်ဝါဒက ဟောညွှန်ပြခဲ့သလို တော်လှန်ရေးတွေဖြစ်မလာဘူး။ ပစည်းမဲ့လူတန်းစားကလည်း အောင်ပွဲ မခံနိုင်ဘူး။ အရင်းရှင်ဝါဒဟာလည်း ဗုန်းဗုန်းလည်းပြိုပျက်မသွားဘူး။ သိပ္ပံနဲ့နည်းပညာတိုးတက်လာတာနဲ့အမျှ စက်မှုလွန် လူ့အဖွဲ့အစည်းမှာ အရင်းရှင်စနစ်ဟာ ပိုခိုင်မာလာတယ်။ ဒါပေမယ့် လက်ဝဲသစ်တို့ရဲ့ ဂုရုကြီးမာကျူ ယုံကြည်ထားတာရှိပါ တယ်။ အဲ့ဒီတစ်ခုကတော့ နိုင်ငံရေးပုံသဏ္ဍာန်အသစ်တွေ (New Forms Of Politics) မုချမသွေ ပေါ်ထွန်းလာလိမ့်ဦးမယ် ဆိုတာပါပဲ။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ပို့စ်မော်ဒန်တွေရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ လာတူနေတယ်ဆိုတဲ့အချက် ပါပဲ။ ပို့စ်မော်ဒန်တို့ရဲ့ နိုင်ငံရေးအမြင်ကို ဆက်ကြည့်ရပါမယ်။

HERBEAT MARCUSE

HERBEAT MARCUSE

ပို့စ်မော်ဒန်ဆိုတာဘာလဲလို့ ပြောကြစတမ်းဆိုရင် တုတ်ထမ်းဓားထမ်းပြောကြရမှာပါ။ ပြောမဆုံးပေါင် တောသုံး ထောင်ကမယ်မထင်ပါဘူး။ အဲ့ဒီအထဲက အဓိကလကခဏာကြီးတစ်ရပ်ကို ထုတ်ပြပါဆိုရင် မက်တာနရေးတစ် (METANARRATIVE) ဆိုတဲ့ “မဟာဒသနမဟာပုံပြင် မဟာစီမံကိန်းကြီး” တွေကို မယုံစားခြင်း၊ ငြင်းပယ်ခြင်းပါပဲ။ မက်တာ နရေးတစ်ဆိုတာ ဘယ်သို့ဘယ်ညာ မူးတင်ပဲတင်ဝိုက်နေတာတွေကို ကျွန်တော်တို့ နားငြီးလှပါပြီ။ ကျွန်တော်တို့အခြေ အနေနဲ့ လက်တွေ့ကျကျသက်ဆိုင်တဲ့ကိစတွေသာ အရေးကြီးပါတယ်။ ဆိုင်ရာဆိုင်ရာ ပြသနာတွေကို ငါတို့သာလျှင် ဖြေရှင်းဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဒသနတွေ၊ အစုအသင်းအဖွဲ့အစည်းတွေဟာ မက်တာနရေးတစ်တွေ ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကို ပို့စ်မော်ဒန်တွေ (ပို့စ်မော်ဒန်ကို လက်ခံနှစ်ခြိုက်တဲ့ကျွန်တော်တို့) က ငြင်းပယ်တယ်။ ရိုးရိုး ရှင်းရှင်းကလေးပါပဲ။ အဲ့ဒီမဏ္ဍိုင်အယူအဆအပေါ်မှာ အခြေပြုတဲ့ ပို့စ်မော်ဒန်နိုင်ငံရေးဟာ ရှေးရိုးစဉ်လာ စွဲမှတ်လက်ခံလာ ခဲ့ကြတဲ့ “အကြီးစားပါတီနိုင်ငံရေး” (Large Scale Party Politics) ကို မနှစ်သက်ဘူး။ အသစ်ဖြစ်ပေါ်လာနိုင်တဲ့ “နိုင်ငံရေး ပုံသဏ္ဍာန်သစ်များ” (New Forms Of Politics) ဆိုတာဟာ ပို့မော်ဒန်အတွေးအခေါ်အပြောရှိတဲ့ (Micro Politics) အနု နိုင်ငံရေးဆိုတာပဲဖြစ်ပါတယ်။ မိုက်ကရိုနိုင်ငံရေးလို့လည်း ခေါ်နိုင်ပါတယ်။

Continue reading

Categories

%d bloggers like this: