ဆောင်းပါး

လူဆိုတာ ကိုယ့်တန်ဘိုးနဲ့ကိုယ်… သူတန်ဘိုးနဲ့သူရှိဖို့လိုတယ်


ကျွန်တော် ပထမနှစ်ကျောင်းသားလောက်က ဖတ်ခဲ့ဘူးတဲ့ ဆရာဇော်ဂျီရဲ့ ပလေတိုနိဒါန်း စာအုပ်ထဲက အကြောင်းအရာတစ်ချို့ပြန်သတိရမိတယ်… “နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ကျင့်တရားဟာ ကျောက်တုံး တစ်တုံး သစ်မြစ်တစ်မြစ်ပေါ်မှာ ဖြစ်တည်လာတာမဟုတ်ဘူး။ အဲ့ဒီနိုင်ငံမှာ နေထိုင်နေကြတဲ့ နိုင်ငံသားတစ် ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားပေါ်မှာ မှီတင်းဖြစ်ပေါ်လာတာ” ဆိုတဲ့ စာသားပါ အမှန်အတိုင်း ၀န်ခံရရင် အဲ့ဒီအချိန်တုန်းက ကျွန်တော် ဒီအတွေးအခေါ်ရဲ့ အတိမ်အနက် ဘယ်လောက်အထိရှိတယ်ဆိုတာ မသိခဲ့ တာအမှန်ပါ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲ့ဒီအတွေးအခေါ်အပိုင်းအစလေးတစ်ခုရဲ့ အတိမ်အနက်ကို သိလာ ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့မှီတင်နေထိုင် ကျင်လည်နေကြတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဘိုးကို စံနှုံးသတ်မှတ်တော့မယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းရဲ့ အပြုအမူ၊ ကိုယ်ကျင့်တရားတွေနဲ့ စံနှုံးသတ်မှတ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ကျင်လည်ရာ လူ့အဖွဲ့အစည်းနဲ့ အသိုင်းရဲ့ အပြုအမူနဲ့ ကိုယ်ကျင့်တရားတွေကသာ စံနှုံးသတ်မှတ်ချက်တွေကို ပေးသွားမှာဖြစ်ပါတယ်။

ဆယ်တန်းအောင်စက ဖတ်ခဲ့ဘူးတဲ့ဆရာနန္ဒသိန်းဇံရဲ့ “ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ အဆင့်မြင့်ခရီးစဉ်” ဆိုတဲ့ထဲက ဒီအကြောင်းအရာနဲ့ တိုက်ဆိုင်တဲ့ အကြောင်းအရာလေး တစ်ခုနဲ့လည်း ကျွန်တော်ချိန်ထိုးစဉ်းစား ကြည့်မိပါတယ်။ ဆရာကတော့ အပေါင်းအသင်းမိတ်ဆွေဆိုတဲ့အပေါ် ပြောဆိုထားတယ်လို့တော့ ထင်တာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ လူ့အဖွဲအစည်းဆိုတဲ့ ရှု့ထောင့်ကနေပဲ စဉ်းစားချင်ပါတယ်။ လူတစ်ယောက်ဟာ ဖက်ရွက်တစ်ရွက်လိုပါပဲ။ မွှေးကြိုင်သင်းပျံတဲ့ ပန်းတွေကိုထုပ်ထားတဲ့ ဖက်ရွက်ဆိုရင်တော့ ပန်းရဲ့သင်းပျံကြိုင် လှိုင်တဲ့ ရနံ့တွေကို ဆွဲမြဲနေစေမှာဖြစ်သလို ညစ်ပတ်နံစော်တဲ့မစင်ကို ထည့်ပြီးထုပ်မယ်ဆိုရင်တော့ ညစ်ပတ်နံ စော်တဲ့ မစင်ရဲ့ရနံ့ပဲဆွဲမြဲနေစေမှာလို့ ဆိုထားတာပါ။ ဒါကို ကျွန်တော် ပြောင်းပြန် ပြန်ပြီးတွေးကြည့်လိုက်တော့ ကျွန်တော်တို့ဟာ လူတစ်ဦးတစ်ယောက်အနေနဲ့ မကောင်းတဲ့ ညစ်ညမ်းမှုတွေနဲ့ လူအဖွဲ့အစည်း၊ လူ့အခွင့် အရေးတွေကိုခက်လွယ်လွယ်ချိုးဖောက်တဲ့ လူ့အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှင်း လူ့အဖွဲ့အစည်းအတွင်းမှာ ရှင်သန် လာရတယ်ဆိုတော့ ကျွန်တော်တို့မှာ ကိုယ့်ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေ စွန်းထင်လာစေနိုင်တာ သဘာဝပါ။ ကောင်းမွန်သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်းနဲ့တူတဲ့ လူ့အခွင့်အရေးပြည့်ဝမှု အပြန်အလှန်လေးစားမှုရှိတဲ့ လူ့အဖွဲ့ အစည်းအတွင်းမှာ ရှင်သန်ခဲ့ကြမယ်ဆိုရင်တော့ ကျွန်တော်တို့တတွေဟာ အမွေးရနံ့ထုံသင်းပျံ နေနိုင်မှာပဲဖြစ် ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာတော့ မကောင်းတဲ့အခြေအနေကများနေတော့ ကျွန်တော်တို့ ဟာ မကောင်းမှုတွေ စွန်းထင်နေမိခဲ့ကြပါတယ်။

ဒီလိုဖြစ်မှာကို ကြိုသိနေတဲ့ဆရာကပဲ “ကြာ” ဆိုတဲ့ စာအုပ်လေးနဲ့ “ကြာ” ရဲ့ အဓိပ္ပါယ်တွေ ကျွန် တော်တို့ကို ဖွင့်ဆိုပြသခဲ့ပါတယ်။ ကြာဆိုတာဟာ ညစ်ညမ်းတဲ့ ရေရဲ့အောက်ဆုံးအပိုင်းကနေစပြီး ဖောက်ဖွား ခဲ့ပေမယ့် ပန်းအဖြစ် သူပွင့်လန်းလာချိန်မှာတော့ သူဖြတ်သန်းရှင် သန်ခဲ့တဲ့ ညစ်ညမ်းမှုတွေ တစ်ခုမှ မပါရှိအောင် အစွမ်းကုန်လှပအောင် ဖူးပွင့်ဝေဆာတော့ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာပါ။ ကျွန်တော်တို့လူငယ်ဟာ ကြိုးနီစနစ်တွေနဲ့ ဖုတ်ဖုတ်ညက်ညက်ကြေနေတဲ့ ရှေ့သွားလူ့အဖွဲ့အစည်းတွေရဲ့ ပိတ်ဆိုဟန့်တားမှုတွေနဲ့ တစ်သွေးတစ်သံတစ်မိန့်တွေကို များပြားစွာဖြတ်သန်းနေကြရပါတယ်။ ဒီလိုအဖြစ် အပျက်တွေဟာ ကျွန်တော်တို့အတွက် အစွမ်းကုန်ပွင့်လန်းနိုင်စေဖို့ မြေသြဇာတွေဖြစ်တယ်ဆိုပြီး သင်ခန်းစာယူ နိုင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်မိပါတယ်။

ဒါကြောင့် လူငယ်တွေမှာ ပြည့်ဝတဲ့လူမှုပတ်ဝန်းကျင်လိုအပ်တယ်လို့ ခဏခဏပြောတက်တဲ့ မြန်မာလူမှု အဖွဲ့အစည်းအတွင်းက ပညာတက်လူတန်းစားတွေလို့ ကိုယ့်ကိုယ်ခေါင်းစဉ်တပ်ထားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ လူငယ် တွေအပေါ် တန်ဘိုးလျှော့တွက်ချက်မှုတွေကို လျှော့ပေါ့စေချင်တယ်လို့ ဆိုချင်ပါတယ်။ လူငယ်တွေအတွက် ပြည့်ဝတဲ့ ချမ်းသာတဲ့ လူ့မှုပတ်ဝန်းကျင်သာ လွယ်လင့်တကူရှိနေမယ်ဆိုရင် အချောင်နေ အချောင်စားစိတ် ဓာတ်နဲ့ လုပ်ငန်းခွင်တစ်ခုကိုလည်ပတ်အောင် မောင်နှင်စေနိုင်တဲ့ မောင်နှင်သူသာသာအဆင့်ရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကိုပဲ မွေးထုတ်နိုင်မှာဖြစ်လို့ပါပဲ။ တစ်သွေးတစ်သံတစ်မိန့်ကိုလိုက်နာ ရုပ်လုံးဖော်တက်တဲ့ အခိုင်းအစေခံ လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မှာမို့လို့ပါပဲ။ အင်္ဂလိပ်လိုပြောတက်ရင် ပညာတက်ဖြစ်ပြီ လို့ ယူဆထားတဲ့ မြန်မာလူမှုအဖွဲ့အစည်းအတွက် ပြောသမျှလိုက်လုပ်ပေးမယ့် အခိုင်းအစေခံ ၀န်ထမ်းတွေ ရှားပါးနေတာကို ဖြည့်တင်းဖို့အတွက် ဒီလိုအိုင်ဒီယိုလိုဂျီတွေနဲ့ လူငယ်တွေကို လစ်ဟနေတဲ့ ပညာရေးစနစ်ကို အခြေပြုပြီး ပညာတက်ကျွန်ဖြစ်အောင် အမှောင်ချနေခြင်းလို့ ဆိုချင်ပါတယ်။ လူငယ်တွေမှာ ကိုယ်ပိုင်ဖန်တီးခွင့် အခွင့်အရေးတွေပေးဖို့လိုပါတယ်။ လုံးစေပတ်စေဆရာလုပ်ပြပြီး လူငယ်တွေ အလွယ်မလိုက်အောင် လုပ်ပေးဖို့ လိုပါတယ်။ ခက်တာက လက်ရှိမြန်မာလူ့အဖွဲ့အစည်းအတွင်းထဲမှာကလည်း ကိုယ့်အတ္တ၊ ကိုယ့်အကျိုးစီးပွားနဲ့ ယှဉ်တွဲလာရင် ဘယ်သူကမှ အတ္တကို မလျှော့ပေါ့ပေးကြတဲ့အခြေအနေမျိုးပါ။ ဒါကြောင့် မြန်မာပြည်လွတ်လပ် ရေးဖို့အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ သခင်းဘသောင်းတဲ့ အတွေးအခေါ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ကြိုးစားကြဖို့ သူငယ်ချင်းအချင်းချင်း ညီအစ်ကိုအချင်း တိုက်တွန်းချင်ပါတယ်။ ဒီစကားလေးက တော့ အားလုံးသိထားကြပြီးသားဖြစ်မှာပါ။ “လူတိုင်း လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နေကြတာပဲ… ဘယ်သူရဲ့ အခိုင်းအစေခံ… အမောင်းနှင်ခံမဖြစ်စေနဲ့” ဆိုတဲ့ စကားလုံးလေးပါ။ ၀ါကျတိုတိုလေးနဲ့ အဓိပ္ပါယ်က တော့ အရမ်းကို ရှင်းလင်းပတ်သားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်ကိုယ်ခေါင်းဆောင်မှုအောက်မှာ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ်ကျင့်တရားတွေကို ဗဟိုပြုပြီး ကိုယ့်ပတ်ဝန်းကျင်က မစင်ပတ်ဝန်းကျင် ဖြစ်နေဦး ကိုယ့်မှာ မစင်နံမစွဲထင်အောင် “ကြာ” တို့ရဲ့ ပုံစံမျိုးနဲ့ သူများအမောင်းအနှင်ခံမဖြစ်ရအောင် ကြိုးစားကြ ဖို့လိုတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ အံ့ဘုန်းမြတ်ဆိုတဲ့ တောင်စဉ်ရေမရတွေ လျှောက်ရေးနေပြန်လို့ တွေးချင် လည်းတွေးကြပါ။ မကြေနပ်လို့ သဘောထားမတိုက်ဆိုင်လို့ မေးလ်ပို့ပြီးဆဲချင်လည်းဆဲကြပါ။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်းကို ကိုယ်ကျင့်တရားကို ဗဟိုပြုထားတဲ့ လူတွေလို့ပဲ တန်ဘိုးထားပါတယ်။

အံ့ဘုန်းမြတ်

2008.DEC (29)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: