Archive for

ချင်းမိုင်မြို့ရဲ့ လွိုင်ကထုံတန်ဆောင်တိုင်ပွဲတော်ရဲ့ ဒုတိယမြောက်ည


ချင်းမိုင်တစ်မြို့လုံးရဲ့ ကောင်းကင်ပြင်မှာ လက်ညှိုးထိုးလို့မလွတ်အောင် မီးပုံးပျုံတွေက လွင့်ဝဲလျှက်ရှိနေကြပါတယ်။ လေချွန်သံလို အသံကျယ်ကျယ်တစ်သံကို ကြားရတိုင်း ကျွန်တော် တစ်ချက်တစ်ချက် မော့ကြည့်လိုက်တဲ့အချိန်တိုင်းမှာ မီးပန်းတွေက အရောင်စုံ… ပုံစံစုံနဲ့ ကျွန်တော်ခေါင်းပေါ် လင်းကတည်း လက်ကတည်းပါ။ ဒီလို ကောင်းကင်ပြင်တစ်ခုလုံးမှာတင် အရောင်အသွေးတွေ စုံညီနေတာမဟုတ်ပါဘူး။ လွိုင်ကထုံပွဲတော်ကိုရောက်လာကြတဲ့ ထိုင်းလူမျိုးတိုင်းဟာလည်း အရောင်အသွေးစုံ နောက်ဆုံးဖော် ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ သစ်လွင်လှပလျှက်ရှိနေပါတယ်။

ထိုင်းမှာရောက်နေတဲ့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သူတို့လူမျိုးတွေကို အားကျမိတယ်။ သူတို့ဘ၀တွေလို ဘ၀ဖြတ်သန်းမှုပုံစံမျိုးတွေ မျိုးကို ကျွန်တော်မျှော်လင့်မိတာတော့ အမှန်ပါ။ နိုင်ငံခြားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ သူတို့နိုင်ငံမှာ တိုးတက်မှုရော ဆုတ်ယုတ်မှု ရော နှစ်မျိုးစလုံးကို ဒွန်တွဲတွေ့မြင်နေရပါတယ်။ ဒါဟာ အကောင်းဘက်က ရှုမြင်လို့လည်း ရနိုင်သလို မကောင်းတဲ့ဘက်ကလည်း ရှုမြင်သုံးသပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လတ်တလောအခြေအနေမျိုးသာ အခြားသူထက်ဆင်းရဲတဲ့နိုင်ငံတစ်ခုမှာ ပေါ်ပေါက်ခဲ့မယ်ဆိုရင် ဒီထက်ဆိုးကျိုးပိုများမယ်လို့ ကျွန်တော် တွေးဆမိတယ်ဗျ။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ရောက်ခဲ့တဲ့ လွိုင်ကထုံပွဲတော်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ပေမမှီဒေါက်မမှီဒဿနတွေထက် ကျွန်တော် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျွန်တော်ဧည့်သည်တွေကို ပိုပြီး စိတ်ဝင်စားစေမှာပါ။

lkh_ii_1

lkh_ii_2

lkh_ii_3

lkh_ii_4

lkh_ii_5

lkh_ii_6

lkh_ii_9

ဒီပွဲတော်ကို ထိုင်းအစိုးရနဲ့ ချင်းမိုင်စည်ပင်သာယာရေးအဖွဲ့က ကြီးမှုးပြီးတော့ ကျင်းပတာဖြစ်တဲ့အတွက် ချင်းမိုင်မြို့နယ်ပတ်ဝန်းကျင်မှာ ရှိကြတဲ့ တက္ကသိုလ်ကျောင်းတွေ၊ အထက်တန်းကျောင်းတွေ၊ အသင်းအဖွဲ့တွေအားလုံးက ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အပြိုင်အဆိုင်ကြိုးစားဖော်ဆောင်ခဲ့ကြတာလို့ ချင်းမိုင်မှာ အနေကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြောပါတယ်။

ပြောဆိုတဲ့ဘာသာစကား၊ နေထိုင်ရာပတ်ဝန်းကျင် မတူညီကြပေမယ့် ထိုင်းလူမျိုးနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သွေးချင်းတွေဖြစ် တယ်ဆိုတဲ့အကြောင်းကိုတော့ သူတို့ရဲ့ သက်ဝင်ယုံကြည်မှုပုံစံတွေနဲ့ ၀တ်စားဆင်ယင်မှုပုံစံစတာတွေက များစွာထောက်ပြ ပြောဆိုနေကြပါတယ်။

ကျွန်တော်အတွေးအာရုံတွေထဲမှာတော့ သူတို့ကို အားကျမိတဲ့စိတ်က တော်တော်လွှမ်းမိုးနေပါတယ်။ ဘာကြောင့်လဲဆိုရင်… ထိုင်းလူမျိုး အများစုဟာ ကျွန်တော်တို့လူမျိုးတွေလောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ မျှော်လင့်ချက်အိမ်မက် သိပ်ပြီး မကြီးကျယ်ကြပေမယ့် သူတို့ရဲ့ဘ၀ဟာ လူသားဆန်မှုရဲ့ အနှစ်သာရကို အပြည့်အ၀ခံစားနေကြရတဲ့အတွက်ကြောင့်ပါ။ သူများတိုင်းပြည်ကို ခေါင်းမော့ပြီး မကြည့်ချင်ပေမယ့် အခုတော့ ကျွန်တော် ခေါင်းမော့ယုံတင်မက ပါစပ်ပါဟပြီး နေရလောက်အောင်အထိ သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုကို ကျင်းပတဲ့ပုံစံက ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီလိုလုပ်နိုင်မယ်၊ ဖြစ်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါပဲဗျာ။

အံ့ဘုန်းမြတ် (14-11-2008)

lkh_ii_8

lkh_ii_10

lkh_ii_12

Advertisements

ချင်းမိုင် လွိုင်ကထုံ တန်ဆောင်မုန်းပွဲတော် အမှတ်တရပုံရိပ်များ


ကျွန်တော် ငယ်ငယ်တုန်းက တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲမှာ မိဘတွေနဲ့ ကွဲသွားခဲ့ဘူးတယ်။ ကျွန်တော်လက်ထဲမှာ မေမေ၀ယ်ပေးခဲ့တဲ့ ကားရုပ်လေးရယ်.. ကျွန်တော်အရမ်းပူဆာလို့ ၀ယ်ကျွေးခဲ့တဲ့ ရေခဲမုန့်ကလေးရယ်ကိုင်ပြီး… ကျွန်တော် အချိန်တော်တော်ကြာအောင် စိတ်ထိ ခိုက်ခဲ့ဘူးတယ်။ ဒါဟာ ကျွန်တော့်ကလေးဘ၀ရဲ့ နာကျင်ဖွယ်ရာဖြစ်ရပ်လေးတွေထဲမှာ တစ်ခုအပါအ၀င်ပေါ့။

ညမီးရောင်တွေအောက်မှာ… တဖောင်းဖောင်းပေါက်နေတဲ့ မီးရှုးမီးပန်းတွေကြည့်ရင်… ကျွန်တော် ပျော်ရကောင်းမှန်းမသိခဲ့တာ အဲ့ဒီအချိန်တုန်းကဆိုပါတော့…။ ဒါကြောင့် တန်ဆောင်တိုင်ပွဲတော်ကိုရောက်တိုင်း.. နောက်ထပ်ကျွန်တော် ဘယ်သူမှ ဘာမှမပူဆာတော့ပဲ ဘယ်မှမသွားဖြစ်ခဲ့တော့တာ တော်တော်ကြာခဲ့ပါပြီ။

အခု ချင်းမိုင်မှာရောက်နေတဲ့အချိန်မှာတော့ ကျွန်တော်ရဲ့ ကျောင်းတက်ဖော်သူငယ်ချင်း တစ်သိုက်နဲ့ ကျွန်တော် ထိုင်းနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ လွိုင်ကထုံတန်ဆောင်တိုင်ပွဲတော်ကိုတော့ ကျွန်တော်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က မိဘတွေနဲ့ ကွဲခဲ့ရတဲ့ပွဲတော်လိုပဲ… တော်တော်စည်ကားတယ်လို့ပြောရမှာ။ ဘာသာစကား အခက်အခဲကြောင့် ကျွန်တော့်ပတ်ဝန်းကျင်က ထိုင်းလူမျိုး တွေရဲ့ ပျော်ရွှင်ပီတိသံတွေကို ကျွန်တော်နားမလည်ခဲ့မိပေမယ့် သူတို့တွေရဲ့ မျက်နှာတွေမှာတော့ အပျော်တွေလွှမ်းနေတယ်ဆိုတာ ကျွန်တ်ာနားလည်မိတယ်။

တစ်ချိန်က ကျွန်တော်မပျော်နိုင်ခဲ့တဲ့ ဗျောက်အိုးဖောက်သံတွေနဲ့ မီးပန်းပေါက်သံတွေကြားမှာ အခုတော့ ကျွန်တော်ပျော်ရွှင်ခဲ့မိပါတယ်။ ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေထဲမှာ တစ်စုံတစ်ခုတော့ ကျန်နေသေးသလိုပဲဗျ။ အဲ့ဒါဘာလဲ… ကျွန်တော်စဉ်းစားကြည့်မိတယ်။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ မိဘ ညီအစ်ကိုမောင်နှစ်မတွေကြောင့်လား။ ဒါနဲ့တင်ပြည့်စုံပြီလား။ မပြည့်စုံသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်တော့ ထင်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတဲ့ ထိုင်းစုံတွဲတွေကိုမြင်တိုင်း… ရန်ကုန်မှာ ကျွန်တော်နဲ့အတူ လက်ချင်းတွဲပြီး အင်းလျားကန်ဘောင်ပေါ်မှာ လမ်းလျှောက်ခဲ့ဘူးတဲ့ ကောင်မလေးတစ်ယောက်ကိုလည်း သတိရသလိုလိုရှိလာတယ်။ ဒါက ကလေးဘ၀တုန်းက ပွဲခင်းမှာ မိဘတွေနဲ့ကွဲခဲ့ဘူးတဲ့ ခံစားချက်မျိုးနဲ့တော့ မတူတော့ပြန်ဘူးဗျ။ တစ်မျိုးလေးပေါ့။

ထ�ုင်း-မြန်မာရေငုတ်ပြ�ုင်ရင်း စတေးခဲ့တဲ့ ထ�ုင်းလူမျ�ုးအတွက် ဂုဏ်ပြုထားတဲ့ စေတီ

ထိုင်း-မြန်မာရေငုတ်ပြိုင်ရင်း စတေးခဲ့တဲ့ ထိုင်းလူမျိုးအတွက် ဂုဏ်ပြုထားတဲ့ စေတီ

လွ�ုင်ကထုံအလှမယ်လေးများ

လွိုင်ကထုံအလှမယ်လေးများ

ချင်းမိုင် လွိုင်ကထုံပွဲတော် လှည့်တဲ့နေရာက တစ်ချိန်တုန်းက ယိုးဒယား-မြန်မာနယ်စပ်ဖြစ်ခဲ့ဘူးတယ်တဲ့။ တစ်ဖက်ကမ်းက ထိုင်း၊ တစ်ဖက်ကမ်းက မြန်မာ။ မြန်မာတွေက အခု မီးမျှောပွဲလုပ်တဲ့ ချောင်းကို ဖြတ်ဖြတ်ပြီး ထိုင်းဘက်ကို အမြဲတမ်းလာလာတိုက်တဲ့အတွက် တစ်ရက်မှာတော့ ထိုင်းတွေက မြန်မာတွေကို ရေငုတ်ပြိုင်ဖို့စိန်ခေါ်ပြီး မြန်မာတွေရှုံးရင် ထိုင်းဘက်ကို ဘယ်တော့မှ လာမတိုက်ဖို့နဲ့။ မြန်မာတွေနိုင်ပါက အမြဲတမ်းစစ်လာတိုက်နိုင်မယ်ဆိုတဲ့ ကတိနဲ့ ရေငုတ်ပြိုင်ခဲ့ကြပါတယ်။ ဒီမှာ ရေငုတ်ပြိုင်တဲ့ ထိုင်းအမျိုးသားက ရေအောက်ဆုံးအထိငုတ်သွားပြီး သူ့ကိုယ်သူ နွယ်တွေနဲ့ ရစ်ပတ်ပြီး အသေခံလိုက်တယ်။ နောက်ဆုံးပေါ်မလာတော့တဲ့အတွက် မြန်မာတွေအရှုံးပေးလိုက်ရပြီး။ နောက် ဘယ်တော့မှ ယိုးဒယားဘက်ကို ထပ်လာပြီး စစ်မတိုက်ဖြစ်တော့ပါဘူး။ ဒီနေရာ ထိုင်းလူမျိုးတို့ရဲ့ မျိုးချစ်စိတ်နဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဇာတိမာန်ကို တွဲမြင်လိုက်ရပြီး ကျွန်တော် ဂုဏ်ယူမိလိုက်ပြန်ပါသေးတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ်အသေခံပြီး နိုင်ငံနဲ့လူမျိုးအတွက် စတေးခံသွားတဲ့ ထိုင်းအမျိုးသားအတွက် ရည်စူးပြီး အခုလွိုင်ကထုံပွဲလုပ်တဲ့ လမ်းစုံလေးမှာ ဂုဏ်ပြုစေတီလေးကို တည်ထားတယ်လို့ သူငယ်ချင်း အစ်မတစ်ယောက်က ကျွန်တော်ကို ပြောပါတယ်။

ထားပါတော့လေ။ ကျွန်တော် စာတွေအများကြီးလျှောက်ရေးနေတာဖတ်ရင်း အားလုံး စိတ်ညစ်ကြရဦးမယ်။ ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း… ကျွန်တော်တိုင်းပြည်ရဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လွိုင်ကထုံ ပွဲတော် ဘာတွေ ဘယ်လိုကွာခြားလဲဆိုတာ ကျွန်တော်ဧည့်သည်တွေအတွက် ဓာတ်ပုံတွေနဲ့ ဧည့်ခံ တင်ပြလိုက်ရပါတယ်။

အံ့ဘုန်းမြတ် (14-11-2008)

lkh_2

lkh_4

လွ�ုင်ကထုံပွဲတော်က�ု Live Report လုပ်နေတဲ့ သတင်းထောက်နှစ်ဦး

လွိုင်ကထုံပွဲတော်ကို Live Report လုပ်နေတဲ့ သတင်းထောက်နှစ်ဦး

ရှေးဟောင်းပစ္စည်းတွေကို ချစ်တဲ့ ကျွန်တော်


ကျွန်တော် ရှေးဟောင်းပစ္စည်းတွေကို ချစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်နေတာနဲ့ ဒါတွေကို တန်ဘိုးထားရမယ်ဆိုတဲ့ အသိကြောင့်မို့လို့လားတော့ ကျွန်တော်မပြောတက်ပါဘူး။ ဒါပေမယ့် အခုတင်ထားတဲ့ပုံထဲက ပစ္စည်းတွေကတော့ ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေ မဟုတ်ပါဘူး။ စူဠာမဏီဘုရားရဲ့ အ၀င်ဝမှာ ရောင်းချနေတဲ့ နယူးအန်းတစ်လို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်းပုံစံ အသစ်ပြုလုပ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေလောက် တန်ဘိုး မရှိဘူးဆိုတာမှန်ပေမယ့်လည်း ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုအငွေအသက်တွေအများကြီးပါဝင်နေတာကြောင့် ကျွန်တော့် ဘလော့ခ်လေးမှာ တင်ပြပေးထားလိုက်ရပါတယ်။ ဒီပစ္စည်းတွေထဲက တော်တော်များများဟာ ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေကို မှိုကူးပြီး ပြန်လည်ထုဆစ်ထားတဲ့ ရုပ်လုံး၊ ရုပ်ကြွတွေဖြစ်တာကြောင့် မြန်မာပြည်ကို လွမ်းနေကြတဲ့ မြန်မာများအတွက် စိတ်အစာကို ပြေစေနိုင်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။

အံ့ဘုန်းမြတ်

apm_bagan_08

apm_bagan_01

bagan_02

apm_bagan_03

apm_bagan_04

apm_bagan_05

apm_bagan_06

apm_bagan_07

ကျွန်တော်ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများဖြစ်တဲ့အတွက် လွတ်လပ်စွာဖြင့် ကူးယူဖော်ပြနိုင်ကြပါတယ်။

Categories

%d bloggers like this: