ကျွန်တော်က ရှေးဟောင်းသုတေသနနဲ့ကျောင်းပြီးတဲ့သူမို့လို့လားတော့ မပြောတက်။ ကျွန်တော် ပုဂံဘုရားတွေ လိုက်ဖူးတဲ့အခါမှာ ဓာတ်ပုံတွေကို ပညာရပ်နဲ့ဆိုင်တဲ့အရာတွေကိုပဲ အဓိကထားပြီး လိုက်ရိုက်ဖြစ်တယ်။ ဒီစူဋာမဏီဘုရားရဲ့ ထူးခြားချက်ကတော့ ဂူဘုရားတွေရဲ့ လက်ရာနဲ့ ခေတ်ခွဲကြည့်လိုက်တဲ့အခါမှာ ပုဂံခေတ်နှောင်းပိုင်း AD 13-14 လောက်က လက်ရာတွေဖြစ်နေသလို။ အထက်ကို မြင့်တက်နေတဲ့ သန္တသဘောဆောင်နေတဲ့ လက်ရာကို တွေ့ရတယ်ဗျ။ ဂူဘုရားအ၀င်မှာ အင်္ဂတေပန်းကနုတွေကတော့ ပျက်ဆီးနေပြီလို့ဆိုရပေမယ့် ထိန်းသိမ်းထားတဲ့အတွက် လက်ရာတော်တော်များများကို မြင်တွေ့နိုင်ကြရတုန်းပါ။
ပုဂံ-စူဋာမဏီဘုရား

Leave a Reply